ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၈ (မော်ကွန်း) ဧရာဝတီတိုင်း၊ငါးသိုင်းချောင်းမြို့မှာ ငဝန်မြစ်ဟာစိုးရိမ်ရေအမှတ်ရောက်နေတယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။ “ငါးသိုင်းချောင်းမှာကစိုးရိမ်ရေအမှတ် ၂၇ ပေ မှာ အခု ၂၇.၅ ပေကျော်လောက်တက်နေတယ်။ ကျွန်တော်တို့ကြက်ခြေနီအသင်းအနေနဲ့ဘောကွင်းတွေ၊ ဆေးဝါးပစ္စည်းတွေအဆင််သင့်ကူညီဖို့ပြင်ထားပါတယ်။” လို့ ငါးသိုင်းချောင်းမြို့ကြက်ခြေနီကော်မတီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ငဝန်မြစ်ဟာငါးသိုင်းချောင်းမှာ စိုးရိမ်ရေအမှတ်ရောက်နေပြီး နောက် ၂၄ နာရီ အတွင်းစိုးရိမ်ရေအမှတ်ကျော်လွန်ဖို့ရှိတယ်လို့မိုးဇလကထုတ်ပြန်ပါတယ်။ မြစ်ရေတွေရဲ့စိုးရိမ်ရေအမှတ်ဟာ တစ်ပေခန့်အလိုကိုရောက်တာနဲ့ မြေနိမ့်ပိုင်းတွေကိုရေတွေစဝင်နေပြီး နီးစပ်ရာကိုပြောင်းရွှေ့ဖို့လုပ်ရမယ်လို့ မိုးဇလညွှန်ကြားမှူး ဦးလှထွန်းကပြောထားပါတယ်။ ငါးသိုင်းချောင်းအနီးက ငပိဆိပ်ရွာမှာဆိုလည်းမြေနိမ့်ပိုင်းမှာရှိတဲ့နေအိမ်တွေထဲ ရေတက်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “အနိမ့်ပိုင်းအိမ်တွေတော့ ရေတွေဝင်နေတယ်။ မြစ်ဘေးနားကဘုန်းကြီးကျောင်းဆိုလည်း ရေတွေဝင်နေပြီ။” လို့ ငပိဆိပ်ရွာကဒေသခံတစ်ဦးကပြောပါတယ်။ ငါးသိုင်းချောင်းမြို့ဟာ ပုသိမ်မြစ်(ခေါ်)ငဝန်မြစ်ကပ်လျက်မှာရှိပြီးနှစ်စဉ်ရေဘေးအန္တရယ်ကြုံရပါတယ်။ ငါးသိုင်းချောင်းမြို့မှာ အိမ်ခြေ ၂၃,၀၀၀ကျော်၊ လူဦးရေ တစ်သိန်းနီးပါးနေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါတယ်။ လက်ရှိမြစ်ရေစိုးရိမ်ရေအမှတ်ရောက်နေတဲ့ ငါးသိုင်းချောင်းမြို့လို့ပဲ ပဲခူး၊ ကရင်၊ မွန်နဲ့တနင်္သာရီတိုင်းမှာ […]
ဝက်လက် – ၂၀၂၃ ဩဂုတ် ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန်မြောက်ရွာနဲ့ လှတောရွာကြားမှာ ဒီနေ့မနက် ၈း၀၀ နာရီ ဝန်းကျင် အာဏာသိမ်းစစ်တပ်၊စစ်ကြောင်းထွက်သွားပြီးနောက် လည်လှီးအသတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားသုံးဦးကို တွေ့ခဲ့ရတယ်လို့ Wetlet Informational Network အဖွဲ့ဆီကသိရပါတယ်။ ကျီးကန်မြောက်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့မနက် ၄း၀၀ နာရီခန့်က ဝင်ရောက်လာပြီးနောက် အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦးကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ” သူတို့ကမရှောင်တိမ်းတာ၊ ဆင်းရဲရှာတော့၊ စားစရာသောက်စရာမရှိတော့ မရှောင်ဘဲ ဘုန်းကြီးကျောင်းမှာနေတာကိုမိသွားတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အသတ်ခံထားရတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဆိုရင် မုဒိန်းကျင့်ခံထားရတဲ့ပုံစံတွေ့ရတယ်လို့ အလောင်းမြင်တွေ့ခဲ့ရတဲ့ Wetlet Informational Network အဖွဲ့တာဝန်ရှိသူ ကပြောပါတယ်။ “အမျိုးသမီးကို သူတို့က မုဒိန်းကျင့်သွားတယ်၊ […]
ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ အခုလပိုင်းကစပြီး ဧည့်စာရင်းစစ်တာ၊ ဧည့်စာရင်းမတိုင်လို့ဖမ်းဆီးတာတွေ နေ့စဉ်နီးပါးလုပ်ဆောင်လာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “ကျွန်တော်က သန်းခေါင်စာရင်းလဲရှိတယ်။ အိမ်မှာ အတူနေတဲ့တစ်ယောက်က ဧည့်စာရင်းတိုင်မထားမိတော့ ကျွန်တော့်ကို အိမ်ထောင်ဦးစီးဆိုပြီး ခေါ်သွားတာ။ ရဲစခန်းမှာ တစ်ညအိပ်လိုက်ရတယ်။ အဲဒီညက ရပ်ကွက်ထဲက ၁၀ ယောက်ကျော်နဲ့ တခြားရပ်ကွက်တွေက ဖမ်းလာတာတွေလည်း အများကြီးပဲ။ သူတို့ပြောတာတော့ စီမံချက်အနေနဲ့ မြို့နယ်တွေလိုက်ဖမ်းတာ။ စစ်အုပ်ချုပ်ရေးနယ်မြေဖြစ်လို့ ဧည့်စာရင်းမတိုင်ရင် မင်းတို့ကို ဧည့်စာရင်းဥပဒေနဲ့ ထောင်ချလို့ရတယ်။ ဧည့်စာရင်းတိုင်ကိုတိုင်ရမယ်ပြောတယ်” လို့ ဧည့်စာရင်းစစ်ချိန်ဖမ်းဆီးခံရတဲ့ တောင်ဒဂုံမြို့နယ်နေထိုင်သူတစ်ဦးကပြောပါတယ်။ ဧည့်စာရင်းစစ်ခံရချိန်မှာ မချေမငံပြောဆိုမိတာတွေရှိရင်လည်း စစ်ကောင်စီတပ်သားတွေက ထိုးကြိတ်ရိုက်နှက်တာတွေ လုပ်တယ်လို့ သူကဆက်ပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်ကြတဲ့ ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းကလာတဲ့ ဒေသခံတွေဟာ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း) လမ်းမြေပြိုကျသွားလို့ နှစ်ပတ်ကျော်ကြာပိတ်ထားရတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။ ယခုလ ၇ ရက်က မြဝတီမြို့အထွက် ရင်ကွဲတောင်ပေါ်၊ တောနော်ရေတံခွန်အနီးမှာ မိုးသည်းထန်စွာရွာသွန်းလို့ အာရှလမ်းရဲ့ လမ်းပိုင်းပေ၁၀၀ ခန့် ပြိုကျခဲ့ပြီး လမ်းကိုလည်း ပိတ်ထားရတာဖြစ်ပါတယ်။ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ကရင်ပြည်နယ်အစိုးရက ယာယီဘေလီတံတားတစ်စင်း စတင်တည်ဆောက်ခဲ့ပြီး လက်ရှိမှာ တံတားပြီးစီးသွားတာကြောင့် လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။ မနေ့ညနေပိုင်းကစတင်ကာ တံတားအပေါ်ကို ဖြတ်သန်းခွင့်ပေးခဲ့တာဖြစ်ပြီး ကုန်တင်ယာဉ်တွေကိုလည်း ဖြတ်သန်းခွင့်ပေးခဲ့တယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ “ ၁၀ ဘီးကားနဲ့ ၁၂ ဘီးကားတွေတော့ သွားခွင့်ပြုလိုက်တယ်၊ တွဲကားကြီးတွေတော့ သီးခြားအချိန်တစ်ခုမှာ ဖြတ်ခွင့်ပေးမယ်ပြောတယ်” လို့ သူက ပြောပါတယ်။ […]
ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၅ (မော်ကွန်း) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကိုမနေ့မွန်းလွှဲပိုင်းလောက်ကစစ်ကောင်စီလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်လို့ပြည်သူတစ်ဦးသေဆုံးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်၊ သဲတောမူသဲတောခွါးကျေးရွာကိုလေကြောင်းဖြင့်နှစ်ကြိမ်၊ ဗုံးခြောက်လုံးကြဲချခဲ့တာကြောင့် အသက် ၂၈ နှစ်အရွယ် စောဘဘယ်စယ်ဖိုး သေဆုံးသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့မှ အသက် ၂၃ နှစ်အရွယ်ရဲဘော်မေတ္တာလည်းထိခိုက်ဒဏ်ရာရသွားတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ဩဂုတ်လ ၂၀ ကလည်းစစ်ကောင်စီတပ် ခမရ-၃၆၄ ကကျောက်ကြီးမြို့နယ်ကို ညအချိန်မှာ ၁၀၅ မမ နဲ့ ၁၅၅ မ လက်နက်ကြီးအလုံး ၁၅ လုံးပစ်ခတ်ခဲ့ကာ နေအိမ်တစ်လုံးနဲ့ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်းထိမှန်ခဲ့တယ်လို့ဖော်ပြပါတယ်။ ကျောက်ကြီးမြို့နယ်ဟာ စစ်ဒဏ်သာမက ယခုလ ၁၅ က မိုးအဆက်မပြတ်ရွာတာ၊ မြစ်ရေတက်မှုကြောင့်ဒေသခံ ၂,၀၀၀ ခန့်ရေဘေးကြုံခဲ့ရပါတယ်။ စစ်ကောင်စီကလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေတဲ့ကျောက်ကြီးမြို့နယ်မှာ […]
ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း) မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဉ်ဆက်မပြတ်ရှိနေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေ ဆက်လက်မြင့်တက်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က မနေ့ကထုတ်ပြန်ပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေဟာ အထူးသဖြင့် ကချင်ပြည်နယ်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ ဆက်လက်မြင့်တက်နေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာလည်း စစ်ကောင်စီတပ်တွေက မကြာခဏစစ်ကြောင်းထိုးတာကြောင့် ထွက်ပြေးရတဲ့ဒေသခံတွေ နေ့စဉ်တိုးလာနေပြီး အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ “ကျွန်တော်တို့ဆီမှာက မိုးကုန်ခါနီးတော့ တိုက်ပွဲတွေက ပိုစိတ်လာတယ်။ စစ်ကြောင်းထိုးရင်လည်း ဒေသခံတွေကို ဖမ်းတာသတ်တာတို့၊ ရွာကိုမီးရှို့တာတို့လုပ်တော့ ရွာတွေထဲမနေရဲကြတော့ဘူး။ နီးစပ်ရာနေရာတွေမှာထွက်ပြေးနေရတော့ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ အမြဲတမ်းလိုအပ်နေတယ်” လို့ ယင်းမာပင်မြို့နယ်မှာ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်းက […]
ရန်ကုန်- ၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း) ကျပ်နှစ်သောင်းတန် စတင်ထုတ်ဝေတဲ့ ဇူလိုင်လကစတင်ပြီး မြင့်တက်လာခဲ့တဲ့ ဆန်ဈေးနှုန်းဟာ သုံးပတ်ကျော်ကြာတဲ့အထိ ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေတယ်လို့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။ လက်ရှိမှာ ရွှေဘိုပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို လက်ကားဈေး ကျပ်တစ်သိန်းခွဲထိမြင့်တက်နေပြီး ဧရာဝတီပေါ်ကျွဲဆန်တစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်၊ ဧည့်မထအုပ်စုဝင် ဆန်ကြမ်းဖြစ်တဲ့ ရက် ၉၀ ဆန်တစ်အိတ်ကို ကျပ်ကိုးသောင်းနီးပါးဖြစ်နေတယ်လို့ ကုန်စည်ဒိုင်ဈေးနှုန်းတွေအရသိရပါတယ်။ ကျပ်နှစ်သောင်းတန် မထုတ်ဝေခင်က ဇူလိုင်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ ဝန်းကျင်ပဲရှိရာက တစ်လအတွင်း သုံးသောင်းကျော်ထိ မြင့်တက်လာခဲ့တာပါ။ အလားတူပဲ ဧရာဝတီပေါ်ကျွဲဆန်တစ်အိတ်ကို ဇူလိုင်လကုန်ပိုင်းမှာ ကျပ်ရှစ်သောင်းဝန်းကျင်ပဲရှိခဲ့ပြီး ရက် ၉၀ ဆန်ကတော့ ကျပ်ခုနှစ်သောင်း ဝန်းကျင်မှာပဲ ရှိနေရာက အခုလို စျေးမြင့်တက်လာခဲ့တာပါ။ ပြည်တွင်းဆန်အမျိုးအစားအသီးသီးဟာ တစ်လအတွင်းမှာပဲ တစ်အိတ်ကို ပျှမ်းမျှကျပ်နှစ်သောင်းကျော်ထိ […]
