သတင်းများ

မြောင်မှာ အာဏာသိမ်းစစ်တပ်က ကိုယ့်လူကိုယ်ပြန်ပစ်

February 17, 2022

မြောင် – ၂၀၂၂ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က ညနေ ၄:၀၀နာရီလောက်က မန္တလေးတိုင်း ၊မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်းမြို့ကနေ အာဏာသိမ်းစစ်တပ်ရဲ့ အင်အား၂၀ ဝန်းကျင်လိုက်ပါလာတဲ့ စက်လှေနှစ်စီးဟာ မြောင်မြို့နယ် နေပူကုန်းရွာထဲကို ဝင်လာခဲ့ကြပါတယ်။ အဲဒီအာဏာသိမ်းစစ်တပ်အုပ်စုထဲမှာ အရပ်ဝတ်နဲ့ စစ်သားလေးဦးလည်း လိုက်ပါလာပြီး နေပူကုန်းရွာထဲ ဝင်ရောက်မွှေနှောက်ခဲ့ကြပါတယ်။ ရွာထဲကနေပြန်အထွက်မှာတော့ လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်လေးဦးကို ရွာထိပ်မှာစောင့်ကျန်ခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေက PDF တွေထင်ပြီး မှားယွင်းပစ်ခတ်မိခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ “လေးဦးထဲက သုံးဦးကိုထမ်းထုတ်သွားရတယ်။ သေနိုင်တယ်လို့ကြားတယ်။ ဆေးကုမယ်ဆိုရင်တောင် ကုစရာ ဆေးခန်းမရှိဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မြောင်မြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးမီးရှို့တာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံပြည်သူတွေလည်း […]

အပြည့်အစုံဖတ်ရန်

” ပင်လုံကတိကဝတ်ကို အရင်းတည် ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီ ရဲရဲချီ ” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

February 16, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိ ၃၇၄ ရက်မြောက် ချီတက်ဆန္ဒပြတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်အဖွဲ့ ဟာ တန့်ဆည်မြို့မှာ တစ်ရွာပြီးတစ်ရွာ မီးလိုက်ရှို့နေ

February 15, 2022

တန့်ဆည် – ၂၀၂၂ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာအမြောက်အများကို နေ့စဥ်ဆက်တိုက်မီးရှို့နေလို့ ဒေသခံပြည်သူတွေထောင်ချီ တိမ်းရှောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ မီးရှို့လိုက်ရှို့တဲ့ အာဏာသိမ်းစစ်တပ်လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံကဆိုပါတယ်။ ဒီကနေ့ မနက် ၈:၀၀ နာရီဝန်းကျင်က တန့်ဆည်မြို့နယ် ဖလံချိုင်ရွာမှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေလို့ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့တဲ့အပြင် ချောင်းဆုံတောင်ရွာက နေအိမ်တစ်လုံးကိုလည်း မီးရှို့ထားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “စစ်သားအနည်းငယ်နဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှိူ့တာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဝင်ရောက်ဖျက်ဆီးမှုကို မကြာခဏခံရတဲ့ ကာပေါင်းကျကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ မနေ့အထိ နေအိမ် ၃၉ လုံး ထပ်မံမီးရှိုခဲ့ရပါတယ်။ အာဏာသိမ်းကာလတစ်လျှောက် ကာပေါင်းကျရွာမှာ နေအိမ်စုစုပေါင်း […]

အပြည့်အစုံဖတ်ရန်

“ ပင်လုံကတိကဝတ်ကို အရင်းတည် ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီ ရဲရဲချီ ” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

February 15, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ပျက်ရက်မရှိ လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ ၃၇၃ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

အင်တာနက်ဖြတ်တောက်ခံရတာ ခြောက်လနီးပါးရှိလာတဲ့ ဖားကန့်မြို့က သပိတ်စစ်ကြောင်းများ ယနေ့မြင်ကွင်း

