သတင်းများ

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ မုဒိန်းမှုပိုကျူးလွန်ခံနေရ

May 14, 2020

ကျော်ဇေယျ ရန်ကုန်- ၂၀၂၀ မေ ၁၄ (မော်ကွန်း) အရွယ်ရောက်ပြီးသူတွေထက် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေဟာပိုပြီး အဓမ္မမှု ကျူးလွန်ခံနေရတယ်လို့ တရားရုံးနှစ်စဉ်အစီရင်ခံစာမှာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မုဒိန်းမှုပေါင်း ၃,၇၃၈ မှု ဖြစ်ပွားခဲ့ရာမှာ အဲဒီထဲက ၆၀ ရာခိုင်နှုန်းနီးပါး (၂,၁၇၀) ဟာ သက်ငယ်မုဒိန်းမှုတွေလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ တရားရုံးနှစ်စဉ်အစီရင်ခံစာတွေမှာ ဖော်ပြတယ်။ ၂၀၁၉ တရားရုံးနှစ်စဉ်အစီရင်ခံစာအရ သက်ငယ်မုဒိန်းမှုပေါင်း ၁,၀၅၀ မှုဖြစ်ပွားခဲ့ပြီး အရွယ်ရောက်သူတွေ အပေါ် ကျူးလွန်တဲ့ အမှုက ၇၆၆ မှုလို့ ဖော်ပြတယ်။ ဒါဟာ ၂၀၁၈ တုန်းက ဖြစ်ပွားခဲ့တဲ့ မုဒိန်းမှု အရေအတွက်နဲ့ ယှဉ်ရင် အနည်းငယ် လျော့ကျလာခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၈ မှာ သက်ငယ်မုဒိန်းမှုပေါင်း ၁,၁၂၀ မှု ဖြစ်ပွားခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

COVID-19 ကြောင့် အလုပ်အကိုင်မဲ့သွားတဲ့ မသန်စွမ်းအမျိုးသမီးများကို ငွေကြေးထောက်ပံမည်

May 13, 2020

ဗညားအေးကျော် ရန်ကုန်- ၂၀၂၀ မေ ၁၃ (မော်ကွန်း) COVID-19 ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ မသန်စွမ်းအမျိုးသမီးတွေကို လာမဲ့နှစ်လမှာ ငွေကြေးထောက်ပံ့သွားဖို့ရှိတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာက ဥက္ကဌဦးမြတ်သူဝင်းက ပြောပါတယ်။ ရှေ့ပြေးစီမံကိန်းအဖြစ် လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနဲ့ တောင်ဒဂုံမြို့နယ်က အလုပ်လက်မဲ့ဖြစ်သွားတဲ့ မသန်စွမ်းအမျိုးသမီးများထဲမှ အယောက် ၇၀ ကို စီစစ်ရွေးချယ်ပြီး လာမဲ့ ဇွန်၊ ဇူလိုင်တို့မှာ တစ်လကို ကျပ် ၁၂၀,၀၀၀ ထောက်ပံပေးမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ “ဒီကာလမှာ အလုပ်အကိုင်တွေလျှော့ခံရတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေရှိမှာပဲ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်လာရင် သူတို့နဲ့နွယ်တဲ့ မိသားစုတွေမှာလည်း ထိခိုက်မှုတွေ ရှိနိုင်တယ်။ အမျိုးသမီးမသန်စွမ်းတွေကပိုပြီးတော့ ထိခိုက်လွယ်သလို ခွဲခြားဆက်ဆံမှုကလည်းနှစ်ဆခံရတယ်။ ဒါကြောင့် အမျိုးသမီးမသန်စွမ်းကို ဦးစားပေး ထောက်ပံ့ဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။ ဘယ်အဖွဲ့အစည်းကမှ အထောက်အပံ့မရရှိသေးဘဲ […]

