သတင်းများ

သံဖြူဇရပ်နဲ့မုဒုံမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းနဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံရ

November 28, 2024

ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၈ (မော်ကွန်း) မွန်ပြည်နယ်၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းနဲ့ မြို့အဝင်စစ်ဆေးရေးဂိတ်တို့ကို ဒီရက်ပိုင်းအတွင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ သံဖြူဇရပ်မြို့အဝင် ဖောင်စိန်ကျေးရွာမှာရှိတဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒီလ ၂၃ ရက်မှာ NMSP-AD တပ်ဖွဲ့ က ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပြီး စစ်ဆေးရေးဂိတ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မုဒုံမြို့နယ် အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့အမြှောက်တပ်ရင်း အမတ (၃၁၈) ကို ဒီလ ၂၆ ရက်မှာ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရသွားတယ်လို့ NMSP-AD က […]

အပြည့်အစုံဖတ်ရန်

ပဋိပက္ခအရှိန်ကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ သုံးဒသမလေးသန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ UNOCHA ထုတ်ပြန်

November 28, 2024

ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၈ (မော်ကွန်း) စစ်ရေးအရှိန်ပိုပြင်းထန်လာတဲ့မြန်မာနိုင်ငံမှာ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ သုံးဒသမလေးသန်းရှိလာပြီး အရပ်သားသေဆုံးမှုတွေမြင့်တက်နေကာ လူသားချင်းစာနာမှုအကူအညီ အခြေအနေဆိုးဝါးနေဆဲပဲလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) က ထုတ်ပြန်ပါတယ်။ “ လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးနဲ့ တပ်မတော်တို့အကြားက ပဋိပက္ခဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ပြင်းထန်လာခဲ့ပြီးနောက်မှာ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခုရဲ့ ၁၂ ခုဟာ တိုက်ပွဲဒဏ်ကို ခံနေရပါတယ်” လို့ UNOCHA က ထုတ်ပြန်ပါတယ်။ ဒါက အာဏာသိမ်းစစ်တပ်ကို အကြီးအကျယ်စစ်ရှုံးစေခဲ့တဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေရဲ့ ‘၁၀၂၇-စစ်ဆင်ရေး’ နောက်ပိုင်း နိုင်ငံတစ်ဝန်းပဋိပက္ခအရှိန်ပိုမြင့်လာတယ်လို့ ဆိုလိုတာပါ။ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တဲ့ UNOCHA ရဲ့ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာ သုံးလပတ်အစီရင်ခံစာမှာ ဖော်ပြချက်အရ အရှိန်မြင့်နေတဲ့ ပဋိပက္ခကြောင့် လူဦးရေ ၁၈ ဒသမ […]

အပြည့်အစုံဖတ်ရန်

မြစ်ကြီးနားမှာ စက်သုံးဆီပြတ်လပ်

November 28, 2024

ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၇ (မော်ကွန်း) ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စက်သုံးဆီဆိုင်အများစုမှာ အခုရက်ပိုင်းအတွင်း ဓါတ်ဆီပြတ်လပ်နေပြီး စက်သုံးဆီဆိုင်တွေ ပိတ်ထားရတဲ့အခြေအနေဖြစ်နေတယ်လို့ မြစ်ကြီးနားဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်တွေ သိမ်းလိုက်ပြီးနောက်ပိုင်း မြစ်ကြီးနားမြို့တွင်းကို စက်သုံးဆီအဝင်မရှိတော့တာကြောင့် အခုလို ဆီပြတ်လပ်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။ “အခုက ပန့်ဆိုင်အကြီးတွေရော၊ လမ်းဘေးဆိုင်တွေရော ဘယ်မှာမှမရဘူး။ အကန့်အသတ်နဲ့ပဲ ရောင်းနေတာ။ တချို့ဆိုင်တွေ ပိတ်ထားရတယ်။ ဒီဇယ်လောက်ပဲရတယ်။ ဓါတ်ဆီလုံးဝ ဝယ်မရတော့ဘူး” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့ပေါ်က စက်သုံးဆီဆိုင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး စက်သုံးဆီကိုအကန့်အသတ်တွေနဲ့ပဲ စတင်ရောင်းချခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ လုံးဝဝယ်လို့မရတော့တဲ့ အခြေအနေဖြစ်သွားတယ်လို့ မြစ်ကြီးနားဒေသခံက ပြောပါတယ်။ ဒါ့ပြင် ရန်ကုန်နဲ့ မန္တလေးမှာ […]

