သတင်းဆောင်းပါးများ

တောင်သူတွေ အကျပ်ရိုက်စေတဲ့ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေ

November 6, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၇ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ကျော်ဇေယျ ရေးသည်။ ဆိုက်ခေါင် (ဇူလိုင်-ဩဂုတ်၊ ၂၀၁၉) အသက် ၇၉ နှစ်အရွယ် ဦးအောင်ကြီးဟာ စည်းရိုးခတ်ထားတဲ့ သူပိုင်ခဲ့ဖူးတဲ့မြေယာတွေကို ကြည့်လိုက်၊ လက်ထဲက မိတ္တူစာရွက်တချို့ကို ကြည့်လိုက်နဲ့ ဝေခွဲမရဖြစ်နေတယ်။ စည်းရိုးခတ်ထားတဲ့ ဆူးကြိုးတွေရဲ့အပေါ်မှာတော့ အနီအောက်ခံပေါ်မှာ အဖြူရောင်စာလုံးနဲ့ “မကျူးကျော်ရ၊ ဥပဒေအရ ထိရောက်စွာအရေးယူမည်” လို့ ရေးထားတဲ့ ဗီနိုင်းတချို့ချိတ်ဆွဲ သတိပေးထားတယ်။ “ခြံစည်းရိုးတောင်ခတ်နေကြပြီဆိုတော့ သူတို့ဒီဥပဒေနဲ့များ ရယူသွားကြပြီလားမသိဘူး”လို့ လက်ထဲက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ မိတ္တူစာရွက်တွေကို မျက်မှောင်ကြုတ်ကြည့်ရင်း ဦးအောင်ကြီးကပြောတယ်။ ဦးအောင်ကြီးနေထိုင်ရာ ဆိုက်ခေါင်ရွာဟာ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲမှာရှိတာပါ။  ဒီရွာဟာဘဏ်တွေ၊ စတိုးဆိုင်တွေ၊ ဈေးတွေနဲ့ ဖွံ့ဖြိုးတဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်ဟာ ဟိုပုံး၊ […]

အပြည့်အစုံဖတ်ရန်

အောင်ချက် ဘဲဥကွဲအောင် ရုန်းကန်နေရတဲ့ ချင်းပြည်နယ်က အထက်တန်းကျောင်းများ

October 21, 2019

မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ဟေမာန်ပြည့် ရေးသည်။ နေဝင်သွားသည်နှင့် ပေသုံးထောင်ကျော်အမြင့်ရှိ တောင်တန်းပေါ်က ကျောင်းစာကြည့်တိုက်အတွင်းမှ မီးရောင်မှိန်ပျပျ လင်းလက်လာသည်။  ခဏအတွင်းမှာပဲ ကျောင်းသားများ၏ စာအံသံများ စာကြည့်တိုက်အတွင်းမှ ပျံ့လွင့်လာသည်။ ထိုစာကြည့်တိုက်အခန်းငယ်သည် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်အတွင်းရှိ ဝေဘူလမြို့၏ တစ်ခုတည်းသော အထက်တန်းကျောင်း စာကြည့်တိုက်ဖြစ်ပြီး ယင်းကျောင်း၏ မလှပသော သမိုင်းကို ရိုက်ချိုးရန်  ဆရာများက ကျောင်းသားများအတွက် ညစာကြည့်ဝိုင်း ဖန်တီးပေးထားခြင်းဖြစ်သည်။ ဝေဘူလအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်သူမရှိသည်မှာ သုံးနှစ်ဆက်တိုက်ရှိပြီဖြစ်သည်။ နှစ်တိုင်းနီးပါး တက္ကသိုလ်ဝင်တန်းအောင်ချက် အနည်းဆုံး ပြည်နယ်ဖြစ်နေသည့် ချင်းပြည်နယ်တွင် ဝေဘူလ အထက ကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်ချက် သုညဖြစ်နေသည့် ကျောင်းအရေအတွက်မှာ ပြီးခဲ့သည့် သုံးနှစ်အတွင်း  ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ကျောင်းပေါင်း ၂၀ […]

