ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ကာ သတင်းအမှောင်ချထားတာဟာ ခြောက်လကျော်ကြာမြင့်လာပါပြီ။
ဒီလို ဖြတ်တောက်ထားပေမယ့်လည်း မြို့ခံပြည်သူလူထုရဲ့ စစ်အာဏာရှင်အပေါ် တိုက်ထုတ် တွန်းလှန်တဲ့ သပိတ်စစ်ကြောင်းတွေကတော့ လမ်းပေါ်တက် ဆန္ဒပြနေဆဲပါ။
ဒီကနေ့မှာလည်း ဖားကန့်မြို့က ဘာသာ၊ လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်းဟာ လှည့်လည်ချီတက်ဆန္ဒပြခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် စစ်အာဏာရှင်ကို တိုက်ထုတ်တော်လှန်နေတဲ့ တပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုကြောင်း ပြသခဲ့ကြပါတယ်။
ဓါတ်ပုံ – CJ
#Dailynews