အပြည့်အစုံဖတ်ရန်

‘အဝေးရောက်အစိုးရ’ မဖြစ်ဖို့ သတိချပ်ရမယ်လို့ NUG ဝန်ကြီးတွေကို ယာယီသမ္မတသတိပေး

November 28, 2024

ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၇ (မော်ကွန်း) တော်လှန်ရေးကာလ လေးနှစ်နီးပါးရှိလာချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ “အဝေးရောက်အစိုးရ” မဖြစ်ဖို့ သတိချပ်ရမယ်လို့ ယာယီသမ္မတဒူဝါလရှီလက မနေ့ကကျင်းပတဲ့ NUG အစိုးရ အဖွဲ့အစည်းအဝေး ၂၈/၂၀၂၄ မှာ သူ့အစိုးရအဖွဲ့ ကို သတိပေးလိုက်ပါတယ်။ “အင်အားဆိုတာ ပြည်တွင်းမှာသာအခြေစိုက်ရမယ်” လို့ NUG အစိုးရအဖွဲ့ကို သူကသတိပေးပါတယ်။ NUG အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို အချိန်ပေးသင့်သလောက်ပေးခဲ့ပြီမို့ တော်လှန်ရေးကို ပိုအားစိုက်ဖို့ အစိုးရအဖွဲ့ဝင် တွေအနေနဲ့ “မြေပြင်အင်အားကို စုစည်းဖို့အတွက် ပြည်တွင်းမှာအင်အားတွေလာစုဖို့၊ နိုင်ငံပြင်ပကိုရောက်ရှိနေကြတဲ့ အစိုးရအဖွဲ့ဝင်များကို အလေးအနက်ထား တိုက်တွန်းချင်ပါတယ်” လို့ ယာယီသမ္မတက ပြောပါတယ်။ လာမယ့်နှစ်အတွက်လည်း ကြိုတွက်ပြင်ထားဖို့လိုသလို ၂၀၃၀ လောက်အထိ အကြမ်းဖျင်း တွက်ချက်ပြီး ချိန်ဆ လုပ်ဆောင်တာတွေ ရှိသင့်တယ်လို့ သူက […]

အပြည့်အစုံဖတ်ရန်

မတ္တရာ-သပိတ်ကျဉ်းလမ်းပိုင်းကို MDY-PDF က အသွားအလာကန့်သတ်

November 28, 2024

ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၆ (မော်ကွန်း) မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျဉ်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာပြီးနောက် မတ္တရာ-သပိတ်ကျဉ်းလမ်းပိုင်းကို ဒီနေ့စပြီး အသွားအလာကန့်သတ်လိုက်တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်ဒေသတွေဖြစ်တဲ့ မတ္တရာ-သပိတ်ကျဉ်း-စဉ့်ကူး လမ်းပိုင်းကို လက်တလော စစ်ရေးအခြေအနေတွေကြောင့် သွားလာမှုတွေကို ယာယီကန့်သတ်သွားမယ်လို့ MDY-PDF တပ်ဖွဲ့က မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်နဲ့ သပိတ်ကျဉ်းလမ်းပိုင်းတစ်လျှောက်က ဒေသကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ဒေသတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒီလမ်းပိုင်းတစ်လျှောက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မတ္တရာဒေသခံတချို့က ပြောပါတယ်။ “တိုက်ပွဲတွေက အခုက ခပ်စိပ်စိပ်ပိုဖြစ်လာတယ်။ မတ္တရာမြို့ပေါ်မှာလည်း စစ်သားတွေ အများကြီးရောက်နေတာ” လို့ ၎င်းဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့က ရေကျော်ပွဲဈေး

