မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း)
မန္တလေးမြို့မှာ ဒီကနေ့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် အာဏာသိမ်းစစ်တပ်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့မှာ သံဃာတော်တွေနဲ့အတူ မန္တလေးက ကျောင်းသားပြည်သူတွေ၊ တက်ကြွတဲ့ အမျိူးသမီးတွေ အားလုံးစုပေါင်းပြီး မန္တလေးမြို့တွင်းလမ်းမထက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
“ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာဘယ်ကောင်နေရဲလဲ” “ထန်တလန် နှင့် ဒီပဲယင်း” နောက်မှာ ငါတို့ရှိတယ် အားတင်းထားပါ” စတဲ့ ကြွေးကြော်သံတွေနဲ့အတူ “အာဏာရှင်ဆိုတာ ဘယ်တော့မှအရှင်ထွက် မထွက်ဘူး၊” “ရှေ့ကိုချီတက် တွဲလက်ခိုင် လွတ်လပ်ရေး ပန်းတိုင် လှမ်းနိုင်ခဲ့တာ တို့မမေ့ ထူးမြတ် အမျိုးသားနေ့” စတဲ့ စာသားများကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓါတ်ပုံ Poison
#Dailynews

