စည်သူ
ရန်ကုန် – အောက်တိုဘာ ၁၅(မော်ကွန်း)
COVID – 19 ပထမလှိုင်းရော ဒုတိယလှိုင်းမှာပါ လွတ်ကင်းနေခဲ့တဲ့ ကယားပြည်နယ်ဟာ ဒီနေ့မှာတော့ ပထမဦးဆုံး COVID -19 လူနာတစ်ဦးတွေ့ရှိခဲ့ပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ကုသပေးနေတယ်လို့ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က မော်ကွန်းကို အတည်ပြုပါတယ်။
“ကယားပြည်နယ်တစ်ယောက်က တောင်ကြီးကိုပေးပို့ စစ်ဆေးတဲ့အထဲက ပိုးတွေ့တဲ့အဖြေထွက်ပါတယ်။လောလောဆယ်ကတော့ ကျန်းမာရေး ကောင်းမွန်တယ်”လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။
အဆိုပါ ပိုးတွေ့လူနာဟာ အောက်တိုဘာ ၆ ရက်က ရန်ကုန်ကနေ လွိုင်ကော်ကိုရောက်ရှိလာပြီး Quarantineစင်တာမှာအသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့သူဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ COVID -19 ရောဂါအတည်ပြုလူနာ ၃၂,၃၅၁ ဦး၊ သေဆုံးသူ ၇၆၅ ဦးနှင့်ပြန်လည်သက်သာလာသူ ၁၄,၇၀၆ ဦးရှိပြီး ဖြစ်ပါတယ်။
#Dailynews

