အောင်ထူးနိုင် ရန်ကုန်၊ ၂၀၂၀ ဇွန် ၂၃ ယခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွားနှုန်းမှာ ယခင်နှစ်ထက် ထက်ဝက်ကျော် လျှော့ကျခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလနှင့် ၂၀၂၀ ဇန်နဝါရီလမှ မေလအထိ ငါးလတာကာလအား မော်ကွန်းက နှိုင်းယှဉ်ကြည့်ရာတွင် လျော့ကျနေသည်ကို တွေ့ရခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးမှု ၁၀၄ မှု ရှိပြီး လူကုန်ကူးခံရသူ ၁၄၁ ဦးနှင့် လူကုန်ကူးသူ ၃၀၅ ဦးဖြစ်သည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးမှု ၄၃ မှု ရှိပြီး လူကုန်ကူးခံရသူ ၇၇ ဦးနှင့် လူကုန်ကူးသူ ၁၁၁ ဦး ဖြစ်သည်။ ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ပြည်သူ့အတွက် […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဇွန် ၁၈ (မော်ကွန်း) ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်ချက်နဲ့ပတ်သက်ပြီး အဆုံးအဖြတ်ရယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခေါ်ယူကျင်းပခဲ့သည်။ အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြခဲ့ပြီး အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်မဲ ၇၇ မဲ၊ ထောက်ခံမဲ ၂၅ မဲရရှိရာ ကန့်ကွက်မဲများသဖြင့် စွပ်စွဲချက်မှာ မအောင်မြင်ကြောင်း ရွှေပြည်သာမဲဆန္ဒနယ်(၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက မော်ကွန်းကို ပြောသည်။ ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းအပါ ၃၂ ဦးက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်ချက်ကို ပြီးခဲ့သည့် ဇွန် ၅ ရက်က လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။ ယင်းတင်ပြချက်အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့က […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇွန် ၁၇ (မော်ကွန်း) နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှသည် လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ကရင်တိုင်ရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP)မှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မော်ကွန်းကိုပြောသည်။ “တိုင်းရင်းသားအရေးကိစ္စတွေက လိုအပ်ချက်တွေအများကြီးရှိနေတယ်။ မနှစ်က ကရင်အာဇာနည်နေ့ကျင်းပလို့ အဖမ်းခံခဲ့ရတာတွေရှိတယ်လေ။ ကရင်တိုင်းရင်းသားတွေအတွက်ဆို တန်းတူညီမျှရေးရဖို့လိုတယ်” ဟု ၎င်းကဆိုသည်။ ရန်ကုန်တိုင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးရဲဝင်းက ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာအတွက် နော်အုန်းလှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ကို ကြိုဆိုသည်ဟု ဆိုသည်။ နော်အုန်းလှသည် ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းတွင် ကရင်အာဇာနည်နေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ရာ ၎င်းအပါအဝင် ကရင်လူငယ်နှစ်ဦးကို တိုင်းအစိုးရက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲဆိုဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့သည်။ ယခုလက်ရှိ ရန်ကုန်တိုင်းတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နော်ပန်းသဉ္ဇာမျိုးက […]
