ကောင်းထက်စံ ရန်ကုန်၊ ၂၀၂၀ ဧပြီ ၈ (မော်ကွန်း) COVID – 19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင် ၁၂ ဦးပါရှိသော ယူနန်ဆေးအဖွဲ့ ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည်။ ယူနယ်ပြည်နယ်ရှိ The First Affiliated Hospital of Kunming Medical University မှ အဆိုပါ ဆေးအဖွဲ့ နှင့်အတူ COVID -19 ကာကွယ်တားဆီးရေးလုပ်ငန်းတွင် အသုံးပြုရန် တခါသုံးအကာအကွယ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာသုံးနှာခေါင်းစည်းများအပါအဝင် ဆေးပစ္စည်းအမျိုးအစား ၇၉ မျိုး၊ တန်ချိန် ၅.၃ တန် ပါရှိသည်။ ၎င်းအဖွဲ့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့က ကြိုဆိုခဲ့ကြသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူဟု တရားဝင်ထုတ်ပြန်ထားသည့် ဒေါက်တာသာထွန်းကျော်အား ယခုကိစ္စနှင့်ပတ်သက်၍ […]
သဇင်လတ် ရန်ကုန်၊ ၂၀၂၀ ဧပြီ ၈ (မော်ကွန်း) ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ လူနာအမှတ် ၁၆ ကွယ်လွန်သွားပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ Facebook Live ဆွေးနွေးမှုပြီးကာနီးမှာ အတည်ပြုပြောကြားခဲ့ပါတယ်။ “မြောက်ဥက္ကလာဆေးရုံမှာ အသက် ၆၃ နှစ်၊ တင်ထားတဲ့တစ်ယောက်ကလည်း ဆုံးသွားပါပြီ၊ သူ့မှာ အခြေခံအားဖြင့် ဆီးချိုနဲ့ သွေးတိုးရှိပါတယ်” လို့ ယနေ့မနက်ပိုင်းကထုတ်လွှင့်တဲ့ Live ပြီးဆုံးကာနီးမှာ နောက်ဆုံးရသတင်းအချက်လက်ကို ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း “လူနာနံပါတ် ၁၆ ဝေဘာဂီဆေးရုံတွင် သေဆုံးသည်မှာ မှန်ကန်ပါသည်” လို့ ၎င်းရဲ့ Facebook မှာ ရေးသားထားပြီး ဒီမနက် ၁၀း၀၅ မှာ ကွယ်လွန်တယ်လို့လည်း အတည်ပြုထားပါတယ်။ ကွယ်လွန်သူဟာ ဒူဘိုင်းကပြန်လာတဲ့သားကို […]
ဂေထော၊ ဇေယျာမြင့် ရန်ကုန်-၂၀၂၀ ဧပြီ ၈ (မော်ကွန်း) COVID – 19 လူနာအမှတ် ၁၅ ရဲ့ခင်ပွန်း၊ လူနာအမှတ် ၁၇ ဟာ ယနေ့မနက်အစောပိုင်းက ပြည်မြို့ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ ပြည်မြို့ပြည်သူ့ဆေးရုံက ဒုတိယဆေးရုံအုပ် ဒေါက်တာသီတာစိုးက အတည်ပြုပါတယ်။ မနက် ၄ နာရီ ဝန်းကျင်မှာကွယ်လွန်ခဲ့တဲ့ ၎င်းလူနာကို မနက် ၁၀ နာရီ ဝန်းကျင်မှာ ဘာသာဓလေ့ထုံးတမ်းနဲ့အညီ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ကွင်းဆင်းသတင်းရယူနေတဲ့ မော်ကွန်းသတင်းထောက်က ပြောပါတယ်။ “COVID – 19 ရောဂါကြောင့် သွေးဆိပ်တက်ခြင်းနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါကြောင့် သေဆုံးရခြင်း ဖြစ်သည်” လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။ သေဆုံးသူဟာ ပြည်မြို့အရှေ့ဘက်က ပေါက်ခေါင်းမြို့နယ်ရဲ့ […]
