ကျော်ဇေယျ ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၂၃ (မော်ကွန်း) ရေအားလျှပ်စစ် တည်ဆောက်ရေးအစီအစဉ်များက နိုင်ငံရဲ့ သဘာဝအတိုင်း လွတ်လပ်စွာစီးဆင်းနေတဲ့ မြစ်တွေကို ခြိမ်းခြောက် နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရံပုံငွေအဖွဲ့(WWF) ရဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြတယ်။ WWFရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ “ မြန်မာ့သဘာဝအတိုင်းလွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်များအကြောင်း လေ့လာ ဆန်းစစ်ခြင်း” အစီရင်ခံစာမှာ မြန်မာ့မြစ်ကြောင်းတွေကိုဆည်စီမံကိန်းတွေက ခြိမ်းခြောက်နေတဲ့အပေါ် မီးမောင်းထိုးပြ ထားပါတယ်။ “ အသက်မွေးဝမ်းကြောင်းအတွက် မြစ်တွေကို အမှီပြုနေရတဲ့ သူတွေတင်ခံစားရမှာ မဟုတ်ဘဲ တစ်နိုင်ငံလုံးအနေနဲ့ပါ ခံစားရမှာပါ။ ဘာလို့လဲဆိုတော့ ငါးနည်းနည်းပဲ ရတော့မယ်။ အထွက်မကောင်းတဲ့ လယ်ကွင်း တွေဖြစ်လာမယ်။ ပြီးတော့ ရာသီဥတုပြောင်းလဲမှုဒဏ် ကြံ့ကြံ့ခိုင်နိုင်စွမ်းလည်း လျော့နည်းလာမယ်” လို့ WWF မြန်မာရုံးက ရေချိုထိန်းသိမ်းရေးအစီအစဉ်အရာရှိ ဦးဆလိုင်းသူရဇော်က ပြောပါတယ်။ […]
ဂေထော ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၂ (မော်ကွန်း) ကုန်စိမ်းများလက်ကားရောင်းချပေးနေသည့် သီရိမင်္ဂလာဈေးတွင် COVID-19 ရောဂါအတည်ပြုလူနာ ၁၀ ဦး တွေ့ရှိထားသော်လည်း ဈေးပိတ်သိမ်းရန်ညွန်ကြားထားခြင်းမရှိကြောင်း ယင်းဈေး၏တာဝန်ခံ ဦးအောင်လင်းဦးက မော်ကွန်းသို့ပြောသည်။ သီရိမင်္ဂလာဈေးရှိ ဆိုင်ခန်း ၅ခန်းမှ ဈေးရောင်းကြသူ ၁၀ ဦးတို့သည် အနံ့မရသဖြင့် Fever Clinic ဆေးခန်းပြရာမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ဈေးကကုန်စိမ်းတန်းနဲ့စားနပ်ရိက္ခာရောင်းချတဲ့ဈေးဖြစ်တဲ့အတွက် ကျွန်တော်တို့က လုံးလုံးပိတ်လိုက်ဖို့အစီစဉ်မရှိသေးပါဘူး။ဒါမယ့် ၃၀ ရာခိုင်နှုန်းလောက်ပဲဖွင့်တာရှိတယ်။သူတို့ကိုယ်တိုင် သူတို့ဈေးတွေမရောင်းတော့တာ”ဟု လှိုင်မြို့နယ်၊မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောသည်။ ရောဂါပိုးတွေ့ရှိခဲ့သည့် ဈေးဆိုင်များကို ပိုးသတ်ဆေးဖျန်းကာ Lockdown လုပ်ဆောင်ခဲ့ပြီး အတည်ပြုလူနာနှင့် ဆက်စပ်သူများကိုလည်း အသွားအလာကန့်သတ်ထားကြောင်း ဦးကျော်ကျော်ထွန်းက ရှင်းပြသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အားလုံး(ကိုကိုးကွန်းမပါ)တွင် နေထိုင်သည့် […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၁ (မော်ကွန်း) သတင်းသမားများအတွက် အကူအညီပေးရေး ရန်ပုံငွေနည်းပါးလာခြင်းကြောင့် အကူအညီပေးခြင်းကို ခေတ္တ ရပ်နားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ယနေ့ညနေတွင် ကြေညာသည်။ “COVID ကာလမှာ သုံးစွဲခဲ့တဲ့ Amount က ကျွန်တော်တို့ တိုင်းတာတဲ့ ပမာဏထက် ကျော်လွန်တာမို့ ဘတ်ဂျက် မနိုင်တဲ့အတွက် အဲဒါကို ခေတ္တယာယီရပ်နားမယ့်အကြောင်း မနက်က အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက COVID – 19 ကပ်ရောဂါကာလအတွင်း သတင်းအလုပ်နှင့် ဆက်စပ်သွားလာလုပ်ကိုင်စဉ် ကူးစက်ခံရပြီး အတည်ပြုလူနာအဖြစ် သတ်မှတ်ခံရသည့် သတင်းသမားများ၊ Home Quarantine သို့မဟုတ် Facility Quarantine Center များတွင် […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၁ (မော်ကွန်း) သတင်းမီဒီယာသမားများအနေဖြင့် သတင်းဆက်လက်ရယူနိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက တင်ပြလိုက်ကြောင်း ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးကို အိမ်တွ်င်နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်ခြင်းကြောင့် သတင်းမီဒီယာများအနေဖြင့် သတင်းယူရန် အခက်အခဲများ ကြုံတွေ့နိုင် သဖြင့် ယခုလို တင်ပြရခြင်းဖြစ်ကြောင်း ဦးကျော်စွာမင်းက ပြောသည်။ “အခုလို အချိန်မှာ COVID ကာလလည်း ရှိတယ်၊ ရွေးကောက်ပွဲကာလလည်း ဖြစ်တယ်၊ သတင်းမှန်တွေ ပြည်သူတွေဆီကို စီးဆင်းဖို့ လိုအပ်တယ်၊ ဒီလိုစီးဆင်းမှုမရှိဘူးဆိုရင် ကောလဟာလသတင်းတု၊ သတင်းမှားတွေ များလာနိုင်တယ်၊ အဲဒါကြောင့် Stay at Home ကာလအတွင်း မနေ့က ထုတ်ပြန်တဲ့ […]
ဂေထော ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၂၁ (မော်ကွန်း) COVID-19 ရောဂါပြည်တွင်းကူးစက်မှုများပြားလာနေသည့်အတွက် မွန်ညီညွတ်ရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လှည့်လည်မဲဆွယ်စည်းရုံးရေး လှုံဆော်မှုများကို ခေတ္တယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန်နေ့က ပါတီ၏ အောင်နိုင်ရေးအဖွဲ့ဗဟိုမှ ထုတ်ပြန်ခဲ့သည်။ “မလိုလားအပ်တဲ့ရောဂါကူးစက်မှုဖြစ်လာမှာကြောက်လို့ပေါ့။နောက်တစ်ခုကျတော့ကျွန်တော်တို့က မဲဆွယ်စည်းရုံးရေးအားလုံးကိုရပ်တန့်လိုက်တာမဟုတ်ဘူး။အင်အားပြလှည့်လည်တဲ့ဟာကိုပဲရပ်ခိုင်းထားတာ”ဟု မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုအဖွဲ့မှ တွဲဘက်အတွင်းရေးမှူး နိုင်အောင်မွန်က မော်ကွန်းသို့ပြောသည်။ မဲဆန္ဒနယ်အသီးသီးတွင် ဆိုင်းဘုတ်တင်ခြင်း၊ပိုစတာကပ်ခြင်းတို့ကို ရွေးကောက်ပွဲကော်မရှင်၏ ညွန်ကြားချက်နှင့်အညီ မလိုလားအပ်သော ပြဿာနာများမဖြစ်ပေါ်စေရန် လူဦးရေ (၅၀) အထက်မပိုစေဘဲ လိုက်နာဆောင်ရွက်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မဲဆွယ်စည်းရုံးလှုံဆော်မှုများတွင် ”ကျန်းမာရေးစည်းကမ်းနဲ့အညီလုပ်ဖို့ပဲစဥ်းစားထားတယ်။တကယ့်တကယ်လုပ်တဲ့အခါကျတော့ လူငယ်တွေမှာကျတော့ ထိန်းမနိုင်၊သိမ်းမနိုင်ဖြစ်တာပေါ့။လူက ၅၀ ထက်မပိုစေပေမယ့်လည်း တားလို့မရဘူးလေ။”ဟု နိုင်အောင်မွန်က ပြောသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး မဲဆွယ်စည်းရုံးလှည့်လည်လှုံဆော်မှုများကို အချိန်တိုင်းတာတစ်ခုထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး […]
အောင်ပိုင် ရန်ကုန် – ၂၀၂၀၊ စက်တင်ဘာ ၂၁ (မော်ကွန်း) MRTV မှ ထုတ်လွှင့်မည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ၏ မဲဆွယ်မိန့်ခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ဆင်ဆာဖြတ်တောက်ခြင်းကြောင့် အစီအစဉ်ဖျက်သိမ်းသည်ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောသည်။ ဆင်ဆာဖြတ်ခံရသည်များမှာ စီးပွားရေးစီမံကိန်းများကြောင့် ဒေသခံများနှင့် အာဏာပိုင်များကြား ပဋိပက္ခဖြစ်ပွားနေသည့် အကြောင်းအရာများ၊ ကလေးသူငယ်များအကြောင်း အစီရင်ခံစာနှင့် နိုင်ငံရေးဝေါဟာရများဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ဒီကိစ္စက UEC က လုပ်ရမယ့် ကိစ္စကိုမဟုတ်ဘူး။ ကျွန်တော်တို့ပြောတဲ့အထဲ မှားသွားတာရှိရင် ဥပဒေကြောင်းအရ တရားစွဲပေါ့။ အခြားပါတီတွေလည်းရှိတယ်၊ ထုတ်မပြောလို့။ ဥပမာ ‘ပြည်တွင်းစစ်’ စကားလုံးကို သုံးခွင့်မပေးဘူး။ ဒီတော့ ကျွန်တော်တို့က MRTV ကနေ မပြောတော့ဘူး ကိုယ့်ဘာသာကိုယ် […]
ဂေထော ရန်ကုန်၊၂၀၂၀ စက်တင်ဘာ ၁၉ (မော်ကွန်း) COVID -19 ရောဂါဖြစ်ပွားမှုများပြား၍ Stay at Home အဖြစ်သတ်မှတ်ထားသည့် မြို့နယ်များမှ ရေးမြို့သို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများသည် Quarantine ဝင်ရမည်ဖြစ်ကာ ကုန်ကျစရိတ်အထိုက်အလျောက်ကို လုပ်ငန်းရှင်ဘက်က ကျခံရမည်ဖြစ်သည်ဟု ရေးမြို့နယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက မော်ကွန်းသို့ပြောသည်။ စက်တင်ဘာဒုတိယအပတ်မှစပြီး ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းမှအထောက်အထားမဲ့ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား ၆၀ ဝန်းကျင်ရှိခဲ့သည်။ “Stay at Home မြို့နယ်ကနေပြီးတော့ အမှန်မှာ သူကနယ်ကျော်ထွက်ခွာခွင့်မရှိဘူး။သို့သော် အဲလိုမျိုးလာရင်တော့ ကျွန်တော်တို့က Q ဝင်ရမယ်။ Q မဝင်ချင်ဘူးဆိုရင် ကိုယ့်မြို့နယ်ကိုယ်ပြန်ပဲ”ဟု ဦးမျိုးဝင်းက ပြောသည်။ Stay at Home သတ်မှတ်မထားသည့်မြို့နယ်များမှဝင်ရောက်လာကာ အလုပ်ရှင်နှင့်ချိတ်ဆက်ထားသည့် ရွေ့ပြောင်းလုပ်သားများကိုမူ အသေချာစစ်ဆေးမေးမြန်းပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်ဟု သူကရှင်းပြသည်။ ရေးမြို့နယ်၊ရပ်ကွက်လူမှုအဖွဲ့အစည်းမှဦးအောင်နိုင်ဝင်းကလည်း […]