ယခုနှစ်မိုးဦးကျ ပုံမှန်ရာသီတုပ်ကွေးရောဂါနဲ့ သာမန်အအေးမိရောဂါဖြစ်ပွားချိန်မှာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID 19 ဖြစ်ပွားချိန်နဲ့တိုက်ဆိုင်နေပါတယ်။ ဒီရောဂါလက္ခဏာတွေကို အခြေခံအကြမ်းဖျဉ်းခွဲခြားသိနိုင်ဖို့ တူညီချက်၊ ကွာခြားချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ #Dailynews
ဂေထော ရန်ကုန် – ၂၀၂၀ ဇွန် ၁၃ (မော်ကွန်း) COVID -19 ကြောင့် ထုတ်ပြန်ရန်နောက်ကျနေသည့် အခြေခံပညာအတန်းများဖြစ်သည့် သူငယ်တန်းမှနဝမတန်းအထိအောင်စာရင်းများကို ယနေ့တွင် သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင် ထုတ်ပြန်ခဲ့ပြီး အတန်းတစ်တန်းစီ၏ အောင်စာရင်းများကိုကပ်ထားပေးသည်။ အချို့ကျောင်းများတွင် အောင်စာရင်းများကို ကျောင်းသားနှင့်မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုသည့်အခါ လူစုလူဝေးမဖြစ်စေရန် အတန်းလိုက်အောင်စာရင်းများကို တစ်နေရာနှင့်တစ်နေရာ ၆ ပေခြားကာ ကပ်ထားပေးခြင်းနှင့် ကျောင်းစာသင်ခန်းတစ်ခန်းချင်းစီ၌ အတန်းလိုက် ကပ်ထားသည်ကို တွေ့ရသည်။ ယခင်က အခြေခံပညာအတန်းများ၏ အောင်စာရင်းများကို မြန်မာနှစ်ဆန်းနှစ်ရက်နေ့တွင် ထုတ်ပြန်သော်လည်း ယခုအချိန်တွင် COVID-19 ရောဂါကြောင့် အောင်စာရင်းများထုတ်ပြန်ရန် နှစ်လနီးပါးနောက်ကျခဲ့ရသည်။ COVID-19 ရောဂါကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ကျောင်းအပ်နှံသည့်အခါ အသုတ်အလိုက်အပ်နှံရမည်ဖြစ်သည်။ အထက်တန်းအဆင့်နှစ်တန်းအား ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ဇူလိုင်လ […]
မြေလတ်အသံသတင်းဌာန နတ်တလင်း – ၂၀၂၀ ဇွန် ၁၁ ခြံနှစ်ခြံကြား ကုက္ကိုပင်စိုက်လို့ အိမ်နီးချင်းအမျိုးသမီးနဲ့စကားများခဲ့တဲ့အမျိုးဟာ ငယ်ပါပြတ်အောင် အကိုက်ခံလိုက်ရပါတယ်။ ခြံနယ်နိမိတ်နဲ့ပတ်သက်ပြီးအချင်းများကြရင်း အသက် ၃၉ နှစ်အရွယ် အိမ်နီးချင်းအမျိုးသမီးဟာ အဖော်အမျိုးသမီးတစ်ယောက်နဲ့အတူ အသက် ၅၇ နှစ်အရွယ်အမျိုးသားရဲ့ခြံဝိုင်းထဲကိုဝင်ရောက်လာပြီး ဝါးလုံးနဲ့စတင်ရိုက်နှက်လိုက်ပါတော့တယ်။ အမျိုးသားလဲကျသွားချိန်မှာ ပေါင်နဲ့ငယ်ပါကို ကိုက်ဆွဲပါတော့တယ်။ ခေါင်းကိုအရိုက်ခံရပြီး ငယ်ပါကိုပါအကိုက်ခံရတဲ့အမျိုးသားရဲ့ဇနီးဟာလည်း ဘေးပတ်ဝန်းကျင်ကိုအော်ဟစ်အကူညီတောင်းနေစဉ်မှာပဲ အိမ်နီးချင်းအမျိုးသမီးနဲ့ပါလာတဲ့ အဖော်အမျိုးသမီးက ဝါးလုံးနဲ့ရိုက်နှက်ခဲ့လို့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ “အိမ်နီးချင်းရန်ဖြစ်ပြီး ကိုက်ဆွဲလို့ဝှေးစေ့(ငယ်ပါ) ပြုတ်ပါသွားတာပါ” လို့ တာပွန်နယ်မြေရဲစခန်းမှူး၊ ရဲအုပ်အောင်သပြေက ပြောပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ထိပ်ပိတ်အုပ်စုမှာ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ဒီအမှုကို (ပ)၇၇ /၂၀၂၀ ပုဒ်မ ၄၄၇/ ၃၂၃/ ၃၂၆ /၁၁၄ ပုဒ်မတွေနဲ့ အမူဖွင့်ထားတယ်လို့ ရဲကဆိုပါတယ်။ သတင်နှင့်ဓါတ်ပုံ […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀ ဇွန် ၁၀ (မော်ကွန်း) အများပြည်သူအကျိုးစီးပွား