သတင်းများ

ရှေ့နှစ်မှာ တစ်နိုင်ငံလုံးသန်းခေါင်စာရင်းကောက်မည်ဟုဆို

August 23, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း) လာမယ့်နှစ် အောက်တိုဘာလ ၁ ရက်က စတင်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ကောက်ယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဗဟိုသန်းခေါင်စာရင်းကောက်ယူရေး ကော်မရှင် အစည်းအဝေးကို မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ သူက အခုလိုပြောခဲ့တာပါ။ ပြည်လုံးကျွတ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အတွင်း ကောက်ယူသွားမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအပြီး ၁၀ နှစ်အကြာမှာ နောက်တစ်ကြိမ်သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမှာ တိကျမှန်ကန်တဲ့လူဦးရေနဲ့ လူမှုစီးပွားအခြေအနေတွေကို […]

အပြည့်အစုံဖတ်ရန်

ကော့ကရိတ် – မြဝတီလမ်းပိုင်း ပြင်ဆင်နေဆဲဖြစ်

August 23, 2023

ရန်ကုန်- ၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း) မြေပြိုကျသွားခဲ့တဲ့ ကော့ကရိတ် – မြဝတီ အာရှလမ်း ပြင်ဆင်နေဆဲဖြစ်ပြီး ကုန်တင်ယာဉ်တွေ ဖြတ်သန်းခွင့်မပြုသေးဘူးလို့ ဒေသခံတွေနဲ့ လမ်းအသုံးပြုသူတွေဆီက သိရပါတယ်။ ယခုလ ၇ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ တောနော်ရေတံခွန်အနီး မိုင်တိုင်အမှတ် ၁၄၉ နဲ့ ၁၅၀ ကြားမှာ ကားလမ်းရဲ့ အောက်ခံမြေသား ပေ ၁၀၀ ကျော်ခန့်ဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုကျသွားခဲ့တာပါ။ အဆိုပါလမ်းပိုင်းဟာ ထိုင်းနိုင်ငံနဲ့ အဓိကကုန်သွယ်နေတဲ့ လမ်းတစ်ခုဖြစ်တာကြောင့် ကုန်သွယ်ရေးပြတ်တောက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ လမ်းပြင်နေတဲ့ စီမံကိန်းကာလအတွင်း နေ့လယ် ၁၂ နာရီတစ်ကြိမ်နဲ့ ညနေ ၅ နာရီမှာ တစ် ကြိမ် ကားလေးတွေကိုပဲ ဖြတ်သန်းခွင့်ပြုနေတာဖြစ်တယ်လို့ သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအဖွဲ့က […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီထံလက်နက်ချသွားတဲ့ မြိုင်က ပကဖတပ်ဖွဲ့ဝင်ကို လက်စားချေသွားမည်ဟုဆို

August 23, 2023

ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၃ (မော်ကွန်း) စစ်ကောင်စီထံလက်နက်ချအညံ့ခံသွားတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုတက်တူးကို လက်စားခြေတုံ့ပြန်သွားမယ်လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လကျ်ာကပြောပါတယ်။ “ဒီကောင်ကကျတော့ ကာကွယ်ရေးတွေကိုအကြောင်းပြပြီး သစ္စာဖောက်လုပ်သွားတာ၊ ပြည်သူတွေကိုသစ္စာဖောက်တာ။ သူ့ကိုထမင်းကျွေးထားတဲ့ရွာတွေကို သစ္စာဖောက်တာ။ သစ္စာဖောက်ကတော့ သစ္စာဖောက်သွားရာလမ်းသွားရမှာပဲ။ သူ့ရဲ့ဒေတာအချက်အလက်တွေကိုကျွန်တော်တို့လိုက်နေတယ်။ ရှိသင့်သလောက်ဒေတာတွေလည်းရှိထားပြီးပါပြီဗျ။ ကျွန်တော်တို့ကတော့ ဒီတိုင်းပြီးသွားရောဆိုပြီးနေမှာမဟုတ်ဘူး။ ပြည်သူတွေခံစားရတဲ့အပူကို သူပြန်ခံစားရမယ်။” လို့သူကပြောပါတယ်။ ယခုလ ၁၅ ရက် မွန်းလွဲ ၂:၀၀ နာရီ ကျော်မှာ မြိုင်မြို့နယ်ပကဖ ဒုခေါင်းဆောင်ရဲ့ M-16 မောင်းပြန်သေနတ်တစ်လက်ကို ကိုတက်တူးကခိုးယူပြီး စစ်ကောင်စီထံအလင်းဝင်သွားတာလို့ ဗိုလ်လကျာ်ကပြောပါတယ်။ စစ်ကောင်စီထံအလင်းဝင်သွားတဲ့ကိုတက်တူးဟာ မြိုင်ပကဖမှာ နှစ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာပခုက္ကူခရိုင်အတွင်းက အရေးကြီးတဲ့ပကဖစခန်းတွေ၊ ပကဖခေါင်းဆောင်တွေနေတဲ့ကျေးရွာတွေ နဲ့အခြားထိစပ်နယ်မြေကတော်လှန်ရေးအဖွဲ့တွေရဲ့စခန်းတွေကို မြေပုံနဲ့တကွ စစ်ကောင်စီထံသတင်းထွက်ဆိုထားတာကြောင့် အမြန်ဆုံးနေရာပြောင်းရွှေ့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ မြိုင်မြို့နယ်လိုပဲ ပခုက္ကူခရိုင်အတွင်းက […]

အပြည့်အစုံဖတ်ရန်

ကော့ကရိတ်မှာ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်တွေ အကြောင်းမဲ့ပစ်ခတ်

August 23, 2023

ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၃ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်မှာ မနေ့မနက်ပိုင်းက စိုက်ခင်းသွားတဲ့ ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ပစ်ခတ်တာကြောင့် သေနတ်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ သေနတ်ထိမှန်တဲ့ အမျိုးသမီးနှစ်ဦးဟာ ကောကရိတ်မြို့နယ် ဝေါ်လေကျေးရွာက အသက် ၄၀ အရွယ် နော်ဖါးကလေးနဲ့ အသက် ၁၈ နှစ်အရွယ် နော်ဖေါအယ်တို့ဖြစ်ပြီး စိုက်ခင်းကို သွားနေချိန် စစ်ကောင်စီတပ်တွေက လှမ်းခေါ်ရာမှာ ကြောက်လန့်ပြီးထွက်ပြေးစဉ် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တာလို့ KNU က ဆိုပါတယ်။ အဲဒီပစ်ခတ်မှုကို စစ်ကောင်စီတပ် ခမရ-၅၅၉ ဝေါ်လေဗျူဟာက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးက ခြေထောက်ကျည်ထိမှန်ကာ နောက်တစ်ဦးဟာ လက်ကိုကျည်ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။ အခုလ ၁၉ ရက်ကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာ ဘေးတွဲဆိုင်ကယ်နဲ့ လျှပ်စစ်မော်တာတပ်စက်ဘီးတွေကိုပါဖမ်းဆီးနေ

