မန္တလေးက ကမ္ဘောဇဘဏ်နဲ့ ငွေထုတ်စက်တွေအနား ပေါက်ကွဲမှုဆက်တိုက်ဖြစ်

မန္တလေးက ကမ္ဘောဇဘဏ်နဲ့ ငွေထုတ်စက်တွေအနား ပေါက်ကွဲမှုဆက်တိုက်ဖြစ်

မန္တလေး – ၂၀၂၁ အောက်တိုဘာ ၂၇ (မော်ကွန်း)

မန္တလေးမြို့မှာ ဒီကနေ့ညနေပိုင်းကစပြီး ကမ္ဘောဇဘဏ်နဲ့ ATMစက်တွေနား ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
၅၆လမ်းနဲ့ သိပ္ပံလမ်းရှိ KBZ Call Center ရှေ့ ရပ်ထားတဲ့ ကမ္ဘောဇဘဏ်ရဲ့ကားတစ်စီး၊ ၅၇လမ်းနဲ့ မနော်ဟရီလမ်းရှိ KBZ Bank မီးစက်အနီး၊ ၆၆လမ်းနဲ့ သိပ္ပံလမ်းထောင့်အနီးရှိ KBZ Bank၊ ၆၄လမ်း မနော်ဟရီလမ်းရှိ KBZ Bank၊ ၆၂လမ်းပေါ် Fuji Shopping centerရှေ့ရှိ KBZ ATM၊ ၈၄လမ်းနဲ့ ၃၈လမ်းရှိ KBZ ATM၊ ၇၃လမ်း ဗောဓိကုန်းရှိ KBZ Bank ATM၊ ၆၁လမ်း သိပ္ပံလမ်းရှိ KBZ Bank နေရာတွေမှာ ဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

“တစ်နေရာနဲ့တစ်နေရာ မိနစ်ပိုင်းလေးပဲခြားတယ်။ တအုန်းအုန်းနဲ့ ဆက်တိုက်နီးပါးပေါက်တာ”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ပုံစာ- ၆၂လမ်း KBZ ATMစက်အနီးပေါက်ကွဲမှုဖြစ်ပွားနေစဥ်

ဓါတ်ပုံ – supplied


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."