UNODC မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ထရိုးစ်ဗက်စ်တာနှင့် အင်တာဗျူ း

UNODC မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ထရိုးစ်ဗက်စ်တာနှင့် အင်တာဗျူ း

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ဘာကြောင့်မြင့်တက် နေရ တာလဲ၊ သိသိသာသာလျော့ပါးပျောက်ကွယ်ဖို့ ဘာတွေ လုပ်ဖို့ လိုမလဲ၊ နောက်အစိုးရသစ်အနေနဲ့ ဘယ်လိုကိုင်တွယ်သင့်လဲ ဆိုတာတွေကို သိရဖို့ မော်ကွန်းမဂ္ဂဇင်းက ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UN Office on Drugs and Crime – UNODC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ထရိုးစ်ဗက်စ်တာ (Mr.Troels Vester) ကို အီးမေးလ်ကတစ် ဆင့် မေးမြန်းထားပါတယ်။

မော်ကွန်း။  ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘိန်းစိုက်တဲ့အခြေအနေက ငြိမ်နေတဲ့အတွက် အားတက်စရာလို ဖြစ်ပေမယ့် စိုက်တဲ့ဧရိယာ က မြင့်နေတုန်းပဲ။ ဘာကြောင့်ပါလဲ။

ဗက်စ်တာ။  ။ ၂ဝဝ၆ အထိ မြန်မာနိုင်ငံက ဘိန်းစိုက်တဲ့နေရာ တွေမှာ ဘိန်းစိုက်တဲ့ဧက သိသိသာသာ လျော့ကျလာခဲ့တယ်။ ၂ဝဝ၆ နောက်ပိုင်း ၂ဝ၁၃ အထိ နှစ်စဉ် တက်လာတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာတော့ ဘိန်းစိုက်တာ ငြိမ်နေတယ်။ ဘိန်းစိုက်ဖို့ မောင်းနှင်နေတဲ့အရာတွေရှိတယ်။ အစားအစာမဖူလုံတာ၊ ဆင်း ရဲတာ၊ ပဋိပက္ခနဲ့ လုံခြုံမှုမရှိတာတွေက ဘိန်းစိုက်ဖို့ကို မောင်းနှင် နေတဲ့ အရေးကြီးတဲ့အရာတွေထဲမှာ ပါနေတယ်။

မော်ကွန်း။  ။ တရားမဝင်ဘိန်းစိုက်တာကို လျှော့ချဖို့နဲ့ ပျောက် သွားအောင်လုပ်ဖို့ အောက်ခြေက ဘယ်လိုကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းမလဲ။

ဗက်စ်တာ။  ။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်တာက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမရှိတာ၊ အစားအစာမဖူလုံတာ၊ နောက်ပြီး ဆင်းရဲတာ တွေနဲ့ ချိတ်ဆက်နေတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ နိုင်ငံ ရေးအရရော စီးပွားရေးအရပါ ဖြေရှင်းဖို့လိုနေတယ်ဆိုတာကို ပြ နေတာပဲ။

ဘိန်းစိုက်ဖို့ဖြစ်စေတဲ့ အခြေခံအကြောင်းတရားတွေကို ဖြေရှင်းဖို့က တော်တော်လုပ်ရလိမ့်မယ်။ လူမှုအသိုင်းအဝိုင်းတွေ ရဲ့ လူမှုစီးပွားအခြေအနေတွေ၊ ကျေးလက်အိမ်ထောင်စုတွေရဲ့ အသက်မွေးဝမ်းကျောင်းတွေ တိုးတက်တဲ့အခါကျမှ ဘိန်းစိုက် ပျိုးတာကို ရေရှည်မှာ လျှော့ချဖို့ဆိုတာ လုပ်လို့ရမယ်။ ဒါကြောင့် ဘိန်းစိုက်တာကို ရေရှည်လျှော့ချနိုင်ဖို့ အကောင်အထည်ဖော်တဲ့ မူဝါဒတွေကို အကဲဖြတ်တဲ့အခါမှာ အလွန်အမင်းဆင်းရဲမွဲတေနေ တာကို တိုက်ဖျက်တဲ့ကိစ္စတွေ၊ လူသားဖွံ့ဖြိုးရေး၊ ကျား-မ တန်း တူရည်တူရှိရေး၊ အမျိုးသမီးတွေကို လုပ်ပိုင်ခွင့်ပေးရေးကိစ္စတွေ၊ ပြီးတော့ သဘာဝပတ်ဝန်းကျင် အရှည်တည်တံ့ရေးကိစ္စတွေနဲ့ပဲ ချိန်ထိုးအကဲဖြတ်သင့်ပါတယ်။