အပြည့်အစုံဖတ်ရန်

ကိုဗစ်ကာလ အလုပ်လက်မဲ့လျှော့ချရေး အထောက်အကူဖြစ်စေရန် ဆည်မြောင်းလုပ်ငန်းခွင်များတွင် အလုပ်ခန့်ထားမည်

May 13, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မေ ၁၃ (မော်ကွန်း) COVID – 19 ကပ်ရောဂါကြောင့် ပြည်တွင်းစီးပွားရေးတုံ့ဆိုင်းနေချိန်တွင် အလုပ်လက်မဲ့လျှော့ချရေး အထောက်အကူဖြစ်စေရန် ဆည်မြောင်းလုပ်ငန်းခွင်များတွင် လုပ်သားခန့်ထားပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း များ ပြုလုပ်မည့်ဆည်များတွင် အလုပ်သမားများကို ခေါ်ယူအလုပ်ပေးသွားမည်ဟု ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သဖန်းဆိပ်ဆည်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းထိုက်က “COVID ကာလအတွင်း တခြားအလုပ်ခွင်တွေမှာ မလုပ်နိုင်တဲ့အခြေအနေမှာ ကျွန်တော်တို့က ပုံမှန်လုပ်နေတဲ့အတွက် အဲဒီလိုအလုပ်သမားတွေအနေနဲ့ ကျွန်တော်တို့ဆီကို ဆက်သွယ်ပြီး လုပ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ ကြေညာတာပါ” ဟု ပြောသည်။ အလုပ်သမားအရေအတွက်ကို ကန့်သတ်ထားမှုမရှိဘဲ ဒေသခံများ၏ လာရောက်စာရင်းပေးမှုအပေါ် မူတည် ကာ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မွန်ပြည်နယ်ဝန်ကြီးချုပ် မှားယွင်းတင်ပြ

May 5, 2020

ဂေထော မုဒုံ – ၂၀၂၀ မေ ၅ (မော်ကွန်း) ရေးမြို့နယ်ရှိ ဆေးရုံများတွင် အသက်ရှူစက်(Ventilator)နှစ်လုံးရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို မှားယွင်းတင်ပြခဲ့သည်ဟု ရေးမြို့ဒေသခံများက ဆိုသည်။ ယနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့် Video conferencing လုပ်ရာတွင် ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့သည့်အပေါ် ဝေဖန်ကြခြင်းဖြစ်သည်။ “သထုံမြို့မှာလည်း Ventilator ရှိပါတယ်။ Ventilator နှစ်ခုရှိပါတယ်။ ကျွန်တော်တို့ရေးမြို့နယ်မှာလည်း Ventilator နှစ်ခုရှိပါတယ်။ ကျွန်တော်တို့ ဒီ COVID နဲ့ ပတ်သက်ပြီးတော့ အ‌ခြေအနေဆိုးလာရင် ကုသနိုင်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါတယ်”ဟု ၎င်းကဖြေကြားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ရေးမြို့နယ်၊ လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းကို မေးမြန်းကြည့်ရာ “ ကျန်းမာရေးဦးစီးဌာနက ဖြန့်ဝေတာလည်းမရှိဘူး၊ နိုင်ငံတော်အစိုးရကနေ […]

အပြည့်အစုံဖတ်ရန်

တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်ရန်နှင့် ခိုးဝင်မြန်မာဖမ်းပေးလျှင် ဆုငွေပေးမည်ဟု တရုတ်ဒေသန္တရအစိုးရထုတ်ပြန်