အပြည့်အစုံဖတ်ရန်

ဆေးဖက်ဝင်/စက်မှုဂုန်လျှော် အလယ်ပိုင်းဒေသအတွက် တော်လှန်ရေးသီးနှံဖြစ်လာမလား

July 3, 2019

၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ  Feature  ဖြစ်ပါသည်။ ဟေမာန်ပြည့်  ရေးသည်။ ဆေးဖက်ဝင်/စက်မှုဂုန်လျှော် အလယ်ပိုင်းဒေသအတွက် တော်လှန်ရေးသီးနှံဖြစ်လာမလား ငါန်းဇွန် (ဇွန်၂ဝ၁၉) မြန်မာနိုင်ငံတွင် ယခင်ကမစိုက်ခဲ့ဖူးသော အပင်တစ်မျိုးကို အလယ်ပိုင်းမိုးခေါင်ရေရှား၊ အပူပိုင်းဒေသတွင် လွန်ခဲ့သည့် ကိုးလတုန်းက ပြည်ပကုမ္ပဏီတစ်ခုက စမ်းသပ်စိုက်ပျိုးခဲ့သည်။ ထိုစိုက်ခင်းမှာ ရုတ်တရက်ကြည့်လိုက်လျှင် ချဉ်ပေါင်လက်ကြားစိုက်ခင်းနှင့်ပင် တူလှသည်။ အချို့စိုက်ခင်းများတွင်အပင်များမှာ လူ့ခါးစောင်းလောက် အမြင့်ရှိကြပြီး အချို့အပင်များကတော့ လူတစ်ရပ်မရှိတရှိ မြင့်ကြသည်။ လက်ညှိုးတစ်လုံးစာ လုံးပတ်ရှိသည့်ထိုအပင်များ၏ အရွက်များမှာ ချဉ်ပေါင်လက်ကြားများလို အရင်းတုတ်ကာ အဖျားချွန်သွားကြသည်။ ထိုအပင်မှာ အင်္ဂလိပ်လို Hemp ဟုခေါ်ပြီး မြန်မာလို ဆေးဖက်ဝင်/ စက်မှုလုပ်ငန်းသုံး ဂုန်လျှော်ပင်ဟု သုတေသနလုပ်ရန် စိုက်ပျိုးထားသည့် အမေရိကန်အခြေစိုက် အာဟာရ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့်  III M (သရီးအမ်) ကုမ္ပဏီကဆိုသည်။ […]

အပြည့်အစုံဖတ်ရန်

ကျောက်တန်းရွာက သွေးပျက်ဖွယ်ည

June 7, 2019

၂ဝ၁၉၊  မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှဖြစ်ပါသည်။ သက်ဦးမွန်ရေးသည်။  ကျောက်တန်း (ဇွန် ၂၀၁၉) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (Arakan Army – AA) တို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လကုန်ပိုင်းလောက်ကစပြီး တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာတာဟာ ယခုဆိုရင် ခြောက်လကျော်ကာလထဲကို ရောက်ရှိ လာပါပြီ။ တိုက်ပွဲတွေဟာ ကျေးရွာတွေအနီးမှာ ဖြစ်ပွားတာတွေရှိသလို မြို့ပေါ်မှာလည်းဖြစ်ပွားခဲ့ကြပါတယ်။ တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက်ဟာလည်း တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး (REC – Rakhine Ethnics Congress) က မှတ်တမ်းတင် ထားတဲ့ အချက်အလက်များအရဆိုရင် ယနေ့အချိန်ထိ ရခိုင်ပြည်နယ်မှာ စစ်ဒဏ်ကြောင့် သေဆုံးသူ အရပ်သား ၅၀ ကျော် ရှိပြီး ထိခိုက် ဒဏ်ရာရရှိသူ […]