August 23, 2023

ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၂၃ (မော်ကွန်း) ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ဘေးတွဲဆိုင်ကယ်တွေအပြင် မော်တာတပ်ထားတဲ့လျှစ်စစ်စက်ဘီးတွေကိုပါ စစ်ကောင်စီကဖမ်းဆီးမှုတွေလုပ်လာနေတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။ “မော်တာတပ်ထားတဲ့ဘီးတွေမှန်သမျှအကုန်ဖမ်းတာပါ။ ဆိုက်ကယ်ကောစက်ဘီးကော။ ရန်ကုန်သစ်ရပ်ကွက်ထဲမှာ ဘေးတွဲဆိုင်ကယ်နဲ့မော်တာစက်ဘီးတွေ ဒီရက်ပိုင်းအတွင်းအဖမ်းမခံရဘူးဆို အနည်းဆုံး သုံးစီးလောက်ပါသွားတယ်“ လို့သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။ အာဏာမသိမ်းမီက သူတို့ရပ်ကွက်မှာ ဘေးတွဲဆိုင်ကယ်တွေကိုဖမ်းဆီးတာတွေမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့လပိုင်းကစတင်ကာ ရပ်ကွက်လမ်းကြိုလမ်းကြားတွေအထိဝင်ရောက်ပြီး ဆိုင်ကယ်ကောစက်ဘီးပါ ဖမ်းဆီးတာတွေလုပ်လာတာလို့သူကပြောပါတယ်။ ရန်ကုန်မြို့အတွင်းက ဆိုင်ကယ်အစီးများတဲ့ သုဝဏ္ဏ၊ သာကေတ၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ အဖမ်းအဆီးတွေရှိတယ်လို့ အဲဒီမြို့နယ်တွေမှာနေထိုင်သူတွေကပြောပါတယ်။ ဒီလိုဖမ်းဆီးမှုတွေလုပ်တဲ့အခါ စစ်ကောင်စီတပ်သားတွေက အုပ်စုလိုက်ဝင်ဖမ်းတာရှိသလို ယာဉ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။ သာကတေမြို့နယ်မှာနေထိုင်သူတစ်ဦးက “လူတော့မဖမ်းဘူးဗျ၊ ဆိုင်ကယ်တွေ့ရင်ဆိုင်ကယ်ယူသွားတာ။ ပြီးမှစခန်းမှာဘယ်လောက်လောက်နဲ့လာရွေးဆိုပြီးလုပ်တာ။” လို့သူကပြောပါတယ်။ ဒီလိုဖမ်းဆီးမှုတွေလုပ်နေတာကြောင့် နေ့စဉ်စားဝတ်နေရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေရှိတယ်လို့ ဘေးတွဲဆိုင်ကယ်နဲ့ ရေသန့်ဗူးပို့သူတစ်ဦးကပြောပါတယ်။ “မနက်ပိုင်းလောက် ရေမိုးချိုးထမင်းစားပြီးရေသန့်ပို့မယ်လုပ်တော့ ဆိုင်ကယ်တွေဖမ်းနေတယ်အကုန်ပြန်သိမ်းကြဟေ့ဆိုရင် ပြေးရပြန်ရော။ဒီလိုမျိုးက အခေါက်ပေါင်းမနည်းတော့ဘူး။ အဲ့ချိန်ကျ […]

အပြည့်အစုံဖတ်ရန်

ကနီ နွားခြံကုန်းရွာက စစ်ရှောင်ဒေသခံထောင်နဲ့ချီ အိမ်မပြန်ရဲသေး

August 22, 2023

ကနီ-၂၀၂၃ ဩဂုတ် ၂၂ (မော်ကွန်း) စစ်ကောင်စီတပ်တွေ အခုလ ၁၈ ရက်က စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ အနီးနားရွာတွေက ထောင်ချီတဲ့ဒေသခံတွေဟာ စကစစစ်ကြောင်းပြန်ထွက်သွားပြီးငါးရက်ကြာတဲ့အထိ ရွာတွေထဲပြန်မဝင်ရဲဘဲ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကနီဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “စစ်ကြောင်းကလှုပ်နေတာ၊ ပြန်ထိုးမှာစိုးလို့ ရွာထဲတော့ ပြန်ဝင်လို့မရသေးဘူး။ နွားခြံကုန်းရွာကတော့ ပျက်ဆီးဆုံးရှုံးမှုများတယ်။ အိမ်ကော ပစ္စည်းတွေကောပါသွားတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး၊ လိုက်နေတုန်းပဲမို့” လို့ နွားခြံကုန်းရွာခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ နွားခြံကုန်းရွာမှာ နေအိမ်နှစ်လုံးမီးရှို့ခံထားရပြီး ရွာထဲကနေအိမ်တွေကိုဝင်မွှေကာ ပစ္စည်းတွေလည်း ယူဆောင်ခံထားရတယ်လို့ သူကပြောပါတယ်။ အခုလ ၁၈ ရက်က ရွာမီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က အထိနာခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ “ရွာထဲကျွန်တော်တို့ပြန်ဝင်တော့ ခွေးအလောင်းတစ်လောင်းတွေ့တယ်။ သူတို့သုံးထားတဲ့ကျည်ခွံတွေလည်းတွေ့တယ်။ သေနတ်မှန်ထားတဲ့ […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းမြို့နယ် ကျွန်းဦးတောရွာကို အာဏာသိမ်းစစ်တပ် မီးရှို့

