တောင်ငူ – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း)
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ မီတာစာရွက် ဝေနေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ EPC ဝန်ထမ်းတစ်ဦး ဒီကနေ့ ပစ်ခတ်ခံရကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းက မီတာစာရွက်တွေ လိုက်ဝေနေတဲ့ အဲဒီစစ်ကောင်စီဝန်ထမ်းဟာ သေနတ်နဲ့သုံးချက်ပစ်ခတ်ခံရတယ်လို့ ဒေသခံကပြောပါတယ်။
“အပစ်ခံရပြီး စစ်တပ်ကလာသယ်သွားတယ်။ ဆေးရုံရောက်မှသေတယ်ပြောတယ်” လို့ တောင်ငူမြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရသူမှာ တောင်ငူလျှပ်စစ်ရုံးက စာရေး ဝန်ထမ်း ကျော်ဝင်းလတ် (ခ) ကုလား ဆိုသူဖြစ်ကြောင်း၊ မီတာမဆောင်တဲ့အိမ်တွေကို မီးဖြတ်တဲ့အဖွဲ့ထဲမှာ လူသိများသူဖြစ်ကြောင်း ဒေသခံက ဆိုပါတယ်။
တောင်ငူမြို့မှာ မီတာခတွေကို စာရွက်လာဝေတာအပြင် ရပ်ကွက်ရုံးတွေကနေလည်း ကောက်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

