ညောင်တုန်းမြို့နယ်၊ ဆင်တုံးကျေးရွာအုပ်စု၊ ရွှေသောင်ယံကျေးရွာ၌ အိမ်ခြေ ၈၉လုံးရှိရာတွင်အိမ်ခြေ၈၀ ရေနစ်မြှပ်လျက်ရှိသည်။ ရွှေသောင်ယံကျေးရွာ
သည် မြစ်ကမ်းဘေးတွင်ရှိသဖြင့် မြစ်ရေတိုက်စားမှုကြောင့် အိမ်ခြေ ၂၇လုံးပျက်စီးသွားခဲ့ သည်။ လက်ရှိတွင် ကျေးရွာသူ၊ ကျေးရွာသားများ ဆန်၊ ဆီ၊ သောက်ရေနှင့် ဆေးဝါးများလိုအပ်လျက်ရှိသည်။ ရွှေသောင်ယံကျေးရွာသည် ညောင်တုန်းမြို့မှ စက်လှေဖြင့် နှစ်မိုင်ခန့်သွားရသည့် ရွာတစ်ရွာဖြစ်သည်။
ဆက်သွယ်လှူဒါန်း မှုများပြုလုပ်လိုပါက ကျေးရွာနယ်မြေမှူး ဦးတင့်ဆွေဦး ၀၉၃၁၆၉၈၀၆၇ သို့ဆက်သွယ်လှူဒါန်းနိုင်သည်။
ဓါတ်ပုံ-သက်ဦးမွန်