သတင်းများ

NLD ရွေးကောက်ပွဲကြေညာစာတမ်းပါ တပ်မတော်နှင့်သက်ဆိုင်သည့် စိုးရိမ်စရာတစ်ချို့ကို Justice for Myanmar အဖွဲ့ ထုတ်ပြန်

September 17, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၇ (မော်ကွန်း) အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး စိုးရိမ်စရာနှစ်ချက်ရှိသည်ဟု Justice for Myanmar အဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ပထမအချက်မှာ ကာကွယ်ရေးနှင့် လုံခြုံရေးအခန်းတွင် “စစ်ရေးစွမ်းရည် ထက်မြတ်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ခေတ်မီသည့် တပ်မတော် ဖြစ်ရန်”ဟု ပါရှိပြီး စစ်တပ်၏ လက်နက် ဝယ်ယူမှုများ၊ တိုက်ခိုက်ရေးနှင့် နည်းပညာစွမ်းရည် ပံ့ပိုးမြှင့်တင်ပေးခြင်းအားဖြင့် နိုင်ငံတကာ ရာဇဝတ်မှုတွေကျူး လွန်ရာတွင် အရပ်သားအစိုးရက အားပေး ကူညီထောက်ပံ့သူ ဖြစ်သွားစေနိုင်သည်ဟု ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဒုတိယအချက်မှာ စစ်တပ်ရေးသားခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပါမလာခဲ့ခြင်းသည်လည်း […]

အပြည့်အစုံဖတ်ရန်

လှိုင် Quarantine center(၁)ကို COVID-19 ကုသရေးဌာနအဖြစ်ပြောင်းလဲ

September 17, 2020

စည်သူ ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၇(မော်ကွန်း) အတည်ပြုလူနာတွေများလာတာကြောင့် ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှာရှိတဲ့ လှိုင် Quarantine center အမှတ် (၁)ကို COVID-19 ကုသရေးဌာနအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်တယ်လို့ လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက မော်ကွန်းကိုပြောပါတယ်။ ” ဆေးရုံးမှာ တော်တော်လူတွေများလာလို့။ ဒီမှာ Positive လူနာတွေပဲထားတယ်။ အရေးတကြီးတော့ မဟုတ်ဘူးပေါ့။ ခံနိုင်ရည် ရှိသေးတယ်၊ စားနိူင် သောက်နိူင်သေးတယ်၊ အထူးကြပ်မတ်ဆောင်ကိုပို့စရာမလိုတဲ့ လူတွေကိုထားတာဖြစ်တယ်” လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။ လှိုင် Quarantine Center (၁)ထဲမှာရှိတဲ့ Gအဆောင်နဲ့ H အဆောင်တို့မှာ တစ်ခန်းကို လေးယောက်နှုန်းနဲ့ အတည်ပြုလူနာ ငါးရာ လာက်ထားနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ […]

အပြည့်အစုံဖတ်ရန်

CNG ဈေးနှုန်းများ လျော့ချပေးရန် ပြည်ထောင်စု အစိုးရသို့ YRTA တောင်းဆို

September 16, 2020

ရေဂင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၆ (မော်ကွန်း) COVID ကာလအတွင်း YBS ယာဥ်လိုင်းများအား CNG ဈေးလျှော့ရောင်းချပေးရန် ရန်ကုန်တိုင်းအစိုးရ သို့ YRTA မှ တင်ပြထားပြီး တိုင်းအစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရထံသို့ ထပ်မံတင်ပြထားကြောင်း YRTA တွဲဘက်အတွင်းရေးမှူး ဦးလှအောင်က ယနေ့ မနက်တွင် ပြုလုပ်သည့် YRTA သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ရန်ကုန်မြို့အတွင်း YBS စီးနှင်သူဦးရေမှာ သြဂုတ် (၁၆) ရက်မှစ၍ တစ်စတစ်စ ကျဆင်းခဲ့ပြီး စက်တင်ဘလအတွင်း YBS စီးနှင်သူဦးရေမှာ ယခင်သြဂုတ်လ အစောပိုင်းကာလများထက် ထက်ဝက်ခန့် ကျဆင်းနေပြီး တစ်ရက်အတွင်း YBS စီးနှင်သူငါးသိန်းဝန်းကျင်သာ ရှိတော့သော်လည်း YBS ကားပြေးဆွဲ မှုကို လျော့ချ၍ မရသည့် […]

