ကချင်-၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မြေပြိုမှုမှာ ပျောက်ဆုံးနေသူတွေထဲက ၁၆ ဦးရဲ့ အလောင်းကို ဒီနေ့လယ်ပိုင်းမှာပြန်တွေ့ထားပြီလို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေက မော်ကွန်းကိုပြောပါတယ်။ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီရဲ့ ကျောက်စိမ်းလုပ်ကွက်မှာ ဩဂုတ် ၁၃ ရက် ညနေပိုင်းက ပေသုံးရာဝန်းကျင်အမြင့်ရှိတဲ့ မြေစာပုံနဲ့ချောက်ကမ်းပါးပြိုကျပြီး ကျောက်ရှာဖွေသမား ၃၇ ဦး ပျောက်ဆုံးခဲ့တာပါ။ “အမျိုးသား(အလောင်း)တွေချည်းပဲ။ အပျောက်စာရင်းက ၃၇ ယောက်ရှိတယ်ဗျ။ အခုလောလောဆယ် နှစ်လောင်းထပ်ဆယ်မယ်ဆိုတော့ ၁၆ လောင်းတော့ရပြီ။ အပေါ်မှာရောက်တာ ၁၄ လောင်းရောက်တယ်။ ရှစ်လောင်းကတော့ ပိုင်ရှင်မသိရသေးဘူး” လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ သင်္ခါ လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူက ပြောပါတယ်။ ဆယ်ယူရရှိထားတဲ့ အလောင်းတွေထဲက ခြောက်လောင်းက ပိုင်ရှင်တွေ့သွားတာကြောင့် သင်္ဂြိုလ်လိုက်ပြီလို့ သူကပြောပါတယ်။ အခုလက်ရှိရှာဖွေကယ်ဆယ်ရေးလုပ်ရင်း အလောင်းနှစ်လောင်းထပ်ပေါ်လာတာကြောင့် ကန်ထဲကနေသယ်ယူနေတယ်လို့ […]
မိုးကုတ် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်ကွက်က ကျပ်ပြင်ရဲစခန်း၊ လျှပ်စစ်ရုံးနဲ့ ရွှေမြင်ဝန်းဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေ ဒီနေ့မနက် ၁၀း၀၀ နာရီလောက်မှာ တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ “လက်နက်ကြီးသံတွေရော လက်နက်ငယ်သံတွေရော ပစ်ကြတာ၊ လမ်းတစ်လျောက်လုံးလူတွေတိတ်ဆိတ်နေတာပဲ”လို့ကျပ်ပြင်ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့ကျပ်ပြင်ရဲစခန်းနဲ့ EPC လျှပ်စစ်ရုံးတို့ဟာ ဘေးချင်းကပ်ရှိနေတဲ့အပြင် ရွှေမြင်ဝန်းဘုန်းကြီးကျောင်းကလည်း ကျပ်ပြင်ရပ်ကွက်နားမှာရှိတာကြောင့် တိုက်ခိုက်ခံရတာကိုသိရတာလို့ ကျပ်ပြင်ရပ်ကွက်နေထိုင်သူကပြောပါတယ်။ “အပြန်အလှန်ပစ်ခတ်တာ ၁၅မိနစ်ကြာခဲ့တယ်၊ သူတို့ဘက်ကလည်း ပြန်ပစ်တယ်၊ အဆက်မပြတ်ပစ်တာ၊ ကျွန်တော်တို့ပစ်တာထပ်များတာပေါ့၊သူတို့ကအင်အားလည်းများတယ် “လို့ တိုက်ခိုက်ခဲ့တဲ့ Red Wolf Of Mogok အဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဘော့လုံးကြီးကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကလည်းလက်နက်ကြီးလေးချက် မြို့ထဲ ပစ်ကူခဲ့ပေမယ့် ဘယ်နေရာတွေကို ကျပြီးထိမှန်တယ်ဆိုတာကိုမသိရသေးဘူးလို့ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့အဆက်မပြတ် […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း) ပြင်ပဈေးကွက်အတွင်း ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းတွေမြင့်တက်နေချိန်မှာ ငွေလဲလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီ ၁၃ ခုရဲ့ လိုင်စင်တွေကို ရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ အဆိုပါ ကုမ္ပဏီ ၁၃ ခုဟာ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့အတွက် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) တွေကို ယခုလ ၁၄ ရက်ကစပြီး ရုပ်သိမ်းလိုက်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီတွေဟာ နိုင်ငံခြားငွေရောင်းဝယ်မှုလုပ်ငန်းတွေကို တရားမဝင် အွန်လိုင်းကနေ အရောင်းအဝယ်ပြုလုပ်တယ်လို့ စစ်ဆေးတွေ့ရှိရတဲ့အတွက် အခုလို လိုင်စင်ရုပ်သိမ်းခံလိုက်ရတာဖြစ်တယ်လို့ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “ သူတို့က Money Changer […]
ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၁၅ (မော်ကွန်း) ရခိုင်ပြည်နယ်ကမြို့နယ်ခုနှစ်မြို့နယ်မှာ ဒီလဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ ရေကြီးမှုဖြစ်ပွားခဲ့ပြီး သောက်သုံးရေကန်ပေါင်း ၈၅ ကန်ပျက်စီးသွားတယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က မနေ့ကထုတ်ပြန်ပါတယ်။ သောက်သုံးရေကန်တွေဟာ မြစ်ရေတက်မှုကြောင့် ရွှံ့နွံတွေဝင်ကုန်ကာပျက်စီးသွားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲမှာ စိုးရိမ်ရေအမှတ်ကျော်လွန်ခဲ့တဲ့လေးမြို့မြစ်နဘေးက မင်းပြားမြို့နယ်ကရေကန်တွေ အများဆုံးပျက်စီးခဲ့တာပါ။ ရေကြီးမှုကြောင့်မင်းပြားမြို့နယ်ကရွာပေါင်း ၁၂၉ ရွာ နဲ့သောက်သုံးရေကန် ၈၁ ခုပျက်စီးသွားခဲ့ပါတယ်။ “ရေအရင်းအမြစ်နဲ့ဝေးတဲ့ရွာတွေဆို တစ်ခြားရွာတွေကနေ သောက်သုံးရေသွားယူနေရတယ်။ နီးတဲ့ရွာတွေဆိုလည်း ပေ ၇၀၀-၈၀၀ လောက်ကနေရေတွေသွားယူရတာပေါ့။ တောင်ကြိုတောင်ကြားကစိမ့်စမ်းရေတွေကိုသုံးရတာ။ သောက်သုံးရေကတော့ ခက်ခဲနေတယ်ဗျာ”လို့မင်းပြားမြို့နယ်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရေကြီးမှုဒဏ်ကိုခံခဲ့ရတဲ့ခုနှစ်မြို့နယ်ကတော့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့တောင်ကုတ်မြို့နယ်တွေဖြစ်ပါတယ်။ ULA ရဲ့ စာရင်းတွေအရ အဲဒီမြို့နယ်တွေက ကျေးရွာပေါင်း ၃၉၀ […]
ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း) ဒီကနေ့မှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ မြန်မာဝမ်ဘောင်ကုမ္မဏီအတွက် လုံခြုံရေးပေးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ပြီး ယင်းမာပင်နယ်က ကိုးနှစ်သားအရွယ် ကလေးတစ်ဦး သေဆုံးကာ ပြည်သူငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ “စစ်ရှောင်နေရချိန်ဗျ၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှာတပ်စွဲကင်းယူထားတဲ့ အကြမ်းဖက်စစ်တပ်က ၆၀မမတွေနဲ့ထုတာ နေရာသုံးနေရာကျတယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးတွေဟာ ယင်းမာပင်နယ်ထဲက ယမားသဲသောင်နဲ့ပေကုန်းရွာတွေကို ကျပြီးအခုလို သေဆုံးဒဏ်ရာရမှုတွေဖြစ်လာကာ ကျေးစာကျရွာကနေ လာရောက်စစ်ရှောင်တဲ့သူတွေပါ ထိခိုက်ဒဏ်ရာရရှိကြတာပါ။ ဒဏ်ရာရရှိသူ ငါးဦးရှိပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးဖြစ်ပါတယ်။ ပေကုန်းရွာက ” အိမ်ရှင်အမျိုးသားဖခင်တစ်ဦးထိခိုက်ပြီး သားက ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ထုတာတော့ မနေ့ကတည်းကထုနေတာ ရွာပြင်တွေကျတာ”လို့ ဒေသခံကပြောပါတယ်။ သေဆုံသူဟာ အသက်ကိုးနှစ်အရွယ် မောင်ကျော်သီဟဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီးနယ်က တရုတ်ကြေးနီစီမံကိန်းတွေရဲ့ […]
လောက်ကိုင် – ၂၀၂၃ ဩဂုတ် ၁၅ (မော်ကွန်း) တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ ၄၂၇ကျပ်ကနေ သြဂုတ်လ ၁၅ရက်နေ့ ဒီနေ့မှာ တရုတ်ငွေ တစ်ယွမ်ကို မြန်မာငွေ ၅၂၀ ကျပ်အထိရုတ်တရက်တက်လာတယ်လို့ လောက်ကိုင်မြို့နေထိုင်သူတစ်ဦးကပြောပါတယ်။ ” စျေးကရုတ်တရက်တက်လာတာ၊အရင်ကတစ်ယွမ်ကို ၄၂၇၊ ၄၂၈ အဲ့လောက်မှာစျေးတန်းတန်းနေတာ၊ အခုရက်ပိုင်းကိုရုတ်တရက်ကြီးတက်လာတာ၊ အတက်ပဲရှိတယ်အကျမရှိဘူး၊ အခုဒီနေ့ ၅၂၀ ထိတက်လာတယ်”လို့ လောက်ကိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။ တရုတ်ငွေစျေးရုတ်တရက်လာတာကြောင့် တရုတ်ပစ္စည်းတွေ မြန်မာပြည်ထဲကိုယူရောင်းရာမှာ အရှုံးပေါ်လာလို့ လုပ်ငန်းရပ်နားထားရတယ်လို့ Online Shop လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။ ” ယွမ်နဲ့ပေးရပြီး ကျပ်နဲ့ယူရတာ၊ ပစ္စည်းကို ရောင်းထားတာတစ်စျေး၊ ကိုယ်ရှင်းပေးရတဲ့အချိန်ကျစျေးတက်တော့ စျေးဝယ်နားထပ်ပိုတောင်းရမယ်ဆိုလည်း အဆင်မပြေဘူး၊ စျေးကလည်းအရမ်းတက်နေတော့ အရှုံးပေါ်နိုင်လို့ ရပ်ထားရတယ်”လို့ Online Shop လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ ယခုလို တရုတ်ငွေစျေးတက်လာပြီး မြန်မာငွေတန်ဖိုးကျလာတာကြောင့် […]
ဆားလင်းကြီး – ၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း) ဒီကနေ့ နံနက် ၉း၄၀ ဝန်းကျင်ကစလို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်တဝိုက်ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ဒေသခံအရပ်သား ခုနစ်ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ အဲဒီစစ်ကြောင်းဟာ လက်ပံတောင်းတောင်မှာရှိတဲ့ မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းမှာ တပ်စွဲထားတဲ့အဖွဲ့ဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်ပါရှိကာ ပုသိမ်-မုံရွာလမ်းဘေး ကံကုန်းနဲ့ဒုန်းတောရွာတွေက ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးခဲ့တာပါ။ “စစ်ကြောင်းထိုးတာက ရုတ်တရက်ဆိုတော့အချို့လည်းမသိလိုက်ဘူး။ လတ်တလောအတည်ပြုနိုင်တာက ကံကုန်းရွာကလည်း ငါးယောက် ဓားစာခံအဖမ်းခံထားရတယ်။ ဒုန်းတောကျေးရွာကလည်း ငါးယောက်ခန့်အဖမ်းခံရတယ်။ အတည်ပြုနိုင်တာက ခုနစ်ယောက်တော့သေချာတယ်။ စစ်ဘေးရှောင်ရင်း လူစုကွဲနေတာဆိုတော့ ၁၀ယောက်ထက်လည်း ပိုကောင်းပိုနိုင်မယ်။ အဆက်သွယ်တော့မရဘူး။ဒါကြောင့်အတည်ပြုဖို့ ခက်တယ်”လို့ ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုသက်ဦးကပြောပါတယ်။ နေ့လယ် ၁၂း၀၀ နာရီလောက်မှာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ မုံရွာ)ကနေ […]