မော်ကွန်း။  ။ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့နဲ့ ယှဉ်ရင် ဘိန်းစိုက်တဲ့ဧရိယာအများစုက ရှမ်းပြည်နယ်မှာ ရှိနေတယ်။ ဘာ ကြောင့်လဲ။

ဗက်စ်တာ။  ။ ဘိန်းစိုက်တဲ့ကိစ္စက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမရှိတဲ့ အရာတွေနဲ့ ဆက်စပ်နေတယ်။ ရှမ်းပြည်နယ်က ပဋိပက္ခဖြစ်တဲ့ ဧရိယာနဲ့ အပစ်ရပ်အဖွဲ့အတော်များများရှိတယ်။ ပြီးတော့ ရှမ်း ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးတဲ့ အချက်အချာ နေရာ၊ ဘိန်းဖြူကုန်ကူးတဲ့အချက်အချာနေရာအဖြစ် ဆက်ပြီး ရှိ နေတယ်။ (မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့) ရွှေတြိဂံဒေသ ဘိန်းစိုက်ပျိုးမှုရဲ့ ၉၁ ရာခိုင်နှုန်းက ရှမ်းပြည်နယ် ထဲမှာ။

မော်ကွန်း။  ။ အမှန်တကယ် ဘိန်းစိုက်ဧရိယာက UNODC က ခန့်မှန်းထားတဲ့ဧရိယာထက် ပိုပြီးတော့တောင် များနိုင်တယ်ဆို ပြီး ကချင်ပြည်နယ်က အဖွဲ့တွေအပါအဝင် အချို့အဖွဲ့တွေက ဆို ကြတယ်။ ဒီအပေါ် ဘယ်လိုတုံ့ပြန်ချင်လဲ။

ဗက်စ်တာ။  ။  UNODC ရဲ့ ကိန်းဂဏန်းတွေဟာ သိပ္ပံနည်းကျ သုတေသနလုပ်ပြီး ပြုစုထားတာပါ။  UNODC ရဲ့ စစ်တမ်းတွေ မှာသုံးတဲ့ နည်းတွေက ဂြိုဟ်တုပုံရိပ်တွေ၊ မြေပြင်အချက်အလက် တွေ၊ လူမှုစီးပွားစစ်တမ်းတွေကို ပေါင်းစပ်တဲ့ နည်းပါ။ ဘိန်းစိုက် ဧရိယာခန့်မှန်းချက်တွေက ဂြိုဟ်တုကတစ်ဆင့် အဝေးကနေ ဖမ်းယူနိုင်တဲ့ နည်းပညာအပေါ် အခြေခံတာပါ။ ခန့်မှန်းချက်တွေ က အနုစိတ်တဲ့ ဂြိုဟ်တုပုံရိပ်သုံးသပ်ချက်တွေပေါ် အခြေခံထား တာပါ။

မော်ကွန်း။  ။ ၁၉၉၉ ကနေ ၂ဝ၁၄ အထိ ဘိန်းစိုက်ပျိုးမှုတိုက် ဖျက်ရေး ၁၅ နှစ်စီမံကိန်းဟာ မအောင်မြင်ခဲ့ဘူး။ ဘာကြောင့် အလုပ်မဖြစ်တာလို့ မှတ်ချက်ပေးနိုင်မလဲ။