ဇေယျာမြင့် ပြည်- ၂၀၂၀ ဧပြီ ၇ (မော်ကွန်း) COVID-19 ကာကွယ်ရေးအတွက် နေအိမ်မှာပဲ ၁၄ ရက် ကန့်သတ်နေထိုင်ဖို့ ခံဝန်ကတိချုပ်ဆိုထားသူတစ်ဦးဟာ ကတိဖောက်ဖျက် အရပ်ထဲလှည့်လည်ကာ တာဝန်ရှိသူတွေကို ပြဿနာရှာတဲ့အတွက် ပြည်မြို့နယ်တရားရုံးက အလုပ် နဲ့ထောင်ဒဏ် ခြောက်လ ချမှတ် အပြစ်ပေးလိုက်ပါတယ်။ အပြစ်ပေးခံရသူဟာ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ထဲက လွှစင်ကျေးရွာအုပ်စု၊ ဆီဆုံကုန်းကျေးရွာမှာ နေထိုင်တဲ့ ဘိုစိန်(ခေါ်)စိန်အောင်ဆိုသူအမျိုးသားဖြစ်ပြီး သူဟာ ဧပြီ ၂ ရက်တုန်းက ရန်ကုန်ကနေ သူ့ရွာကို ပြန်လာသူဖြစ်ပါတယ်။ ဒီနောက် နေအိမ်ကန့်သတ်စောင့်ကြည့်မှု ၁၄ ရက် ပြုလုပ်ပါ့မယ်လို့ို ခံဝန်ကတိချုပ်ဆိုနေထိုင်ခဲ့ပြီး ဧပြီ ၅ ရက်မှာ ခံဝန်ဖောက်ဖျက်ခဲ့တာကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက တရားလိုလုပ် တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။ ပြည်မြို့နယ်တရားရုံးက တရားသူကြီးဦးဇော်မင်းက ” သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ […]
ရန်ကုန်-၂၀၂၀ ဧပြီ ၇ (မော်ကွန်း) ဒီနေ့ကစပြီး အမြန်လမ်းအသုံးပြုတဲ့ ယာဉ်တွေဟာ ရပ်နားတဲ့အခါ နီးစပ်ရာ အမြန်လမ်းရဲကင်းနဲ့ ရဲစခန်းတွေနားမှာသာ ရပ်နားကြဖို့ အမြန်လမ်းရဲတပ်ဖွဲ့က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။ ဧပြီ ၇ ရက်က စပြီး အမြန်လမ်းတစ်လျောက်ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်တွေ ရပ်နားမှာ ဖြစ်တဲ့အတွက် ဒီရက်တွေအတွင်း ခရီးသွားလာကြမယ့် ကိုယ်ပိုင်အိမ်စီးယာဉ်ငယ်တွေဟာ အကြောင်းကြောင်းကြောင့် ခေတ္တ ရပ်နားမယ်ဆိုရင် အမြန်လမ်း တစ်လျှောက်က ရဲကင်းနဲ့ ရဲစခန်းတွေမှာသာ ရပ်နားကြပါလို့ အမြန်လမ်းရဲတပ်ဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ရဲကင်းစခန်းတွေဟာ ပျမ်းမျှ (၅) မိုင်မှာ စခန်း တစ်ခုရှိပြီး ရဲစခန်းတွေကတော့ (၂၀) မိုင်မှာ စခန်းတစ်ခုရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ဓါတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့ဖေ့ဘွတ်ခ် #Dailynews
ကျော်ဇေယျ ရန်ကုန်-၂၀၂၀ ဧပြီ ၇ (မော်ကွန်း) ဒီရက်ပိုင်း ရန်ကုန်-မန္တလေးအမြန်လမ်းကိုအသုံးပြုမယ့်အိမ်စီးကားတွေအနေနဲ့ ရဲစခန်းနဲ့ ရဲကင်းတွေမှာ နားကြဖို့ တိုက်တွန်းတာဟာ မှုခင်းကျဆင်းရေးအပြင် အများပြည်သူကိုဝန်ဆောင်မှုပေးချင်တာကြောင့် ဆောင်ရွက်ပေးတာလို့ အမြန်လမ်းရဲတပ်ဖွဲ့က ရဲမှူး ဇာနည်မောင်က ပြောပါတယ်။ ဧပြီ ၇ ရက်ကစပြီး အမြန်လမ်းအသုံးပြုမယ့်အိမ်စီးကားတွေဟာ ရဲစခန်းနဲ့ရဲကင်းတွေမှာ အနားယူကြဖို့ အမြန်လမ်းရဲ တပ်ဖွဲ့က တိုက်တွန်းထားတာပါ။ “ မှုခင်းပိုင်းအနေနဲ့ လျော့နည်းအောင်က တစ်ပိုင်းပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကိုပေးတဲ့ အနေနဲ့ နေ့ဘက်မှာပဲဖြစ်ဖြစ်၊ ညဘက်မှာပဲဖြစ်ဖြစ်၊ သွားရေးလာရေးခက်ခဲတဲ့အပိုင်းတွေ၊ အနားယူချင်တဲ့အပိုင်းတွေကို ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ထားတာပါ။ ကျွန်တော်တို့ဆီမှာ အပေါ့အပါးသွားလို့ရအောင်၊ ရေပူ၊ရေအေး၊ ချိုချဉ်တို့၊ ထန်းလျှက် တို့ ဒါမျိုးလေးတွေကအစ နိုင်သလောက်လေးတွေပြင်ဆင်ထားပေးပါတယ်” ရဲမှူးက ပြောပါတယ်။ ခရီးသွားကားတွေကို အခုလို ရဲကင်းစခန်းတွေမှာ အနားယူစေတာဟာ […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဧပြီ ၆ (မော်ကွန်း) ကြို့ပင်ကောက်မြို့နယ်မှ တည်းခိုခန်းတစ်ခုတွင် COVID – 19 သံသယလူနာ ရှိ၊ မရှိသွားရောက် မေးမြန်းစစ်ဆေးသည့် ရာအိမ်မှူးမိသားစုကို လူတစ်စုက ဓားဖြင့်ဝင်ခုတ်ရာ တစ်ဦးသေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ အပြင်းအထန်ဒဏ်ရာများရရှိခဲ့သည်။ ဧပြီ ၄ ရက်က ကြို့ပင်ကောက်မြို့နယ် တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသည့် ဧည့်သည်တစ်ဦးနေမကောင်းဖြစ်ကာ ဆေးဆိုင်တွင် ဆေးလာရောက်ဝယ်ယူသည့်အခါ COVID – 19 သံသယဖြစ်ဖွယ်ရှိနိုင်ကြောင်း ဆေးဆိုင်မှ သတင်းပို့သည့်အတွက်ရာအိမ်မှူးက ယင်းတည်းခိုခန်းကို သွားရောက်စစ်ဆေးစဉ် တည်းခိုခန်းပိုင်ရှင်နှင့် စကားများခဲ့သည်။ ထို့နောက် ဧပြီ ၅ ရက် ညပိုင်းတွင် ရာအိမ်မှူးနေအိမ်ကို လူတစ်စုက ဓားဖြင့်ဝင်ခုတ်ကြရာ မိသားစုဝင် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး […]
ဂေထော မုဒုံ – ၂၀၂၀ ဧပြီ ၆ (မော်ကွန်း) COVID-19 ကာကွယ်ရေးအဖြစ် သီးခြားကန့်သတ်စောင့်ကြည့်ခံရသူတွေ သတ်မှတ်ကာလ ၁၄ရက် ပြည့်တဲ့အခါ အသိအမှတ်ပြုလက်မှတ်( certificate ) ထုတ်ပေးနေပေမယ့် ဒီလက်မှတ်ဟာ ရောဂါပိုးမရှိဘူးလို့ အာမခံချက်ပေးတာ မဟုတ် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။ “ Certificate က Quarantine မှာ ၁၄ ရက် ပြည့်အောင်နေခဲ့တယ်လို့ပဲ ပြောတာပါ၊ ရောဂါပိုး မရှိဘူးလို့လည်း Certificate မှာ မရေးထားပါဘူး” လို့ ဒေါက်တာသာထွန်းကျော်က မော်ကွန်းကို ပြောပါတယ်။ ၁၄ ရက်ပြည့်လို့ ကိုယ့်နေရပ်ကို ပြန်ရသူတွေအနေနဲ့ နေထိုင်မကောင်းဖြစ်ခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာန တွေမှာ ကုသနိုင်ကြောင်းလည်း သူက ရှင်းပြပါတယ်။ […]
ကျော်ဇေယျ ရန်ကုန်-၂၀၂၀ ဧပြီ ၃ (မော်ကွန်း) ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဂွမြို့မှာ ဒီနေ့ည ၇ နာရီကျော်လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ ပစ်ခတ်သံ နာရီဝက်ခန့် ထွက်ပေါ်လာလို့ မြို့ခံတွေထိတ်လန့်ခဲ့ပေမယ့် အခုတော့ အခြေအနေတည်ငြိမ်သွားပြီလို့ ဂွမြို့ခံတစ်ချို့က မော်ကွန်းကို ပြောပါတယ်။ ဒီနေ့ည ၇ နာရီကျော်လောက်ကနေ ၈ နာရီ ဝန်းကျင်အထိ လက်နက်ကြီးပစ်သံ ၁၀ ကြိမ်လောက်နဲ့ လက်နက်ငယ် ပစ်သံ တွေကို ကြားခဲ့ရတာလို့ မြို့ခံတစ်ချို့က ပြောပြပါတယ်။ “ တပ်ထဲကနေပဲ အသံတွေ ကြားနေရတာ။ လက်နက်ကြီးရော၊ လက်နက်ငယ်အသံရော။ နာရီဝက်လောက်အထိ ပစ်သံကို ကြားလိုက်ရတယ်။ လက်နက်ကြီးဟာ အနည်းဆုံး ၁၀ လုံးလောက်ပစ်ခဲ့တာ” လို့ ဂွမြို့က […]