အပြည့်အစုံဖတ်ရန်

ဝန်းရံသူများကို COVID – 19 ရောဂါ ကူးစက်မည်စိုး၍ အုတ်ဖို NLD မဲဆွယ်စည်းရုံးခြင်းအား ခေတ္တရပ်နား

September 15, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၅ (မော်ကွန်း) ဝန်းရံသူများကို COVID – 19 ရောဂါ ကူးစက်မည်စိုး၍ မဲဆွယ်စည်းရုံးခြင်းအား ခေတ္တရပ်နားလိုက်ကြောင်း အုတ်ဖိုမြို့နယ် NLD အတွင်းရေးမှူး ဦးတင်ကိုကိုထွဋ်က ပြောသည်။ “ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းက များလာတဲ့အတွက် ကူးစက်ရောဂါ မပျံ့ပွားဖို့ရယ်၊ ရောဂါ ထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်တွေကို လိုက်နာချင်တာရယ်ကြောင့် ကျွန်တော်တို့ မဲဆွယ်စည်းရုံးရေးတွေကို ခေတ္တရပ်နားဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ ခေတ္တရပ်နားကြောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အုတ်ဖိုမြို့နယ် NLD Facebook Page မှတစ်ဆင့် အသိပေးခဲ့ခြင်းဖြစ်သည်။ ထိုအသိပေးချက်တွင် COVID – 19 ရောဂါကူးစက်မှုနှုန်းသည် ပိုမိုများပြားလာကာ မြန်ဆန်လာသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ပူပန်ပါသဖြင့် […]

အပြည့်အစုံဖတ်ရန်

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မဲဆွယ်စည်းရုံးရေး လှိုင်းဘွဲ့ မြို့နယ်ရှိ ကျေးရွာများတွင်ပြုလုပ်

September 14, 2020

#သတင်းဓာတ်ပုံ ဘားအံ- ၂၀၂၀ စက်တင်ဘာ ၁၄ (မော်ကွန်း) ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် လောင်းများသည် ယနေ့တွင် လှိုင်းဘွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်အတွင်းရှိ ကျေးရွာများတွင် မဲဆွယ်စည်းရုံးမှုများပြုလုပ်ခဲ့သည်။ မဲဆန္ဒရှင်အချို့သည် ဆန္ဒမဲပေးခြင်းဆိုင်ရာ အသိပညာအားနည်းနေသည့်အတွက် စည်းရုံးရေးဆင်းရင်း မဲပေးပုံစနစ်များကိုလည်း ကိုယ်စားလှယ်လောင်း များက ရှင်းပြကြရသည်။ လှိုင်းဘွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ တွင် KNDP ပါတီသည် အမျိုးသားလွှတ်တော်အမှတ်( ၉)ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နေရာများကို ယှဥ်ပြိုင်သွားမည် ဖြစ်သည်။ ဓာတ်ပုံ – ဂေထော #Dailynews