ဗက်စ်တာ။  ။ အဲဒီအစီအစဉ်ကို UNODC က အကဲဖြတ်တာတွေ မလုပ်ခဲ့ဘူးဆိုတော့ ဒီအပေါ်မှာ အဖြေမပေးနိုင်ပါဘူး။

မော်ကွန်း။  ။ မအောင်မြင်ခဲ့တဲ့ အဲဒီအစီအစဉ်က UNODC နဲ့ မြန်မာအစိုးရ အကောင်အထည်ဖော်နေတဲ့ (ဘိန်းစိုက်ပျိုးမှု လျှော့ချရေး) လေးနှစ်စီမံကိန်းအတွက် ဘယ်လိုသင်ခန်းစာတွေ ရသလဲ။

ဗက်စ်တာ။  ။ ရှေ့ကစီမံကိန်း မအောင်မြင်ဘူးလို့ ပြောတာဟာ မမှန်ပါဘူး။ နောင်အောင်မြင်ဖို့ ဖောင်ဒေးရှင်းချပေးသွားတဲ့ လို အပ်တဲ့ ကနေဦးအဆင့်လို့ ရှုမြင်သင့်ပါတယ်။ အဲဒီစီမံကိန်း ကြောင့် အစားအစာဖူလုံရေးပိုင်းမှာ တိုးတက်လာတယ်၊ အခြေခံ အဆောက်အအုံနဲ့ ဒေသန္တရအုပ်ချုပ်မှုပုံစံတွေ တိုးတက်လာ တယ်။  UNODC နဲ့ တောင်သူတွေ ကြားမှာ ယုံကြည်မှုက ပိုမြင့် လာတယ်။ အဲဒီယုံကြည်မှုမရှိခဲ့ရင် လက်ရှိလုပ်နေတဲ့ ကော်ဖီစနစ် အကောင်အထည်ဖော်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။

UNODC ဟာ ၂ဝ၁၁ က စပြီး ရှမ်းပြည်နယ်မှာ (ဘိန်း အစားထိုးသီးနှံစိုက်ပျိုးမှုအစီအစဉ်ဖြစ်တဲ့) Alternative Development (ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး) စီမံကိန်းတွေကို အကောင်အထည်ဖော်နေတယ်။ ခြုံပြောရရင် ဘိန်းစိုက်တောင် သူတွေဟာ ဆင်းရဲတယ်။ ပြီးတော့ အပယ်ခံထားရတယ်။ ဒါတွေ ကို လျော့ပါးသက်သာဖို့ ဒီစီမံကိန်းတွေက တောင်သူတွေကို အစားအစာရဖို့ အဓိကစိုက်တဲ့ စိုက်ပျိုးသီးနှံတွေ၊ ဝင်ငွေရတဲ့ သီးနှံတွေ၊ ခြံမွေးတိရစ္ဆာန်တွေ၊ နောက်ပြီး သင်တန်းတွေနဲ့ နည်း ပညာ အကူအညီတွေကို ထောက်ပံ့ပေးတယ်။ ဒီစီမံကိန်းတွေက အခြေခံအဆောက်အအုံ၊ ဥပမာ-လမ်းတွေ တိုးတက်ကောင်းမွန် အောင်လည်း အထောက်အပံ့ဖြစ်တယ်။ လမ်းတွေတိုးတက်လာ တော့ အဲဒီအကျိုးကို ခံစားရသူတွေဟာ ဒေသတွင်း စီးပွားရေး ကိစ္စတွေမှာ ပါလာနိုင်တယ်။ ပြီးတော့ ကျောင်းတို့၊ ဆေးရုံတို့ကို လည်း လက်လှမ်းမီလာတယ်။ နောက်ပြီး စီမံကိန်းတွေက ဒေသန္တရ အုပ်ချုပ်မှုပုံစံကို တည်ဆောက်တဲ့နေရာမှာလည်း အောင်မြင် တယ်။ ဥပမာ- ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီလိုဟာမျိုး။

