သတင်းများ

လမ်းမတော်မြို့နယ်ရှိ ကုတင် (၅၀၀) ဆေးရုံ၊ ဓါတ်မှန်ခန်း ဝါယာရှော့ကြောင့် မီးလောင်

June 2, 2020

ဂေထော ရန်ကုန် – ၂၀၂၀ ဇွန် ၁ (မော်ကွန်း)   ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်ရှိ ကုတင် (၅၀၀) ဆံ့ဆေးရုံတွင် ယနေ့ ညနေ (၅) နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ Level – 2 အဆင့် ငြှိမ်းသတ်ခဲ့ပြီ (၅) နာရီ ၄၂ မိနစ်ခန့်တွင် မီးငြိမ်းသည်။   ဆေးရုံ ဓါတ်မှန်ခန်းမှ စတင်လောင်ကျွမ်းခဲ့ပြီး ဝါယာရှော့ဖြစ်ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းကပြောသည်။   ဓါတ်ပုံ – ဂေထော #Dailynews

အပြည့်အစုံဖတ်ရန်

ပလက်ဝနဲ့ ဆမီး စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများအတွက် ယာယီစာသင်ဆောင်များ ဆောက်လုပ်မည်

June 2, 2020

ဗညားအေးကျော် ရန်ကုန် – ၂၀၂၀ ဇွန် ၁ (မော်ကွန်း)   ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နဲ့ ဆမီးမြို့နယ်ခွဲပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသူ၊ ကျောင်းသားတွေအတွက် ကျောင်းဖွင့်ချိန် စာသင်နိုင်ရန် ယာယီကျောင်းဆောင်တွေ ဆောက်လုပ်ပေးဖို့ပြင်ဆင်နေတယ်လို့ ချင်းပြည်နယ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။   “ကျောင်းတွေကို အရေးပေါ်လုပ်နေပေမယ့် ကျောင်းဆောင်သာပြီးသွားရင်တောင် လိုအပ်တဲ့ ပရိဘောဂတွေက ချက်ချင်းရဖို့မလွယ်ဘူး” လို့ ဦးစိုးထက်က ပြောပါတယ်။   တပ်မတော်နဲ့ ရခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကို ကျေးရွာ ၂၃ ရွာမှ အိမ်ထောင်စု ၁,၀၀၀ ကျော်နဲ့ ဆမီးမြို့ပေါ်ကို အိမ်ထောင်စု ၇၀၀ ကျော် ရောက်ရှိနေပြီး ကလေးတွေစာသင်ဖို့ လက်ရှိမြို့ပေါ်က စာသင် ကျောင်းဆောင်တွေမလုံလောက်တာကြောင့် […]

အပြည့်အစုံဖတ်ရန်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား တာဝန်မှရုတ်သိမ်းဖို့ USDP ကြိုးပမ်းချက်မအောင်မြင်

June 1, 2020

ဥက္ကဋ္ဌသည် ဥပဒေချိုးဖောက်ခဲ့သည်ဟုတပ်မတော်သားကိုယ်စားလှယ်ဝေဖန် အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဇွန် ၁ (မော်ကွန်း) ကိုယ်စားလှယ်များ၏ ဥပဒေကြမ်းနှင့် အဆို၊ မေးခွန်းတင်သွင်းမှုများအပေါ် ဥပဒေနှင့်မညီညွှတ်သည့် ဆောင်ရွက်ချက်များ ရှိသည့်ဟုဆိုကာ ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌကိုတာဝန်မှရုတ်သိမ်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ စွပ်စွဲပြစ်တင်ကြိုးပမ်းချက်ကို ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲများသည့် အတွက် ဥက္ကဋ္ဌကို တာဝန်မှ မရပ်စဲနိုင်ခဲ့ပေ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ဦးတီခွန်မြတ်ကို တာဝန်မှ ရုတ်သိမ်းပေးရန် အဆိုကို ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်က ပြီးခဲ့သည့် မေ ၂၈ အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးတွင် ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးခဲ့ကြသည်။ ဥက္ကဋ္ဌသည် ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်တင်သွင်းသည့် အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ […]