April 24, 2020

အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ ဧပြီ ၂၄ (မော်ကွန်း) တရုတ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ မဝင်ရောက်ရန်နှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့် မြန်မာများကို ဖမ်းပေးပါက ယွမ်တစ်ထောင်ဆုငွေပေးမည်ဟု တရုတ်နိုင်ငံ ရွှေလီအစိုးရက ယနေ့ထုတ်ပြန်လိုက်သည်။ တရုတ်နယ်စပ်အရေးပေါ်ညွှန်ကြားချက်ဟုဆိုသည့် ၎င်းထုတ်ပြန်ချက်တွင် နယ်စပ်ဖြတ်ကျော်ခွင့်ကို ရက် ၆၀ ကန့်သတ်ထားပြီး မြန်မာနိုင်ငံ၏ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်၍ ကန့်သတ်ကာလထပ်တိုးမည်၊ ရွာသားတစ်ဦးကျူးလွန်လျင် တစ်ရွာလုံးခံစားခွင့်ရနေသည့် ထောက်ပံ့ကြေးများကို ဖြတ်တောက်မည်၊ မလိုက်နာပါက ထောင်ဒဏ်အထိအရေးယူခံရမည့်အပြင် ရောဂါကူးစက်လာပါက ကြီးလေးသော ပြစ်ဒဏ်ပေးခြင်း ခံရမည်ဟုဆိုသည်။ ထို့ပြင် နယ်စပ်ဖြတ်ကျောခိုးဝင်လာသည့် မြန်မာများအားဖမ်းဆီးပေးနိုင်ပါက ယွမ်တစ်ထောင် ဆုငွေပေးမည်ဟုလည်းပါရှိသည်။ ရွှေလီမြို့အခြေစိုက် မိုးမခဖောင်ဒေးရှင်း နာယက ဒေါ်မိုးမခက “ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း ရောဂါကူးစက်မှုနှုန်းက များလာတာဆိုတော့ သူတို့ အဝင် အထွက်တွေ အကုန်လုံးပိတ်လိုက်တာဟာ ကျန်းမာရေးအတွက်လို့ပဲ ထင်ပါတယ်” ဟု ပြောသည်။ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ရှိ တိရိစ္ဆာန်များကို ပုံမှန်အတိုင်း အစာကျွေးထား

April 24, 2020

အောင်ထူးနိုင်၊ ထက်မြတ်အောင် ရန်ကုန်-၂၀၂၀ ဧပြီ ၂၄ (မော်ကွန်း) COVID-19 ရောဂါကြောင့် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို မတ် ၂၆ ရက်ကတည်းက ပိတ်ထားခဲ့ရသောကြောင့် တိရိစ္ဆာန်များအတွက် အစာလုံလောက်မှုရှိပါ့မလားဆိုသည့် စိုးရိမ်စိတ်များ ရှိနေသော်လည်း အစာကို ပုံမှန်အတိုင်းကျွေးထားကြောင်း ရန်ကုန်တိရိစ္ဆန်ဥယျာဉ် စီမံမန်နေဂျာ ဦးမျိုးကျော်သူက ပြောသည်။ “ ပုံမှန် နေ့စဉ် မနက် ကိုးနာရီတစ်ကြိမ်၊ ညနေ သုံးနာရီတစ်ကြိမ် အရင်ကတည်းက သတ်မှတ်ထားတဲ့ ရိက္ခာ အမျိုးအစား၊ ပမာဏ၊ အရည်အသွေးအတိုင်း ကျွန်တော်တို့ အခုအချိန်ထိ နေ့စဉ် ပုံမှန်ကျွေးမွေးနေပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် အလှူရှင်တချို့က တိရိစ္ဆာန်များအတွက် အစာကို ပမာဏတစ်ခုအနေဖြင့် လာရောက်လှူဒါန်းကြသူများ ရှိပြီး ထိုအစာများကို ဆရာဝန်နှင့်စစ်ဆေးပြီးပါက ဥယျာဉ်ဝန်ထမ်းမှတစ်ဆင့် ကျွေးခွင့်ပြုထားသည်ဟု ဦးမျိုးကျော်သူက […]

