သတင်းများ

ဖားကန့်မြေပြိုမှု ထပ်မံဖြစ်ပွား၊ လူထိခိုက်မှုမရှိ

July 20, 2020

ဂေထော ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၂၀ (မော်ကွန်း) ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ်၊ ဝှေခါရွာမှ ယခင်ပြိုကျခဲ့သည့် ကျောက်မျက်လုပ်ကွက်၌ ယနေ့ နံနက် ၃ နာရီကျော်က မြေပြိုကျမှုထပ်မံဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ဖားကန့်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးပြေငြိမ်းက မော်ကွန်းသို့ပြောသည်။ “မိုးရွာလိုက်၊ နေပူလိုက်ဖြစ်တာကြောင့်လည်းပါတယ်။ ဟိုတလောကဖြစ်တဲ့မြေစာတွေရေထဲကျပြီးတော့ အဲဘက်မှာပဲ အထိုင်လျှော်တဲ့ပုံစံဖြစ်တာပေါ့။ ဟိုဘက်က ချောက်ဖြစ်တဲ့အခါကျတော့ ဒီဘက်ကမြေစာအထိုင်လျှော်ကျတဲ့ပုံစံမျိုးပေါ့။အဲ့လိုမျိုးပြိုနေတာ” ဦးပြေငြိမ်းကပြောသည်။ မြေပြိုကျမှုကြောင့် ဖားကန့်ဆိုင်ဘွမ်ကုမ္ပဏီအဆောက်အဦနှင့် ဘက်ဟိုးတစ်စီး၊ ယခင်လူနေသည့်ဈေးတန်းဘက်မှ နေအိမ် (၁၂) လုံး(လူနေထိုင်ခြင်းမရှိ) ပါသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ထပ်မံ၍ အန္တရာယ်ရှိသည့်နေအိမ်များအား ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ​ဖော်ပြထားသည်။ “လောလောဆယ်က သူတို့ကို နဂိုကတည်းကအန္တရာယ်ရှိတဲ့အတွက် လူမနေခိုင်းထားပြီးသား။အဲဒီအတွက်ကြောင့် ပစ္စည်းတွေကို ရွှေ့ပြောင်းပေးမယ်။အခုလောဆယ်က တစ်နေရာကိုပြောင်းရွှေ့ပေးဖို့ဆောင်ရွက်နေတယ်” ဟု ဦးပြေငြိမ်းကဆိုသည်။ ပြီးခဲ့သည့်မြေပြိုမှု၌ ဇူလိုင် […]

အပြည့်အစုံဖတ်ရန်

ပဲခူး-ကျိုက်ထို အမြန်လမ်းသစ်ဖောက်ဖို့ သမ္မတအဆိုပြု

July 17, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀ ဇူလိုင် ၁၇ (မော်ကွန်း) ပဲခူးမြို့ကနေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အထိ နိုင်ငံတကာအဆင့်မီ အမြန်လမ်းသစ်တစ်ခုဖောက်လုပ်ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ချေးယူနိုင်ရန် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးဖို့ နိုင်ငံတော်သမ္မတက ဒီနေ့ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးကို ပေးပို့ခဲ့ပါတယ်။ ဒီလမ်းဟာ မဟာမဲခေါင်ဒေသ အရှေ့-အနောက်စင်္ကြန်လမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုလို့ စီမံကိန်းကို လာရှင်းပြတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောပါတယ်။ ဒီအရှေ့-အနောက်စင်္ကြန်လမ်းမကြီးဟာ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံအထိ ဆက်သွယ်ထားတဲ့လမ်းလို့ သူက ရှင်းပြတယ်။ ရန်ကုန်သီလဝါ ဆိပ်ကမ်းကနေ ဗီယက်နမ်နိုင်ငံ၊ ဒါနန်ဆိပ်ကမ်းအထိ ဆက်သွယ်ထားတဲ့လမ်းလို့ ဒုဝန်ကြီးက ပြောပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ကနေ ချေးယူမယ့် ဒီချေးငွေနဲ့ ၆၂ ကီလိုမီတာ ( ၃၈ မိုင်ကျော် […]

အပြည့်အစုံဖတ်ရန်

လာမည့်လတွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေးပါတီများအစုအဖွဲ့မှ လူ ၅၀ ဦး တက်ရောက်ခွင့်ရမည်