အပြည့်အစုံဖတ်ရန်

စမ်းချောင်းမြို့နယ် နန္ဒဝန်လမ်းရှိ လေးထပ်တိုက်အပေါ်ဆုံးထပ်ပြိုကျ လူသေဆုံးမှုမရှိ

June 1, 2020

တစ်လအတွင်း နှစ်ကြိမ်မြောက်တိုက်ပြိုခြင်းဖြစ် ရန်ကုန် – ၂၀၂၀ မေ ၃၀ (မော်ကွန်း) ဂေထော ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ နန္ဒဝန်လမ်းရှိ လေးထပ်တိုက်တစ်လုံး ယနေ့ည ၉ နာရီဝန်းကျင်ခန့်က ပြိုကျခဲ့ရာ လူသေဆုံးမှုမရှိကြောင်း စမ်းချောင်းတောင်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်ကပြောသည်။ “အကြီးစားပြင်ဆင်မှုတွေလုပ်ပါလို့ သူတို့ကိုခိုင်းထားတာ သူတို့ကမလုပ်တာ ကြာပြီ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက” ဟု ဦးမျိုးမြင့်ကပြောသည်။ အဆိုပါ ပြိုကျသည့်တိုက်တွင် အိမ်ထောင်စု (၁၂)စုရှိပြီး နေထိုင်သူ ၅၀ ဦးရှိကာ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရသူမရှိဟု ဦးမျိုးမြင့်ကပြောသည်။ မေလ ၂၁ ရက်ကလည်း တာမွေမြို့နယ်အတွင်းရှိ လေးထပ်တိုက်တစ်လုံးပြိုကျမှုဖြစ်ပွားခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် တစ်လအတွင်း နှစ်ကြိမ်မြောက်တိုက်ပြိုခြင်းဖြစ်သည်။ #Dailynews

အပြည့်အစုံဖတ်ရန်

EAO များအား COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းများပေးအပ်

May 25, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မေ ၂၅ (မော်ကွန်း)   အစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်ညှိနှိုင်းပူးပေါင်းရေးကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။   ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ပြုလုပ်ခဲ့သည်လှူဒါန်းပွဲတွင် ၎င်းကော်မတီဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက “ပြည်တွင်းပြည်ပက အဖွဲ့အစည်းများနဲ့ ချိတ်ဆက်တွေ့ဆုံဆွေးပြီး COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်၊ ထပ်မံရရှိပါက ထပ်မံပံ့ပိုးပေးရန် အစီအစဉ်များလည်းရှိပါတယ်” ပြောသည်။   အဆိုပါကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၇ ရက်တွင် ငြိမ်းချမ်းရေးကော်မရှင်မှ အဖွဲ့ဝင်လေးဦးဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းတာဝန်ခုနစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိသည်။   […]

အပြည့်အစုံဖတ်ရန်

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ယခင်နှစ်ထက် လျော့ကျ

May 21, 2020

အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ မေ ၂၁ (မော်ကွန်း) မိုးကြိုကာလများဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမှာ ယခင်နှစ်ကထက် လျှော့ကျသွားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကပြောသည်။ “မေ ၁၁ ရက်နေ့အထိဆို လျှော့ကျသွားတာ ဟုတ်ပါတယ်၊ ရှေ့နှစ်က ပျက်စီဆုံးရှုံးမှု နည်းနည်းပိုများပါတယ်၊ ဒီနောက်ပိုင်းရက်တွေကတော့ ကျွန်မတို့ နှိုင်းယှဉ်မကြည့်ရသေးပါဘူး”ဟု ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်မှ စတင်ပြီး နှစ်စဉ် လေပြင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုတစ်ခုအဖြစ် အိုးအိမ်များ လေပြင်းဒဏ်ခံနိုင်ရေးအားဖြည့် မွမ်းမံပြင်ဆင်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်လည်း တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုတွင် ငွေကျပ် ၃၈၄ သန်းကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းကပြောသည်။ […]

အပြည့်အစုံဖတ်ရန်

ကျပ်ငွေ ၁၅ ဘီလီယံနီးပါးသုံးစွဲရမည်ဖြစ်သောကြောင့် ခြေ/ဥပုဒ်မသုံးခုပြင်ဆင်ရန် ရွှေ့ဆိုင်း

May 21, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀ မေ ၂၁ (မော်ကွန်း) ပြင်ဆင်ဖို့အတည်ပြုထားတဲ့ အခြေခံဥပဒေပုဒ်မသုံးခုအတွက် လာမယ့်ရွေးကောက်ပွဲနဲ့အတူ ပူးတွဲပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမယ်ဆိုရင် ကျပ်ငွေ ၁၅ ဘီလီယံနီးပါး ပိုမိုကုန်ကျနိုင်တဲ့အတွက် ဒီပြင်ဆင်ရေးကိုရွှေ့ဆိုင်းထားဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့အကြံပြုချက်ကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့မှာ လက်ခံလိုက်ပါတယ်။ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(ဃ)ပါ “စစ်ရေး” ဆိုသည့် စကားရပ်အစား “ကာကွယ်ရေး” အဖြစ် အသုံးအနှုန်းပြောင်းဖို့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းမှာ ပြင်ဆင်ခဲ့တာပါ။ အခုသက်တမ်းမှာတော့ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)နဲ့(ခ)တိုမှာ ပြဌာန်း ထားတဲ့ “အိုမင်းမစွမ်းသူများ”၊ “ မသန်မစွမ်းသူများ” ဆိုတဲ့ စကားရပ်တွေအစား “သက်ကြီးရွယ်အိုများ”၊ “ မသန်စွမ်းသူများ” ဆိုပြီး ပြင်ဆင်ဖို့ အတည်ပြုထားတာဖြစ်ပါတယ်။ ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)မှာ ပြဌာန်းထားတဲ့ အခြေခံဥပဒေပါ ပုဒ်မများ ပြင်ဆင်ရေး သတ်မှတ်ချက်တွေအရ […]

