အာဏာသိမ်းစစ်တပ်ထိန်းချုပ်လိုက်တဲ့ ဒေါ်လာငွေအကြပ်အတည်းကြောင့် စီးပွားရေးကဏ္ဍမှာ ဘယ်လိုတွေထိခိုက်နေပြီလဲဆိုတာကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းရောင်းချနေတဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာတစ်ဦးနဲ့ မော်ကွန်းကမေးမြန်းထားပါတယ်။ စစ်ကောင်စီက အညှိုးထားပြီး မတရားအရေးယူခံရမှာစိုးတဲ့အတွက် အမည်မဖော်ပြဖို့ မေတ္တာရပ်ခံထားပါတယ်။ မေး – ခုလက်ရှိ ပြည်တွင်းမှာလုပ်နေရတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့အတိုင်းအတာက အာဏာမသိမ်းခင်ကနဲ့ ဘာတွေကွာသွားလဲ။ ဖြေ – တကယ်တော့ နိုင်ငံခြားနဲ့ဆက်စပ်ပြီး ပို့ကုန်၊ သွင်းကုန်စီးပွားရေးလုပ်ငန်းတွေက COVID-19 ကာလမှာကတည်းက စပြီးအဆင်မပြေတာ၊ ဒါပေမဲ့ လုပ်လို့ကိုင်လို့ရခဲ့တယ်။ ထိတယ်ဆိုပေမယ့် ဒီခေတ်လောက်ထိတော့မဟုတ်ဘူး။ ဘဏ်တွေနဲ့ ဒေါ်လာအလုပ်လုပ်ရတာ အဆင်ပြေခဲ့တယ်၊ ယုံကြည်မှုရှိခဲ့တယ်။ အခုကတော့ ပို့ကုန်ရော သွင်းကုန်ရော ဒေါ်လာနဲ့လုပ်ရတဲ့စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်ရဲ့ ဒေါ်လာကိုင်တွယ်မှု စီမံခန့်ခွဲမှုအပေါ်မှာ ဘာမှဆက်လုပ်လို့မရဘဲ ငုတ်တုတ်ထိုင်နေရတဲ့ အဆင့်ကိုရောက်နေပြီ။ ရပ်တဲ့သူတွေလည်း ရပ်ကုန်ပြီ။ မကြာခင်ထပ်ပြီးလည်း လုပ်ငန်းငယ်တွေကနေစပြီး ပြိုလဲကြဖို့ရှိတယ်။ မေး – […]
ဓါတ်ပုံ- Soe Naing Than Fb ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၃ (မော်ကွန်း) တပ်မတော်က နိုင်ငံတောအာဏာကိုသိမ်းယူလိုက်ပြီး နှစ်ရက်အကြာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းလိုက်ခြင်းအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းတင်ဆက်လိုက်ပါတယ်။ မော်ကွန်း။ ။ မနေ့ကညနေပိုင်းမှာ တပ်မတော်ကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာပါတဲ့ လူတွေရဲ့နာမည်စာရင်းကိုထုတ်ပြန်တေ့ာ အရပ်သားတွေပါလာတယ်။အဲဒီအပေါ် ဆရာဘယ်လိုမြင်လဲ။ ဦးသန်းစိုးနိုင်။ ။ ကျွန်တော်တွေ့လိုက်တာ အရပ်သား သုံးယောက်ပေါ့။တွေ့လိုက်တဲ့ သုံးယောက်က တစ်ယောက်က ဖဒိုမန်းငြိမ်းမောင်ရယ်၊ သိန်းညွန့်ရယ်၊ ဦးခင်မောင်ဆွေ သုံးယောက်ပေါ့။ သူတို့သုံးယောက်ပါသွားတာ သိပ်မဆန်းဘူး။ ဦးသိန့်ညွန့်နဲ့ ဦးခင်မောင်ဆွေက NLD ကနေ သစ္စာဖောက်ကွဲသွားတဲ့လူတွေ။ နောက်ပြီး ကြံခိုင်ဖွံ့ဖြိုးရေးနဲ့ပေါင်းပြီးတော့ NLD အစိုးရကို တောက်လျှောက်ဖြုတ်ချတိုက်ခိုက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ။ ဖဒိုမန်းငြိမ်းမောင်ဆိုတာက ကိုကိုးကျွန်းကထွက်ပြေးတဲ့ အမှတ်သားတော့ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတစ်လျှောက်လုံး […]
ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ ၃ (မော်ကွန်း) တပ်မတော်က အာဏာသိမ်းပြီးနောက် နှစ်ရက်အကြာမှာဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာပါဝင်တဲ့ အရပ်သားသုံးဦးမှာ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် ပါဝင်လာပါတယ်။ ၎င်းပါဝင်လာတဲ့အပေါ် သူ့ရဲ့သားဖြစ်သူ ကိုနေအောင်က ဘယ်လိုသဘောထားတယ်ဆိုတာ မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ မော်ကွန်း။ ။ ကိုနေအောင်က အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ ဘယ်လို ဆက်စပ်မှုရှိခဲ့တယ်ဆိုတာ ရှင်းပြ ပေးပါဦး။ ကိုနေအောင်။ ။ ဦးသိန်းညွန့်နဲ့ ကျွန်တော်က သားအဖပါ။ ဟိုးအရင်တုန်းက ပါတီတည်ထောင်သူ ၂၀ ဦးထဲမှာ ကျွန်တော်က တစ်ဦးအပါအဝင်ပါ။ ကျွန်တော်ဘာလို့ ပါခဲ့တာလဲဆိုတော့ အဲဒီအချိန်တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ သူက (ဦးသိန်းညွန့်) ရွေးကောက်ပွဲဝင်မယ်ဆိုပြီး ထွက်လာခဲ့တာလေ။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် လုပ်မယ်ထင်လို့ ကျွန်တော်က ၂၀၁၀ မှာ […]