July 16, 2020

အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ ဇူလိုင် ၁၆ (‌မော်ကွန်း) ဩဂုတ်လတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအ‌ဝေးကို နိုင်ငံရေးပါတီများအစုအဖွဲ့မှ လူဦးရေ ၅၀ ဦး တက်ရောက်ခွင့်ရရှိမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ဒုဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ Covid – 19 ရောဂါဖြစ်ပွားနေဆဲ ကာလဖြစ်သည့်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လူဦးရေ သုံးပုံနှစ်ပုံ လျှော့ချကျင်းပရန် စီစဉ်လိုက်ခြင်းကြောင့် နိုင်ငံရေးပါတီများအစုအဖွဲ့အနေဖြင့်လည်း တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေကို လျှော့ချလိုက်ရခြင်းဖြစ်ကြောင်း ဦးသုဝေက ရှင်းပြသည်။ “လူငါးဆယ် တက်ရမယ်ဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက တစ်ပါတီကို နှစ်ယောက်နှုန်းနဲ့ တချို့ နိုင်ငံရေးပါတီတွေကတော့ သုံးယောက်နှုန်းနဲ့ တက်မယ်”ဟု ၎င်းက ပြောသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးတွင် ကိုယ်စားလှယ်ဦးရေ […]

အပြည့်အစုံဖတ်ရန်

ဒေါ်လာသန်း ၁၈၀ ချေးကာ ရန်ကုန်မြို့ရဲ့ ရေပေးဝေရေးစနစ်အဆင့်မြှင့်ဖို့ သမ္မတအဆိုပြု

July 16, 2020

ရေဖိုး၊ရေခတွေတိုးကောက်ပြီးပြန်ဆပ်ရမယ်လို့ဆို ဗညားအေးကျော် ရန်ကုန်-၂၀၂၀ ဇူလိုင် ၁၆ (မော်ကွန်း) ရန်ကုန်မြို့ကို အဓိက ရေပေးဝေနေတဲ့ ငမိုးရိပ်ရေဆည် ပေးဝေရေးစနစ်ကို အဆင့်မြှင့်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဆီက အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးယူမှာဖြစ်ပြီး ဒီအကြွေးကို ရေးဖိုး၊ရေခတွေ တိုးမြှင့်ကောက်ပြီး ပြန်ဆပ်မယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အသိပေး ပါတယ်။ နိုင်ငံတော်သမ္မတဆီက ပေးပို့တဲ့ စီမံကိန်းဆိုင်ရာ ချေးငွေရယူရေးအတွက် လွှတ်တော်က ခွင့်ပြုချက်ပေးဖို့ လာရှင်းပြရာမှာ သူက ပြောခဲ့တာပါ။ “ တိုးမြှင့်ကောက်ခံမှုမှရရှိတဲ့ရေဖိုး၊ရေခများနဲ့ ADB ချေးငွေကို ပြန်လည်ပေးဆပ်သွားမှာဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်ကို ရှင်းပြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ငမိုးရိပ်ဆည်ကနေ ဖြန့်ဝေနေတဲ့ရေပမာဏဟာ ရန်ကုန်တစ်မြို့လုံးကို စည်ပင်သာယာက […]

အပြည့်အစုံဖတ်ရန်

အာရှရထားလမ်းမကြီးကွန်ယက်မှာမြန်မာပါဝင်ဖို့သမ္မတအဆိုပြု

July 16, 2020

ဗညားအေးကျော် ရန်ကုန်-၂၀၂၀ ဇူလိုင် ၁၆ (မော်ကွန်း) အာရှရထားလမ်းမကြီးကွန်ယက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်စာချုပ်မှာ မြန်မာပါဝင်လက်မှတ်ရေးထိုးဖို့နိုင်ရန် လွှတ်တော်ကသဘောတူပေးဖို့ ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို နိုင်ငံတော်သမ္မတက အသိပေး ပါတယ်။ ဒေသတွင်းနိုင်ငံတွေက သဘောတူညီချက်လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ ဒီစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရင် အိမ်နီးချင်း နိုင်ငံတွေ၊ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပြုလုပ်ရမှာ အကျိုးကျေးဇူးတွေရရှိလာမယ်လို့ စာချုပ်ကို လာရှင်းပြတဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပြတယ်။ ဒါ့အပြင် ကုန်းတွင်းဆိပ်တွေက ကုန်စည်တွေကို ရထားနဲ့သယ်ယူပို့ဆောင် တဲ့ စနစ်ပိုကောင်းလာနိုင်တာ၊ နယ်စပ်တွေမှာ ပြတ်တောက်နေတဲ့ ရထားလမ်းတွေ ချိတ်ဆက်ရေးအတွက် ငွေကြေးနဲ့နည်းပညာတွေရနိုင်တာနဲ့ နိ်ုင်ငံတွင်းမှာ ကုန်းတွင်း ဆိပ်တွေ တည်ဆောက်ရာမှာ ငွေကြေးနဲ့နည်းပညာအကူ အညီတွေ ရနိုင်တယ်လို့ သူကရှင်းပြတယ်။ ဒီနိုင်ငံပေါင်းစုံရထားလမ်းကွန်ယက်စနစ်မှာ ပါဝင်နိုင်ဖို့ဆိုရင် လက်ရှိနိုင်ငံမှာ အသုံးပြုနေတဲ့ […]