အပြည့်အစုံဖတ်ရန်

ဆန်ပြတ်လပ်မှုနဲ့ကြုံနေရပြီလို့ ပလက်ဝဒေသခံတွေပြော

April 23, 2020

ဗညားအေးကျော် ရန်ကုန်- ၂၀၂၀ ဧပြီ ၂၃ (မော်ကွန်း) စစ်ရေးပဋိပက္ခအရှိန်မြင့်တတ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်မှာ ဆန်ပြတ်လပ်မှု စတင်ကြုံနေရပြီလို့ ဒေသခံတွေနဲ့အာဏာပိုင်တွေက ပြောပါတယ်။ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲအရှိန်တွေမြင့်တတ်လာတာကြောင့် အရပ်သားသေဆုံးမှုတွေ ဖြစ်ပေါ်နေသလို ရိက္ခာသယ်ယူရေးလမ်းကြောင်းတွေ ပိတ်ဆို့နေတာလည်းကြာခဲ့ပြီလို့ ဒေသခံတွေက ပြောကြတယ်။ “ ဒုက္ခက တောက်လျှောက်ဒုက္ခဖြစ်နေမှာပဲ။ ဖြန့်ဝေပေးရေးကလည်း သမင်မွေးရင်းကျားစားရင်းလို ဖြစ်မှာပေါ့။ ထောက်ပံ့လိုက်၊ စားလိုက်၊ ကုန်သွားလိုက်နဲ့ ဒီလိုပဲဖြစ်နေမှာ။ စိုက်ပျိုးရေးမှမလုပ်နိုင်တာကို၊ ဒီနှစ်မစိုက်နိုင်ရင် နောက်နှစ်တစ်နှစ် ဒုက္ခရောက်သွားပြီဆိုတာ ကြိုမှန်းလို့ရတာပေါ့” လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။ ဒေသခံတွေရဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေဟာ တိုက်ပွဲတွေကြောင့်ရပ်တန့်နေပြီး ဒေသတွင်းရိက္ခာလိုအပ်ချက်ကို ပိုမိုခက်ခဲလာစေမယ့်လို သူကခန့်မှန်းပါတယ်။ လတ်တလောမှာ ချင်းပြည်နယ်အစိုးရက ထောက်ပံ့ပေးလိုက်တဲ့ ဆန်အိတ် ၈၂၀ ရောက်လာပေမယ့် […]

အပြည့်အစုံဖတ်ရန်

ပလက်ဝနဲ့အနီးတစ်ဝိုက် လက်နက်ကြီးကျည်များကျရောက်၊ သုံးဦးသေဆုံး

April 22, 2020

ဗညားကျော် ရန်ကုန် -၂၀၂၀ ဧပြီ ၂၂ (မော်ကွန်း) ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နဲ့အနီးတစ်ဝိုက်က ရွာတွေပေါ်ကို ဒီနေ့မနက်ပိုင်းက လက်နက်ကြီးကျည်ဆန်တွေကျလို့ လူသုံးဦးသေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “ တဒိန်းဒိန်းချနေတာ။ မြို့ထဲမှာ လူသုံးယောက်သေသွားပြီ၊ ဘဏ်ရုံးအနီးမှာ” လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။ ဘဏ်တစ်ခုရဲ့ အနောက်ဘက်မှာ သွားရောက်ပုန်းခိုးနေတဲ့ သူတွေထံကို လက်နက်ကြီးကျည်ဆန်ကျရောက် ပေါက်ကွဲတာကြောင့် အခုလို သေဆုံးမှုဖြစ်ခဲ့တာလို့ သူကပြောပါတယ်။ မော်ကွန်းကမေးမြန်းနေစဉ်မှာပဲ ကျရောက်ပေါက်ကွဲသံတွေကြားနေရပြီး အုပ်ချုပ်ရေးမှူးက ဖုန်းချသွားခဲ့ပါတယ်။ ပလက်ဝမြို့ရဲ့တစ်ဖက်ကမ်း ကုလားတန်မြစ်ဘေးက ကျေးရွာဖြစ်တဲ့ မီးလက်ဝကျေးရွာထဲကိုလည်း လက်နက်ကြီး ကျည်ဆန်တွေ ဒီနေ့တစ်နေကုန် ဆက်တိုက်ကျခဲ့တယ်လို့ အဲဒီရွာက ဒေသခံတွေက ပြောပါတယ်။ ယခုအခါ ရွာသားတွေဟာ ကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာ ပုန်းခိုနေကြပြီး ဒီနေ့တစ်နေကုန် […]