သဇင်လတ်၊ စည်သူ ရန်ကုန် ၂၀၂၀ စက်တင်ဘာ ၁၈(မော်ကွန်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက ဆီးချိုတတ်ကာသေဆုံးသွားသည့် ဗဟိုစည်အထူးကုဆေးရုံမှသူနာပြုအကူဝန်ထမ်းအမျိုးသမီးတွင် COVID-19 ပိုးကူးစက်ခံထားရကြောင်း လမ်းမတော်မြို့နယ်၊ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကိုကိုက ပြောသည်။ ” ဆေးရုံကြီးမှာ cause of dead ဆိုတာရှာရတယ်လေ။ သေဆုံးတဲ့ရောဂါကိုရှာတော့ COVID စစ်တယ်ပေါ့။ စစ်တော့တွေ့တယ်” ဟု ဒေါက်တာအောင်ကိုကိုက ပြောသည်။ သေဆုံးသူသည် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိ ဗဟိုစည်ဆေးရုံတွင် COVID -19 ကူးစက်ခံထားရသောလူနာစာရင်းတွင်ပါဝင်ခြင်းမရှိသေးသူဖြစ်သည်။ သေဆုံးပြီးမှသာ COVID -19 ကူးစက်ခံထားရသည်ကို သိရခြင်းဖြစ်သည်ဟု ဒေါက်တာအောင်ကိုကိုကပြောသည်။ စက်တင်ဘာ ၁၀ရက်က ဗဟိုစည် ဆေးရုံ၏ ဝန်ထမ်းသုံးဦးတွင် COVID -19ရောဂါပိုးတွေ့ရှိမှုကြောင့် ထိုဆေးရုံကို အသွားအလာကန့်သတ်ဧရိယာအဖြစ် […]
စည်သူ ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၁၈ (မော်ကွန်း) စံချိန်တင်မိုးရွာသွန်းမှုနဲ့ကြုံရပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် မြေပြိုမှုများဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၂၀ ကျော် ဘေးသင့်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်ရုံးက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက မော်ကွန်းကို ပြောပါတယ်။ မိုးကုတ်မြို့မှာ စက်တင်ဘာ ၁၆ရက်က ရွာသွန်းခဲ့တဲ့မိုးဟာ မိုးရေချိန်လက်မ ၆ဒသမ၆ ကျော်အထိ ရှိခဲ့ပြီး ကုန်ခဲ့တဲ့ ၂၇ နှစ်အတွင်းမှာ အမြင့်ဆုံးရွာသွန်းနှုန်းလည်း ဖြစ်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ “ မြေပြိုတာတွေ ဖြစ်သွားတာပါ။ ကျွန်မတို့ကတော့ အိမ်ပျက်သွားတဲ့သူတွေ အတွက် သေဆုံးသွားတဲ့သူတွေ အတွက် ထောက်ပံ့ ပေးထားတယ်”လို့ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ ဒီမိုးကြောင့် မြေပြိုကျမှုတွေ ဖြစ်ခဲ့တဲ့အတွက် မိုးကုတ်မြို့မှာ နေအိမ်လေးလုံးပြိုကာ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင်လူလေးဦးလည်း […]
အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၁၈ (မော်ကွန်း) COVID – 19 ရောဂါ အတည်ပြုလူနာ နှစ်ဦးကို ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အုတ်ဖိုမြို့နယ်တွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး ပြည်ဆေးရုံတွင် ကုသမှုခံယူရန် ပို့ဆောင်လိုက်ပြီဟု မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က ပြောသည်။ အတည်ပြုလူနာ နှစ်ဦးအနက် အသက် ၄၁ နှစ် အမျိုးသမီးသည် ဆီမီးတောက်ကုန်းရွာသူဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်က စာပို့ရထားဖြင့် ရန်ကုန်မှ ပြန်လာသူဖြစ်သည်။ ၎င်းကို ချမ်းမြသာမြေရပ်ကွက် အ.လ.က စာသင်ကျောင်းရှိ Quarantine Center တွင် ထားရှိသူဖြစ်သည်ဟု ဒေါက်တာသန့်ဇော်မောင်က ပြောသည်။ နောက်ထပ်အတည်ပြုလူနာတစ်ဦးသည် အသက် ၅၁ နှစ် အမျိုးသားဖြစ်ပြီး တိမ်မြုတ်ကျေးရွာသို့ စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်မှပြန်လာသူဖြစ်ပြီး […]
အောင်ထူးနိုင် ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၁၈ (မော်ကွန်း) COVID – 19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပဲခူးမြို့ ဇိုင်းဂနိုင်မြောက်ပိုင်းရပ်ကွက် ဘူတာ(၃) လမ်းဈေး တစ်လျှောက်ရှိ ပျံကျဈေးကို သက်ဆိုင်ရာက ပိတ်သိမ်းရန် ညွှန်ကြားထားသော်လည်း ပိတ်သိမ်းခြင်းမရှိသေးကြောင်း ထိုလမ်းတွင် နေထိုင်သူ ကိုထွန်းက ပြောသည်။ “၁၃ ရက်နေ့ကတည်းက မရောင်းရတော့ဘူးဆိုပြီး COVID ကော်မတီကနေ စာထုတ်ပြန်ထားပါတယ်။ အဲဒါကို ဒီနေ့အချိန်ထိ ရောင်းချနေတုန်းပါပဲ။ ရပ်ကွက် ဥက္ကဋ္ဌက မရောင်းချဖို့ အသံချဲ့စက်နဲ့ လိုက်အော်တယ်၊ အဲဒါလည်း ဒီနေ့အချိန်အထိ ဆက်ရောင်းနေတုန်းပါ” ဟု ၎င်းက ပြောသည်။ ထိုသို့ ရောင်းချနေမှုအပေါ် အရေးယူခြင်းမရှိသည့်အတွက် လမ်းသူလမ်းသားများက လက်မှတ်ထိုး၍ COVID – 19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ယနေ့တင်ပြသွားမည်ဟု […]
အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၇ (မော်ကွန်း) COVID-19 အတည်ပြုလူနာ၏ မိသားစုနှင့် ထိစပ်ခဲ့သူများကို ရွှေပြည်သာမြို့နယ်ရှိ Quarantine Center သို့ ပိုဆောင်ထားရာတွင် နေရာထိုင်ခင်းအဆင်မပြေမှုများကြောင့် လူသုံးဆယ်ကျော် အခက်အခဲ ဖြစ်နေကြောင်း ကူညီပေးနေသူများက ပြောသည်။ “ညက အချိန်မတော်ကြီး လာခေါ်သွားတယ်၊ အဲဒီလို လာမခေါ်ခင်မှာ တာဝန်ရှိတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို ကျွန်တော်သွားပြောတယ်။ ဒီလူတွေကို Home Stay နေဖို့ ကျွန်တော်တာဝန်ယူတယ်၊ စားဝတ်နေရေးကိုလည်း ကျွန်တော်တာဝန်ယူတယ်၊ သူတို့ကို ဒီမှာပဲ ထားပေးပါ အဲဒီလို သွားပြောတယ်၊ Quarantine က ဟိုတယ်လို နေရာမျိုး သက်သောင့်သက်သာဆိုရင် ပြဿနာမရှိဘူး၊ ဒီလူတွေထဲမှာ ရက်ပိုင်းအတွင်း မွေးမယ့်ဗိုက်ကြီးသည် ရော၊ လသားကလေးတွေရော ချက်ချင်းကြီး […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."