အပြည့်အစုံဖတ်ရန်

တရားဟောဆရာစောဒေဗစ်လားအမှု တွင်တရားခံပြသက်သေသုံးဦးစစ်ဆေး

July 14, 2020

ရုပ်သံသတင်း သဇင်လတ်၊ ဂေထော ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၁၄ (မော်ကွန်း) ကိုဗစ်-၁၉ ကပ်ရောဂါ ကာလမှာ စုဝေးတရားဟောပွဲပြုလုပ်ခဲ့တာကြောင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ တရားစွဲခံထားရတဲ့ တရားဟောဆရာစောဒေးဗစ်လားတို့အမှုမှာ စွပ်စွဲခံရသူတွေဘက်ကတင်းသွင်းထားတဲ့ တရားခံပြသက်သေသုံးဦးကို ဒီနေ့ မရမ်းကုန်းမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။ စွပ်စွဲခံရသူတွေဘက်က တရားခံပြသက်သေ ၆ဦးကိုတင်သွင်းထားတာ ဖြစ်ပြီးဒီနေ့မှာတော့သုံးဦးကိုစစ်ဆေးတာပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံမှုခင်းသတင်းထောက်များ အသင်း (MCRA) စည်းကမ်းဖောက်ဖျက်သည့်အတွက် အသင်းအဖွဲ့ပယ်ဖျက်ခံရ

July 14, 2020

အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ ဇူလိုင် ၁၄ (မော်ကွန်း) မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA) သည် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာပဒေအရ လိုက်နာရမည့်စည်းကမ်းချက်များကို ဖောက်ဖျက်သည့်အတွက် ဇွန် ၁၆ ရက်တွင် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုမှတ်ပုံတင်အဖွဲ့ကထုတ်ပြန်သည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွဲဖက်အတွင်းရေးမှူး(၁) ဦးမြင့်ကျော်က “မီဒီယာအမည်ခံပြီးလုပ်တဲ့ဟာတွေကို အခုလိုမျိုး အရေးယူဆောင်ရွက်တာကတော့ မီဒီယာအပေါ်မှာ အထင်အမြင်လွဲမှားမှုတွေ၊ ယုံကြည်မှုလျော့ကျမှုတွေ နည်းပါးသွားလိမ့်မယ်၊ ဒီလိုမှမဟုတ်ရင် သူတို့က သတင်းထောက်အမည်ခံထားတာဆိုတော့ မီဒီယာက ဒီလို ပိုက်ဆံတောင်းသလား၊ ငွေညှစ်သလား၊ ခြိမ်းခြောက်သလားဆိုတာတွေက ပြောစရာတွေ ဖြစ်နေလိမ့်မယ်”ဟု ဆိုသည်။ မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA) ဝင်များသည် ရဲတပ်ဖွဲ့၀င်များနှင့် ဆင်တူယိုးမှားဖြစ်စေသည့် ဝတ်စုံများအားဝတ်ဆင်ကာ ခြိမ်းခြောက်ငွေညှစ်ခြင်းများပြုလုပ်သည်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက စိစစ်တွေ့ရှိရသဖြင့် အဆိုပါအသင်းအား စိစစ်ပေးနိုင်ရန် ၂၀၁၈ မေလတွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ စာပေးပို့ခဲ့သည့်အပြင် သတင်းမီဒီယာကျင့်၀တ်နှင့်စည်းကမ်းများ လိုက်နာခြင်းမရှိသည့်အဖွဲ့အဖြစ်ကြေညာခဲ့သည်။ အသင်းပယ်ဖျက်ခံရခြင်းနှင့်ပတ်သက်၍ […]

