ရန်ကုန်- ၂၀၂၃ ဩဂုတ် ၁ ( မော်ကွန်း)
အာဏာသိမ်း စစ်ကောင်စီရဲ့ သက်တမ်းနှစ်နှစ်ခွဲပြည့်တဲ့ဒီနေ့ ဝါဆိုလပြည့်နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ မိသားစုတွေက မျှော်လင့်နေပါတယ်။
မနေ့တုန်းကတော့ ကာလုံအစည်းအဝေးခေါ်ပြီး စစ်ကောင်စီက သူ့သက်တမ်းကို ခြောက်လ ထပ်တိုးတယ်လို့ သူ့လူတွေနဲ့သူလုပ်တဲ့ အစည်းအဝေးပြီးနောက် ကြေညာပါတယ်။
ဒီမနက်မှာတော့ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ရှေ့မှာ မိသားစုဝင်တွေဟာ ယုံကြည်ချက်ကြောင့်အကျဉ်းချထားခံရသူတွေ ပြန်လွတ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက ပြည်သူ ၄,၀၀၀ နီးပါးကို သတ်ဖြတ်ထားပြီး နိုင်ငံရေးအကျဉ်း သား ၂၀,၀၀၀ နီးပါးကို ဖမ်းဆီးထားဆဲလို့ ဖော်ပြပါတယ်။
Photo – Mawkun
#Dailynews