August 21, 2023

စစ်ကိုင်း – ၂၀၂၃ ဩဂုတ် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျွန်းဦးတောရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၁၀:၀၀ နာရီ ဝန်းကျင်မှာ မီးရှို့ခဲ့တာကြောင့် ဒေသခံရွာသားတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ” မိုးရွာနေတာကိုရှို့သွားတယ်၊ မိုးရွာနေတော့အိမ်က မီးမကူးနိုင်ဘူး၊ လေးလုံးလောက်ပဲ လောင်တယ်လို့သိထားရတယ်၊ စစ်ကြောင်းကတော့ ဒီတစ်ဝိုက်ရှိနေတုန်းပဲ၊ လေယာဥ်ကတော့ခေါင်းပေါ်ဝဲနေတယ် “လို့ ဒေသတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။ စစ်ကိုင်းမြို့အခြေစိုက်၊ ခြေမြန်တပ်မဌာနချုပ်၊ တပ်မ ၃၃ ကနေ စစ်သားတွေထွက်လာပြီးနောက် သြဂုတ်လ ၁၇ရက် ညနေပိုင်းမှာ စမွန်းရွာကိုမီးရှို့ခဲ့ကာ ဒီနေ့မှာတော့ စမွန်းရွာနဲ့ကပ်နေတဲ့ ကျွန်းဦးတောရွာကို မီးရှိူ့နေတာလို့ ကျွန်းဦးတောရွာဒေသခံတစ်ဦးက ပြောပါတယ်။ ” မိုးရွာထဲလည်းပြေးနေရတယ်၊ နီးစပ်ရာဆွေမျိုးတွေရှိတဲ့နေရာပြေးရတာ၊ စစ်တပ်နဲ့ဝေးရာပြေးကြတာပဲ၊ ဒီအနီးတစ်ဝိုက်ရွာတွေပြေးနေကြတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ ကျွန်းဦးတောရွာက နေအိမ် ၁၀၀ […]

အပြည့်အစုံဖတ်ရန်

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအောင်စာရင်းထုတ်ပြန်

August 21, 2023

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၂၁ (မော်ကွန်း) ဂျပန်ဖောင်‌ဒေးရှင်းကကြီးမှူးကျင်းပတဲ့ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ဖြေဆိုသူ အောင်စာရင်းတွေကို အွန်လိုင်းကတစ်ဆင့် ဒီကနေ့နံနက်အစောပိုင်းကစတင်ကြေညာလိုက်ပါတယ်။ “JLPTစာမေးပွဲတွေကို ဇူလိုင်လမှာတစ်သုတ်၊ ဒီဇင်ဘာလမှာတစ်သုတ်ဆိုပြီး တစ်နှစ်မှာနှစ်ခါကျင်းပတာပါ။ အခုတစ်ခေါက်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လ ၂ ရက်နေ့ကဖြေဆို သူတွေရဲ့အောင်စာရင်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဖေ့စ်ဘွတ်ပေ့ချ်မှာလည်း တင်ပေးထားပါတယ်”လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှတာဝန်ခံတစ်ဦးကပြောပါတယ်။ စာမေးပွဲအောင်စာရင်းကို ဒီလင့်ခ်မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://www.jlpt.jp/e/guideline/results_online.html စာမေးပွဲရလဒ်ကိုအောက်တိုဘာ ၃၁ မွန်းလွဲ ၂:၃၀ နာရီထိကြည့်ရှုနိုင်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒီစာမေးပွဲကိုအမြင့်ဆုံး N1 ကနေ အနိမ့်ဆုံး N5 အထိ အဆင့်ငါးဆင့်ခွဲကာဖြေဆိုကြပါတယ်။ ဂျပန်နိုင်ငံမှာအလုပ်သွားလုပ်ဖို့ စာမေးပွဲဖြေဆိုခဲ့သူတစ်ဦးက “ကျွန်တော်က N4 ဖြေတာ။ စာမေးပွဲမှာက Vocabulary နဲ့ Grammer (စားလုံးပေါင်းနဲ့သဒ္ဒါအရေးအသား) ၊ Reading နဲ့ Listening ဆိုပြီးသုံးမျိုးဖြေရတယ်။ ကျွန်တော်က […]