အပြည့်အစုံဖတ်ရန်

COVID – 19 နှင့်ပတ်သက်သည့် တရားဝင် ပြောခွင့်ရပုဂ္ဂိုလ် ဖုန်းပိတ်ထားခြင်းကြောင့် တရားဝင်သတင်းမှန်အချိန်မီရရန်အခက်တွေ့

April 14, 2020

ဂေထော မုဒုံ၊ ၂၀၂၀ ဧပြီ ၁၄ (မော်ကွန်း) COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ်ရာ ဖုန်းပိတ်ထားသောကြောင့် တရားဝင်သတင်းအချက်အလက်အမှန် ရရှိရန် အခက်တွေ့လျက်ရှိသည်။ ယမန်နေ့မှစတင်ကာ ရောဂါပိုးတွေ့ရှိသူဦးရေ ယခင်ရက်များထက်များပြားလာပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ရောဂါပိုးတွေ့ရှိသည့်ပုဂ္ဂိုလ်များ၊ ခရီးသွားရာဇဝင်များ၊ ၎င်းတို့နေထိုင်ရာများနှင့်ပတ်သက်၍ သတင်းမျိုးစုံထွက်ပေါ်ခဲ့သည်။ ၎င်းကိစ္စရပ်များနှင့်ပတ်သက်ပြီး တရားဝင်အတည်ပြုမေးမြန်းရန် တရားဝင်ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသာထွန်းကျော်ကိုဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားခြင်းနှင့်သာကြုံတွေ့ရသည်။ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ် ၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွန်ချက်များနှင့်အညီ အကောင်ထည်ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အများပြည်သူနှင့် သတင်းမီဒီယာများကို ဆက်သွယ်အသိပေးပြောကြားရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ယင်းဌာနမှ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်အား ဆက်သွယ်ရမည့်ဖုန်းနံပါတ်နှင့်တကွ မတ် ၃၀ ရက်က တာဝန်ပေးအပ်ခဲ့သည်။ ထို့ကြောင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးထံ […]

အပြည့်အစုံဖတ်ရန်

Quaratine ၁၄ ရက်ပြည့်၍ နေရပ်သို့ပြန်သွားချိန်မှ COVID-19 တွေ့ရှိကြောင်း လူနာအမှတ် ၂၉ အားအတည်ပြု

April 11, 2020

ဂေထော မုဒုံ၊ ၂၀၂၀ ဧပြီ ၁၁ (မော်ကွန်း) COVID-19 လူနာအမှတ်၂၉ သည် Quarantine ၁၄ ရက်ပြည့်ပြီး တောင်ကြီးမြို့သို့ပြန်သွားသည့်အခါမှ ပိုးတွေ့လူနာအဖြစ် အဖြေရလာဒ်သိရကြောင်း ရှမ်းပြည်နယ်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က ပြောသည်။ ၎င်းလူနာသည် မတ် ၂၈ ရက်တွင် အင်္ဂလန်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး မင်္ဂလာဒုံမြို့နယ်တွင် အသွားအလာကန့်သတ်မှုခံယူခဲ့ကာ ဓါတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့သည်။ အသွားအလာကန့်သတ်မှု ၁၄ ရက်ပြည့်သည့်အတွက် နေရပ်သို့ပြန်သွားစဉ် ပိုးတွေ့ရှိရကြောင်း ဓါတ်ခွဲစမ်းသပ်မှုအဖြေထွက်ခဲ့ခြင်းဖြစ်သည်။ “ သူတို့က ကလောတောင်ကျော်နေပြီဆိုတော့ တောင်ကြီးက စဝ်စံထွန်း(ဆေးရုံ)ကိုပဲဆက်ထားဖို့ဆိုပြီး လုပ်လိုက်တာပါ”ဟု ၎င်းက ပြောသည်။ လူနာ၏ မိခင်နှင့် အစ်မဖြစ်သူကို စဝ်စံထွန်းဆေးရုံ၌ Hospital Quaratine ထားရန် လောဆယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်အထွေအထွေအုပ်‌ချုပ်ရေးမှူးများက […]