အပြည့်အစုံဖတ်ရန်

ပဋိပက္ခများ ပိုမိုပြင်းထန်လာသည့်အတွက် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် ကမ္ဘာ့ဘဏ်ဆက်လက်ကူညီမည်

May 21, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မေ ၁၈(မော်ကွန်း) မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့် စီးပွားရေးပြောင်းလဲမှုများအတွက် ကမ္ဘာ့ဘဏ်အုပ်စုက ဖွံ့ဖြိုးရေးမဟာဗျူဟာ မူဘောင်အသစ် (၂၀၂၀-၂၀၂၃)အစီအစဉ်တွင် ပဋိပက္ခဒဏ်ခံရသည့်ဒေသများအပါအဝင် လူမှုပေါင်းစည်းပါဝင်ရေး (Social inclusion) နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများအပေါ် အလေးအနက်ထားပြီးဆက်လက်ကူညီသွားမည်ဟု ဆိုသည်။ ၂၀၁၁ အရပ်ဘက်အုပ်ချုပ်ရေးကူးပြောင်းချိန်မှစတင်ကာ လူမှုစီးပွားဘဝအခြေများတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုနှုန်းများ ကျဆင်းသွားခဲ့သော်လည်း တိုးတက်မှုကိုမခံစားရသော ပြည်သူများစွာကျန်ရှိနေပြီး ၎င်းတို့ထဲမှသုံးပုံတစ်ပုံမှာ ပဋိပက္ခ ဒဏ်ခံစားရသော ဒေသများဖြစ်သည်ဟု မေ ၁၈ ရက်ကကမ္ဘာ့ဘဏ်၏ သတင်းထုတ်ပြန်တွင်ဖော်ပြသည်။ ရခိုင်ပြည်နယ်နှင့် အခြားဒေသအချို့တွင် ပဋိပက္ခများ ပြင်းထန်လာသည့်အတွက် ငြိမ်းချမ်းရေးရရှိရန် အဟန့်အတား ဖြစ်နေခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပြည်သူတိုင်းရရှိခံစားနိုင်ရန်နှင့် တန်းတူညီမျှပြီး တည်ငြိမ်အေးချမ်းသည့် အနာဂတ်အား တည်ဆောက်နိုင်ရန် ပြည်သူအားလုံးအတွက် ရင်းနှီးမြှုပ်နှံပေးရန် လိုအပ်မည်ဖြစ်သောကြောင့် အသွင်ကူးပြောင်းရေးလုပ်ငန်းများအား ဆက်လက်ကူညီသွားမည်ဟု ကမ္ဘာ့ဘဏ်၏ […]

အပြည့်အစုံဖတ်ရန်

ပလက်ဝရှိ စစ်ဘေးရှောင်များအတွက် တဲအိမ်များ စတင်ဆောက်လုပ်

May 20, 2020

အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ မေ ၂၀(မော်ကွန်း) ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် တဲအိမ်များဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောသည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ တစ်သောင်းခန့်(၉,၃၃၇)အထိ ရှိနေပြီး ၎င်းတို့နေထိုင်ရန် ချင်းပြည်နယ်အစိုးရအစီအစဉ်ဖြင့် တဲအိမ်လေးများ ဆောက်လုပ်ပေးနေခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။ “ကျွန်တော်တို့ ရထားတဲ့ အလှူငွေလေးကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရပေါင်းစပ်ပြီးတော့ ဘတ်ဂျက်ချပေးလိုက်တယ်၊ အဲဒါနဲ့ အခုလက်ရှိဆောက်နေပါတယ်”ဟု ပြောသည်။ အလှူငွေ ကျပ်သိန်းပေါင်း ၂,၄၀၀ ခန့်ဖြင့် ဆောက်လုပ်ပေးနေခြင်းဖြစ်ပြီး ပေ ၁၀၀ x ပေ ၃၀ အခန်းရှည် ငါးလုံး ဆောက်လုပ်လျက်ရှိကာ လုံးချင်းအိမ်လေးများကိုလည်း ဆက်လက်ဆောက်လုပ်ပေးသွားမည်ဟု ၎င်းကဆိုသည်။ စစ်ဘေးရှောင်ပြည်သူတို့သည် ပလက်ဝမြို့နယ် ဆမီးမြို့၊ မီးဇာနှင့် စိမ်းစင်းဝတို့တွင် ယာယီခိုလှုံနေကြရပြီး စားသောက်ရေးအတွက် […]

