အင်တာဗျူးများ

 “လွတ်မြောက်ရေးတိုက်ပွဲဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုတွေ တောင်ပေါ်ကနေ မြေပြန့်ကွင်းထဲကို ဆင်းလာကြတော့မယ့်အရိပ်နိမိတ်တွေကို ဖော်ပြနေတာလို့ ကျွန်တော်ကတော့ သဘောပေါက်ပါတယ်”

July 3, 2024

ရန်ကုန် – ၂၀၂၄ ဇူလိုင် ၃ (မော်ကွန်း) ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။ စစ်ကောင်စီနဲ့ အပစ်ရပ်သဘောတူခဲ့တဲ့ TNLA အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲအဖြစ် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အခုရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ပြင် ဒီထိုးစစ်ဟာ ပိုမိုကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်းဒေသအထိပါ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီစစ်ရေးအပြောင်းအလဲတွေ၊ အလားအလာတွေနဲ့ပတ်သက်ပြီး စစ်ရေးနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲဆိုပြီးတော့ TNLA က ထုတ်ပြန်ပြီး ထိုးစစ်တွေ စတင်လာတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာတယ်ပေါ့ဆရာ။ အဲဒီတစ်ကျော့ပြန်ထိုးစစ်က ဘာလို့ […]

အပြည့်အစုံဖတ်ရန်

“နိုင်ငံရေးအားဖြင့်၊ စစ်ရေးအားဖြင့် မြန်မာစစ်တပ်က အဖက်ဖက်က ပြိုလဲနေတဲ့အချိန်ပေါ့၊ အဲဒါတွေကြောင့် လူထုရဲ့ အမုန်းတရား၊ လူထုရဲ့ ကျိန်စာသင့်နေတဲ့စစ်တပ်က ပြိုလဲဖို့ မြန်တာပေါ့”

February 28, 2024

ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၂၇ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဟာ စစ်ကောင်စီစခန်းတွေ တစ်ခုပြီးတစ်ခုကို ဆက်တိုက်သိမ်းပိုက်နေပြီး ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်က မြို့တွေကိုပါ သိမ်းပိုက်ထိန်းချုပ်လာနေပြီဖြစ်ပါတယ်။ AA ဟာ ရခိုင်ပြည်နယ်တစ်ခုလုံးက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ထုတ်သွားမယ်လို့ ထုတ်ပြောလာပြီး တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ AA ရဲ့ မြေပြင်စိုးမိုးမှု အခြေအနေ၊ စစ်ရေးအခြေအနေတွေနဲ့ AA က ထိန်းချုပ်ထားတဲ့ ဒေသတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဝါရင့်ရခိုင်နိုင်ငံရေးသမားဖြစ်သူ၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – လက်ရှိ ရခိုင်ဒေသမှာ AA ဟာ ပလက်ဝဒေသအပါအဝင် မြို့တွေကိုလည်း ထိန်းချုပ်သိမ်းပိုက်နိုင်တာတွေ ရှိလာပြီလို့သိရပါတယ်။ ဆက်ပြီးတော့လည်း တိုက်ပွဲတွေဖြစ်နေပါတယ်။ မြေပြင်မှာ […]

အပြည့်အစုံဖတ်ရန်

“ သာမန်ပြည်သူတွေကို ရွေးချယ်စရာ လမ်းမရှိအောင်ပေါ့၊ မတရားဥပဒေပြဌာန်းပြီး စစ်မှုထမ်း၊ စစ်တိုက်ခိုင်းဖို့ လုပ်ခိုင်း တာပေါ့။ ဒီမတရားဥပဒေဟာ ပြည်သူတွေရဲ့အိမ်တံခါးတိုင်းကို လာခေါက်ပြီပေါ့”

February 14, 2024

ကိုမိုးနေလ- ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်(P.I.O/P.I.A)၊ ဗဟိုကော်မတီဝင် ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၄ (မော်ကွန်း) အရွယ်ရောက်သူတိုင်းကို စစ်ထဲဝင်ခိုင်းဖို့ရည်ရွယ်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီကိုခုခံတော်လှန်နေကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ဝင်ရောက်လာတဲ့ တပ်သားသစ်တွေရှိနေပြီလို့ တော်လှန်ရေးတပ်ဖွဲ့တချို့က ထုတ်ဖော်ပြောလာကြပါတယ်။ ဒါပေမဲ့ အရေအတွက်အတိအကျကိုတော့ အဲဒီအဖွဲ့တွေဘက်က ထုတ်မပြောကြပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဥပဒေအရ အကြုံးဝင်တဲ့နိုင်ငံသား ၁၃ သန်းကျော် ရှိတယ်လို့ BBC နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်(P.I.O/P.I.A)ဟာ လူငယ်တော်လှန်ရေးသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ကရင်နီစစ်မြေပြင်အပါအဝင် စစ်ကောင်စီကိုတော်လှန်နေတဲ့ အခြားတိုင်းရင်းသားတွေနဲ့အတူ တိုက်ခိုက်နေတဲ့အဖွဲ့ပါ။ ဒီအဖွဲ့ ရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ကိုမိုးနေလကတော့ စစ်ကောင်စီပြဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အများပြည်သူကို တရားဝင်ပေါ်တာဆွဲခွင့် ဖန်တီးယူလိုက်တာလို့ ပြောပါတယ်။ သူနဲ့ ဆွေးနွေးချက်တစ်ချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ရရှိဖို့ဆိုတာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကပဲ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်”

February 14, 2024

မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ခွဲထွက်အဖွဲ့ရဲ့ နိုင်ငံရေး၊စစ်ရေးဆိုင်ရာဦးဆောင်အဖွဲ့ဒုအဖွဲ့ခေါင်းဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်နှင့်မေးမြန်းခြင်း ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၄ (မော်ကွန်း) NCA ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီလက်အောက်က အထွေထွေအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်အပါအဝင် ပါတီဝင်တွေ၊ တပ်မှူးတွေဟာ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကိုဖွဲ့စည်းကာ စစ်ကောင်စီကိုတိုက်ခိုက်သွားမယ်ဆိုတဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လာပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ဟာ စစ်ကောင်စီနဲ့ သုံးကြိမ်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲအချို့မှာ ဝင်ရောက်ပါဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဖွဲ့အတွင်းမှာ နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး အဖွဲ့အတွင်းခွဲထွက်မှုဖြစ်လာခဲ့တာပါ။ အခုလို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကို ဖွဲ့စည်းကာ ပါတီကနေခွဲထွက်ရတဲ့ အကြောင်းရင်းနဲ့ စစ်ကောင်စီကိုတိုက်ခိုက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ခွဲထွက်အဖွဲ့ရဲ့ နိုင်ငံရေး၊စစ်ရေးဆိုင်ရာဦးဆောင်အဖွဲ့ဒုအဖွဲ့ခေါင်းဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် […]

အပြည့်အစုံဖတ်ရန်

“ပြည်ထောင်စုရဲ့အာဏာဆိုတာ ပြည်နယ်သားတွေကနေပြီးတော့ ဆင်းသက်ရမယ်”

February 13, 2024

ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၃ (မော်ကွန်း) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး ဥပဒေမူကြမ်းထုတ်ပြန်ရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီက အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နှင့်မေးမြန်းခြင်း။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ(PRCF) ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံမူကြမ်းတစ်စောင်ကို မနေ့ကကျရောက်တဲ့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖက်ဒရယ်ဖော်ဆောင်ရေးပြည်သူ့ ကိုယ်စားလှယ်များကော်မတီ (PRCF) မှာ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းမရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ကရင် အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (DNDP)၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP)၊ ကယန်းအမျိုးသားပါတီ (KNP)၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)တို့ အပါအဝင် မွန်ရေးရာအဖွဲ့ […]

အပြည့်အစုံဖတ်ရန်

“ရခိုင်မပါဘူးဆိုရင်တော့ ရခိုင်မှာ တိုက်ပွဲတွေတော့ဆက်ဖြစ်မှာပေါ့”

January 12, 2024

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၂ (မော်ကွန်း) ပြီးခဲ့တဲ့နိုဝင်ဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဟာ နှစ်လနီးပါးကြာတဲ့ အထိ ပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာတော့ တောင်ပိုင်းမြို့တွေအထိပါ ကူးစက်လာနေပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် အဲ့ဒီသဘောတူညီချက်မှာ ရခိုင်ပြည်နယ် မပါဝင်သေးဘူးလို့လည်းသတင်းတွေက ဆိုပါတယ်။ အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ဒေသမှာ ဖြစ်ပွားလာမယ့် စစ်ရေးအလားအလာနဲ့ ဒေသတွင်းအခြေအနေတွေကို ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – လက်ရှိ ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်အခတ်ရပ်စဲတဲ့ သတင်းတွေထွက်လာတယ်။ ဒါပေမယ့် အဲ့ဒီ […]

