ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၃၀ (မော်ကွန်း)
တစ်ချိန်ကရန်ကုန်မြို့နောက်ဖေးလမ်းကြားအမှိုက်ပုံတွေကိုဥယျာဉ်အဖြစ်ပြောင်းလဲခဲ့တဲ့ ဒို့အိမ်ရဲ့နောက်ဖေးလမ်းကြားစီမံကိန်းဟာ အမှိုက်ပုံအတိပြန်ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနှစ်နှစ်ခွဲအကြာထိပြန်လည်ပြုပြင်ထိန်းသိမ်းမှုမလုပ်နိုင်သေးတဲ့အခြေအနေဖြစ်နေပါတယ်။
“အစ်မဆွဲနေတဲ့အချိန် ဘေးနားမှာကလေးတွေကလည်းဆော့ကစားကြ၊ ကိုယ့်ပုံလေးကိုဓာတ်ပုံတွေရိုက်ကြဆိုတော့ ပီတိဖြစ်မိတာပေါ့။ မိုးရေတွေကြားထဲ အချိန်ကုန်ခံလူပင်ပန်းခံပြီးဆွဲခဲ့ရတာပါ။ စစတွေ့ချင်းတုန်းက လုံးဝရှော့ခ််ရသွားတာ။ ပြောစရာစကားလုံးတောင်မရှိတော့ဘူး”လို့ နောက်ဖေးလမ်းကြားဥယျာဉ်မှာ Graffiti art ရေးဆွဲဲခဲ့သူတစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့အတွင်းမှာ နောက်ဖေးလမ်းကြား ဥယျာဉ်ပေါင်း ၂၀ ကျော်ရှိပြီး အဲဒီ့ထဲက ဥယျာဉ် ၁၂ ခုကို ဒို့အိမ်ကဖန်တီးခဲ့တာပါ။
ဒို့အိမ်ရဲ့နောက်ဖေးလမ်းကြားဥယျာဉ်တွေရဲ့လုံခြုံရေး၊ သန့်ရှင်းရေး၊ ကိစ္စအဝဝအတွက် နောက်ဖေးလမ်းကြားအနီးနားကဒေသခံတွေကို လွှဲပြောင်းပေးအပ်ထားတာပါ။
စစ်တပ်ကအာဏာသိမ်းပြီး လူထုကလမ်းပေါ်ထွက်ဆန္ဒပြပွဲတွေပြုလုပ်တဲ့ကာလတွေအထိ နောက်ဖေးလမ်းကြားတွေဖွင့်ထားဆဲဖြစ်ပြီး အဲဒီနောက်ပိုင်းမှပိတ်လိုက်ကြတာလို့ Graffiti Art ရေးဆွဲသူကပြောပါတယ်။
ပန်းဘဲတန်းမြို့နယ်၊ ၃၂ လမ်းအလယ်ဘလောက်မှာနေထိုင်သူတစ်ဦးကတော့ “နောက်ဖေးလမ်းကြားတွေကအသုံးမပြုကြတော့တာကြာပြီဗျ။ ဘယ်သူမှလည်းမရှင်းနိုင်တော့လို့အကုန်လုံးက ပိတ်လိုက်ကြတာ။”လို့ပြောပါတယ်။
နောက်ဖေးလမ်းဥယျာဉ်တွေရဲ့ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအခြေအနေတွေသိရဖို့ ရန်ကုန်ဒို့အိမ်ရုံးကို email ကတစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။
နောက်ဖေးလမ်းကြား ဥယျာဉ်စီမံကိန်းကို ၂၀၁၆ မှာ Yangon Wall၊ ဒို့အိမ်၊ မြို့ပြထိန်းသိမ်းရေးအဖွဲ့တချို့နဲ့ ရပ်ရွာနေပြည်သူလူထုတို့ ပူးပေါင်းအကောင်ထည်ဖော်ခဲ့ကြတာပါ။
၂၀၂၀ မတ်လအတွင်း နောက်ဖေးလမ်းကြားဥယျာဉ်ဖွင့်ပွဲအခမ်းအနားတွေပြုလုပ်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရထိပိုင်းခေါင်းဆောင်တွေတက်ရောက်ဖွင့်လှစ်ခဲ့ကြတာပါ။
ပုံစာ- ၂၀၂၀ နှင့် ၂၀၂၃ တွင်တွေ့မြင်ရသည့် ၄၁ လမ်း နှင့် ၄၂ လမ်းရှိနောက်ဖေးလမ်းကြားဥယျာဉ်မြင်ကွင်း။
Photo – Mawkun
#Dailynews

