သံတွဲ- ၂၀၂၄ စက်တင်ဘာ ၉ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အထက်တန်းပြကျောင်းဆရာတစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။
စက်တင်ဘာလ ၇ ရက် ညနေပိုင်းက ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲတာကြောင့် သံတွဲမြို့က အမှတ်(၇) ဗောဓိကုန်းရပ်ကွက်နဲ့ အံတော် (၈)ရပ်ကွက်တို့က နေအိမ်တွေကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲကာ အခုလိုသေဆုံးဒဏ်ရာရရှိသွားကြတာဖြစ်တယ်လို့ သံတွဲမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” သေသွားတဲ့ကျောင်းဆရာဆို သူ့အိမ်မှာသူနေရင်း အိမ်ပေါ်ကိုဗုံးကျပြီး ပွဲချင်းပြီးသေသွားတာပါ။ ပြီးတော့ အမှတ် ၇ ရပ်ကွက်မှာလည်း ဗုံးသီး သုံးလုံးလာကျတယ်။ ဒဏ်ရာရရှိသူတွေအကုန်လုံးက တစ်ရပ်ကွက်တည်းသားတွေချည်းပဲ။ အကုန်လုံးအိမ်မှာပဲနေရင်း ဗုံးစထိပြီးဒဏ်ရာရရသွားကြတာ” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
မိုးတွင်းဖြစ်လို့ ဗုံးခိုကျင်းတွေလည်း ရေဝင်နစ်မြုပ်နေတာကြောင့် လေကြောင်းရန်ကို အရင်ထက်ပိုမိုကြောက်လန့်နေရတယ်လို့လည်း သံတွဲဒေသခံ တချို့ကပြောပါတယ်။
” ဗုံးခိုကျင်းမှာက မိုးတွင်းကြီးမို့ ရေကအပြည့်၊ လူကြီးတွေက ဆင်းလို့ရပေမယ့် ကလေးတွေနဲ့ကျတော့အဆင်မပြေဘူး။ ဒါတောင်ကြောက်ကြောက်လန့်လန့်နဲ့ မြောင်းထဲခုန်ဆင်းလိုက်သေးတယ်။ ညဆိုအိပ်တောင် မအိပ်ရဲဘူး ” လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
သံတွဲမြို့က စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို AA က တစ်လကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီလ ၅ ရက်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။
သံတွဲမြို့ယ် တစ်ခုလုံးကို AA က အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်က သူတို့ဆုံးရှုံးသွားတဲ့ မြို့ရွာတွေကို လေကြောင်းကနေဗုံးကြဲနေတာကြောင့် အရပ်သားတွေ မကြာခဏသေဆုံးနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA တို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေတာဟာ ၁၁ လအထိ ကြာမြင့်လာနေပြီး ဒီကာလအတွင်း AA ဟာ ရခိုင်ပြည်နယ်က မြို့ ၁၀မြို့နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့တို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။
ပုံစာ- သံတွဲက အကြီးဆုံး ရေတပ်အခြေစိုက်စခန်းဖြစ်တဲ့ မောင်ရွှေလေး ရေတပ်ကို သိမ်းခဲ့တဲ့ AA တပ်ဖွဲ့ဝင်များ။
ဓါတ်ပုံ- AA Info Desk
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