အပြည့်အစုံဖတ်ရန်

“နိုင်ငံရေးရည်မှန်းချက်နဲ့ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့တွေဖြစ်တဲ့အတွက် သူတို့ကြေညာတဲ့အတိုင်း ဆက်လုပ်မယ်လို့တော့ ကျွန်တော်တို့ မျှော်လင့်နိုင်ပါတယ်”

December 13, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၃ (မော်ကွန်း) ညီနောင်မဟာမိတ်အဖွဲ့ တွေဖြစ်တဲ့ TNLA ၊ MNDAA၊ AA တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ယခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပေမယ့် ဒီနေ့အထိ တိုက်ပွဲတွေဆက်လက်ဖြစ်နေဆဲဖြစ်ပြီး ညီနောင်မဟာမိတ်တပ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေဆဲဖြစ်ပါတယ်။ အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး စစ်ရေးရည်မှန်းချက် အလားအလာနဲ့ ဆွေးနွေးပွဲသက်ရောက်မှု အခြေအနေတွေကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။ မော်ကွန်း – စစ်ကောင်စီက မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တယ်။ ဒါပေမယ့် ညီနောင်မဟာမိတ်အဖွဲ့တွေကလည်း တိုက်ပွဲတွေ ဆက်ပြီးဖော်ဆောင်နေသလို သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်အတိုင်း ဆက်သွားမယ်ဆိုတာမျိုး ထုတ်ပြန်ထားတယ်။ အဲ့ဒီအခြေအနေမှာ ပြည်သူလူထုအနေနဲ့ […]

အပြည့်အစုံဖတ်ရန်

“နောက်ထပ်အပစ်အခတ်ရပ်စဲရေး ဆိုတာဖြစ်လာမှာမဟုတ်ဘူး၊ ဒီအချိန်မှာတော့ အခြေအနေ တစ်ခုအထိရောက်အောင် နှစ်ဖက်တပ်တွေ တိုက်ကြရလိမ့်မယ်လို့ ထင်ပါတယ်”

November 17, 2023

စစ်တွေ – ၂၀၂၃ နိုဝင်ဘာ ၁၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလကုန်ပိုင်းကစပြီး ပြင်းထန်လာတဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ရခိုင်ပြည်နယ်မှာလည်း ရက္ခိုင့်တပ်တော်AA နဲ့ စစ်ကောင်စီတပ်တွေအကြား တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်လာနေပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် AA ဟာ ယခုလ ၁၃ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲကင်းစခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီလို တိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို ပြည်မနဲ့ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးကို ဖြတ်တောက်ထားလိုက်ပါတယ်။ အဲဒီ့အခြေအနေတွေနဲ့ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို ရခိုင်ပြည်နယ်စစ်ပွဲအလားအလာနဲ့ ဒေသတွင်းသက်ရောက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ မော်ကွန်းကဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း – ရခိုင်ပြည်နယ်မှာ တစ်နှစ်နီးပါးလောက် အပစ်ရပ်ထားပြီးတော့မှ စစ်ကောင်စီတပ်တွေနဲ့ AA လက်နက်ကိုင်တွေအကြား တစ်ကျော့ပြန်စစ်ပွဲတွေ ပြန်ဖြစ်လာတာ ဘာကြောင့်လို့သုံးသပ်ပါသလဲ။ ဦးဖေသန်း […]

အပြည့်အစုံဖတ်ရန်

“မြောက်ပိုင်းမှာသိမ်းဆည်းရမိတဲ့ တပ်ရင်းလေးငါးရင်းစာလက်နက်တွေသာ စစ်ကိုင်းတိုင်းထဲဝင်ရောက်လာပြီဆိုရင် နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုအတွက် ၇၀ ရာခိုင်နှုန်းလောက် သေချာသွားပြီဆိုတဲ့အနေအထားပါ”