အပြည့်အစုံဖတ်ရန်

အများပြည်သူပိုင် နေရာများသည် ရောင်းစားရန် မဟုတ်

June 7, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Feature  ဖြစ်ပါသည်။ ဟေမာန်ပြည့် ရေးသည်။ ရန်ကင်းမြို့နယ် တရားရုံးအနီးတွင် လူတစ်စုသည် မတ်လ၏ နေ့လယ်ခင်းအပူရှိန်ကို ကြံ့ကြံ့ခံအန်တုရင်း အမှုရင်ဆိုင်ဖို့ စောင့်ဆိုင်းနေကြသည်။ ထိုလူအုပ်စုထဲတွင် အသက် ၇ဝ ကျော်အရွယ် ဒေါ်မေမေယဉ်ဆိုသည့် အမျိုးသမီးကြီးတစ်ဦးလည်း ပါဝင်သည်။ ဒေါ်မေမေယဉ် တရားရုံးသို့လာပြီး တရားရင်ဆိုင်နေရသည်မှာ ငါးနှစ်နီးပါးရှိပြီဖြစ်သည်။ သူတို့နေထိုင်ရာ ရပ်ကွက်အတွင်းက အများပြည်သူပိုင် မြေကွက်လပ်ပြန်ရရေးအတွက် ကြိုးပမ်းရာ မြေပိုင်ရှင်က တရားစွဲဆိုသည့်အတွက် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်ရှိ အများပြည်သူပိုင် မီးတားကွင်းနေရာအား တပ်မတော်အစိုးရလက်ထက်တုန်းက မြေဝယ်ထားသူက ခြံခတ်ရန်ကြိုးပမ်းရာ ရပ်ကွက်က ဝိုင်းဝန်း တားမြစ်ခဲ့သည့်အတွက် ပိုင်ရှင်ဆိုသူက ရပ်ကွက်နေ ပြည်သူများကို တရားစွဲဆိုထားခြင်းဖြစ်သည်။ အများပြည်သူပိုင်မြေများနှင့်ပတ်သက်ပြီး ပြဿနာတက် နေသည်မှာ မြောက်ဥက္ကလာပ မီးတားကွင်းတစ်ခုတည်းတော့ မဟုတ်ပါ။ […]

အပြည့်အစုံဖတ်ရန်

မြစ်သဲကျောက် စည်းကမ်းမဲ့ စုပ်ယူမှုတွေ အချိန်မီ တားပေးပါ

June 6, 2019

၂ဝ၁၉၊ မေလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၅)မှ  Feature ဖြစ်ပါသည်။ အောင်ပိုင်ရေးသည်။ ဟင်္သာတ(မေ၊ ၂ဝ၁၉) ညမှောင်မှောင်သန်းခေါင်ယံ လေတဟူးဟူးတိုက်ခတ်နေချိန် ရွှေကူကျွန်းခေါ် ရွှေဟင်္သာကျွန်းရဲ့ ဆယ်အိမ်မှူး ဦးသန်းထွန်းနဲ့အတူ အပေါင်းအဖော် ရွာသားနှစ်ယောက်ဟာ ငုတ်တုတ်ထိုင်လိုက်၊ စကားပြောလိုက်၊ ခဏမှေးလိုက်နဲ့ ဧရာဝတီမြစ်ကမ်းပါးဘေးမှာ အလှည့်ကျ ကင်းစောင့်နေကြပါတယ်။ လူလေးရပ်စာလောက် အမြင့်ရှိတဲ့ မြစ်ကမ်းပါးယံဟာ လောလောလတ်လတ် ပြိုကျထားလို့  ၇ဝ ဒီဂရီလောက် မတ်စောက်နေပါတယ်။ သုံးယောက်သား ကင်းစောင့်ရင်း စကားပြောနေချိန်မှာ မြစ်ပြင်ထဲက မော်တော်တစ်စီးရဲ့ အင်ဂျင်စက်သံက သူတို့နားထဲ  တိုးဝင်လာပါတယ်။ ချက်ချင်းဆိုသလို ရွာထဲဝင်သွားပြီး  အသိပေးလိုက်တဲ့အခါ လူတွေက ကိုယ်စီအသင့်ဆောင်ထားတဲ့ လေးခွနဲ့ ဓာတ်မီးတွေကိုယူပြီး ကမ်းပါးနားကို အလျှိုလျှိုထွက်လိုက် လာကြပါတယ်။ အဲဒီနောက် မြစ်ထဲမှာ အဆင့်သင့်ချထားတဲ့ လှေပေါ်တက်ပြီး အသံကြားရာ မီးခပ်မှိန်မှိန်ထွန်းထားတဲ့ မော်တော်ဆီကို […]

