သတင်းများ

ကပ်ရောဂါ ကူးစက်ပျံ့ပွားမှာ စိုးရိမ်တဲ့အတွက် အလုပ်ပိတ်ပေးဖို့ BYMA ကုမ္ပဏီ အလုပ်သမားတွေ ဆန္ဒပြတောင်းဆို

March 31, 2020

အောင်ထူးနိုင် ၊ ထက်မြတ်အောင် ရန်ကုန် – ၂၀၂၀ မတ် ၃၁ ရန်ကုန်မြို့ အလံပြဘုရားလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်မှာရှိတဲ့ BYMA Myanmar Limited ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ အလုပ်သမား နှစ်ထောင်ကျော်က ကပ်ရောဂါ ကူးစက်ပျံ့ပွားမှာ စိုးရိမ်တဲ့အတွက် ဧပြီလတစ်လလုံး အလုပ်ပိတ်ပေးဖို့ မတ် ၃၁ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ “လူစုလူဝေးဖြစ်နေလို့ ကျွန်တော်တို့က တောင်းဆိုတာ၊ တောင်းဆိုလို့ ဒီအလုပ်ကို မလာဘဲနေပြန်ရင်လည်း ကျွန်တော်တို့ အောက်ခြေလူတန်းစားတွေက ငတ်မှာ၊ ဒါကြောင့် လစာကို ပေးပေးပါ။ တစ်လတော့ နားခွင့်ပေးပါ။ အဲဒီလိုမျိုး တောင်းဆိုတာပါ”လို့ အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လက်သမားလုပ်နေသူ ဦးဆန်းလွင်က ပြောပါတယ်။ BYMA Myanmar Limited က Grand မီးရထားဝင်းထဲမှာ ဆောက်လုပ်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ဆူးလေနှင့် ဗိုလ်တထောင်စေတီပိတ်၊ ရွှေတိဂုံ မနက် ၁၀ မှ နေ့လည် ၃ နာရီထိသာ ဖူးမျှော်ခွင့်ပြု

March 31, 2020

သတင်းနှင့်ဓါတ်ပုံ ဂေထော ရန်ကုန် – ၂၀၂၀ မတ် ၃၁ (မော်ကွန်း) COVID – 19 ရောဂါကို ကာကွယ်ဖို့ ရန်ကုန်မြို့က ဆူးလေနဲ့ ဗိုလ်တထောင်စေတီတော်ကို ၂၈ ရက်နေ့က စတင် ပိတ်ထားလိုက်ပြီး ရွှေတိဂုံစေတီတော်ကိုတော့ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီထိသာ ဖူးမျှော်ခွင့်ပြုပါတော့တယ်။ ဗိုလ်တထောင်စေတီအတွင်းမှာရှိတဲ့ ဈေးဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်မှ ATM စက်ကိုလည်း ၂၅ ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပါပြီ။ လူစုလူဝေးပြုလုပ်တာတွေနဲ့ လူထူထပ်တဲ့နေရာတွေကို သွားလာတာရှောင်ကျဉ်ပြီး အိမ်မှာသာ နေဖို့ အစိုးရကညွှန်ကြားထားပါတယ်။ မနေ့ညက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းများအရ COVID – 19 ရောဂါကူးစက်ခံရသူပေါင်း ၁၄ ဦးရှိပြီး ဒီနေ့ မနက်ပိုင်းက တစ်ဦးကွယ်လွန်သွားပြီဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