အပြည့်အစုံဖတ်ရန်

ခွင့်ပြုချက်မဲ့နိုင်ငံခြားငွေကိုင်ဆောင်သူတွေကို စစ်ကောင်စီအရေးယူမည်ဟုဆို

August 21, 2023

ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၁ (မော်ကွန်း) ခွင့်ပြုချက်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်မှုတွေကို စစ်ကောင်စီကအရေးယူမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က စစ်ကောင်စီရဲ့ဗဟိုဘဏ်တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) က လုပ်ငန်းရှင်တွေ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာပါ။ UMFCCI နဲ့ စစ်ကောင်စီတို့ရဲ့ အဆိုပါတွေ့ဆုံမှုမှာ ပြင်ပမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ မြင့်တက်နေတဲ့အပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ကုန်သည်/စက်မှုအသင်းချုပ်ဆီက သိရပါတယ်။ စစ်ကောင်စီဘက်က ငွေလဲနှုန်းဖြစ်သင့်တဲ့နှုန်းထားဖြစ်လာဖို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သက်ဆိုင်ရာအသင်းအဖွဲ့တွေက ဗဟိုဘဏ်ရဲ့ မူဝါဒအတိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားခဲ့တယ်လို့ ကုန်သည်/စက်မှုအသင်းက အသင်းဝင်တစ်ဦးက ပြောပါတယ်။ “ကုန်သည်တွေဘက်ကလည်း ဒေါ်လာလိုအပ်ချက်ဖြစ်နေတဲ့အကြောင်းကို ဆွေးနွေးကြတယ်၊ သူတို့ဘက်ကလည်း ပြင်ပပေါက်ဈေးက ဖြစ်သင့်တာထက်များနေတာကို ဝိုင်းထိန်းချုပ်ဖို့ကို ဆွေးနွေးကြတယ်လို့ ကြားရတယ်။ တကယ်တမ်းတော့ ကုန်သည်တွေကိုသတိပေးတာပေါ့၊ […]

အပြည့်အစုံဖတ်ရန်

မြင်းမူ၊ မူးမန္တလေးရွာက အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

August 21, 2023

မြင်းမူ – ၂၀၂၃ ဩဂုတ် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာက အသက် ၂၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒီနေ့မနက်ပိုင်းက လက်နက်ကြီးထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာမှာ တပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အနောက်ဘက်ကိုလက်နက်ကြီး သုံးချက်ပစ်ခတ်ရာ မူးမန္တလေးရွာကို လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ သေဆုံးသူအမျိုးသမီးနဲ့နီးစပ်သူကပြောပါတယ်။ ” သူက အိမ်ထဲမှာမဟုတ်ဘူး၊ အပြင်မှာ ရေချိုးနေတာကို လက်နက်ကြီးက သူ့အရှေ့ပေါက်ကွဲတာ၊ အောက်ပိုင်းတစ်ခုလုံးရစရာမရှိစုတ်ပြတ်သွားတာ၊ သွေးထွက်လွန်ပြီးဆုံးသွားတယ် “လို့ သေဆုံးသူအမျိုးသမီးနဲ့နီးစပ်သူကပြောပါတယ်။ သေဆုံးသူဟာ အသက်၂၁ နှစ်အရွယ်ရှိပြီး ခြေထောက်နှစ်ဘက် ပြတ်သွားကာ ခါးပေါက်ဒဏ်ရာနဲ့သေဆုံးသွားခဲ့တာလို့​ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝန်းကအရပ်သား ၃,၈၈၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရသိရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်နဲ့ တရုတ်ဖက်စပ် ကြေးနီ၊ ဆာလဖြူရစ်စက်ရုံတွေကို အလိုမရှိကြောင်း ဆန္ဒပြ