ယနေ့မနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ NLD ပါတီရုံး၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ ဆုံပွဲတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ကို ဆွေးနွေးပွဲတွင် ပါဝင်သည့် SNLD တွဲဘက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်ကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါသည်။ အောင်ထူးနိုင် – မေးမြန်းသည်။ မော်ကွန်း။ ။ ဒီနေ့ NLD နဲ့ တွေ့ခဲ့တာ ဘာတွေ ဆွေးနွေးခွင့်ရခဲ့ပါသလဲ။ စိုင်းကျော်ညွန့်။ ။ ဒါကတော့ ဆွေးနွေးတဲ့အဆင့်ပဲ ရှိတာပါ။ ရလဒ်ပေါ်တဲ့အဆင့်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က အဓိကက ဒီနိုင်ငံမှာ အရေးကြီးတဲ့ငြိမ်းချမ်းရေးလုပ်ရမယ်လေ။ တိုင်းပြည်ကို ဒီလောက်ဖိအားတွေ သက်ရောက်နေတဲ့အချိန်မှာ အဲဒါတွေကို တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်တဲ့ စုပေါင်းအတူလုပ်နိုင်မယ့် အမျိုးသားညီညွှတ်ရေးဆိုင်ရာကိစ္စတွေ၊ အဲဒါမျိုးတွေ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ပြီးတော့ […]
မြန်မာ့ရုပ်ရှင်ရာပြည့်နှစ် ၂၀၂၀ တွင် ကျင့်သုံးနေဆဲ ဆင်ဆာစနစ်ကို ဖျက်သိမ်းပြီး Rating System ရုပ်ရှင်အဆင့်သတ်မှတ်ချက်ဖြင့်အစားထိုးရန် ရုပ်ရှင်အနုပညာသမားများက တောင်းဆိုဆန္ဒပြနေကြသည်။ အစိုးရကလည်း Rating စနစ်ပါဝင်မည့် ရုပ်ရှင်ဥပဒေသစ်ပြဌာန်းရန် စီစဉ်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် အကောင် အထည်ပေါ်လာခြင်းမရှိသေးပါ။ ဒီအကြောင်းအရာနှင့်ပတ်သက်၍ Rating System ရုပ်ရှင်အဆင့်သတ်မှတ်ချက်ပေါ်ပေါက်ရေး ဦးဆောင်တောင်း ဆိုနေသည့် မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာများအသင်း (Writers & Directors Organization of Myanmar -WDOM) ၏ အဖွဲ့ဝင် ဇာတ်ညွှန်းရေးဆရာ M နိုး နှင့် ရုပ်ရှင်ဥပဒေသစ်ပြဌာန်းနိုင်ရေး အဓိကတာဝန်ရှိသည့် ပြန်ကြားရေး ဝန်ကြီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်တို့ကို မော်ကွန်းက ဆက်သွယ်မေးမြန်းခဲ့သည်။ Photo-Myat-Noes-Facebook ဇာတ်ညွှန်းရေးဆရာ M […]
NLD ပါတီက ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာ တစ်ပတ်ပြည့်ပါပြီ။ ဘယ်တိုင်းရင်းသားပါတီတွေ အကြောင်းပြန်ကြားကြ ပြီလဲ၊ တိုင်းရင်းသားပါတီတွေနဲ့ပတ်သက်လို့ ဘယ်မူဝါဒတွေနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိမလဲ၊ ဒါတွေကို သိရှိနိုင်ဖို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ် မေးမြန်း ထားပါတယ်။ အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။ မော်ကွန်း။ ။ NLD ပါတီက တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တာ တစ်ပတ်ပြည့်ပါပြီ။ ဘယ်ပါတီတွေက အကြောင်းပြန်ကြပြီလဲခင်ဗျ။ ဒေါက်တာမျိုးညွန့်။ ။ တရားဝင်အကြောင်းပြန်ကြားတာတော့ ကျွန်တော်တို့ မတွေ့သေးဘူးခင်ဗျ။ မီဒီယာ တွေနဲ့ သူတို့ရဲ့ သဘောထားပြောတာ တချို့တော့ တွေ့ပါတယ်။ မော်ကွန်း။ ။ မီဒီယာတွေကနေ ဘယ်ပါတီတွေက NLD ကို သတင်းစကားပါးတာ […]