COVID – 19 လူနာအမှတ်(၅) ယနေ့နံနက် ကွယ်လွန်

March 31, 2020

ရန်ကုန်-၂၀၂၀ မတ် ၃၁ (မော်ကွန်း) COVID-19 လူနာအမှတ်(၅)၊ အသက် (၆၉) အရွယ် အမျိုးသားသည် ယနေ့နံနက်ပိုင်းက ဝေဘာဂီဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ အဆိုပါလူနာသည် နှာခေါင်းကင်ဆာရောဂါအခံရှိသူဖြစ်ပြီး ကွယ်လွန်သည့်ရောဂါအား အတည်ပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနာ ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးနှင့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးတို့အား ဖုန်းဖြင့်ဆက်သွယ်ရာ မရရှိခဲ့ပေ။ သို့သော် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး၏ Facebook လူမှုကွန်ရက် စာမျက်နှာများတွင် လူနာအမှတ်(၅) ကွယ်လွန်ကြောင်း ရေးသားထားကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။ ယမန်နေ့ကလည်း လူနာအမှတ်(၅) သေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အတည်ပြုရန် ၎င်းနေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက သတင်းအမှားသာဖြစ်ကြောင်း မော်ကွန်းကို ဖြေကြားခဲ့သည်။ လက်ရှိအချိန်တွင် COVID – 19 ကူးစက်ခံရသူ စုစုပေါင်း ၁၄ […]

အပြည့်အစုံဖတ်ရန်

COVID – 19 လေးဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း ၁၄ ဦးဖြစ်လာ

March 30, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ မတ် ၃၀ (မော်ကွန်း) COVID – 19 ဓါတ်ခွဲအတည်ပြုလူနာအမှတ် ၈ ဧည့်လမ်းညွှန်အဖြစ်ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသားသုံးဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးတွင် COVID – 19 ရောဂါပိုးထပ်မံတွေ့ရှိရသောကြောင့် စုစုပေါင်း ၁၄ ဦးရှိလာပြီဖြစ်သည်။ လူနာအမှတ် ၈ လမ်းညွှန်ခဲ့သည့် ပြင်သစ်နိုင်ငံသားလေးဦးအား ရန်ကုန်မြို့ရှိဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်စောင့်ကြပ်ကာ မနေ့က ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ သုံးဦးတွင် ရောဂါပိုးတွေ့ရှိရခြင်းဖြစ်သည်ဟု ယနေ့ည ၇:၃၀ က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၁၄ မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တာချီလိတ်မြို့သို့ မတ် ၂၅ တွင် ရောက်ရှိပြီး နှစ်ညတည်းခိုခဲ့သည်။ ထိုမှတစ်ဆင့် မန္တလေးသို့လေကြောင်းဖြင့်လည်းကောင်း၊ ထိုမှတစ်ဆင့် ကျောက်မဲမြို့သို့ ကားဖြင့်လည်းကောင်းပြန်လည်ရောက်ရှိခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

COVID – 19 စစ်ဆေးသည့် Test Kits ငါးထောင် မြန်မာနိုင်ငံအတွက် UN ဝယ်ယူလျက်ရှိ

March 30, 2020

အောင်ပိုင် ရန်ကုန် – မတ် ၃၀၊ ၂၀၂၀ (မော်ကွန်း) မြန်မာနိုင်ငံအား COVID – 19 စစ်ဆေးသည့် Test Kits ငါးထောင်ထောက်ပံ့ ရန် ကုလသမဂ္ဂက ဝယ်ယူလျက်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ယနေ့သတင်းထုတ်ပြန်သည်။ “ဘယ်နိုင်ငံကမှာတဲ့ Test Kits တွေလည်းဆိုတာတော့ ကျွန်တော်လည်သေချာမသိသေးဘူး။ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲ UNOPS ၊ UNICEF ၊ WFP နဲ့ UNHRC တို့က စုပေါင်းပြီး ဝယ်ယူထောက်ပံ့တာပါ။ နောင်လည်း PEE တွေ၊ လိုအပ်တဲ့ ကိရိယာပစ္စည်းတွေ ထောက်ပံ့ပေးသွားဦးမှာပါ” ဟု မြန်မာနိုင်ငံရှိကုလသမဂ္ဂရုံးမှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံများအားလုံး COVID – 19 […]

