ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထောင်စုအခမ်းအနားကျင်းပနေချိန် မနက် ၆:၀၀ နာရီကျော်လောက်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်စုပေါင်းရုံးမှာ ပြည်ထောင်စုအခမ်းအနားအစီအစဉ်အရ သဝဏ်လွှာဖတ်ကြားနေတဲ့အချိန်မှာ ပေါက်ကွဲခဲ့ တာဖြစ်တယ်လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်ညီက ပေါက်တာနဲ့ လှမ်းဖုန်းဆက်ပြောတာ ကျွန်တော်ကတော့ မြို့နဲ့ဝေးတော့ ပထမ အလုံး မကြားလိုက်ဘူ၊း ဒုတိယအလုံးတော့ ကြားလိုက်တယ် ပွဲထဲမှာပေါက်ကတာတော့ မဟုတ်ဘူး၊ ပွဲလုပ်နေတဲ့ အပြင်ဘက်မှာပေါက်တာ၊ လူတော့ မထိလောက်ဘူး”လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။
အခမ်းအနားပြုလုပ်နေချိန် ပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေက ပွဲကို အကျဉ်းချုပ်ပြီး ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း ဖားကန့်မြို့ပေါ် လူစည်းကားတွေနေရာတွေမှာ စစ်ဆေးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