ရှေ့ကစီမံကိန်းတွေက အစားအသောက်ဖူလုံအောင်၊ အခြေခံ အဆောက်အအုံနဲ့ ဒေသန္တရအုပ်ချုပ်မှုတွေကို တိုးတက်အောင် လုပ်တဲ့နေရာမှာ အောင်မြင်ခဲ့သလို ဘိန်းအစားထိုးစီမံကိန်းကို လုပ်တဲ့အခါမှာ ရေရှည်ထိန်းထားနိုင်မယ့် ချဉ်းကပ်မှုမျိုးက ဘိန်း အစား အခြားဝင်ငွေရမယ့် နည်းလမ်းတွေကို ဖန်တီးပေးဖို့လို မယ်ဆိုတာကို အထင်အရှားပြသွားတယ်။

ဘိန်းစီးပွားရေးက တရားဝင်စီးပွားရေးကို ပုံဖျက်လိုက်တဲ့ အတွက်ကြောင့် ဒီအခြေအနေကို ပြောင်းနိုင်ဖို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးမှုအောင်မြင်ဖို့ကို အာရုံစိုက်ပေးဖို့ လိုပါလိမ့်မယ်။ အခုလို သင်ယူလိုက်ရတဲ့ဟာက နောက်နောင်အလုပ်တွေကို စီစဉ်တဲ့နေရာမှာ အခရာကျတယ်။ ရွေးချယ်ထားတဲ့ ရေရှည်သီးနှံ တွေကို အာရုံစိုက်မယ်၊ တောင်သူတွေကို စည်းရုံးမယ်၊ ပြီးတော့ သူတို့ကို နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်ပေးလိုက်မယ်ဆိုရင် ဒီစီမံကိန်းက ဘိန်းအစားထိုး အခြားဝင် ငွေရနိုင်တဲ့နည်းလမ်းတွေ ကို ဖန်တီးပါလိမ့်မယ်။

မော်ကွန်း။  ။ ကျွန်တော်တို့သတင်းထောက်တွေဟာ ရှမ်းပြည် နယ်မှာ ခင်ဗျားတို့စီမံကိန်းတွေရှိတဲ့ ဟိုပုံးနဲ့ လွိုင်လင်ကို သွားခဲ့ ကြတယ်။ အဲဒီမှာ ဘိန်းစိုက်တောင်သူတွေကို ကော်ဖီပင်တွေ စိုက်ခိုင်းတယ်ဆိုပြီး ပြောပြကြတယ်။ ဘိန်းကို အစားထိုးဖို့ ကော် ဖီကို ဘာကြောင့်ရွေးလိုက်တာလဲ။ ဘယ်လောက်အလုပ်ဖြစ်နိုင် မလဲ။

ဗက်စ်တာ။  ။ ရေရှည်ထိန်းလို့ရမယ့် အပြောင်းအလဲတွေ ဖန်တီးဖို့ ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဇောက်ချလုပ်နိုင်ဖို့ လိုတယ်။ ပြန့် ကျဲနေလို့မရဘူး။ ဒီဟာကနေ တောင်သူတွေဟာ ထုတ်ကုန်များ များထုတ်တဲ့အတွက် ကုန်ကျစရိတ်သက်သာတဲ့ အကျိုးရလဒ် တွေ ရလာမယ်။ ပြီးတော့ နိုင်ငံတကာ တန်ဖိုးချိတ်ဆက်မှုကွင်း ဆက်တွေမှာ ပါဝင်လာခွင့်ရမယ်။ ဒါကြောင့် စီမံကိန်းက နှစ်ရှည် ပင်အနည်းငယ်ကိုပဲ ရွေးချယ်ပြီး အဲဒါကိုပဲ အာရုံစိုက်ထားတယ်။ လတ်တလောအဆင့်မှာ ကော်ဖီကို အဓိကသီးနှံအဖြစ် ရွေးထား တယ်။ လက်ဖက်ကတော့ အကောင်အထည်ဖော်နေပြီ။