November 23, 2024

ရန်ကုန်- ၂၀၂၄ နိုဝင်ဘာ ၂၂ (မော်ကွန်း) ရန်ကုန်မြို့မှာ ဒီနေ့စတင် ကျင်းပနေတဲ့ ပုစွန်တောင်မြို့နယ်က တန်ဆောင်တိုင်အထိမ်းအမှတ် ရေကျော်ပွဲဈေး ညမြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါတယ်။ ဒီပွဲတော်ကို ယခင်က ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ရပ်တန့်ထားရာကနေ ပြန်လည်ကျင်းပ နေတာ ‌ဖြစ်ပါတယ်။ ရန်ကုန်မြို့လယ်က ဗိုလ်ချုပ်အောင်ဆန်းလမ်းရဲ့ အစိတ်အပိုင်းတချို့ကို ပိတ်ကာ ကျင်းပတဲ့ ပွဲတော်ကြောင့် မြို့တွင်းမှာ ကားလမ်းကြောင်းတွေ ပိတ်ဆို့ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းမှာ တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေ

November 22, 2024

ရန်ကုန် – နိုဝင်ဘာ ၂၂ (မော်ကွန်း) မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံနယ်စပ် ဘုရားသုံးဆူမြို့ကို သွားတဲ့လမ်းပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပြီး စစ်ကောင်စီတပ်ဟာ ဒီလမ်းပိုင်းကို မြေပြင်စစ်ကြောင်းတွေ ပို့လွှတ်ပြီး အင်အားဖြည့်နေတယ်လို့ ဒေသခံတချို့နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့တွေနဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ဒီလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတစ်ခုဖြစ်တဲ့ အနန်းကွင်း ဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့လပိုင်းထဲက ပိတ်ဆို့တိုက်ခိုက်နေတာပါ။ ဒီရက်ပိုင်းအတွင်းမှာလည်း အနန်းကွင်းကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကောင်စီတပ်ကလည်း မော်လမြိုင်၊ သံဖြူဇရပ်မြို့တွေကနေ မြေပြင်စစ်ကြောင်းတွေ ပို့လွှတ်ပြီး အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သံဖြူဇရပ်- ဘုရားသုံးဆူကားလမ်းပေါ်က တောင်စွန်းစစ်ကောင်စီစခန်းကို ဒီနှစ်မေလပိုင်းက KNLA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီး နောက်ထပ […]

အပြည့်အစုံဖတ်ရန်

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ-ဂွကားလမ်းပေါ်က ဆပ်သွားမြို့အထိ တိုက်ပွဲတွေပြင်းထန်လာ

November 13, 2024

ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၁ (မော်ကွန်း) အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ-ဂွ ကားလမ်းပေါ်မှာရှိတဲ့ ဆပ်သွားမြို့ထိ ရောက်ရှိလာပြီး အခုရက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။ ဆပ်သွားတိုက်နယ်မှာရှိတဲ့ ဆားချက်ကလေး၊ ဆားချက်ကြီးကျေးရွာလမ်းပိုင်းတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကစပြီး မြေပြင်တိုက်ပွဲတွေဖြစ်လာနေကာ စစ်ကောင်စီကလည်း စစ်သင်္ဘောတွေ လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒီအခြေအနေကိုသိတဲ့ ဒေသခံတချို့က ပြောပါတယ်။ “ပင်လယ်ပြင်မှာ ဒီစစ်သင်္ဘောတွေကတော့ တစ်ချက်တစ်ချက်ပစ်တယ်။ ဂွမှာ လက်နက်ကြီးစခန်းတွေလည်းထိုင်ထားတော့ အဲဒီကနေ လှမ်းလှမ်းပစ်နေတာပေါ့။ မြေပြင်မှာတော့ AA က တဖြည်းဖြည်းတိုးလာတယ်လို့ ပြောရမယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။ ဒီတိုက်ပွဲတွေကြောင့် သံတွဲ-ဂွ ကားလမ်းတစ်လျှောက်မှာရှိတဲ့ ကမ်းခြေရွာတွေက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြပြီး ဒီဒေသတွေမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာပါ။ “ […]