ပဲခူးအနောက် – ၂၀၂၃ ဩဂုတ် ၂၄ (မော်ကွန်း) တရှိန်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းကို အမီမလိုက်နိုင်တာကြောင့် ဒီနှစ်စိုက်သမျှ အရှုံးပေါ်နေသလို ရာသီဥတုကြောင့် စိုက်ခင်းတွေပါ ပျက်စီးတာတွေကြောင့် ပိုရှုံးနေရတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းဒေသက ငရုတ်သီးစိုက်တောင်သူတချို့က ပြောပါတယ်။ “အခုရောင်းလိုက်တယ်။ ကိုယ်က ဒီစျေးနဲ့ရောင်းလိုက်တဲ့ငွေက နောက်တခါပြန်ရင်းရမယ်ဆိုရင် အရင်းပဲ ဖြစ်သွားတယ်။ အမြတ်ကမရှိတော့ဘူး။ ကုန်စျေးနှုန်းတွေတက်နေတော့ တစ်ခါအမြတ်က နောက်တစ်ခါအရင်းထဲပါသွားတာ”လို့ ပဲခူးတိုင်းအနောက်ခြမ်း၊ စစ်ကွင်းမြို့နယ်က ငရုတ်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။ ပိုးသတ်ဆေးတွေ၊ သွင်းအားစုတွေ၊ လုပ်သားခတွေ အကုန်ဈေးတက်နေတာကြောင့် ငရုတ်စိုက်တောင်သူတွေဟာ အရင်းအနှီး အဖြစ် ငရုတ်တစ်ဧကကို ကျပ်သိန်း ၂၀ အထိ ရင်းနှီးစိုက်ပျိုးနေကြရတာပါ။ ပုံမှန်သုံးစွဲနေကြ ဓါတ်မြေဩဇာဈေးက နှစ်ဆကြီးသွားသလို ငရုတ်သီးခူးတဲ့ အလုပ်သမားခဟာလည်း ဒီရာသီမှာ တစ်ရက် ၆,၀၀၀ ကျပ်နဲ့ ရှင်းရတော့ စရိတ်တွေ […]
စစ်ကိုင်း – ၂၀၂၃ ဩဂုတ် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကိုင်း-မြစ်ကြီးနား သံလမ်းပြေးဆွဲနိုင်ဖို့ ပြုပြင်ရေးလုပ်နေပြီး သံလမ်းအနီးအနားရွာတွေကို အခုလ ၁၆ရက်က စတင်ကာ အာဏသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးတပ်ဖြန့်ထားတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကိုင်းမြို့နယ် ၊ပဒူကျေးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်က သြဂုတ်လ ၁၇ရက်မှာ ခက်ခရွာကနေ စမွန်းရွာနဲ့ သံလမ်းအနီးရွာတွေကို စစ်ကြောင်းထိုး တပ်ဖြန့်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ” သံလမ်းပြုပြင် ရထားပြေးဆွဲဖို့စစ်ကောင်စီဘက်က ကြိုးစားနေတာပါ၊ သံလမ်းပြင်ရာကနေ သံလမ်းဘေးကရွာတွေကိုမီးရှို့နေတာပါ၊ သံလမ်းက စစ်ကိုင်းမြို့မြောက်ဘက်စာရေးရွာနားကစပြီးပြင်လာတာပါ”လို့ သံလမ်းအနီးကျေးရွာတစ်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့နေ့လည် ၁၂နာရီမှာ ထန်းကြီးရွာကို မီးရှို့ခဲ့ပြီး အခုလ ၂၁ရက်က ကျွန်းဦးတောရွာ၊ ၁၇ရက်ကလည်း စမွန်းရွာတွေကိုမီးရှို့ခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သံလမ်းဘေးကရွာတွေဖြစ်တဲ့ […]
ခင်ဦး-၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မနေ့ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးရင်း တစ်ဦးအမောဖောက်သေဆုံးသွားတယ်လို့ ခင်ဦးဒေသခံတွေကမော်ကွန်းကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးစဉ် လက်နက်ကြီးလက်နက်ငယ်တွေ တရစပ်ပစ်တာကြောင့် ကြောက်လန့်တကြားပြေးရင်း အမောဖောက်ကာ နှလုံးရပ်သေဆုံးတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက အတည်ပြုပါတယ်။ “သူတို့ပစ်တော့ သက်ကြီးရွယ်အိုတွေကော၊ ကိုယ်ဝန်ဆောင်မိခင်တွေကော၊ ကလေးတွေကော ဝရုန်းသုန်းကား ထွက်ပြေးရတာ။ ရာသီဥတုက မကောင်းဘူး၊ မိုးရွာထားတဲ့အတွက် အခက်အခဲတွေကြုံနေတဲ့ကြားထဲက ပြေးရတာဆိုတော့ စစ်ကြောင်းက သူတို့နောက်ကနီးလာပြီဆိုပြီး ပြေးရင်းနဲ့ အမောဖောက်ပြီးဆုံးသွားတာ” လို့ သူကပြောပါတယ်။ အမောဖောက်သေဆုံးသွားတဲ့ ခင်ဦးဒေသခံဟာ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ မရမ်းအင်းကျေးရွာသား ဦးတင့်ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၄ […]
