ဂေထော
ရန်ကုန်၊ ၂၀၂၀ – ဖေဖော်ဝါရီ ၁၁
ယနေ့ကျရောက်သည့် ၇၂ ကြိမ်မြောက် ကရင်အမျိုးသားနေ့ကို ဆောင်ပုဒ်လေးခုဖြင့် ကိုင်ဆောင်ပြီး လမ်းကြောင်းလေးနေရာဖြင့် ချီတက်ခဲ့ကြသည်။
ယခုကိုင်ဆောင်ထားသည့် ဆောင်ပုဒ်များသည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကရင်လူမျိုး ၄ သိန်းကျော်ဆန္ဒပြ ကြွေးကြော်ခဲ့သည့် ဆောင်ပုဒ်များအတိုင်းဖြစ်သည်ဟု ပွဲစီစဉ်သူများက ထုတ်ပြန်သည်။
ယင်းဆောင်ပုဒ်လေးခုမှာ ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ချက်ချင်းပြ၊ ပြည်တွင်းစစ်အလိုမရှိနှင့် လူမျိုးရေးအဓိကရုဏ်းအလိုမရှိ စသည့်တို့ဖြစ်သည်။
လမ်းကြောင်းလေးခုမှာ မြေနီကုန်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ သမိုင်းလမ်းဆုံနှင့် အလုံကရင်ခြံစုရပ်စတဲ့ နေရာတို့ဖြစ်ပြီး ဆုံရပ်အဖြစ် ကမာရွတ်ရှိ ယုဒသန်ခန်းမ၌ ကရင်အမျိုးသားနေ့အလံကို အလေးပြုပြီး ဆင်နွှဲခဲ့ကြသည်။









ဓါတ်ပုံ – ဂေထော
#Dailynews

