မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း)
ဒေါက်တာတေဇာဆန်းကိုဖမ်းပြမယ်လို့ကြွေးကြော်ခဲ့သူ စစ်ကောင်စီသတင်းပေး ဦးကျော်သင်းဆိုသူ ဒီကနေ့ နေ့လယ်ပိုင်းက ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၆ ရက် နေ့လယ် ၂း၃၀ အချိန်ခန့်က မန္တလေးမြို့၊ ၈၆လမ်း၊ ဗိုလ်အိမ်မီးပွိုင့်အနောက်ဘက် ဒေါနခြံရပ်ကွက်၊ ရွှေတချောင်းဘေးမှာရှိတဲ့ ဇွဲအောင်လက်ဖက်ရည်ဆိုင်ထဲမှာ ဦးကျော်သင်းဆိုသူကို လူတစ်စုကနေ ပစ်ခတ်သွားခဲ့တာဖြစ်ကြောင်း မြို့ခံများက ပြောပါတယ်။
“ခေါင်းကိုခြောက်ချက်ပစ်ခံရတာလို့ပြောတယ်။ အရေးပေါ်ကားနဲ့သယ်သွားတာ”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရသူ ဦးကျော်သင်းဟာ ကြံ့ဖွံ့ပါတီကဖြစ်ပြီး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကိုဖမ်းပြမယ်လို့ လူမှုကွန်ရက်ပေါ်တင်ခဲ့ဖူးပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ ဗိုလ်ကြီးတစ်ဦးရဲ့အိမ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး ရန်ကုန် ကြည့်မြင်တိုင်ဖြစ်စဥ်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း Mandalay Phoenix Force အဖွဲ့က အသိပေးခဲ့ပါတယ်။
ဓာတ်ပုံ-Supplied
#Dailynews