ခူးသဲရယ်၊ အထွေထွေအတွင်းရေးမှူး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) ဟာ ကယားပြည်နယ်တစ်ခုလုံးက မဲဆန္ဒနယ် ၃၀ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပါတီဟာ ယခင်က ပြည်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)နဲ့ ကယားလူမျိုးစုဒီမိုကရေစီပါတီ တို့ကို ပူးပေါင်းဖွဲ့စည်းထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။ လတ်တလောမှာCOVID-19 ရောဂါ ပြန့်ပွားနှုန်းမြင့်တက်နေတဲ့အတွက် အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေ ချမှတ်ထားစဉ် အတွင်း ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတွေကို ဘယ်လိုလုပ်နေသလဲ။ စိန်ခေါ်မှုနဲ့ အခက်အခဲ ဘာတွေ ရင်ဆိုင်နေရသလဲဆိုတာကို ပါတီရဲ့အတွင်းရေးမှူးဖြစ်သူ ခူးသဲရယ်ကို ဆက်သွယ်မေးမြန်းထားတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ သူဟာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်က ရွေးကောက်ခံထားရတဲ့ လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။ စည်သူ- ဆက်သွယ်မေးမြန်းသည်။ […]
မိုင်စုစုလှိုင်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မိုင်စုစုလှိုင်ဟာ ကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် ဝင်ရောက်အရွေးခံမယ့် တစ်သီးပုဂ္ဂလအမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ရခိုင်ပြည်နယ်မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာကို ဝင်ရောက်ယှဉ်ပြိုင်ယှဉ်ပြိုင်ဖူးပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ အခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ သူထပ်မံဝင်ပြိုင်တဲ့အခါ ကမ္ဘာကပ်ရောဂါ COVID ရော၊ စစ်ပွဲတွေပါ ဖြစ်ပွားနေတဲ့ ရခိုင်မှာ ဘယ်လိုအခက်အခဲတွေကြုံနေရသလဲ။ သူ့ရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးမှုတွေမှာ ဘာတွေ ကြုံ တွေ့နေရသလဲဆိုတာကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားတဲ့အထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြ လိုက်ပါတယ်။ သဇင်လတ်မေးသည်။ မော်ကွန်း။ ။ တစ်သီးပုဂ္ဂလတစ်ယောက်အနေနဲ့ ဒီနှစ်ရွေးကောက်ပွဲမှာ ဘာတွေက အဓိကအခက်အခဲအဖြစ် ကြုံနေရ ပါသလဲ။ မိုင်စုစုလှိုင်။ ။ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာက ရခိုင်တစ်ပြည်နယ်လုံးနဲ့ သက်ဆိုင်တယ်။ […]
လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိမဲဆန္ဒနယ်မြေများ၌ ကိုယ်စားလှယ်လောင်း ၆၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) အနေဖြင့် လက်ရှိမဲဆွယ်ကာလတွင် မည်ကဲ့သို့ မဲဆွယ်စည်းရုံးနေသည်၊ ကချင်ပြည်နယ်ရှိ ပြည်သူများ မဲပေးရန် မည်ကဲ့သို့ စည်းရုံးတိုက်တွန်းနေရသည်များကိုသိရှိနိုင်ရန် ယင်းပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါသည်။ KSPP ပါတီသည် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) နှင့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP) ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ(UNFDP)တို့ ပူးပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။ မော်ကွန်း။ ။ COVID – 19 ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလမှာ သတ်မှတ်ချက်တွေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်နေရတော့ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံရပါသလဲ။ ဒေါ်ဒွဲဘူ။ ။အဓိကတော့ ကျွန်မတို့က COVID – […]