ထိခိုက်မှုမရှိတော့သည့်အခါမှသာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်လိုင်းများပြန်ဖွင့်ပေးမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ ယန့ နေပြည်တော်တွင်ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ စတုတ္ထနှစ်အတွင်း ဆောင်ရွက်မှုများအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောခြင်းဖြစ်သည်။ ရက္ခိုင့်တပ်တော် AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၉ ခုကို ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက် ကတည်းက အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် MPT […]
အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ ဇွန် ၉ (မော်ကွန်း) ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA) ၏ စစ်ပွဲကြောင့် အရပ်သားသေဆုံးသူ ၄၀ ဦးရှိကြောင်း ချင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အထောက်အကူပြုကော်မတီ[CHIN IDP Support Committee (CISC)] က ယနေ့ထုတ်ပြန်သည်။ ၎င်းသေဆုံးသူစာရင်းမှာ ယခုနှစ် ဇန်နဝါရီမှ ဇွန် ၅ ရက်အထိ ကောက်ခံထားသည့်စာရင်းဖြစ်ပြီး ဆီးဖလောင်းရွာ၊ ကြက်ဥဝရွာ၊ ပွီဝုန်းရွာ၊ မိတ်စာနောက်ရွာ၊ မိတ်စာရှေ့ရွာ၊ ဝက်မရွာ၊ ပြိုင်တိန်ရွာ၊ နန်းချောင်းဝရွာ၊ မင်တာရွာနှင့် ပလက်ဝမြို့ပေါ်တွင် နေထိုင်သူများဖြစ်သည်။ “နောက်နောင်မှာ ဒီလိုအဖြစ်မျိုးတွေ မဖြစ်အောင် အစိုးရတပ်မတော်ရော၊ AA လက်နက်ကိုင်အဖွဲ့ကိုရော ကျွန်တော်တို့က တောင်းဆိုချင်တယ်၊ တိုက်ပွဲအတွင်းမှာ အရပ်သားတွေ သေဆုံးတာမျိုး မဖြစ်ဖို့၊ စာနာထောက်ထားပေးဖို့ တောင်းဆိုပါတယ်”ဟု CISC […]
ဂေထော ရန်ကုန် – ၂၀၂၀ ဇွန် ၉ (မော်ကွန်း) လာမည့်ဇူလိုင်လတွင် အစိုးရအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင်ခိုလှုံနေထိုင်သည့်စစ်ဘေးရှောင်များ အခြားနေရာသို့ပြောင်းရွေ့နေထိုင်ရန် အခက်ခဲရှိနေသည်ဟု Rakhine Ethnics Congress (REC) မှ အတွင်းရေးမှူးကိုဇော်ဇော်ထွန်းက မော်ကွန်းသို့ပြောသည်။ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြသည့်လူဦးရေ ၁၅၆,၀၀၀ ကျော်ရှိပြီး ၎င်းတို့၏ ၂၀ ရာခိုင်နှုန်းမှာကျောက်တော်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ မြေပုံမြို့နယ်များရှိ အစိုးရကျောင်းများတွင် ခိုလှုံနေကြကြောင်း သူကရှင်းပြသည်။ “စစ်ဘေးရှောင်တွေမှာ အနေအထားကတော့ စာသင်ကျောင်းက ထွက်ရမှာသေချာတယ်။ တခြားမှာ သွားပြီးတော့ ဘယ်သူက ကူညီပေးမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကတော့ အတိအကျရှိမနေဘူး”ဟု သူက ပြောသည်။ ဒေသခံအဖွဲ့အစည်းအချို့က စစ်ဘေးရှောင်များနေထိုင်ရေးအတွက် ယာယီအဆောက်အအုံများ၊ ယာယီတဲများ ဆောက်လုပ်ရန် အစီစဉ်ရှိသော်လည်း တိကျသေချာသည့် […]