အပြည့်အစုံဖတ်ရန်

ပိုင်ရှင်မဲ့လူနာ ခိုနားရာရှာဖွေပေးကြပါ

May 15, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  feature ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ရန်ကုန်(မတ်၊ ၂၀၁၉) လွန်ခဲ့တဲ့သုံးနှစ်ကျော်က ဒေါ်ခင်သန်းရွှေတစ်ယောက် ညအိပ်ရာဝင်ခါနီးမှာ ဆီးချိုတက်ပြီး သတိမေ့ သွားလို့ သမက်ဖြစ်သူနဲ့ အသိတစ်ယောက်က သူ့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်လူနာ အဖြစ် တင်လိုက်ကြပါတယ်။ ဘယ်ဘက်ခြေထောက်က အနာဟာ ဆီးချိုရောဂါအရှိန်နဲ့ ပုပ်ပွနေတာ ကြောင့် လှီးထုတ်လိုက်ရပြီး နောက်သုံးရက်အကြာမှာ ဒူးဆစ်လောက်အထိ ထပ်ဖြတ်လိုက်ရပါတော့တယ်။ ခြေထောက်ဖြတ်ပြီး တစ်လလောက်အထိ သမီးကြီးက ထမင်းဟင်းပို့ပေးတာမျိုး ရှိသလို လူနာစောင့်လည်း ငှားပေး ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းရက်တွေမှာ ကုန်ကျ စရိတ်များလာတဲ့အခါ သမီးကြီးတို့လင်မယားချင်း စကားများ ရန်ဖြစ်ကြပြီး ဆေးရုံကို ဘယ်သူမှ မလာကြတော့သလို ဘာမှ လည်း မပို့ပေးကြတော့ဘူးလို့ ဒေါ်ခင်သန်းရွှေက […]

အပြည့်အစုံဖတ်ရန်

ဓာတုဆေးစွဲနေတဲ့ မြန်မာ့စိုက်ပျိုးမြေ

May 14, 2019

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  feature ဖြစ်ပါသည်။ အိရွှေဖြူ ရေးသည်၊ ဟေမာန်ပြည့် ပံ့ပိုးသည်။ အုတ်ကျင်း (မတ်၊ ၂၀၁၉) လွန်ခဲ့နှစ်၂၀ လောက်က ဦးမြင့်စိုးရဲ့ ယာမြေမှာ ကုလားပဲစိုက်တဲ့အခါ တစ်ဧကကို ပဲ တင်း ၂၀ ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အထွက်နှုန်းဟာသုံးချိုးတစ်ချိုးအထိ ကျဆင်းသွားပါတယ်။ အကြောင်းကတော့ သူပိုင်တဲ့ မြေ ၁၇ ဧကမှာ ၂၀၀၆ က နေ ၂၀၀၈ လောက်အထိ သခွားမွှေးတွေစိုက်တုန်းက ဓာတ်မြေ သြဇာတွေကို အလွန်အကျွံ သုံးခဲ့တာကြောင့် မြေပျက်စီးသွား တာလို့ဆိုပါတယ်။ မော်ကွန်းက သူ့ကုလားပဲခင်းကို သွားလေ့လာ ရာမှာတော့ အပင်တွေ ဟိုတစ်စုဒီတစ်စုနဲ့ ကွက်တိကွက်ကျားဖြစ် နေတာကို မြင်ခဲ့ရပါတယ်။ ကျေးလက်တွေမှာ သဘာဝမြေသြဇာအဖြစ်သုံးကြတဲ့ နွားချေးတွေကို […]

