ကောင်းထက်စံ
ရန်ကုန်၊ ၂၀၂၀ ဧပြီ ၈ (မော်ကွန်း)

COVID – 19 ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင် ၁၂ ဦးပါရှိသော ယူနန်ဆေးအဖွဲ့ ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသည်။
ယူနယ်ပြည်နယ်ရှိ The First Affiliated Hospital of Kunming Medical University မှ အဆိုပါ ဆေးအဖွဲ့ နှင့်အတူ COVID -19 ကာကွယ်တားဆီးရေးလုပ်ငန်းတွင် အသုံးပြုရန် တခါသုံးအကာအကွယ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာသုံးနှာခေါင်းစည်းများအပါအဝင် ဆေးပစ္စည်းအမျိုးအစား ၇၉ မျိုး၊ တန်ချိန် ၅.၃ တန် ပါရှိသည်။
၎င်းအဖွဲ့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့က ကြိုဆိုခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူဟု တရားဝင်ထုတ်ပြန်ထားသည့် ဒေါက်တာသာထွန်းကျော်အား ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိပ်ထပ်မံသိရှိနိုင်ရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။
#Dailynews