ဂေထော ရန်ကုန်၊ဧပြီ ၂၊၂၀၂၀ (မော်ကွန်း) Covid 19 ရောဂါ အတည်ပြု လူနာ (case ၁၅) ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် လေး ဦး ရောဂါပိုးတွေ့ရှိကြောင်း ယနေ့ညတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လက်ရှိတွင် ပိုးတွေ့သူ ၂၀ ဦးအထိရှိလာသည်။ ၎င်း လေးဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏ နေအိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပြီး ဓာတ်ခွဲနမူနာစစ်ဆေးခဲ့ရာ Case ၁၅ ၏ ခင်ပွန်းဖြစ်သူ အသက် (၄၇) နှစ်၊ သားဖြစ်သူ အသက် (၁၀) နှစ်၊ သမီးဖြစ်သူ အသက် (၈) နှစ်နှင့် တူမ ဖြစ်သူ အသက် (၁၈) နှစ် တို့ဖြစ်ကြပြီး ၎င်းတို့ကို […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀- ဧပြီ-၁ (ရန်ကုန်) တရားဝင်နေထိုင်ခွင့်မရှိသေးသော တရုတ်နိုင်ငံသားတစ်ရာကျော်တွေ့ရှိခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်နှစ်လုံးမှ အိမ်ငှားနှစ်ဦးအား လဝကဥပဒေဖြင့် မတ်လ ၃၀ ရက်က တရားစွဲခဲ့သည်ဟု သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှူး ဦးအုန်းကျော်မင်းက မော်ကွန်းကိုပြောသည်။ “အိမ်ပိုင်ရှင်က တစ်ဦးတည်းပဲ။ ဒါပေမဲ့ စစ်ဆေးမေးမြန်းကြည့်တော့ အဲဒီအိမ်ငှားဆိုသူတွေက ကုမ္ပဏီမန်နေဂျာလည်းဖြစ်၊ တာဝန်ယူလက်ခံထားသူတွေလည်းဖြစ် တယ်ဆိုတော့ သူတို့ကို လဝက ဥပဒေပုဒ်မ ၅ (၁) နဲ့ အရေးယူလိုက်တာပါ။ လဝက ကအရေးယူတာ။ ရဲအရေးပိုင်တဲ့အမှုမဟုတ်ဘူး” ဟု ၎င်းကပြောသည်။ ၎င်းအိမ်ငှားနှစ်ဦးကို နိုင်ငံခြားသားများမှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၅ (၁) ဖြင့် တရားစွဲထားသည်မှာ မှန်ကန်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် လဝက ဦးစီးအရာရှိ ဦးရဲထွန်းက အတည်ပြုချက်ပေးပြီး တခြားသော မေးခွန်းများကို […]
ဂေထော ရန်ကုန်၊ ဧပြီ ၁၊ ၂၀၂၀ (မော်ကွန်း) ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် Omni Focus – YBS ဘတ်စ်ယာဥ်လိုင်းများအားလုံးရှိ ယာဥ်မောင်းများနှင့် အခြားဝန်ထမ်းများကို Covid 19 ကူးစက်ရောဂါကာကွယ်ရေးအတွက် ယနေ့မှစတင်ကာ မိမိတို့ စိတ်ဆန္ဒရှိမှသာ လာရောက်ထမ်းဆောင်ကြရန် Omni Focus – YBS ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ ထိုသို့ဆောင်ရွက်မှုများကြောင့် ယာဥ်မောင်းများ၏ လာရောက်တာဝန်ထမ်းဆောင်မှုအပေါ် မူတည်၍ နေ့စဥ်ယာဥ်လိုင်းများ၏ ခရီးစဥ်များပြေးဆွဲမှု၊ ယာဥ်လိုင်းတစ်ခုလုံးစီ၏ ယာဥ်အစီးရေ ထွက်ရှိမှုများ အနည်းငယ်ပြောင်းလဲသွားနိုင်ကြောင်း အသိပေးဖော်ပြထားသည်။ “ကျွန်တော်တို့ယာဥ်မောင်းတွေကလည်း ကားတွေကိုနေ့စဥ်မောင်းဖို့ လုပ်နေရတယ်၊ ရုံးကိုလာရတယ်၊ ကားပေါ်မှာ ခရီးသည် အတက်အဆင်းတွေနဲ့လုပ်နေရတယ်။ အဲဒီမှာလည်းကျွန်တော်တို့ မဖြစ်နိုင်ဘူးဆိုတဲ့ဟာက မရှိသလောက်ပါပဲ၊ ရာခိုင်နှုန်းများတာပေါ့နော်၊ အဲဒီအပေါ်မှာ သူတို့ (ယာဥ်မောင်း) ဘက်ကိုလည်း […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."