ကော်ဖီကို အသေအချာလေ့လာဆန်းစစ်ပြီးမှ ရွေးခဲ့တာ ပါ။ ဈေးကွက်အခွင့်အလမ်းတွေကို ကြည့်တယ်။ ဒေသမှာ ရေ ရှည်ဖြစ်ထွန်းနိုင်ခြေတွေကို ကြည့်တယ်။ မြန်မာနိုင်ငံမှာ ဘိန်း တွေကို ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,ဝဝဝ (ပေ ၃,၂ဝဝ ကျော်)နဲ့ မီတာ ၁,၈ဝဝ (ပေ ၅,၉ဝဝ ကျော်)ကြား တောင်ပေါ်တွေမှာ စိုက်ကြတယ်။ ဒီအမြင့်ပေဟာ အရည်အသွေး ကောင်းတဲ့ ကော်ဖီထုတ်ဖို့ အသင့်တော်ဆုံးပဲ။

ကော်ဖီထုတ်လုပ်တာဟာ လုံခြုံစိတ်ချရပြီး ကြီးထွားလာ နေတဲ့ ဈေးကွက်အခွင့်အလမ်းရှိတယ်။ ကမ္ဘာမှာ ကော်ဖီ သောက် တဲ့နှုန်းက လွန်ခဲ့တဲ နှစ် ၅ဝ ကျော်မှာ ပျမ်းမျှ ၁ ဒသမ ၉ ရာခိုင်နှုန်း တက်လာတယ်။ ၁၉၉ဝ တုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်းတက်တာ ကနေ ၂ဝဝဝ မှာ ၂ ဒသမ ၄ ရာခိုင်နှုန်းတက်လာတယ်။ တစ်ကမ္ဘာ လုံးမှာ ကော်ဖီသောက်တဲ့သူများလာလို့ နိုင်ငံတကာကော်ဖီ အဖွဲ့အစည်း (International Coffee Organization) က ဘာပြောလဲဆိုတော့ ၂ဝ၁၄-၂ဝ၁၅ အတွင်းမှာ ဈေးကွက်မှာ ကော်ဖီအိတ်ပေါင်း ရှစ်သိန်းလိုအပ်နေတယ်လို့ဆိုတယ်။ ကော်ဖီ သောက်သူများလာလို့ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်းမှာ ကော်ဖီအိတ်ပေါင်း သန်း ၄ဝ ကနေ ၅ဝ အထိ ဈေးကွက်က လိုအပ်လာလိမ့်မယ်လို့ ဆိုတယ်။ မကြာသေးခင်နှစ်တွေကပဲ အာရှရဲ့ကော်ဖီဈေးကွက်ဟာ ကမ္ဘာ့ကော်ဖီလုပ်ငန်းရဲ့ အာရုံစိုက် စရာနေရာဖြစ်လာတယ်။ ၁၉၉ဝ ကစပြီး အာရှမှာ ကော်ဖီ သောက်တဲ့နှုန်း မြင့်လာတာဟာ ကမ္ဘာမှာ မြင့်တက်တဲ့နှုန်းအမြင့် ဆုံးဖြစ်လာတယ်။ နှစ်စဉ် ပျမ်းမျှ ၄ ရာခိုင်နှုန်းတက်တယ်။ ၂ဝဝဝ ကနေစပြီး ၄ ဒသမ ၉ ရာခိုင်နှုန်း တက်လာတာ။

မော်ကွန်း။  ။ ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရလဲ။ တောင်သူတွေ ငွေရှာပုံရှာ နည်းပြောင်းလဲဖို့ကို ဘယ်လိုယုံကြည်လာအောင်လုပ်လဲ။ သူတို့ ဘက်က တုံ့ပြန်တဲ့အထဲမှာ ဘယ်ဟာတွေက တူနေကြလဲ။