ယင်းမာပင်-၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ ၁၁ ရွာဝန်းကျင်က စစ်ဘေးရှောင်တွေ အရေးပေါ်ဆေးဝါးတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေကပြောပါတယ်။ မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေဟာ အအေးမိဖျားနာတာနဲ့ တုပ်ကွေးအဖြစ်များတာကြောင့် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတာလို့ ယင်းမာပင်မြို့နယ်ထဲက စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက အခုလိုပြောပါတယ်။ “ စစ်ရှောင်ဦးရေကများတယ်။ ဒီဘက်မှာက ဆရာဝန်က တစ်ယောက်ပဲရှိတာ။ ဖျားတာနာတာ၊ မွေးလူနာကအစကုပေးရတော့ ဆေးဝါးက မလောက်တာပေါ့ဗျာ။ ဒီချိန်က တုပ်ကွေးပေါ်တဲ့အချိန်ဆိုတော့ တုပ်ကွေးလည်းအဖြစ်များတယ်။အရေးပေါ်ဆေးတွေလည်းလိုတယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ခုခံတော်လှန်ရေးအားကောင်းတဲ့စစ်ကိုင်းတိုင်းထဲမှာ အစစ်ဆေးတင်းကြပ်ထားတာကြောင့် ဆေးဝါးနဲ့စားနပ်ရိက္ခာ ကူညီဖို့ခက်ခဲတယ်လို့ ထောက်ပံ့ကူညီရေးလုပ်နေသူတွေကလည်း ပြောပါတယ်။ “စစ်ကိုင်းထဲက လမ်းကြောင်းတွေကအရင်ထက် အစစ်ဆေးပိုကြပ်တယ်။ ဆေးတို့ ဆန်ဆီရိက္ခာတို့ အင်္ကျီအဝတ်စားတွေတွေ့ရင်တောင် မရဘူး၊ နမခထဲခေါ်စစ်တာ။ ပို့ရတာပိုခက်သွားပြီ” လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း) စစ်ကောင်စီက ဆန်နဲ့ဆီတွေ ဈေးချပြီးရောင်းပေးနေတဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆန်နဲ့ဆီဈေးတွေဟာ ဆက်လက်မြင့်တက်ခဲ့တယ်လို့ ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။ ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်ခဲ့ပြီး လက်ရှိမှာ စံချိန်တင်ဈေးထိ ရောက်ရှိလာတယ်လို့ ဆန်ကုန်သည်တွေဆီက သိရပါတယ်။ ပြည်တွင်းစားသုံးတဲ့ဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမွှေးဟာ ၂၄ ပြည်တစ်အိတ်ကို လက်ကားဈေး ၁၃၀,၀၀၀ ကျပ်ဝန်းကျင်မှာ ရှိနေရာက ၁၄၀,၀၀၀ ထိ မြင့်တက်သွားတယ်လို့ ဆန်လက်လီ၊ လက်ကားရောင်းချသူတွေဆီက သိရပါတယ်။ “ဆန်ကုန်သည်အသင်းက ဆန်ဈေးကျအောင်လုပ်မယ်ဆိုတည်းက ပြန်တက်နေတာလားမှတ်ရတယ်၊ ရက်ပိုင်းအတွင်းပဲ လက်ကားဈေးမှာတင် အဆင့်ဆင့် စရိတ်နဲ့ဆို တစ်သောင်းကျော်တက်သွားတယ်။ ကျွန်တော်တို့ ရောင်းရတဲ့အမြတ်က ဈေးထက်တက်တော့ အရင်းတောင် ပြန်ဝယ်မဖြည့်နိုင်ဘူးဖြစ်သွားတယ်။ ကျွန်တော်တို့လည်း ဈေးမတက်လို့မရတော့ လက်လီဈေးဆို တစ်အိတ်ကို တစ်သိန်းခွဲလောက်ဖြစ်သွားတယ် ” […]
