မိုးကုတ် – ၂၀၂၁ အောက်တိုဘာ ၃၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ မနေ့ည ၁၁:၀၀ နာရီဝန်းကျင်အချိန် ဆိုင်ကယ်စီးလာသူ သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ရာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” သေနတ်ပစ်သံကြားရတယ်၊ ညဘက် အလည်ပြန်လာသူတွေကို ဆိုင်ကယ်ရပ်ခိုင်းတာ မရပ်ပေးတော့ လိုက်ပစ်တာ ၊ သေနတ်ပစ်သံ ၆ချက်လောက်ကြားရတယ်၊ ပစ်ခံရသူတွေက ဆေးရုံတက်နေရတယ် “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပစ်ခတ်ခံရသူတွေက ရွှံ့ပန်းရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး ပုခုံးနဲ့ခြေထောက်မှာ ဒဏ်ရာရထားတာကြောင့် ဆေးရုံတက်ကုသနေရတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