အပြည့်အစုံဖတ်ရန်

ပိုးတွေ့ လူနာ နံပါတ် ၅ သေဆုံးပြီဆိုသည်မှာ သတင်းအမှားသာဖြစ်

March 30, 2020

အောင်ပိုင် ရန်ကုန် – မတ် ၃၀၊ ၂၀၂၀ (မော်ကွန်း) မင်္ဂလာတောင်ညွန့်မြို့နယ်မှ COVID – 19 ရောဂါပိုးတွေ့သူ အသက် ၆၉ နှစ်အရွယ် နံပါတ် ၅ လူနာ သေဆုံးပြီဆိုသည်မှာ မဟုတ်မမှန်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက် ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ယနေ့နေ့လယ်ပိုင်းတွင် မော်ကွန်းကိုပြောသည်။ “သတင်းအမှားတွေပါ။ သူက ခုချိန်အထိ ဝေဘာဂီဆေးရုံမှာ။ မနေ့ညက အတူနေ သူ့သား နံပါတ် ၁၀ ထပ်တွေ့တယ်။ သူ့ကို ဆေးရုံလိုက်တင်တဲ့သား။ ကျန်တဲ့မိသားစုဝင်တွေကို ဆေးစစ်တော့ အကုန် ကျန်းကျန်းမာမာပဲရှိပါတယ်။” ဟု ၎င်းက ပြောသည်။ ထို့အပြင် လူနာနေထိုင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် ၁၀၁ လမ်းမှ တစ်တိုက်လုံးကိုလည်း အဝင်အထွက်မပြုလုပ်ရန် ၂၇ ရက်ကတည်းက ကန့်သတ်ထားပြီးဖြစ်သည်ဟု […]

အပြည့်အစုံဖတ်ရန်

COVID-19 သည် ပြည်တွင်းတွင် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေပြီဟု ဝန်ကြီးဌာနထုတ်ပြန်

March 29, 2020

ရန်ကုန်-၂၀၂၀ မတ် ၃၀ ၁၀ ရက်အတွင်း ထိုင်းနိုင်ငံဘက်က တရားဝင် ပြန်ဝင်လာသူတွေ များပြားပြီး မြန်မာနိုင်ငံအနှံ့ကို ပျံ့နှံ့ ရောက်ရှိနေတဲ့ ထိုသူတွေမှာ COVID-19 ရောဂါကူးစက်ခံရ နိုင်သူတွေ ပါဝင်လာနိုင်ချေ များတဲ့ အတွက် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေပြီဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၉ ည ၁၁ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။ မတ် ၂၉ ည ၉ နာရီမှာ ထုတ်ပြန်တဲ့ ရောဂါပိုးတွေ့ရှိသူ နှစ်ဦးအနက် တစ်ဦးဟာ ထိုင်းနိုင်ငံက ပြန်လာသူလို့ ဝန်ကြီးဌာနက ဖော်ပြအပြီးမှာ အခုလို သတိပေးချက်ကို ထပ်မံ ထုတ်ပြန်တာပါ။ အခုအချိန်အထိ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာCOVID-19ကူးစက်ခံထားရသူနှစ်ဦးထပ်တွေ့

March 29, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀ မတ် ၂၉ (မော်ကွန်း) ရန်ကုန်မှာ နောက်ထပ် COVID-19 ရောဂါပိုးကူးစက်ခံထားရသူ မြန်မာနိုင်ငံသားနှစ်ဦး ထပ်တွေ့ရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီည ၁၀ နာရီခွဲမှာ ကြေညာပါတယ်။ ဒါကြောင့် ရန်ကုန်မှာ ဒီရောဂါပိုး ကူးစက် ခံရသူ ခုနှစ်ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာနေတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားမှာ ရောဂါပိုးကူးစက်ခံထားရတာဖြစ်ပြီး ထိုင်းနိုင်ငံက ပြန်လာတဲ့ ထိုသူဟာ မတ် ၂၃ မှာ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်ကဝင်လာခဲ့ကာ မတ် ၂၆ မှာ မင်္ဂလာဒုံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုနေ့မှာပဲ ဖျားနာတာ၊ ချောင်းဆိုးတာတွေဖြစ်တာကြောင့် ပုလဲမြို့သစ် ပြည်သူ့ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ဆေးကုသမှုခံယူကာ ဓါတ်ခွဲနမူနာပေးပို့စစ်ဆေးခဲ့တာလို့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်တွင် COVID-19 ပိုးကူးစက်ခံရသူနှစ်ဦးထပ်တွေ့