အပြည့်အစုံဖတ်ရန်

မောင်တော နခခ (၅) ကို AA သိမ်းလိုက်နိုင်ပြီဆိုတာ သတင်းမှားဖြစ်

November 13, 2024

မောင်တော- ၂၀၂၄ နိုဝင်ဘာ ၁၁(မော်ကွန်း) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် နခခ(၅) မြို့သူကြီးစခန်းကို အာရက္ခတပ်တော် (AA)က သိမ်းလိုက်နိုင်ပြီဆိုတဲ့ သတင်းတွေဟာမမှန်ဘူးလို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က ဒီနေ့ပြောပါတယ်။ ” အနီးနားမှာ တိုက်နေတဲ့သူတွေတောင် မသိမ်းရသေးဘူး။ ဖေ့စ်ဘွတ်ထက်မှာ သိမ်းပြီးကြပြီ။ ဘယ်ကနေဘယ်လို သတင်းကြားကြလဲမသိဘူး။ မောင်တောကို သိမ်းလို့ရလိုက်၊ အမ်းကို သိမ်းလို့ရလိုက်နဲ့ တင်ချင်တာ လျှောက်တင်နေကြတယ်” လို့ မောင်တောရှေ့တန်းမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ RCNA ဆိုတဲ့ ရခိုင်ဒေသအခြေစိုက်သတင်းဌာနတစ်ခုက နခခ (၅) ကို သိမ်းလိုက်ပြီဆိုတဲ့ သတင်းကို စတင်ဖော်ပြရာကနေ လူမှုကွန်ယက်မှာပျံ့နှံ့လာတာပါ။ လက်ရှိ မြေပြင်အခြေအနေက နခခ(၅)စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် AA က အပြင်းအထန် ထိုးစစ်ဆင် […]

အပြည့်အစုံဖတ်ရန်

ပုလဲမြို့က စစ်ကောင်စီတပ်ကို BNRA ဝင်တိုက်နေ

November 13, 2024

ပုလဲ- ၂၀၂၄ နိုဝင်ဘာ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က စစ်ကောင်စီအခြေစိုက်စခန်းတွေကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေပြီး နှစ်ဘက်အထိခိုက်မှု အများအပြားရှိနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီနေ့မနက် လေးနာရီခွဲဝန်းကျင်ကစတင်တဲ့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က အထိနာနေပြီး လေကြောင်းပစ်ကူပေးနေတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီနေ့လယ်ပိုင်းအထိ တော်လှန်ရေးတပ်တွေဘက်က သုံးယောက်ကျဆုံးထားပြီး ရှစ်ယောက်ဒဏ်ရာရထားကာ တိုက်ပွဲလည်း မပြီးသေးဘူးလို့ ပြောပြပါတယ်။ ” လေကြောင်းလာကူတာက နေ့လယ် ၁း၃၀ အချိန်အထိ ငါးကြိမ်ရှိပြီ။ ပုလဲမြို့ထဲကို တစ်ကြိမ်ပစ်တယ်။ မော်ဒယ်စားသောက်ဆိုင်က မိသားစုလိုက် သေဆုံးတယ်။ ဘယ်နှယောက်ရယ်တော့ အတည်မပြုနိုင်သေးဘူး။ မြဂုံးရွာ အနောက်ဘက်ကို နှစ်ကြိမ်ပစ်တယ်။ အထိခိုက်တော့မသိရသေးဘူး။ တိုက်ပွဲတွင်း လက်နက်ကြီးစထိမှန်ပြီး ရဲဘော်သုံးယောက်ကျတယ်။ ရှစ်ယောက်ဒဏ်ရာရတယ်ဗျ။ အလောင်းကတော့ […]