ဗက်စ်တာ။  ။ သတင်းမီဒီယာတွေမှာ မီးမောင်းထိုးပြီး ပြောနေကြ သလို ဘိန်းတောင်သူတွေဟာ တရားဝင်တဲ့ အခြားအသက်မွေး ဝမ်းကျောင်းတွေကို ပြောင်းလုပ်ဖို့ စိတ်အားထက်သန်ကြတယ်။ ဘိန်းကို မထုတ်ချင်ကြဘူး။ UNODC ရဲ့ အတွေ့အကြုံအရလည်း ဒီလိုပဲ။ ရန်ပုံငွေအရနည်းတာက အားနည်းချက်ဖြစ်နေတော့ တောင်သူတွေကို လက်ခံယုံကြည်လာအောင် မစည်းရုံးနိုင်ဘူး။ စီမံကိန်းထဲမှာပါချင်တဲ့ ဘိန်းတောင်သူတွေအားလုံးကို စီမံကိန်း ထဲမှာထည့်ဖို့ ရန်ပုံငွေ လုံလုံလောက်လောက်မရှိဘူး။

မော်ကွန်း။  ။ စီမံကိန်းကို အောင်မြင်အောင် ဘယ်လိုလုပ်လို့ ရနိုင် မလဲ။

ဗက်စ်တာ။  ။ ရေရှည်ထိန်းထားနိုင်တဲ့ စစ်မှန်တဲ့အပြောင်းအလဲ တွေ ဖန်တီးဖို့၊ တောင်သူတွေအတွက် အနာဂတ်မှာ အကောင်း ဆုံး နိုင်ငံတကာဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးဖို့ စီမံကိန်းက တောင်သူစီးပွားရေးလုပ်ငန်းတွေကို ဖန်တီးပေးတယ်။ ပထမဆုံး  တောင်သူစီးပွားလုပ်ငန်းတစ်ခုဖြစ်တဲ့ Green Gold Coffee ကို ၂ဝ၁၅၊ ဇူလိုင်မှာ ထောင်ခဲ့တယ်။ လောလော ဆယ်တော့ တောင်သူအယောက် ၈ဝဝ လောက်က အစုရှယ်ယာ ရှင်ဖြစ်နေတယ်။

ဒီဖက်စပ်လုပ်ငန်းက တောင်သူတွေနဲ့ နိုင်ငံတကာ ဈေးကွက်တွေကို ချိတ်ပေးမယ်။ ပြီးတော့ ဈေးကောင်းအပေးဆုံး ဈေးကွက်တွေက တောင်းဆိုတဲ့ မြင့်မားတဲ့ စံချိန်စံညွှန်း အရည် အသွေးနဲ့ ကိုက်ညီအောင် ထုတ်လုပ်နိုင်ဖို့ကိုလည်း ဒီဖက်စပ်လုပ် ငန်းက ကူညီပေးမယ်။ စစ်မှန်ပြီး ရေရှည်ထိန်းထားနိုင်မယ့်ရလဒ် တွေထွက်ဖို့ ဒီစီမံကိန်းက ဖက်စပ်လုပ်ငန်းရဲ့ စွမ်းဆောင်ရည် တည်ဆောက်ရေးအပိုင်းကို လောလောဆယ် အာရုံစိုက်ထား တယ်။ စိုက်ပျိုးတဲ့အပိုင်းမှာဆိုရင် အရည်အသွေးမြင့်မားတဲ့ ကုန် ပစ္စည်းတွေ (ကော်ဖီတို့၊ လက်ဖက်တို့) ထုတ်နိုင်အောင် စီမံကိန်း က တောင်သူတွေနဲ့ အလုပ်လုပ်မယ်။