အပြည့်အစုံဖတ်ရန်

၂၀၁၉ အတွင်း နိုင်ငံအနှံ့တိုက်ပွဲပေါင်း တစ်ထောင်ကျော်နှင့် ကျဆုံးသူနှစ်ထောင်ကျော်ရှိ

July 10, 2020

ဗညားအေးကျော် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၁၀ (မော်ကွန်း) ပြီးခဲ့သည့်နှစ်အတွင်း တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲပေါင်း တစ်ထောင်ဝန်းကျင်ရှိပြီး ကျဆုံးသူတပ်သားပေါင်းနှစ်ထောင်ကျော် ရှိသည်ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာအင်စတီကျု၏နှစ်စဉ်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုံးသပ်ချက် ၂၀၂၀ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့်နှစ်အတွင်း တပ်မတော်ဘက်မှ ကျဆုံးသူတပ်သားဦးရေ ၁,၇၀၀ ဝန်းကျင်ရှိပြီး ARSA အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ ကျဆုံးသူတပ်သားဦးရေ ၉၀၀ ဝန်းကျင်ရှိသည်ဟုဖော်ပြထားသည်။ တပ်မတော်နှင့် တိုက်ပွဲဖြစ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ဘက်တပ်သားအကျအဆုံး အများဆုံးတိုက်ပွဲ မှာ ရခိုင့်တပ်တော် (AA) နှင့် တအောန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဖြစ်သည်။ တပ်မတော်နှင့် AA တိုက်ပွဲတွင် တပ်မတော်မှတပ်သား ၁,၅၀၀ ဝန်းကျင်ကျဆုံးပြီး AA မှ တပ်သား ၈၀၀ ဝန်းကျင် ကျဆုံးသည်ဟု […]

အပြည့်အစုံဖတ်ရန်

တပ်မတော်က ဝန်ထမ်းတွေ ရုံးတက်ချိန်မှာ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ

July 10, 2020

အောင်ထူးနိုင် ရန်ကုန် ၂၀၂၀ ဇူလိုင် ၁၀ (မော်ကွန်း) တပ်မတော်ဝန်ထမ်းတွေ ရုံးတက်ချိန်မှာ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ တားမြစ်ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ “ကျွန်တော့်တပ်မတော်မှာတော့ ဒါကို တင်းတင်းကြပ်ကြပ် တော်တော်လေး ကိုင်ထားပါတယ်။ လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေးအခွင့်အရေးပါပဲ၊ သို့သော် ကျွန်တော်တို့က ကျန်းမာမှ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် စည်းကမ်းအရ ကျွန်တော်က သတ်မှတ်ပေးထားတာဖြစ်ပါတယ်” လို့ ဒီနေ့မနက် ရန်ကုန်တပ်မတော်ခန်းမမှာပြုလုပ်တဲ့ သတင်းမီဒီယာတွေ၊ အနုပညာရှင်တွေနဲ့ ရိုးရာလက်ဝှေ့အဖွဲ့အတွက် Covid ကာလ စားသောက်ရေးအဆင်ပြေစေဖို့ ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်လှူဒါန်းပွဲမှာ ပြောခဲ့တာပါ။ တာဝန်ထမ်းဆောင်ချိန်မဟုတ်တဲ့ အိမ်မှာ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာကို မပြောပေမယ့် ရုံးမှာတော့ တားမြစ်ထားတယ်လို့ သူက ရှင်းပြတယ်။ “ဒီလိုပဲ အရက်သေစာ […]