February 15, 2022

ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက် သတင်းအမှောင်ချထားတာ ခြောက်လနီးပါး ရှိလာပေမယ့် မြို့ခံသပိတ်တွေကတော့ အရှိန်ရပ်မသွားဘဲ ဆန္ဒပြနေတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကိုဗစ်ကူးစက်ခံရတာကြောင့် မြန်မာဘောလုံးတစ်သင်းလုံးပြိုင်ပွဲမှနှုတ်ထွက်

February 15, 2022

ရန်ကုန်- ၂၀၂၂၊ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) အာဆီယံ ယူ -၂၃ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကမ္ဘောဒီးယားရောက်နေတဲ့ မြန်မာတစ်သင်းလုံးနီးပါးကိုဗစ်ကူးစက်ခံထားရတာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က မကြာသေးမီက ထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့အသင်း ကစားသမား ၂၆ ယောက်မှာ ၅ ယောက် လောက်ပဲ ကျန်တယ်။ ကျန်တဲ့ကစားသမားတွေ အားလုံးကိုဗစ်လက္ခဏာတွေပြနေတယ်။” လို့ မြန်မာ ယူ-၂၃ အသင်း နည်းပြ ပိုပေါ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။ ဒီပြိုင်ပွဲကို အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) က ကြီးမှူးကျင်းပတာဖြစ်ပြီး အာဆီယံ (၁၁) နိုင်ငံက အုပ်စု သုံးခု ခွဲပြီးယှဉ်ပြိုင်ကြတာပါ။ မြန်မာအသင်းကတော့ အုပ်စု (ခ) မှာ မလေးရှား၊ လာအို၊ အင်ဒိုနီးရှားနဲ့ တစ်အုပ်စုတည်းကျတာပါ။ ဒါပေမယ့်လည်း မြန်မာအသင်း ဟာ […]

အပြည့်အစုံဖတ်ရန်

“နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” အမျိုးသမီးတွေ ဦးဆောင်တဲ့ ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

February 14, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့မှာ အမျိုးသမီးတွေ ဦးဆောင်ပြီး လမ်းမပေါ်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဒီကနေ့ဆိုရင် ၃၇၂ ရက်မြောက် ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပစ်ခတ်ခံရတဲ့ အာဏာသိမ်းစစ်တပ်သတင်းပေးရဲ့ ဖုန်းထဲမှာ လူငယ်တွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ဗီဒီယိုတွေ တွေ့ရ

February 14, 2022

ရေစကြို – ၂၀၂၂ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) အာဏာသိမ်းစစ်တပ်သတင်းပေးတစ်ယောက်ကို ပစါခတ်ရှင်းလင်းအပြီး သူ့ဖုန်းထဲမှာ လူငယ်တွေကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ရုပ်သံဖိုင်တွေ တွေ့ရှိခဲ့ရကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့(ပခုက္ကူ) က ထုတ်ပြန်ပါတယ်။ ရှင်းလင်းခံရသူဟာ ရေစကြိုမြို့နယ်၊ ဘောင်ဘင်တန်းရွာက ပျူစောထီးအဖွဲ့ဝငိ ငတူးဆိုသူဖြစ်ကြောင်း အဆိုပါ ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။ ဖုန်းကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အာဏာသိမ်းစစ်တပ်တွေနဲ့ ပေါင်းပြီး လူငယ်တချို့ကို လက်ထိပ်ခတ် ရိုက်နှက်၊ နှိပ်စက်နေတဲ့ ရုပ်သံမှတ်တမ်းတွေနဲ့ တခြားအရေးကြီးအချက်အလက်အချို့ ရရှိခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူ)က အသိပေးပါတယ်။ ရှင်းလင်းခံရသူဟာ PDF စခန်းငယ်နေရာတွေကို စုံစမ်းပြီး သတင်းပေးပို့တာ၊ လောင်းကစားဝိုင်းတွေအကြီးအကျယ်ထောင်တာ၊ အပြစ်မဲ့ပြည်သူတွေကို လက်ညှိိုးထိုးဖမ်းခိုင်းတာတွေကြောင့် နစ်နာသူ ၁၀ယောက်အထက်ရှိလာလို့ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်ခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူ)နဲ့ ညီနောင်မဟာမိတ် ဝံပုလွေပြောက်ကျားတပ်ဖွဲ့ တို့က […]