အပြည့်အစုံဖတ်ရန်

နှစ် ၇၀ ခန့် တပ်စွဲခဲ့တဲ့ ဖာပွန်-ကမမောင်းလမ်းပေါ်က စစ်ကောင်စီရဲ့ တံတားလုံခြုံရေးစခန်းကို KNU သိမ်းပိုက်

November 12, 2024

ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၂ (မော်ကွန်း) ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဖာပွန် – ကမမောင်းကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ တံတားလုံခြုံရေးစခန်းတစ်ခုကို KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မူတြော်ခရိုင်ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ မူတြော်သတင်းစဉ်က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ ဖာပွန်မြို့ရဲ့ တောင်ဘက် ခုနစ်မိုင်အကွာမှာရှိတဲ့ ကူးဆိပ်တံတား လုံခြုံရေးကင်းစခန်းကို အခုလ ၆ ရက်မှာ KNU ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ ရက် ညနေပိုင်းမှာ စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒီစခန်းဟာ လွန်ခဲ့တဲ့ ၁၉၅၄ ဝန်းကျင်ထဲက စစ်တပ်က တပ်စွဲထားတဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာ ဒီစခန်းကို KNU ဆီ လက်လွှတ်ခဲ့ရတာပါ။ […]

အပြည့်အစုံဖတ်ရန်

ပုလဲမြို့သိမ်းတိုက်ပွဲပြင်းထန်နေ၊ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံးပြီး အရပ်သားသေဆုံးမှုတွေလည်းရှိ

November 12, 2024

ပုလဲ- ၂၀၂၄ နိုဝင်ဘာ ၁၂ (မော်ကွန်း) နှစ်ရက်ကြာလာပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီ တော်လှန်ရေးမဟာမိတ်တွေဘက်က နှစ်ဦးကျဆုံးပြီးဖြစ်ကာ အရပ်သားသုံးဦးလည်း စစ်ကောင်စီလေကြောင်းပစ်ကူကြောင့် သေဆုံးခဲ့တယ်လို့ အဲဒီတိုက်ပွဲထဲက တော်လှန်ရေးရဲဘော်တချို့က ပြောပါတယ်။ ” တိုက်ပွဲက နှစ်ရက်ရှိပြီ။ စစ်ကောင်စီက လေကြောင်းနဲ့လာပစ်တာ ၁၀ကြိမ်ထက် မနည်းဘူး။ လျှပ်စစ်ဝန်ထမ်းရုံးထဲ ကျတာက လင်မယားနှစ်ယောက်ထိတယ်။ အမျိုးသားဖြစ်သူ ဦးကျော်ဆန်းသေဆုံးပြီး သူ့မိန်းမတော့ ဆေးရုံတင်ထား ရတယ်။ ရဲစခန်း အနောက်ဘက် သုံးထပ်ဝန်ထမ်းဆောင်မှာနေတဲ့ ထွေအုပ် Non-CDM ကိုဇင်မောင်ရဲ့မိသားစုလည်း (စစ်ကောင်စီ ဗုံးကြဲလို့) ပေါင် ၅၀၀ ဗုံးစ ထိမှန်တယ်။ သူ့မိန်းမနဲ့ ကလေးကတော့ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ကိုဇင်မောင်ကတော့ ဒဏ်ရာ ပြင်းထန်တယ်။ တိုက်ပွဲဝင်နေတဲ့ ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့တယ်” လို့ […]

အပြည့်အစုံဖတ်ရန်
1 … 30 31 32 33 34 35 36 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."