အပြည့်အစုံဖတ်ရန်

ပလက်ဝသို့ စစ်ဘေးရှောင် ၅၀၀ ခန့် ရောက်ရှိလာ၊ ဆန်နှင့် နေထိုင်စရာ အခက်အခဲရှိနေ

April 9, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဧပြီ ၉(မော်ကွန်း) တပ်မတော်နှင့် ရခိုင်တပ်တော်(AA) တို့၏ တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကျေးရွာတချို့မှ လူဦးရေ ၅၀၀ ခန့်သည် ပလက်ဝမြို့ပေါ်သို့ည ဧပြီ ၉ ရက် နံနက်ပိုင်းတွင် တိမ်းရှောင်လာကြောင်း ၎င်းတို့ကို ကူညီပေးနေသူက ပြောသည်။ ယခု ရောက်လာသူများမှာ ပလက်ဝမြို့နယ်ရှိ စိမ်းစင်းရွာ၊ သူဌေးကုန်းရွာ၊ ငဗွီရွာနှင့် ရုပ်ဝရွာများတွင် နေထိုင်သူများ ဖြစ်ကြောင်း ၎င်းတို့ကို ကူညီပေးနေသူ ပလက်ဝဒေသခံ ဆလိုင်းအိုက်ထွန်းမင်းက ပြောသည်။ “ပလက်ဝမြို့ပေါ်မှာ ရှိတဲ့ အထက ကျောင်းမှာ ထားထားတယ်၊ မနေ့က ဆမီးနဲ့နီးတဲ့ရွာတွေကလည်း ဆမီးဘက်ကို ရွေ့တယ်လို့ ကြားပါတယ်၊ ပလက်ဝနဲ့ နီးတဲ့ရွာတွေက ပလက်ဝဘက်ကို ရွေ့လာတာပါ” ဟု ၎င်းက […]

အပြည့်အစုံဖတ်ရန်

ကွယ်လွန်သူ လူနာအမှတ် ၁၇ ၏ ကလေးငယ်များအား ၎င်းတို့မိခင်ရှိရာ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသနိုင်ရန်စီစဉ်နေ

April 8, 2020

ဂေထော မုဒုံ – ၂၀၂၀ ဧပြီ ၈ (မော်ကွန်း) ယနေ့မနက်ပိုင်းက ကွယ်လွန်သွားသည့် လူနာအမှတ် ၁၇ ၏ သား၊ သမီးနှင့် တူမတို့ကို မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသပေးနိုင်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ကပြောသည်။ လူနာအမှတ် ၁၅ ထံမှ ၎င်း၏ခင်ပွန်း၊ သား၊ သမီးနှင့်တူမထံသို့ကူးစက်ပြီး ခင်ပွန်းဖြစ်သူမှာ ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားသောကြောင့် ကျန်ရစ်ခဲ့သည့် ကလေးငယ်များအား ၎င်းတို့၏မိခင်ဆေးကုသမှုခံယူနေသည့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန် လူမှုရေးရှုထောင့်အရ ကူညီရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ဒါက လူမှုရေးက ကြည့်တဲ့ ရှုထောင့်ပေါ့။ ပြည်မှာရှိတဲ့ ကော်မတီက ဒါလူမှုရေးအရ ကလေးတွေ အဖေမရှိတဲ့နောက်မှာ သူတို့ အမေနဲ့ ရှိစေချင်တာမျိုး […]

အပြည့်အစုံဖတ်ရန်
1 … 263 264 265 266 267 268 269 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."