အပြည့်အစုံဖတ်ရန်

COVID -19ရောဂါပိုးတွေ့ရှိမှုကြောင့် ဗဟိုစည် ဆေးရုံကို Lock Down ပြုလုပ်ထား

September 11, 2020

စည်သူ၊ သဇင်လတ် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၀ (မော်ကွန်း) လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းရှိ ဗဟိုစည် အထူးကု ဆေးရုံတွင် အချိန်ပိုင်းတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းသုံးဦးတွင် COVID -19 ရောဂါပိုးတွေ့ရှိမှုကြောင့် ဆေးရုံကို အသွားအလာကန့်သတ်ထားရှိခြင်း (Lock Down) ပြုလုပ်ထားသည်ဟု လမ်းမတော်မြို့နယ်၏ ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ကိုကိုကပြောသည်။ “အချိန်ပိုင်းပေါ့။အဲ့ဒီအထဲမှာနေတဲ့လူတွေတော့မဟုတ်ဘူး။အကူလူနာကြည့်တို့၊ လျှပ်စစ်ပြင်တဲ့သူ နောက် Air con ပြင်တဲ့သူပေါ့ အချိန်‌ပိုင်းလေးပေါ့။ လိုအပ်ရင်လာလုပ်ပေးတာပေါ့။” ဟုဒေါက်တာအောင်ကိုကိုကဆိုသည်။ လတ်တလောတွင်ဆေးရုံကို ၂၁ရက်အသွားအလာကန့်သတ်ထားရှိသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်လူနာများ၏ကျန်းမာရေးအခြေအနေ‌ကောင်းမွန်လာမှသာပြန်ဖွင့်ခွင့်ပြု၊ မပြုကိုစဉ်းစားမည်ဟု၎င်းကဆိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် COVID -19အတည်ပြုလူနာ ၂,၀၀၉ ဦးရှိနေပြီး သေဆုံးသူ ၁၄ ဦးနှင့်ပြန်လည်သက်သာလာသူ ၅၅၃ ဦးရှိနေပြီဖြစ်သည်။ Photo – Si Thu #Dailynews

အပြည့်အစုံဖတ်ရန်

COVID -19 ကွာရန်တင်းရက်လျှော့ချမည်

September 7, 2020

သဇင်လတ် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၇ (မော်ကွန်း) COVID -19 ရောဂါထိန်းချုပ်နိုင်‌ရေးအတွက် သီးခြားနေထိုင်‌စေခြင်း(Quarantine)ရက်ကိုလျှော့ချသွားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊သတင်းပြန်ကြားရေးအဖွဲ့က‌ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက မော်ကွန်းသို့ပြောသည်။ “လျှော့တာတော့လျှော့ပါ့မယ်။၁၄ ရက်‌ လျှော့ဖို့လည်း များပါတယ်။ ဒါပေမယ့် ဗဟိုကော်မတီကို တင်ပြီးတော့မှဝန်ကြီးဌာနအနေနဲ့ တရားဝင်ထုတ်ပြန်ပြီးမှ ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွှေးတာတို့ အတည်ပြုတာတို့ လုပ်ပါမယ်” ဟုဒေါက်တာသန်းနိုင်စိုးက ဆိုသည်။ Quarantine ရက် လျှော့ချမှုနှင့်ပတ်သက်၍ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှယနေ့ည (သို့မဟုတ်) မနက်ဖြန်မနက်တွင်တရားဝင်ထုတ်ပြန်သွားမည်ဟု ၎င်းကဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း Quarantine ဝင်ရသည့်ရက် ၂၁ ရက်မှ ၁၄ရက်သို့ လျှော့ချရန်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်တိုင်ပင်ကာ တရားဝင်ထုတ်ပြန်သွားမည်ဟုယနေ့မနက်က ပြုလုပ်သည့် Onlineဆွေနွေးပွဲတွင် ပြောဆိုသည်။ “ နှစ်ပတ်ပဲထားမယ်ဆိုလို့ရှိရင်လည်း Quarantine နေရာတွေလည်းပိုပြီး‌တော့ အဆင်သင့်ဖြစ်နိုင်တယ်။ ပိုပြီးတော့ လစ်လပ်သွားမှာပေါ့”ဟု […]

အပြည့်အစုံဖတ်ရန်

ပလက်ဝတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပစ်ခတ်မှုများရပ်စဲပေးရန် နှစ်ဖက်လက်နက်ကိုင်အဖွဲ့များထံ ချင်းအရပ်ဘက်အဖွဲ့အစည်း တောင်းဆို