ယင်းမာပင် – ၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း) စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်း၊ လူထုသပိတ်တွေထဲကတစ်ဖွဲ့ဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ရက်ပေါင်း ၈၇၅ မြောက်နေ့အဖြစ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ရုပ်သံ – Mawkun Magazine #Dailynews
ရန်ကုန်-၂၀၂၃ ဩဂုတ် ၁၄ (မော်ကွန်း) ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ကျုံဒိုးမြို့နယ် ကရင်ကျောက်ဖျာရွာကို စစ်ကောင်စီတပ်တွေ အခုလ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၄၅ က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အသက် ၅၃ နှစ်အရွယ် နော်ချစ်သန်းက ညာဘက်လက်တစ်ဖက်လုံးကြေမွပြီး အပြင်းအထန်ဒဏ်ရာရကာ ၆၉ နှစ်အရွယ် ဦးတလက်မက ဘယ်လက်ပုခုံးစွန်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU ကဆိုပါတယ်။ အဲဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ကျောက်ဖျာရွာက နေအိမ်တစ်လုံးနဲ့ လယ်ထွန်စက်တစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ […]
ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၁၄ (မော်ကွန်း) ရေကြီးနေတဲ့ပဲခူးမြို့မှာ ပဲခူးမြစ်ရေပြန်ကျလာပြီလို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။ မိုးဇလကပဲခူးမြစ်ရေရဲ့စိုးရိမ်ရေအမှတ်ဟာ ၈၈၀ စင်တီမီတာသတ်မှတ်ထားပြီး၊ နောက်၂၄ နာရီအတွင်းမှာ ၇၆၄ စင်တီမီတာကိုကျဆင်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ ဩဂုတ် ၁၀ ရက်ကပဲခူးမြို့နယ်မှာမိုးအဆက်မပြတ်ရွာလို့မြစ်ရေကြီးမှုတွေဖြစ်ပွါးခဲ့ပါတယ်။ ပဲခူးမြစ်ရေကြီးမှုကြောင့် ပဲခူးမြို့နယ်မှဒေသခံတစ်သောင်းကျော်ဟာ ယာယီရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားတဲ့ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေမှာသွားရောက်ခိုလှုံခဲ့ကြရတယ်လို့အနာဂတ်ကြယ်ပွင့်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှသိရပါတယ်။ “အခုမြစ်ရေကပြန်ကျသွားပြီ၊ ရေဘေးရှောင်စခန်းနေရာ ၂၉ ခုမှာ ၂၅ ခုပဲကျန်တော့တယ်။ လေးခုကပိတ်သွားပြီ။ လူတွေကရေမြုပ်နေတဲ့သူတို့အိမ်တွေကိုသန့်ရှင်းရေးလုပ်ကြဖို့ ပြန်သွားကြပြီ။” လို့ အနာဂတ်ကြယ်ပွင့်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ ပဲခူးမြစ်ရေကြီးမှုကြောင့် နေအိမ်ပျက်စီးမှုမရှိခဲ့သလို လူအသေအပျောက်လည်းမရှိခဲ့ဘူးလို့သူကပြောပါတယ်။ ဩဂုတ်လ ၁၀ ရက်အထိကောက်ယူထားတဲ့စာရင်းတွေအရ ပဲခူးတိုင်းဒေသကြီးမှာရေကြီးမှုကြောင့် လူနှစ်သိန်းကျော်ဟာရေဘေးသင့်နေတယ်လို့ မြန်မာနိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်ကထုတ်ပြန်ထားပါတယ်။ ပုံစာ- ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက် ဩဂုတ် ၁၀ ရက်ကရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ-အနာဂတ်ကြယ်ပွင့်လူမှူကူညီရေးအသင်း။ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."