ဖားကန့် – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူတွေဟာ ဒီကနေ့မှာ စစ်အာဏာရှင်ကို သံပုံးတီးပြီး လမ်းပေါ်တက်ကာ ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားနေတာ ခြောက်လာကျော်လာပါပြီ။
အင်တာနက်မရရှိပေမယ့်လည်း ဖားကန့်ပြည်သူ့သပိတ်တွေဟာ နေ့စဉ်လမ်းပေါ်တက်နေဆဲပါ။
ဒီကနေ့မှာလည်း သပိတ်ဟာ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံအားပေးကြောင်း ကြွေးကြော်ကာ လှည့်ပတ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

