ကျော်ဇေယျ
ရန်ကုန်၊ဖေဖော်ဝါရီ-၁၃၊၂၀၂၀
ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေထံက အခွန်ကောက်ခံရာမှာ ကျပ် ၄၅ ဘီလီယံလောက် လျော့နည်း ရရှိခဲ့တယ်လို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောပါတယ်။
၂၀၁၈-၁၉ဘဏ္ဍာနှစ်၊ ဒုတိယခြောက်လအတွင်း အခွန်အကောက်ရရှိမှု အခြေအနေကို ပြည်ထောင်စုလွှတ် တော်ကို ရှင်းလင်းရာမှာ သူက ပြောခဲ့တာပါ။
ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေသူတွေထံက ဒီ ခြောက်လအတွင်း ကျပ် ၁၇၅ ဘီလီယံကျော်လောက် အခွန်ရရှိဖို့ လျာထားခဲ့ပေမယ့် အမှန်တကယ် ကောက်ယူရရှိတာက ကျပ် ၁၃၀ ဘီလီယံကျော်သာ ရှိတယ်လို့ ဒုဝန်ကြီးက ပြောပါ တယ်။
ဒီလိုဖြစ်ရတာက လှိုင်းနှုန်းစီမံခန့်ခွဲခနှင့် မိုက်က္ကရိုဝေ့ဗ် လှိုင်းနှုန်းအသုံးပြုခ အတွက် အခွန်ပေးသွင်းရာမှာ 2100 MHz Specturm Option နဲ့ 1800 MHz Specturm Option တို့အတွက် အခွန်ပေးသွင်းတာ မရှိသေးလို့ ဖြစ်ရတာလို့ ဒုဝန်ကြီးက ပြောပါတယ်။
#Dailynews