မြစ်ကြီးနား – ၂၀၂၁ ဒီဇင်ဘာ ၆ (မော်ကွန်း)
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ စုပေါင်းရုံးများရှိ ပြည်နယ် တရားလွှတ်တော်ရုံးရှေ့ ဒီကနေ့ မနက် ၁၁:၀၀ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ပြည်နယ်တရားလွှတ်တော်ရှေ့မှာရပ်တန့်ထားတဲ့ အိမ်စီးကားသုံးစီးရဲ့ကား ရှေ့ခြမ်းတွေနဲ့ကားမှန်တွေရယ်တရားလွှတ်တော် ဆိုင်းဘုတ်ရယ် ထိခိုက် ပျက်စီးသွားတယ်လို့ ဒေသခံဆိုပါတယ်။
” အတိအကျဆိုရင် ၁၁ :၀၂ မိနစ်မှာထကွဲတာ။ တရားလွှတ်တော်ရုံးဆိုင်းဘုတ်ရှေ့မှာရပ်ထားတဲ့ အိမ်စီးကားတွေကားရှေ့ခြမ်းထိတယ်။ကားမှန်တွေကွဲတယ်။ တရားလွှတ်တော်ဆိုင်းဘုတ်လည်း ပျက်စီးသွားတယ်။ လူထိ ခိုက်တာမျိုးတော့မရှိဘူး”လို့ မြစ်ကြီးနားမြို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေနဲ့ရဲတွေရောက်ရှိလာပြီး စစ်ဆေးတာတွေလုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အနီးက စစ်ကောင်စီလက် အောက်ခံ ရဲစခန်းရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
#Dailynews

