လားရှိုး – ၂၀၂၄ စက်တင်ဘာ ၉ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီနေ့မနက် ၁၀း၀၀ နာရီဝန်းကျင်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသားတစ်ဦးသေဆုံးပြီး ပြည်သူ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူဆီကသိရပါတယ်။
လားရှိုးမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ ဗျူဟာလမ်းမပေါ် မှာ လေယာဥ်နဲ့ ကြဲချတဲ့ ဗုံးပေါက်ကွဲခဲ့ပြီး ထွေအုပ်ရုံးနဲ့ အနီးတစ်ဝိုက်က ပြည်သူတွေ ထိမှန်ခဲ့တာလို့ လားရှိုးမြို့နေထိုင်သူ တစ်ဦးကပြောပါတယ်။
“ တစ်ဦးသေဆုံးပါတယ်၊ ၁၃ ယောက်လောက် ပြည်သူထိခိုက် ဒဏ်ရာရထားပါတယ်၊ အသေးစိတ် ထပ်တိုးမသိရသေးပါဘူး” လို့ သူကပြောပါတယ်။
လားရှိုးမြို့ ကို စစ်တပ်က မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသပေးနေတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံးနဲ့ နေအိမ် အဆောက်အဦတစ်ချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့ကို စစ်တပ်က မနေ့မနက်ပိုင်းမှာ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် Silver Sky ဟိုတယ်နဲ့ ကားတစ်ချို့ ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှုမရှိခဲ့ပါဘူး။
ပုံစာ – လားရှိုးမှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်ပျက်စီးမှုမြင်ကွင်း
ဓါတ်ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