မန်းအောင်ပြည်စိုး၊ ဥက္ကဋ္ဌ ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) ယခင်က ကွဲပြားစွာတည်ရှိနေသည့် ကရင်တိုင်းရင်းသားပါတီများသည် ကရင်အမျိူးသားဒီမိုကရက်တစ်ပါတီ(KNDP) အဖြစ်စုစည်းကာ ကရင်တိုင်းရင်းသားမဲများကို စုဆောင်းရန်ပြင်ဆင်နေသည်။ မဟာမိတ်ပါတီဝင်ပြိုင်နေသည့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှလွဲ၍ ကျန်ခြောက်မြို့နယ်၌ KNDP သည် တစ်ခုတည်းသောကရင်ပါတီအဖြစ် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အပြည့်ယှဉ်ပြိုင်မည်ဖြစ်သည်။ COVID-19 ပျံ့ပွားနှုန်းမြင့်တက်နေသည့်အတွက် အစိုးရကကန့်သတ်ပိတ်ဆို့မှုများ ချမှတ်ထားစဉ်အတွင်း ၎င်းတို့ပါတီ အနေနှင့် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများ ဘယ်လိုလုပ်နေသလဲ၊ စိန်ခေါ်မှုနှင့် အခက်အခဲဘာတွေရင်ဆိုင်နေရသလဲ ဆိုတာကို ပါတီဥက္ကဋ္ဌဖြစ်ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်ကနေဝင်ပြိုင်မည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း မန်းအောင်ပြည်စိုးကို ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြလိုက်သည်။ ဂေထော မေးသည်။ မော်ကွန်း။ ။ ရွေးကောက်ပွဲ ကျင်းပဖို့ကလည်း တစ်လလောက်ပဲ လိုတော့တယ်။ ကိုဗစ်ကလည်း အခုထိ မငြိမ်သေး တဲ့အတွက် စည်းကမ်းသတ်မှတ်ချက်တွေကို […]
ဦးမင်းမင်းလတ်၊ ဥက္ကဌ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်းအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်။ မြင့်တက်နေတဲ့ COVID-19 ရောဂါကို ထိန်းချုပ်ဖို့ ရန်ကုန်တိုင်းတစ်ခုလုံးကို အစိုးရက နေအိမ်မှာနေထိုင်ရေးအမိန့်ကို စက်တင်ဘာလကတည်းက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လူစုလူဝေးအလုံးအရင်းဖြစ်နေတဲ့ စက်ရုံအလုပ်ရုံတွေကိုလည်း ပိတ်ခိုင်းထားတာကြောင့် အလုပ်သမားတွေရော အလုပ်ရှင်တွေပါ ဒုက္ခရောက်ကြရပါတယ်။ အစိုးရအနေနဲ့ လူမှုဖူလုံကြေးသွင်းထားတဲ့ အလုပ်သမားတွေကို လစာရဲ့ ၄၀ ရာခိုင်နှုန်း ထောက်ပံ့မှာဖြစ်သလို လူမှုဖူလုံကြေး မသွင်းတဲ့၊ စက်ရုံလုပ်သားမဟုတ်တဲ့ အလုပ်သမားတွေကိုလည်း ထောက်ပံ့ငွေ တစ်ဦးကိုကျပ် ၃၀,၀၀၀ ပေးဖို့ ရှိနေပါတယ်။ အစိုးရနဲ့ပြုလုပ်တဲ့ ဒီအွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဦးမင်းမင်းလတ်ကို ဆက်သွယ်မြန်းထားတာထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ဂေထောမေးသည်။ မော်ကွန်း။ ။ အလုပ်သမားအဖွဲ့သမဂ္ဂတွေနဲ့ […]
ဦးငိုင်ဆာခ့်၊ ဥက္ကဋ္ဌ ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD) ဟာ တိုင်းနဲ့ပြည်နယ် လေးခုမှာ ဝင်ပြိုင်မှာပါ။ ကိုယ်စားလှယ်နေရာ ၅၇ နေရာအထိဝင်ပြိုင်မယ့်ဒီပါတီဟာ ယခင်က ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP) နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ပါတီသုံးခု စုပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ လတ်တလောမှာ COVID-19 ရောဂါ ပျံ့ပွားနှုန်းမြင့်တက်နေတဲ့အတွက် အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေချမှတ်ထားစဉ် အတွင်း သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေကို ဘယ်လိုလုပ်နေသလဲ၊ စိန်ခေါ်မှုနဲ့ အခက်အခဲ ဘာတွေရင်ဆိုင်နေရသလဲဆိုတာကို ပါတီရဲ့ဥက္ကဋ္ဌဖြစ်သလို ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်က ပြည်နည်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးငိုင်ဆာခ့်ကို ဆက်သွယ်မေးမြန်းထားတာတွေထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ စည်သူ – ဆက်သွယ်မေးမြန်းသည်။ မော်ကွန်း။ ။ ရွေးကောက်ပွဲကျင်းပဖို့ကလည်း တစ်လလောက်ပဲလိုတော့တယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."