အပြည့်အစုံဖတ်ရန်

ကားပေါ်က ခါး သတိထား

May 3, 2019

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Feature ဖြစ်ပါသည်။ စီဇံမျိုးကျော် ရေးသည်။ ရန်ကုန်(ဧပြီ၊ ၂၀၁၉) ရုက္ခဗေဒ ဂုဏ်ထူးတန်းကျောင်းသူ မဖြူဖြူအောင် စီးလာတဲ့ ဝိုင်ဘီအက်စ် ၁၀မီနီဘတ်စ်ကား ဒဂုံတက္ကသိုလ် ကျောင်းဝင်းထဲကိုရောက်ပြီး ဂိတ်ဆုံး ရောက်ကာနီးမှာ ကားပေါ်ပါလာတဲ့  ကျောင်းသူတစ်ယောက်ရဲ့ ““ငါ့ပိုက်ဆံ အိတ်မရှိတော့ဘူး ခါးပိုက်နှိုက်ခံလိုက်ရ ပြီ””လို့ အော်သံကို ကြားလိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ နောက်ထပ် ကျောင်းသူတစ်ယောက်က လည်း သူ့ပိုက်ဆံအိတ်လည်း အနှိုက်ခံလိုက်ရကြောင်း သူ့ကို လာ ပြောပါတယ်။ မဖြူဖြူအောင်လည်း စိတ်ထဲ မသင်္ကာဖြစ်သွားပြီး သူ့ရဲ့ ကျောပိုးလွယ်အိတ်ကို ပြန်စစ်လိုက်ချိန်မှာတော့ သူ့လွယ် အိတ်လည်းဇစ်ကွဲနေပြီး ဖုန်းရော ပိုက်ဆံအိတ်ပါ မရှိတော့ပါဘူး။ ““အရမ်းကို ထူပူသွားတယ်။ အိမ်ကိုလည်း ပြန်ဆက်သွယ် လို့ မရ၊ ပိုက်ဆံနဲ့ […]

အပြည့်အစုံဖတ်ရန်

မိုးကြိုးဘေး အသိပညာပေး ထိရောက်ဖို့ လိုအပ်လာ

May 3, 2019

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ  Feature ဖြစ်ပါသည်။ ဗညားကျော် ရေးသည်။ ပိန္နဲတောင် (ဧပြီ၊ ၂၀၁၉) ကိုယ်ဝန်ရင့်မာနေပြီဖြစ်တဲ့ ဇနီးသည်နဲ့ လေးနှစ်သမီးကို ကိုဇော်မျိုးဟာ မနက်ပိုင်းမှာ သူ့အမေအိမ်မှာ လာပို့ရင်း လယ်ထဲက ရိုးပြတ်တွေကို မီးသွားရှို့မယ်ဆိုပြီး အိမ်က ထွက် သွားခဲ့ပါတယ်။ အလုပ်ပြီးရင် ဇနီးနဲ့ သမီးကို ပြန်လာခေါ်ရင်း မိခင် ဒေါ်သန်းအေး စားဖို့ ခြံထွက်ဘဲဥတွေ ယူလာခဲ့မယ်လို့ လည်း ပြောသွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုဇော်မျိုးတစ်ယောက် သူ့ မိသားစုဆီကို ဘယ်တော့မှ ပြန်ရောက်မလာတော့ပါဘူး။ အကြောင်းကတော့ သူပြန်လာတဲ့ လမ်းမှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားလို့ပါပဲ။ သားဖြစ်သူ မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ရတဲ့အဖြစ်ကို သိ လိုက်ရတဲ့အချိန်မှာ မိခင်ဒေါ်သန်းအေးဟာ အရူးတစ်ပိုင်းဖြစ်တဲ့ အထိ ပူဆွေးဝမ်းနည်းခဲ့ရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အမြစ်တွယ်နေတဲ့ အဝေးပြေးရဲ့ အနာ