အပြည့်အစုံဖတ်ရန်

မုံရွာသပိတ် လမ်းပေါ်တက်ကာ ဆန္ဒပြ

February 14, 2022

မုံရွာ – ၂၀၂၂ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့မနက်ပိုင်းက “နိုင်ငံဆိုတာလူထုအမိန့်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မုံရွာပင်မသပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မုံရွာမြို့ပေါ်မှာ အစစ်အဆေးအဖမ်းအဆီးတွေ ရှိနေတဲ့ကြားက ပင်မသပိတ်ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦးကနေ လူထုကိုအမှာစကားပြောကြားခဲ့ပြီး မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ မုံရွာမြို့ပေါ်မှာ အစစ်အဆေးအဖမ်းအဆီးတွေ နေ့စဥ်ရှိနေပြီး စစ်ကောင်စီတပ်စခန်းချထားတဲ့နေရာတွေမှာလည်း မကြာခဏ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဓာတ်ပုံ-CJ #Dailynews

အပြည့်အစုံဖတ်ရန်

“ပင်လုံကတိကဝတ်အရင်းတည်၊ ဖက်ဒရယ်ပြည်ထောင်စုသို့ ရဲရဲချီ” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

February 13, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၇၁ ရက်မြောက် လမ်းမပေါ် ချီတက်ဆန္ဒပြတဲ့ ဒီကနေ့ မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပြည်ထောင်စုနေ့တွင် အကျဉ်းသား ၈၀၀ ကျော်ပြန်လွှတ်

February 12, 2022

ရန်ကုန်-၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) နိုင်ငံတဝန်းက ပြစ်ဒဏ်အသီးသီးနဲ့ အကျဉ်းကျခံနေရသူ(၈၁၄)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ဒီနေ့ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီ‌နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျ‌ခံနေရသူတချို့ကို မီနီဘတ်စ်ကား လေးစီးနဲ့ စတင်လွှတ်ပေးနေပါတယ်။ “၅၀၅တွေ မပါသေးဘူး။နိုင်ငံရေးသမားတစ်ယောက်မှမပါသေးဘူး။ မူးယစ်မှုနဲ့ကျတဲ့သူတွေကိုအရင်လွှတ်ပေးနေတာ။ သားကိုလာစောင့်တာ။ ကျောက်တန်းကနေလာရတာ။ အကုန်လုံးလွတ်စေချင်တယ်”လို့ ပုဒ်မ ၅၀၅ နဲ့ ထောင်ချခံထားရတဲ့ သားဖြစ်သူကိုလာစောင့်တဲ့ ဖခင်တစ်ဦးကပြောပါတယ်။ လက်ရှိအချိန်အထိတော့ မြေပြင်မှာ လာစောင့်ကြို‌နေသူတွေကိုမေးမြန်းချက်အရ ၅၀၅(က)နဲ့ ထောင်ချခံထားရသူတွေမပါသေးဘူးလို့သိရပါတယ်။ လွတ်ငြိမ်းခွင့်မှာ သီရိလင်္ကာနိုင်ငံသား ခုနစ်ဦးကိုပြည်နှင်ဒဏ်နဲ့ ရခိုင့်တပ်တော် AAအဖွဲ့ဝင်တွေနဲ့ဆပ်စပ်သူ ၄၆ ဦးကို အမှုပိတ်သိမ်းကြောင်းလည်းပါဝင်ပါတယ်။ စစ်ကောင်စီက ထောင်ဒဏ်နှစ် ၈၀ ချမှတ်ထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကိုလည်း ပြစ်ဒဏ်ထက်ဝက် လျှော့ချခဲ့ပါတယ်။ စစ်ကောင်စီက အကျဉ်းကျခံနေရသူတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ […]

အပြည့်အစုံဖတ်ရန်

“လူမျိုးကြီးဝါဒဟူသမျှ တိုက်ဖျက်ကြ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ကြ” ကလေးမြို့ပင်မသပိတ် ယနေ့မြင်ကွင်း

February 12, 2022

ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ရက်ပေါင်း ၃၇၀ မြောက် လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 197 198 199 200 201 202 203 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."