ရန်ကုန်- ၂၀၂၃၊ ဧပြီ ၂၆ (မော်ကွန်း)
အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင်ပင်လမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံးမှာ ဒီကနေ့နံနက်ပိုင်းလောက်က တက်တူးဆရာ အမျိုးသားတစ်ဦး ဆွဲကြိုးချပြီး မိမိကိုယ်ကိုအဆုံးစီရင်သွားတယ်လို့ တွဲလက်လူမှုကူညီရေးအဖွဲ့ (အင်းစိန်) မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့သတင်းရတာ ၈:၀၀ နာရီ ကျော်လောက်ပေါ့။ ကောင်လေးဖြစ်တဲ့အချိန်ကတော့ ၅ နာရီ နဲ့ ၆ နာရီအတွင်းမှာပဲ။ ကျွန်တော်တို့အလောင်းကောက်တဲ့အချိန် ကောင်လေးကနည်းနည်းတောင်တောင့်နေပြီ။” လို့သူကပြောပါတယ်။
သေဆုံးသူတက်တူးဆရာဟာ ခန့်မှန်းခြေအသက် ၂၅ နှစ် ဝန်းကျင်ဖြစ်မယ်လို့ ဆိုပါတယ်။
အဲဒီတက်တူးဆရာဟာ သူရဲ့ နှစ်ထပ်လုံးချင်းအိမ်ကို အောက်ထပ်မှာ တက်တူးဆိုင်ဖွင့်ထားပြီး တစ်ယောက်တည်းနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ရုပ်အလောင်းကို အင်းစိန်ရင်ခွဲရုံကိုပို့ထားတယ်လို့သိထားရပါတယ်။
Photo – တွဲလက်လူမှုကူညီရေးအဖွဲ့ (အင်းစိန်)
#Dailynews