စဉ့်ကူး – ၂၀၂၃ မေ ၂၅ (မော်ကွန်း)
မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊ ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့နေ့လယ် ၁၂:၀၀ ဝန်းကျင်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျေးရွာနေအိမ်တွေမီးလောင်နေတယ်လို့ Bo Tiger အဖွဲ့က ခေါင်းဆောင်ဗိုလ်ကျားကြီးကပြောပါတယ်။
ကျွန်းကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့သုံးချက်ပစ်ခတ်ခဲ့ပြီး နေအိမ်တွေကိုပါမီးစွဲနေတာလို့ ဗိုလ်ကျားကြီး ကပြောပါတယ်။
” သူတို့မီးပါတဲ့လက်နက်ကြီးနဲ့ပစ်တာ၊ရွာသားတွေကတော့ဘေးလွတ်ရာကိုရှောင်ခ်ိုင်းထားတယ်၊အိမ်တွေတော့အများကြီးလောင်နေပြီ”လို့သူကပြောပါတယ်။
ကျွန်းကြီးကျေးရွာထဲက နေအိမ် ၁၀လုံးထက်မနည်းလတ်တလောမီးလောင်နေပြီး ဗိုလ်ကျားကြီးအဖွဲ့ က မီးငြိမ်းသတ်ဖို့ကြိုးစားနေတယ်လို့ပြောပါတယ်။
ပုံစာ – ယနေ့မီးလောင်နေသည့် ကျွန်းကြီးရွာ
ဓာတ်ပုံ – Supplied
#Dailynews