ကျော်ဇေယျ နေပြည်တော်- ၂၀၂၀ ဇွန် ၈ (မော်ကွန်း) ဘဏ္ဍာနှစ်စတွင် မြတ်မည်ဟု ခန့်မှန်းထားသည့် လျှပ်စစ်ကဏ္ဍသည် နှစ်ကုန်တွင် ကျပ်ဘီလီယံ ၁၀၀ မှ ၂၀၀ ကြား အရှုံးပေါ်နိုင်သေးကြောင်း ယနေ့ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စတုတ္ထနှစ်ဆောင်ရွက်မှုများဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်းဝန်က ပြောသည်။ ထိုသို့ဖြစ်ရခြင်းသည် ထုတ်လုပ်မှုစရိတ်မြင့်မားသည့် သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများမှ ဓါတ်အား ပိုမို ထုတ်ယူခဲ့သည့်အတွက်ကြောင့်ဟု ဝန်ကြီးဌာန၏အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ရှင်းပြသည်။ “ အရင်တုန်းကဆိုရင် တစ်နှစ်ကို (ကျပ်)ဘီလီယံ ၇၀၀ လောက်၊ တနေ့ကို နှစ်ဘီလီယံလောက် နိုင်ငံတော်ကနေ ဓါတ်အား ထုတ်လုပ်မှုအပေါ်မှာ စိုက်ထုတ်ပြီးတော့ ရှုံးနေတယ်ဆိုတာ ခင်ဗျားတို့ကြားပြီးဖြစ်မှာပါ။ ဒါကြောင့်မို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ဓါတ်အားဈေးနှုန်းအပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ဒီနှစ်မှာတော့ ကျနော်တို့က မြတ်တယ် […]
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၂၆၀ ကျော်ဆုံးရှုံး ကျော်ဇေယျ နေပြည်တော်-၂၀၂၀ ဇွန် ၈ (မော်ကွန်း) လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုများလျော့ကျသွားရန် ယခုအစိုးရလက်ထက်၌ သိသာသည့်ရလဒ်ထွက်အောင် မဖြေရှင်းနိုင်သေးကြောင်း ယနေ့ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စတုတ္ထနှစ်ဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်းအတွင်းဝန်က ပြောသည်။ ပြီးခဲ့သည့် အစိုးရလက်ထက်၌ နိုင်ငံတော်ဓါတ်အားစနစ်တွင် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းအထိ ဓါတ်အားပျောက်ဆုံးမှုဖြစ်ပေါ်နေခြင်းကို ၁၅ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင်လည်း ယင်းပမာဏနှုန်းဖြင့် ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောသည်။ “အခုလည်း ကျနော်တို့ အမှန်အတိုင်းကို ပြောပါ့မယ်။ တစ်ပြည်လုံးကို Average ယူမယ်ဆိုရင် ၁၅၊ ၁၆ (ရာခိုင်နှုန်း ဓါတ်အားပျောက်ဆုံးလျက်)ရှိပါသေးတယ်” ဟု ဦးတင်မောင်ဦးက မော်ကွန်းကို ဖြေသည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်ခဲ့သည့် […]
ဂေထော ရန်ကုန် – ၂၀၂၀ ဇွန် ၈ (မော်ကွန်း) ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်မည့် မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်လောင်းများကို အဆင့်နှစ်ဆင့်ဖြင့် ရွေးချယ်မည်ဖြစ်သည်ဟု ၎င်းပါတီ၏တွဲဘက်အတွင်းရေးမှူး (၁) နိုင်လယိတမက မော်ကွန်းသို့ပြောသည်။ ပထမအဆင့်အနေဖြင့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို မြို့နယ်ရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ ပဏာမရွေးချယ်မည်ဖြစ်ပြီး ၎င်းအမည်စာရင်းများကိုအခြေခံကာ ဗဟိုရွေးချယ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သူကဆိုသည်။ “ မကြာခင်ရက်ပိုင်းလောက်မှာ ကျွန်တော်တို့က ရွေးကောက်ပွဲမဟာဗျူဟာတွေ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကိုယ်စားလှယ်လောင်းနဲ့ဆိုင်တဲ့ကိစ္စရပ်တွေကို မြို့နယ်တွေ ကွင်းဆင်းပြီးတော့ အသေးစိတ်အကျယ်တဝင့်ရှင်းပြဖို့ အစီစဉ်ရှိတယ်”ဟု နိုင်လယိတမကပြောသည်။ ယင်းရက်များတွင်ပင် ကိုယ်စားလှယ်လောင်းများအတွက် အဆိုပြုလျှောက်လွှာများကို ပေးပို့မှာဖြစ်ပြီး အဆိုပြုလွှာကို နောက်ဆုံးထားပေးပို့ရမည့်ရက် မသတ်မှတ်ရသေးကြောင်းနှင့် ပါတီမှအဆိုပြုထားသည့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."