အပြည့်အစုံဖတ်ရန်

AA ရဲ့ မျှော်မှန်းချက်တွေ ဖြစ်လာဖို့မလွယ်ဘူးလို့ စောင့်ကြည့်သူတွေပြောဆို

July 9, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၉ (မော်ကွန်း) ရခိုင်နိုင်ငံတော်တည်ထောင်မယ်ဆိုတဲ့ ရခိုင့်တပ်တော်(AA)ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေအတိုင်း ဖြစ်လာမှာမဟုတ်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက မော်ကွန်းကို ပြောပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက “သူတို့ အိမ်မက်က ဖြစ်မလာနိုင်ပါဘူး၊ အခုလည်း သူတို့ရဲ့ မျှော်မှန်းချက်ကို ပြောင်းလိုက်တယ်၊ ၂၀၂၀ – ၂၀၂၅ ဆိုပြီး ထပ်လုပ်တယ်လေ၊ တကယ့်တကယ့်ကျတော့ သူတို့ မလွယ်ဘူးဆိုတာ သိသွားကြပြီ၊ မဖြစ်နိုင်ပါဘူး၊ ရလည်း မရနိုင်ပါဘူး” လို့ ပြောတယ်။ ရခိုင့်တပ်တော် (AA) ဟာ ရခိုင်နိုင်ငံတော်တည်ထောင်မယ်ဆိုတဲ့ ကြွေးကြော်ချက်ကို ၂၀၁၇ နောက်ပိုင်းမှာ ထုတ်‌ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တပ်မတော်က AA အဖွဲ့ ခြေကုတ်ယူထားတဲ့ တပ်စခန်းတွေကို သိမ်းပိုက်နေတယ်လို့ သတင်းထုတ်ပြန်နေပြီး နိုင်ငံတော်အစိုးရကလည်း AA […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မြေပြိုမှု၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်

July 8, 2020

ဂေထော ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၈ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးရှိ ကျောက်မျက်လုပ်ကွက်၌ မြေပြိုကျမှုနှင့်ပတ်သက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဇူလိုင် ၇ ရက် ညနေပိုင်းကစတင်ရပ်နားလိုက်ကြောင်း ဖားကန့်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးပြေငြိမ်းက မော်ကွန်းသို့ပြောသည်။ “ရေထဲကျတဲ့အခါ ပထမ စစချင်းတော့ ကျွန်တော်တို့က တွေ့တဲ့အခါ ရှာဖွေကယ်ဆယ်ရေးတွေလုပ်တယ်။ အဲဒီမှာက သုံးရက်လောက်နေရင် ပုပ်မယ်ဆိုပေါ်တယ်။ အခုဟာ လောလောဆယ်က အခုလိုပုပ်ပြီး ပေါ်တဲ့ဟာက မရှိတော့တဲ့အတွက် မြေကြီးတွေပိပြီး အောက်မှာဖြစ်တာလည်းရှိနိုင်သလို ဒါမှမဟုတ်ရင်လည်း မရှိတော့လို့ပဲ မပေါ်တာလား၊ အနေအထား အဲဒီလိုရှိလို့ ကျွန်တော်တို့က ရပ်နားလိုက်တာပါ”ဟု ဦးပြေငြိမ်းက ပြောသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့များနည်းတူ အခြားသော ပရဟိတကယ်ဆယ်ရေးအဖွဲ့များလည်း ရပ်နားလိုက်ကာ အရန်မီးသတ်တပ်ဖွဲ့ကိုတော့ တာဝန်ပေးထားပြီး အကယ်၍ နွံထဲနစ်မြုပ်သည့် အလောင်းများပြန်တွေ့ခဲ့လျှင် […]

အပြည့်အစုံဖတ်ရန်

ပြည်ထောင်စုအဆင့်လွှတ်တော်များတွင် အဆိုအများဆုံးတင်သွင်းသူများမှာ အမျိုးသမီးကိုယ်စားလှယ်များဖြစ်

July 8, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ ဇူလိုင် ၈ (မော်ကွန်း) လက်ရှိလွှတ်‌တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အဆိုအများဆုံးတင်သွင်းသူများမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင်သုတေသနအဖွဲ့(Open Myanmar Initiative-OMI) က ပြုစုထားသည့် စစ်တမ်းများကဖော်ြပသည်။ OMI ၏ စစ်တမ်းအရ ပြည်သူ့လွှတ်တော်တွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က အဆိုခုနစ်ခု တင်သွင်းခဲ့ပြီး အဆိုအများဆုံးတင်သွင်းခဲ့သူဖြစ်သည်။ အမျိုးသားလွတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် (၁၁) မှ ဒေါ်ထုမေ က အဆိုသုံးခုတင်ခဲ့ပြီး အများဆုံးအဆိုတင်သူအဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် အဆိုအများဆုံးတင်သွင်းခဲ့သူ ဒေါ်ယဉ်မင်းလှိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် အဆိုအများဆုံးတင်သွင်းခဲ့သူ ဒေါ်ထုမေသည် ရခိုင်အမျိုးသားပါတီမှ ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၄၄၀ ဦးအနက် လွှတ်တော်အစည်းအဝေးများတွင် အဆိုတင်သွင်းခဲ့သူ […]

အပြည့်အစုံဖတ်ရန်
1 … 259 260 261 262 263 264 265 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."