April 4, 2019

၂ဝ၁၉၊ ဧပြီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၄)မှ Feature ဖြစ်ပါသည်။ အိရွှေဖြူ ရေးသည်။ ရန်ကုန်(ဧပြီ၊ ၂၀၁၉) အဝေးပြေးလမ်းမပေါ် ပြေးနေတဲ့ကားကြီး သူနေထိုင်ရာ ပေါင်းတလည်မြို့ကို မြန်မြန်ရောက်ဖို့ မဖူးငုံဝင်း တစ် ယောက် ဆုတောင်းနေပါတယ်။ အိပ်ချင်ပေမယ့် ကိုယ့်အိတ်ကိုပိုက်ပြီး ကျုံ့ကျုံ့ကလေးထိုင် ကျောက်ရုပ်လို ညပ် ပြီးနေရတဲ့ အခြေအနေက သူ့အတွက် စိတ်ရော လူပါ အနေအထိုင် ကျဉ်းကျပ်နေတာကြောင့်ပါ။ ရွေးချယ်စရာမရှိတဲ့အချိန်မှာ ဒီလိုပုံစံမျိုးနဲ့ ကားပေါ်ပါလာ ခဲ့တာဟာ တစ်နှစ်ပတ်လုံး ကင်းကွာနေတဲ့ မိသားစု၊ တစ်နယ် တစ်ကျေးကနေ ပြန်လာကြမယ့် အဝေးရောက်သူငယ်ချင်းတွေနဲ့ ပြန်ဆုံရဖို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်လာရတာပဲ ဖြစ်ပါတယ်။ ပုံမှန် အဝေးပြေးကားအများစုမှာ နှစ်ယောက်တွဲခုံနှစ်တန်း ရှိပေမယ့် သူက လျှောက်လမ်းအလယ်မှာ အပိုထိုးထားတဲ့  ပလတ်စတစ် ခုံပုလေးမှာ […]

အပြည့်အစုံဖတ်ရန်

အငှားယာဉ်မောင်းတွေကြောက်တဲ့ ညထောင်ချောက်

February 19, 2019

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature ဖြစ်ပါသည်။ စီဇံမျိုးကျော် ရေးသည် ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉) အငှားယာဉ်မောင်း ကိုဇော်လင်း ဟာ ခရီးသည်သွား လိုတဲ့ ဗိုလ်တထောင်ဘုရားလမ်းပေါ်အရောက်မှာ ညဘက်စစ်ဆေးမှုတွေ ပြုလုပ်တဲ့ ရဲလုံခြုံရေးအဖွဲ့တွေရဲ့ တားဆီးရှာဖွေခြင်းခံရပါတယ်။ ကားရှေ့ခန်းကိုရှာပြီး နောက်ခန်းမှာ ပါလာတဲ့ခရီးသည်ကို ရှာချိန်မှာတော့ မူးယစ်ဆေးဝါး တွေ့ရှိခဲ့တာကြောင့် ခရီးသည်နဲ့အတူ သူ့ကိုပါ ရဲစခန်းဆီသို့ခေါ်ဆောင်ခံရပါတော့တယ်။ အသက်သုံးဆယ်အရွယ်အထိ ရဲစခန်းကို အလုပ်ထောက်ခံ စာ ယူဖို့လောက်သာ ရောက်ဖူးခဲ့တဲ့ ကိုဇော်လင်းဟာ ရဲစခန်းကို ခေါ်ဆောင်သွားတဲ့အချိန်မှာ သူ အမှားမလုပ်တဲ့အတွက် ရဲက သူ့ကို စစ်ဆေးပြီး ပြန်လွှတ်ပေးမယ်လို့ ထင်ခဲ့မိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ သူ့ကိုပါ ဓာတ်ပုံတွဲ ရိုက်၊ တရားခံအဖြစ်အမှုတွဲလိုက်ပြီး မူးယစ်ဆေးတွေ့ရှိကြောင်း ရှာဖွေပုံစံမှာ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5 6 7 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."