September 7, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၇ (မော်ကွန်း) ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA) တို့ကို ပစ်ခတ်တိုက်မှုများ ရပ်စဲပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုလိုက်သည်။ “ စစ်ဘေးစစ်ဒဏ်ပါ ခံရတဲ့အပြင် ရွေးကောက်ပွဲ မရှိဘူး၊ ကိုယ်စားပြုကိုယ်စားလှယ်ပါ မရှိဘူးဆိုရင် ပိုဆိုးသွားနိုင်တယ်လေ၊ အဲဒါလေးကို သိစေချင်တာပါ” ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဆလိုင်းစောမြက ပြောသည်။ တောင်းဆိုချက်တွင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလု ပ်မည့် အထွေထွေရွေးကောက်ပွဲကြီး ကောင်းမွန်စွာကျင်းပပြုလုပ်နိုင်ရန် အရေးအကြီးဆုံးအခြေခံလိုအပ်ချက်မှာ မဲဆန္ဒရှင်ပြည်သူများ၏လုံခြုံရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးပင် ဖြစ်သည်။ ယင်းအတွက် မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားလျှက်ရှိသည့် အပြန်အလှန် ရန်လိုပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး၊ AA လက်နက်ကိုင်အဖွဲ့ အနေဖြင့်လည်း […]

အပြည့်အစုံဖတ်ရန်

အိမ်တွင်နေထိုင်ခြင်း(Stay at Home) တင်းကျပ်နိုင်မှသာ ရောဂါကို ဟန့်တားနိုင်မည်ဟုဆို

September 7, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၇ (မော်ကွန်း) အိမ်တွင်နေထိုင်ခြင်း(Stay at Home) အစီအစဉ်ကို တင်းကျပ်နိုင်မှသာ Covid – 19 ရောဂါပိုးကို ဟန့်တားနိုင်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာချစ်ကိုဟန်က ပြောသည်။ Covid – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသစောင့်ရှောက်ရေးအတွက် Quarantine Center များနှင့်စပ်လျဉ်း၍ ယနေ့ နံနက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရာတွင် ဒေါက်တာချစ်ကိုဟန်က ပြောခြင်းဖြစ်သည်။ ဒေါက်တာချစ်ကိုဟန်က “Stay Home ကာလကို နှစ်ပတ်၊ သုံးပတ်လောက် တင်းတင်းကျပ်ကျပ် ဆောင်ရွက်လိုက်မယ်၊ မလိုအပ်တဲ့ လုပ်ငန်းတွေကို မလုပ်ဘူး၊ အိမ်တွင်းမှာ တိတိကျကျ နေလိုက်ကြမယ်ဆိုရင် ရှေ့ကပြေးနေတဲ့ ရောဂါကို ကျွန်တော်တို့က ဟန့်နိုင်မှာပါ” […]

အပြည့်အစုံဖတ်ရန်

ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (SMMT) က သတင်းအမှား ဖြန့်ဝေတဲ့ အကောင့်ထောင်နဲ့ချီ ပိတ်သိမ်းခဲ့

September 4, 2020

စည်သူ၊ အောင်ပိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၄(မော်ကွန်း) အစိုးရရဲ့ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (SMMT) က လှုမှုကွန်ရက် စံနှုန်းနဲ့ မကိုက်ညီတဲ့ ပို့စ်တွေနဲ့ သတင်းတု သတင်းမှား ဖြန့်ဝေနေတဲ့ အကောင့်၊ စာမျက်နှာ စုစုပေါင်း ၃, ၀၀၀ ကျော်နဲ့ ဝက်ဘ်ဆိုက်ပေါင်း ၂၃၀ ကို ဖြုတ်ချနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ယနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သတင်းတု သတင်းအမှားတွေ အပါအဝင် လူမှုကွန်ရက် အသုံးပြုပြီး မူးယစ်ဆေးဝါးဖောက်ကားတာ၊ လိင်စေ့ဆော်ပေးတာ၊ တစ်ဦးတစ်ယောက် တစ်ဖွဲ့ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တာ၊ ဘာသာရေးပြသာနာတွေ ဖန်းတီးပြုလုပ်တဲ့ ပို့စ်များ ပါဝင်တယ်လို့ သူက ဆိုပါတယ်။ “ဖြုတ်ချတဲ့ အခါမှာ လည်း […]