August 20, 2023

ဆားလင်းကြီး – ၂၀၂၃ ဩဂုတ် ၂၀ (မော်ကွန်း) တရုတ်နဲ့ အာဏာသိမ်းစစ်တပ် ဖက်စပ်လုပ်ငန်းတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်းတွေနဲ့ ဆာလဖြူရစ်စက်ရုံတွေကို အလိုမရှိကြောင်း ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်က ဒီကနေ့ ဒေသတွင်းမှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီစက်ရုံတွေရဲ့ လုံခြုံရေးကို အကြောင်းပြပြီး အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်းမှာ စစ်ကြောင်းထိုး၊ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျူးလွန်နေတာကြောင့် “”ကြေးနီသတ္တုတွင်းအကြောင်းပြု လူသတ်ပွဲတွေလုပ်နေတာ ချက်ချင်းရပ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ကြတာပါ။ တရုတ်စီမံကိန်းထဲက အာဏာသိမ်းစစ်တပ်ဟာ “ဒီထဲကနေ ထွက်လိုက်ဝင်လိုက်နဲ့ ပြည်သူလူထုကို သတ်ဖြတ်တယ်၊ မီးရှို့တယ်၊ မုဒိန်းကျင့်တယ်၊ ဒီလိုမျိုးဆိုးရွားတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်၊ အဲဒီအနေအထားမှာ ဒီကုမ္ပဏီတွေ(တရုတ်)အနေနဲ့ စစ်တပ်ကိုထောက်ပံ့ပေးနေတယ်၊ နေရာပေးထားတယ်၊ ဒါကြောင့် စစ်တပ်ကိုအထောက်အပံ့ပေးနေတဲ့ စစ်တပ်နဲ့ပလူးပလဲလုပ်နေပြီး ပုလင်းတူဘူးဆို့လုပ်နေတဲ့ ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီကို အခုလို သပိတ်မှောက်ရခြင်းဖြစ်ပါတယ်”လို့ ရွာပေါင်းစုံသပိတ်ကော်မတီ၊ ကော်မတီဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်နေ

August 18, 2023

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်အနီးကဖောင်းပြင်မြို့မှာ စိုးရိမ်ရေအမှတ်ကျော်နေပြီး အိမ်ခြေရာနဲ့ချီရေမြုပ်နေတယ်လို့ ဖောင်းပြင်မြို့နယ် လူမှုကူညီရေးအသင်းထံမှသိရပါတယ်။ “ရေကကျွန်တော့်ရင်ခေါင်းလောက်ထိမြှုပ်တယ်။အခုကသွားဖို့လာဖို့ဆို သမ္ဗာန်လေးတွေနဲ့သွားနေကြတာ။ အိမ်တွေတော်တော်များများလည်း ရေမြုပ်နေတယ်။ ခန့်မှန်းခြေ အိမ်ခြေနှစ်ရာနီးပါးလောက်ရှိမယ်။”လို့ ဖောင်းပြင်မြို့နယ်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ ရေကြီးမှုကြောင့်လူအသေအပျောက်တော့ မရှိသေးဘူးလို့သူကပြောပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေစိုးရိမ်ရေအမှတ်အထက် တစ်ပေခန့်ကျော်လွန်နေတယ်လို့ ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။ ရေဘေးသင့်နေတဲ့ဖောင်းပြင်မြို့နယ်မှာ ရာသီတုပ်ကွေးကူးစက်မှုတွေလည်းအဖြစ်များနေလို့ ဖောင်းပြင်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ တုပ်ကွေးလူနာတွေနဲ့ပြည့်ကြပ်နေပါတယ်။ အရေးပေါ်ကျန်းမာရေးကိစ္စအရ သွားရေးလာရေးလုပ်မယ်ဆို ရေကြီးနေတာကြောင့်အခက်အခဲကြုံနေရတယ်လို့ လူမှုကူညီရေးလုပ်နေသူတွေကပြောပါတယ်။ ဖောင်းပြင်မြို့နယ်မှာကျေးရွာ ၁၇၀ ကျော်၊ အိမ်ခြေ ၁၇,၀၀၀ ကျော် နဲ့ လူဦးရေ တစ်သိန်းကျော်နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပါတယ်။ ဖောင်းပြင်မြို့နယ်ဟာ မုတ်သုန်ရာသီရောက်တိုင်း ရေဘေးဒဏ်ကိုခဏခဏကြုံရပါတယ်။ ‌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ အထိကောက်ယူထားတဲ့စာရင်းတွေအရ ဖောင်းပြင်မြို့နယ်ဟာ ရေဘေးဒဏ်သာမက လေဘေးဒဏ်ပါခြောက်ကြိမ်တိတိကြုံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ လေဘေးကြောင့် […]

အပြည့်အစုံဖတ်ရန်
1 … 105 106 107 108 109 110 111 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."