March 29, 2020

ရန်ကုန်-၂၀၂၀ မတ် ၂၉ (မော်ကွန်း) COVID-19 ရောဂါပိုး ထပ်မံ ကူးစက်ခံရသူ နှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးမှာ ထပ်မံတွေ့ရှိရတယ်လို့ ဒီနေ့ည ၁၀ နာရီခွဲ မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မင်္ဂလာဒုံမြို့နယ်နဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်က အမျိုးသားနှစ်ဦးမှာ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပြီး ယနေ့ညအထိ ရောဂါပိုးကူးစက်ခံထားရသူ ၁၀ ဦးအထိ တွေ့ရှိပြီ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ထပ်မံတင်ပြပါ့မယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

Covid-19 တွေ့ရှိမှုအခြေအနေ

March 29, 2020

၂၉.၃.၂၀၂၀ ပိုးတွေ့လူနာ‌- ၁၀ ဦး #Dailynews

အပြည့်အစုံဖတ်ရန်

COVID-19ပိုးကူးစက်ခံရသူရှစ်ဦးနဲ့ထိတွေ့ခဲ့သူ ၄၇၀ ကျော်ရှိတယ်လို့ပြည်ထောင်စုဝန်ကြီးပြော

March 29, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀ မတ် ၂၉ (မော်ကွန်း) COVID-19 ရောဂါပိုးကူးစက်ခံရသူရှစ်ဦးနဲ့ ထိတွေ့ခဲ့သူဦးရေဟာ ၄၇၀ ကျော်ရှိပြီး ထိုသူတွေကို အသွားအလာ ကန့်သတ် စောင့်ကြည့်မှု ပြုလုပ်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒီကနေ့ နေပြည်တော်မှာ ဗီဒီယိုကနေတဆင့်ကျင်းပတဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၄၄/၂၀၂၀) မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာပါ။ ထိုရှစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ငါးဦး၊ မန္တလေးတိုင်းဒေသကြီးမှာတစ်ဦး၊ ချင်းပြည်နယ်မှာတစ်ဦးနဲ့ နေပြည်တော်ကောင်စီက တစ်ဦး တို့ကို COVID-19 ရောဂါပိုး ကူးစက်ထားတာ ဖြစ်ပါတယ်။ ဒါအပြင် ထိုင်းနိုင်ငံကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်နေတဲ့ မြို့နယ်အလိုက် မြေပုံတွေ ရေးဆွဲ ဆောင်ရွက်ရမယ်လို့ ဝန်ကြီးက အစည်းအဝေးမှာ တာဝန်ရှိသူတွေကို မှာကြားပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရောဂါပိုးရှိသူ သုံးဦးထပ်တွေ့၊ ပိုးတွေ့လူနာရှစ်ဦးအထိရှိလာ

March 28, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ မတ် ၂၈ (မော်ကွန်း) လူနာသုံးဦးတွင် COVID – 19 ရောဂါပိုးထပ်မံတွေ့ရှိသည်ဟု ယနေ့နံနက်အစောပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထို့ကြောင့် နိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံထားရသူ ရှစ်ဦးအထိရှိလာပြီဖြစ်သည်။ ထုတ်ပြန်သည့် လူနာသုံးဦးတွင် ပထမတစ်ဦးမှာ ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်ခံထားရသူ ရန်ကုန်တိုင်း၊ အင်းစိန်မြိ့နယ်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကနဦး သုံးယောက်မြောက်ရောဂါပိုးတွေ့ထားသူနှင့် အတူ အင်္ဂလန်နိုင်ငံမှ ပြန်လာသူဖြစ်သည်။ ဒုတိယမြောက်လူနာမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသပေးနေသာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးဖြစ်ပြီး ၁၄ ရက်အတွင်း ပြည်ပခရီးသွားမှတ်တမ်းရှိမထားသော်လည်း ပြင်သစ်နိုင်ငံသားခရီးသွားများကို ဧည့်လမ်းညွှန်လုပ်ထားသည့် မှတ်တမ်းရှိသည်။ နောက်ဆုံးတစ်ဦးမှာ နေပြည်တော်ကုတင် […]

အပြည့်အစုံဖတ်ရန်
1 … 265 266 267 268 269 270 271 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."