အပြည့်အစုံဖတ်ရန်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် လာမည့်အပတ်တွင် ပါတီ၏မူဝါဒလမ်းစဥ်များ ထုတ်ပြန်ကြေညာမည်

September 4, 2020

ဂေထော ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၄ (မော်ကွန်း) ရှမ်းပြည်နယ်အခြေစိုက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)သည် လာမည့်အပတ်အတွင်း ပါတီ၏မူဝါဒလမ်းစဥ်များကို ထုတ်ပြန်ကြေညာမည်ဟု ပါတီ၏တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က မော်ကွန်းသို့ ပြောသည်။ ပါတီ၏မူဝါဒလမ်းစဥ်နှင့်ပတ်သက်ပြီး အပိုင်း နှစ်ပိုင်းပါရှိကာ နိုင်ငံတစ်ခုလုံးကိုလွှမ်းခြုံ၍ ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးအတွက်ဘာလဲ၊ အုပ်ချုပ်ရေးနှင့်အမှီပြုရေးစသည့် ခေါင်းစဉ်များနှင့်အထွေထွေမူဝါဒများ၏ ခေါင်းစဥ်အကြီး ၈ ခုအောက်မှ ခေါင်းစဥ်ခွဲများကိုဖော်ပြထားသည့် သဘောတရားများလည်း ပါဝင်ကြောင်းသူကရှင်းပြသည်။ “ပါတီမူဝါဒလမ်းစဥ်ဆိုပြီး ကျွန်တော်တို့ထုတ်မယ်။ကျွန်တော်တို့ ဒီနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုဘယ်လိုလုပ်ရမယ်ဆိုတာကအစ ဘယ်လိုမျိုးဖြစ်သင့်တယ်ဆိုတာ အပိုင်းတွေပါမယ်။မူဝါဒအတော်များများကိုအကျဥ်းချုပ်ဖော်ပြတဲ့ပုံစံလည်းပါမှာပေါ့ဗျာ”ဟု သူကဆိုသည်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၄၅ ခုတွင် တိုင်းရင်းသားမဲဆန္ဒနယ် သုံးနေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၃၈ နေရာနှင့် ပြည်နယ်လွှတ်တော် ၇၉ နေရာ တို့ဖြစ်ကြောင်း ဩဂုတ် […]

အပြည့်အစုံဖတ်ရန်

NLD ရွေးကောက်ပွဲ ကြေညာစာတမ်းကိုတပ်မတော်အကောင်းမြင်

September 4, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၄ (မော်ကွန်း) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းအပေါ်အကောင်းမြင်ကြောင်း တပ်မတော်က ပြောသည်။ “ကျွန်တော်တို့ လေ့လာတဲ့အခါ သူ့တို့ရဲ့ရည်မှန်းချက်က ကျွန်တော်မြင်ရသလောက်တော့ မကောင်းတာ မပါဘူး။ သူတို့ ရည်မှန်းချက်သည် ဘယ်လိုတည်ဆောက်မယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတဲ့ ကောင်းတဲ့ဟာတွေ ချည်းပဲ ပါတယ်လို့ ကျွန်တော်တော့ မြင်ပါတယ်” ဟုတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ နံနက်ပိုင်းက နေပြည်တော် စစ်သမိုင်းပြတိုက်တွင် ပြုလုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းသမားတစ်ဦးက NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ဖြေရာတွင် သူက ပြောခဲ့ခြင်းဖြစ်သည်။ NLD ပါတီ၏ကြေညာစာတမ်းတွင် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာကဏ္ဍ၌ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံနှင့် နိုင်ငံသူ၊ […]

အပြည့်အစုံဖတ်ရန်
1 … 252 253 254 255 256 257 258 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."