ခင်ဦး-၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက် လက်နက်ကြီးလက်နက်ငယ်တွေပစ်ပြီး စစ်ကြောင်းတွေထိုးနေလို့ ခင်ဦးဒေသခံ တစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “စစ်ကြောင်းက မနေ့က အောင်သာကျေးရွာမှာ အိပ်တာ။ ဒီနေ့ ကြာပင်အိုင်ရွာထဲရောက်သွားပြီ။ စစ်ကြောင်းထိုးနေတာ။ သူတို့(စစ်ကြောင်း)က ရွှေဘိုနယ်စပ်အထိရောက်သွားပြီဆိုတော့ ခင်ဦးနဲ့ရွှေဘိုအစပ်ထိရောက်သွားတော့ ရွှေဘိုနယ်ကော၊ ခင်ဦးနယ်ကကော ရှောင်ရတာ” လို့ သူကပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့ကတည်းက ခင်ဦးနယ်ထဲကို စစ်ကြောင်းထိုးနေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံတွေထဲက ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း အမောဖောက် သေဆုံးခဲ့ပါသေးတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေဟာ ရွာမီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေကိုတော့ မကြားရသေးဘူးလို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။ “သူတို့ ကျေးရွာတစ်ရွာဝင်ပြီဆိုရင်တော့ လက်နက်ကြီးလက်နက်ငယ်တွေကတော့ […]
ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၂၃ (မော်ကွန်း) မြန်မာနိုင်ငံတစ်ဝှမ်းဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီမြစ်ရေဟာကြံခင်းမြို့နယ်ဆိပ်သာမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်း အတွင်းထုတ်ပြန်ပါတယ်။ “မြေနိမ့်ပိုင်းတွေမှာတော့ရေတွေဝင်နေပြီဗျ။ ရေဘေးရှောင်ဖို့အတွက်ရွှေကံဘုန်းကြီးကျောင်းနဲ့ရဲစခန်းကြား မှာကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်လှစ်ထားတာရှိပါတယ်။ကျွန်တော်တို့လည်းကူညီဖို့အသင့်ပြင်ဆင်ထားပါတယ်။” လို့ ဆိပ်သာမြို့လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ခံကပြောပါတယ်။ ကြံခင်းမြို့နယ်၊ ဆိပ်သာမြို့မှာဧရာဝတီမြစ်ရေဟာစိုးရိမ်ရေအမှတ်ကိုကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်းမှာထပ်တက်ဖို့ရှိ တယ်လို့မိုးဇလကထုတ်ပြန်ပါတယ်။ ကြံခင်းမြို့နယ်ဂရုဏာလူမှုကူညီရေးအဖွဲ့တာဝန်ခံကတော့ “မြို့ပေါ်မှာတော့အဲ့လောက်မတက်သေးပေမယ့် မြစ်နဲ့နီးတဲ့ရွာတွေမှာတော့ရေတွေတက်နေတယ်။ ရေထပ်ကြီးလာမယ်ဆိုရင်တော့ မြို့ပေါ်ဘိလပ်မြေစက်ရုံဂိုဒေါင်နဲ့စာသင်ကျောင်းတွေကိုပြောင်းရွှေ့ဖို့စီစဉ်ထားတယ်” လို့ပြောပါတယ်။ ကြံခင်းမြို့နယ်မှာ ကျေးရွာ ၂၅၀ ကျော်၊ အိမ်ခြေ ၂၆,၀၀၀ ကျော် နဲ့ လူဦးရေတစ်သိန်းနီးပါးနေထိုင်ကြပြီး တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့၂၀၁၉ စက်တင်ဘာလအထိ စာရင်းတွေအရ ကြံခင်းမြို့နယ်ဟာရေဘေးဒဏ် ကို ၁၂ ကြိမ်တိတိကြုံခဲ့ရကာ အိမ်ခြေ ၁၅၀ ကျော်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာအခုလဆန်းကစပြီး မုတ်သုန်ရာသီကြောင့်နေရာအနှံ့အပြားမှာ မိုးအဆက်မပြတ်ရွာတာ၊ မြစ်ရေတက်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားကာမြေပြကျမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ထုတ်ပြန်ချက်အရ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."