November 9, 2023

ရှမ်းမြောက်ပိုင်းတိုက်ပွဲတွေနဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေရဲ့သက်ရောက်မှုနဲ့ နွေဦးတော်လှန်ရေးအလားအလာတွေကို စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကို မော်ကွန်းကဆက်သွယ်မေးမြန်းခဲ့တာတွေထဲက ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ ။ အခုရှမ်းမြောက်ပိုင်းမှာဆိုရင် တိုက်ပွဲတွေဖြစ်နေတာ ဆရာလည်းသိပါတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် ကောလင်းကို သိမ်းလိုက်သလို ခမ်းပတ်ကိုလည်း သိမ်းလိုက်ကြနိုင်တာ တွေ့ရတယ်။ ဒီလိုဖြစ်လာတဲ့ အခင်းအကျင်းတွေက တော်လှန်ရေးအောင်မြင်မှုအထိ အရှိန်တက်သွားနိုင်တဲ့အခင်းအကျင်းတွေလား။ ဒီတော်လှန်ရေးအောင်မြင်လာဖို့ အတိုက်အခံတွေဘက်က ဘာတွေဆက်လက်ပြင်ဆင် လုပ်ကိုင်သွားကြသင့်သလဲ။ ဆရာအမြင်လေးသိပါရစေ။ ဦးသန်းစိုးနိုင်။ ။ အခုကတော့ ‘၁၀၂၇-စစ်ရေး’ စီမံကိန်းက ရှမ်းပြည်မြောက်ပိုင်းကိုသိမ်းဆည်းပြီးပြီ။ ဝမ်းသာစရာ ကောင်းပါတယ်။ အဲဒီကအင်အားစုတွေ စစ်ကိုင်းတိုင်းထဲဝင်ရောက်လာနိုင်တာဟာ တော်တော်ကြီးမားတဲ့အောင်မြင်မှုပါ။ အဓိပ္ပါယ်ကတော့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ကို သိမ်းပိုက်နိုင်လိုက်တဲ့အနေအထားဟာ စစ်ရေးအရပြောမယ်ဆိုရင် ‘၁၀၂၇-စီမံကိန်း’ ဘောင်ထက် ကျော်ပြီးတော့ မြန်မာပြည်အလယ်ပိုင်းကို ရောက်လာပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ နိုင်ငံရေးအရပြောရရင် ညီနောင်သုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းစည်းမိပြီးတော့ စစ်ကိုင်းတိုင်းမြောက်ပိုင်းက ကောလင်းခရိုင်ကို […]

အပြည့်အစုံဖတ်ရန်

“မြန်မာက တကယ့်ကို စားနပ်ရိက္ခာရှားပါးတဲ့ ၊ မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ ရမယ့်လမ်းထဲ၊ ကြုံတွေ့ရမယ့် အခြေအနေ ရှိနေပြီ” 

October 3, 2023

ဦးဝင်းမျိုးသူ (အလွတ်တန်း သုတေသနပညာရှင်) စိုက်ပျိုးရေးကိုအခြေခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့ ကြွေးကျော်သံမျိုးဟာ မြန်မာနိုင်ငံမှာ မကြားချင်မှ အဆုံးပါ။ ဒါပေမဲ့ ခေတ်အဆက်ဆက် အစိုးရဆိုသူတိုင်းဟာ တောင်သူလယ်သမားတွေကို ပစ်ထားခဲ့ကြတာချည်းပါပဲ။ ကိုယ်ထူးကိုယ်ချွန်၊ ကိုယ့်ကြံရည်ဖန်ရည်နဲ့ပဲ နိုင်ငံရဲ့ အကြီးဆုံးကုန်ထုတ်ကဏ္ဍကြီးကို တောင်သူလယ်သမားတွေ မောင်းနှင်လည်ပတ်နေတာ ရှေးကတည်းကပါ။ အခုတော့ အရပ်သားအစိုးရတွေကိုဖြုတ်ချပြီး စစ်တပ်ကအာဏာယူကာ အမှောင်ခေတ်ကို တစ်ကျော့ပြန်ဆွဲသွင်းနေစဉ်မှာ တောင်သူလယ်သမားတွေရော ဘယ်လိုဖြစ်နေပါသလဲ။ ဒီအကြောင်းကို မြန်မာ့လယ်ယာကဏ္ဍကို ဆယ်စုနှစ်နဲ့ချီ လေ့လာစောင့်ကြည်နေတဲ့ အလွတ်တန်းသုတေသနပညာရှင် ဦးဝင်းမျိုးသူကို မော်ကွန်း ဆက်သွယ်ဆွေးနွေးထားတဲ့အထဲက အချို့ကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ ။ အာဏာသိမ်းထားတာဟာ အခုဆိုရင် သုံးနှစ်အတွင်းကိုဝင်လာပြီ၊ မြန်မာငွေတန်ဖိုးကလည်း ထိုးကျသွားပြီ၊ လယ်သမားတွေ မဖြစ်မနေအသုံးပြုနေရတဲ့ သွင်းအားစုဈေးတွေက မြောက်တက်နေပြီ။ ဒီလိုအခြေအနေမှာ လယ်သမားဟာ ရှင်သန်ရေးအတွက် ဘယ်လောက်အထိ ရုန်းကန်နေရပြီလို့ ဆရာတို့သုံးသပ်ပါသလဲ။ ဦးဝင်းမျိုးသူ။ […]