အပြည့်အစုံဖတ်ရန်

ညမထွက်ရအမိန့်ချိုးဖောက်မှုကြောင့် နှစ်လအတွင်း ၄၅၅ ဦး တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရ

May 15, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀၊ မေ ၁၅ (မော်ကွန်း) ညမထွက်ရအမိန့်ချိုးဖောက်မှုကြောင့် နှစ်လအတွင်း ၄၅၅ ဦး တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။ “ အစိုးရက ကိုဗစ်ကာလမှာ ဥပဒေတွေ အမိန့်တွေထုတ်ပြန်ပြီးနောက်ပိုင်း တရာစွဲတာတွေ၊ ဖမ်းဆီးအရေးယူတာတွေ ရှိလာတဲ့အတွက် ဒီအမှုတွေကို မှတ်တမ်းလုပ်ပြီးထုတ်ပြန်လိုက်တာပါ” ဟု AAPP မှတ်တမ်းနှင့်သုတေသနဌာန ဒုတာဝန်ခံ မပိုင်ရည်မွှေးက ပြောသည်။ မတ်လမှ ဧပြီလအထိ COVID-19 တားဆီးထိန်းချုပ်ရေးနှင့် ဆက်နွယ်သည့် အမှုဖြစ်စဉ်များကို AAPP က မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ရာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၁၆၆ ဦးရှိသောကြောင့် […]

အပြည့်အစုံဖတ်ရန်

“သူ့မူ ကိုယ့်မူကို ကျွန်တော်တို့ ဘယ်လိုညှိကြမလဲဆိုတဲ့ညှိနှိုင်းရေးအပိုင်းကို ကျွန်‌တော်တို့က ပိုပြီးဖြစ်စေချင်တာပေါ့”

May 15, 2020

စောတာဒိုမူး ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အထွေထွေအတွင်းရေးမှူးချုပ်။ အောင်ထူးနိုင်မေးမြန်းသည်။ ရန်ကုန် – မေ ၁၅၊ ၂၀၂၀ (မော်ကွန်း) ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ မေ ၁၅ ရက်မှာ ကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်။ COVID-19 ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေချိန် သူတို့ထိန်းချုပ်နယ်မြေတွေအတွင်းမှာ တပ်မတော်ရဲ့ စစ်ရေးဆောင်ရွက်မှုအခြေအနေတွေ၊ နေရပ်စွန့်ခွာတိမ်းရှောင်မှုဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ကာလအတွင်း တပ်မတော်က အင်းအားတိုးချဲ့မှုတွေ လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ သူတို့ KNU အနေနဲ့တော့ လက်ရှိတည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်အကောင်အထည်ဖော် ထိန်းသိမ်းမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ စောတာဒိုမူးကို ဆက်သွယ်မေးမြန်းထားတာတွေထဲက တချို့ကို ထုတ်နှုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ ။ KNU […]

အပြည့်အစုံဖတ်ရန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှေးကွေးတုန့်ဆိုင်းနေဟု KNU ထုတ်ပြန်

May 15, 2020

အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ မေ ၁၅ (မော်ကွန်း) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှေးကွေးတုံ့ဆိုင်းမှုများ စဉ်ဆက်မပြတ်ကြုံတွေ့နေရပြီး COIVD – 19 ကပ်ရောဂါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ယာယီရပ်တန့်စေသည့်အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ထုတ်ပြန်ခဲ့သည်။ COVID -19 ကြောင့် အားလုံးက စိုးရိမ်နေကြရပြီး NCA ထိုးထားသော်လည်း ဒေသတည်ငြိမ်မှုမရှိသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အနှောက်ယှက်များစွာဖြစ်စေသည်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက မော်ကွန်းကိုပြောသည်။ ထို့ပြင် တပ်မ‌တော်ဘက်ကထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်လည်း ၎င်းတို့၏မူဝါဒများထက် NCA ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ကိုက်ညီသော အခြေခံမူများဖြင့်ပြင်ဆင်ပါက ပိုမိုသင့်တော်မည်ဟု ၎င်းက ရှင်းပြသည်။ “ နေရာတိုင်းမှာ သူ့မူ၊ ကိုယ့်မူက ရှိနေတော့ သူ့မူကိုယ့်မူနဲ့ပတ်သက်တဲ့အပိုင်းကို ကျွန်တော်တို့ ဘယ်လိုညှိကြမလဲဆိုတဲ့အပိုင်းကို ပိုပြီးဖြစ်စေချင်တာပေါ့၊ နောက်ပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေး […]

အပြည့်အစုံဖတ်ရန်
1 … 262 263 264 265 266 267 268 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."