မော်ကွန်း။  ။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေ ကို သတင်းသွားလိုက်ပြီး ပြန်လာတဲ့ ကျွန်တော်တို့သတင်း ထောက်တွေ ပြန်ပြောပြတာက တောင်သူတွေဟာ သူတို့ ဘိန်း စိုက်ခွင့်၊ ဘိန်းကုန်ကူးခွင့်ရဖို့ သူတို့ဒေသမှာရှိတဲ့ ပြည်သူ့စစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်အရာရှိတွေကို ပိုက်ဆံပေးရတယ်၊ အခွန်ပေးရတယ်လို့ ဆိုတယ်။ အဲဒီအဖွဲ့တွေရဲ့ ပါဝင်မှုမရှိရင် ဘိန်းဆိုတာစိုက်လို့မရဘူး၊ ကုန်ကူးလို့ရမှာ မဟုတ် ဘူးလို့ ဝေဖန်တဲ့သူတွေကလည်း ထောက်ပြကြတယ်။ ဒီအပေါ်မှာ ခင်ဗျားတို့ ဘယ်လိုမြင်လဲ။

ဗက်စ်တာ။  ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး UNODC က သုတေသနလုပ်ထားတာ မရှိသေးပါဘူး။ အဲဒီတော့ မှတ်ချက် မပေးနိုင်ပါဘူး။

မော်ကွန်း။  ။ ဒီပြဿ      နာ (ဘိန်းစိုက်ပျိုးတဲ့ပြဿ       နာ)ကို ကိုင်တွယ် ဖို့ အစိုးရသစ်ကို ဘယ်လိုအကြံပေးချင်လဲ။

ဗက်စ်တာ။  ။ အခြေခံကျတဲ့ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ဘက်ပေါင်း စုံကချဉ်းကပ်ဖို့ လိုလိမ့်မယ်။ မြေပိုင်ဆိုင်မှုကိစ္စတွေ တိုးတက် ကောင်းမွန်အောင်၊ တရားရေးနဲ့ လုံခြုံရေးကဏ္ဍတိုးတက်လာ အောင်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့၊ ပြီးတော့ သဘာဝပတ်ဝန်း ကျင်ကို ကာကွယ်ပေးဖို့ အဲဒီကိစ္စတွေကို အာရုံစိုက်သင့်တယ်။ တောင်သူတွေရဲ့ ဝင်ငွေတွေ တိုးလာအောင်၊ ဝင်ငွေရပေါက်ရလမ်း တွေ များလာအောင် လုပ်ပေးဖို့ လိုအပ်မယ်။ ပြီးတော့ တောင်သူ တွေ ဈေးကွက်ကို ပိုပြီး လက်လှမ်းမီလာအောင် အခြေခံ အဆောက် အအုံတွေ ကောင်းလာအောင်လုပ်ပေးဖို့ လိုမယ်။ ပညာရေး အဆောက်အအုံတွေ တိုးချဲ့လုပ်ဆောင်တာတွေ၊ သောက်ရေရရှိဖို့နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေ ရှိဖို့ကိစ္စတွေလို အခြေခံ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့လိုလိမ့်မယ်။

မော်ကွန်း။  ။ ဘာများဖြည့်စွက်ချင်သေးလဲ။

ဗက်စ်တာ။  ။ ဒေသတွင်း ဘိန်းဖြူဝယ်လိုအားက မြင့်နေတုန်းပဲ။ ပြီးတော့ စနစ်တကျစီစဉ်လှုပ်ရှားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ကျူးလွန်တဲ့အဖွဲ့တွေက အမြတ်အစွန်းတွေ အများကြီးရနေကြ တယ်။ ပြီးခဲ့တဲ့နှစ် ဘိန်းစိုက်ပျိုးမှုက ငြိမ်နေတဲ့အတွက်ကြောင့် အားတက်စရာကောင်းနေတဲ့အချိန်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ ဆက် နွှယ်နေတဲ့ တရားမဝင် ရောင်းဝယ်ဖောက်ကားနေတာတွေကို အားပေးနေတဲ့ အခြေခံပြဿ       နာတွေကိုရင်ဆိုင်ဖို့ကို အရွေး ကောက်ခံ အစိုးရက ဦးစားပေးလုပ်သင့်တယ်။     ။

 

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

 

မော်ကွန်း သတင်းအဖွဲ့ မေးမြန်းသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."