အပြည့်အစုံဖတ်ရန်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနှင့် မေးမြန်းခြင်း

September 27, 2023

ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၇ (မော်ကွန်း) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အင်အားအနည်းငယ်ကနေ အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တွေလှုပ်ခတ်ခဲ့ပါတယ်။ ပဲခူး၊ တိုက်ကြီး နဲ့ မှော်ဘီမြို့နယ်တို့ကိုဦးတည်ပြီး လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလကထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် မှော်ဘီမြို့နယ်က ဗုဒ္ဓသာသနာပြုတက္ကသိုလ်တစ်ခုမှာ ပျက်စီးမှုတစ်ချို့ရှိခဲ့ပြီး ရန်ကုန်မြို့အတွင်း မြို့နယ်တော်တော်များများမှာလည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ အခုရက်ပိုင်း ရန်ကုန် နဲ့ ပဲခူးတိုင်းဒေသကြီးမှာ ဘာလို့ ငလျင်တွေ ခက်စိပ်စိပ် လှုပ်လာသလဲ။ ပြည်သူတွအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၊ မြေငလျင်ဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးကို မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း – ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ငလျင်တွေဆက်တိုက်ဆိုသလို လှုပ်လာနေတယ်။ ဘာကြောင့် ရက်စိပ်စိပ် ငလျင်တွေလှုပ်လာရတာလဲ။ ဒေါက်တာယဉ်မျိုးမင်းထွေး – […]

အပြည့်အစုံဖတ်ရန်

“မြန်မာ့သမိုင်းမှာမကြုံဖူးတဲ့ နည်းပညာအခြေပြု အာဏာရှင်စနစ်တစ်ခု ဖြစ်လာပါပြီ။ ဒါကို Digital Dictatorship လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ တဦးချင်းစီ အခွင့်အရေးတွေသည် ပိုမို ဆုတ်ယုတ်လာဖို့ ရှိပါတယ်”

August 17, 2023

နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းကတာဝန်ရှိသူတစ်ဦး ရန်ကုန်-၂၀၂၃၊ ဩဂုတ်-၁၆ (မော်ကွန်း) အာဏာသိမ်းပြီးကတည်း စစ်တပ်ဟာ မြေပြင်မှာ လူထုကို ဖိနှိပ်သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေသလို နည်းပညာတွေ အသုံးပြုစောင့်ကြည့်ပြီး လူမှုကွန်ယက်တွေပေါ်မှာလည်း ဖိနှိပ်ဖမ်းဆီးတာလုပ်နေဆဲဖြစ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်နေပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့၊ ဆန့်ကျင်နေတဲ့သူတွေကို ထောက်ခံတဲ့ စာသား၊ ဗီဒီယို တစ်ခုခုကို ရေးမိ၊ မှတ်ချက်ပြုမိတာနဲ့ ထိုသူတွေဟာ ထောင်နန်းစံနေရတာပါ။ ဒီလိုဖြစ်ရပ်တွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီဟာ လူထုကို လက်နက်နဲ့တင်မက နည်းပညာအသုံးပြုပြီးပါ ဖိနှိပ်ညှင်းပန်းနေတာလို့ ပြောကြပါတယ်။ ဒီတော့ အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာသာမက အင်တာနက်မှာပါ လူထုဟာ ဘာတွေကြုံနေရပြီး၊ ဘယ်လိုခြိမ်းခြောက်ခံနေရပါသလဲဆိုတာ အများပြည်သူသိစေဖို့ ဒစ်ဂျစ်တယ်အသိပညာ၊ ဗဟုသုတတွေမျှဝေနေတဲ့ နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းက တာဝန်ရှိသူတစ်ဦးကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားတာတွေထဲက ပြန်လည်ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 10

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."