ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း မေးမြန်းသည်။ MAWKUN: ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုခွဲခြမ်းစိတ်ဖြာချင်လဲ။ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာကတည်းက သူဘာ တွေလုပ်နိုင်ခဲ့လဲဗျ။ Dr.Zarni: ကချင်ပဲဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ နောက်ဆုံး ဒီရိုဟင်ဂျာတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာနေတဲ့ လူပဲ ဖြစ်ဖြစ်၊ ပြည်ပမှာနေတဲ့လူပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တစ်ချိန်လုံးတောင်းဆိုပြီးတော့၊ ထောက်ခံ ပြီးတော့၊ ဘာသာစုံ မေတ္တာပို့ပြီးတော့ နေခဲ့ကြတာ။ ဒေါ်အောင် ဆန်းစုကြည် သက်တော်ရာကျော်ရှည်ပါစေ၊ ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ပါစေဆိုပြီးတော့ သူ့ပုံကိုအင်္ကျီမှာရိုက်ပြီး ဝတ်တဲ့သူလည်းရှိတယ်။ ဘုရားစင်မှာ ကပ်ထားတဲ့လူလည်းရှိ တယ်။ အားလုံးက သူ့ဘက်မှာ မားမားမတ်မတ် ရပ်တည်လာ ကြတယ်။ သူလွတ်လာပြီးတော့ အစိုးရက သူ့ကို […]
ဒီဇင်ဘာ-၂၀၁၂ – ဇန်နဝါရီ-၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၃)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ ဉာဏ်လင်း မေးမြန်းသည်။ လက်ရှိ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲနေသည့် ပုံစံ၊ အရှေ့အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံ ရေး၊မငြိမ်းချမ်းသေးသောမြန်မာပြည်မြောက်ပိုင်းကိစ္စ၊စိုးရိမ်စရာရခိုင်ပြည်နယ်အရေးအစရှိသည်တို့နှင့်ပတ်သက်ပြီး မော်ကွန်း မဂ္ဂဇင်း က မြန်မာ့အရေးဝေဖန် သုံးသပ်သူ ဒေါက်တာဇာနည်ကိုအင်တာဗျူးထားပါသည်။ ဒေါက်တာဇာနည်သည်ဗြိတိန်နိုင်ငံLondon School of Economics၌ဧည့်ပညာရှင်တစ်ဦးဖြစ်ပြီးမြန်မာ့နိုင်ငံရေးအခင်းအကျင်း၊လူ့အခွင့်အရေး၊တိုင်းရင်းသားရေးရာတို့နှင့်ပတ်သက်လာပါကပြတ်ပြတ်သားသာ၊ဒိုးဒိုးဒေါက်ဒေါက်၊စူးစူးရှရှဝေဖန်သုံးသပ်သူတစ်ဦးအဖြစ်လူသိများသူဖြစ်သည်။နိုင်ငံတကာမီဒီယာများတွင်လည်း၎င်း၏အတွေးအမြင်၊သုံးသပ်ချက်များကိုရေးသားနေသူတစ်ဦးလည်းဖြစ်သည်။ Free Burma Coalition ကို တည်ထောင်ခဲ့သည့် ဒေါက်တာဇာနည်(maungzarni.com) သည်စစ်အစိုးရနှင့်ထိတွေ့ဆက်ဆံကြရန်အစဉ်တစိုက်အရေးဆိုခဲ့သူအနည်းစုထဲတွင်ပါဝင်ခဲ့ပြီးသူကိုယ်တိုင်ကလည်း ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် အစောပိုင်းကာလအထိ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံခဲ့ သူဖြစ်သည်။ ၂ဝဝ၈ မေလ နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခ သည်များထံသို့ ပြည်တွင်း၊ ပြည်ပမှပေးအပ်သည့် အရေးပေါ် အကူအညီများကို ထိုအချိန်မှစတင်၍ အစိုးရက ဟန့်တားမှုများပြုလုပ်ခဲ့သောကြောင့် ထိုအချိန်မှစကာ စစ်အစိုးရနှင့် […]
Photo: Flickr ၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၄) မှအရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူထိုင်းသတင်းစာဆရာမစ္စတာ ကဝီချောင်ကစ်ဒါဗွန် (Kavi Chongkittavorn) နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ရပါသည်။ ဉာဏ်လင်းမေးမြန်းသည်။ လက်ရှိမြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ၊ မြန်မာပြည်၏နောင်အလားအလာ၊အရှေ့တောင်အာရှတွင်မြန်မာပြည်၏ နေရာ၊ဒေသတွင်းနိုင်ငံများနှင့်မြန်မာပြည်၏ဆက်ဆံရေး၊ အာဆီယံလူ့အခွင့်အရေးပဋိညာဉ်အစရှိသည့်အရေးအရာများ နှင့်ပတ်သက်ပြီးကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်၌နိုဝင်ဘာတတိယပတ်အတွင်းအာဆီယံထိပ်သီး ဆွေးနွေးပွဲကျင်းပနေစဉ် မစ္စတာကဝီအား မော်ကွန်းအယ်ဒီတာက တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ထိပ်တန်းသတင်းစာများထဲတွင် ပါဝင်သော The Nation သတင်းစာ၏ အယ်ဒီတာဟောင်း မစ္စတာကဝီသည် ထိုင်းနိုင်ငံရေးနှင့် ဒေသတွင်းနိုင်ငံရေးရာများကို နှစ်ပေါင်း ၂၀ ကျော်ရေးသားခဲ့သူဖြစ်ပါသည်။ အာဆီယံအထွေထွေ အတွင်းရေးမှူး၏ အထူးလက်ထောက်အဖြစ်လည်း ၁၉၉၃ မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။ ယခုအခါ အလွတ်တန်းသတင်းစာဆရာအဖြစ် ရပ်တည်နေသည့် မစ္စတာကဝီသည် အရှေ့တောင်အာရှသတင်း မဟာမိတ် အဖွဲ့ (SEAPA)၏ ဥက္ကဌအဖြစ်လည်း […]
Photo : Khin Maung Myint ၂၀၁၅-ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၄) မှ အင်တာဗျူ း ဆောင်းပါး ဖြစ်ပါသည်။ ခင်မောင်မြင့် နှင့် သက်ဦးမွန် မေးမြန်းသည်။ ယခုလမော်ကွန်းမဂ္ဂဇင်း၏ အင်တာဗျူးကဏ္ဍအတွက် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို မော်ကွန်းက စစ်တွေ မြို့တွင် မေလဒုတိယပတ်အတွင်းက တွေ့ဆုံမေးမြန်းခဲ့ရာ ယင်းတို့ အနက်မှ အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ အဓိက မေးဖြစ် ခဲ့သည့် အကြောင်းအရာများကတော့ ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့သည် မှာ ယခုလဆိုလျှင် သုံးနှစ်ပြည့်တော့မည်ဖြစ်ရာ ထိုသုံးနှစ်တာကာ လအတွင်း ယုံကြည်မှုပျောက်ဆုံးသွားသော နှစ်ဖက်လူမှုအသိုင်း အဝိုင်း ပြန်လည်သင့်မြတ်ရေး၊ ပြန်လည်နေရာချထားရေးများနှင့် ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့သကဲ့သို့ ဝှိုက်ကတ်(White Card) ကိစ္စ၊ နိုင်ငံသားစိစစ်နေသည့်ကိစ္စများကိုလည်း မေးမြန်းဖြစ်ခဲ့ ပါသည်။ […]
Photo : Zayar Hlaing ၂၀၁၂-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ ရခိုင်အရေးနှင့်ပတ်သက်ပြီး ရခိုင်ရေးရာကျွမ်းကျင်သူ ပြင်သစ် ပညာရှင် ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ နှင့် တွေ.ဆုံမေးမြန်းခြင်း ဉာဏ်လင်း နှင့် ဇေယျာလှိုင် မေးမြန်း ရေးသားသည်။ “ဒီပဋိပက္ခက အသစ်မဟုတ်ဘူး ။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိရောက်သွားတယ်။” Mawkun – ရိုဟင်ဂျာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ဘာပါလဲ။ Jacques – ရိုဟင်ဂျာဆိုတဲ့စကားလုံးက ရှိလာခဲ့တာကြာပါပြီ။ သိပ်မသုံးကြတာပဲရှိတယ်။ တချို့တွေ ပြောကြသလို ဒီစကားလုံးဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေကျမှ ထွင်ပြီးသုံးတဲ့စကားလုံးတော့မဟုတ်ပါဘူး။ ဇာစ်မြစ်ကိုလိုက်ကြည့်မယ်ဆိုရင် ၁၈ ရာစုအကုန်မှာ ဗြိတိသျှဆရာဝန် ဖရန်စစ်ဟမီလ်တန်ရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဒီအသုံးနှုန်းကို သွားတွေ့တယ်။ […]
Photo: Hnin Ko ၂၀၁၃-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၆) မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ နှင်းကို မေးမြန်းသည်။ (သက်ဦးမွန်နှင့် ခင်မောင်မြင့် ပံ့ပိုးသည်) ယခုတလော လူပြောများနေသည့် မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့ တာဝန်ခံဆရာတော် ဒေါက်တာဓမ္မပီယကို မော်ကွန်းက အင်တာဗျူးခဲ့သလို မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးရေး ဌာန (HREIB) မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းကိုလည်း အင်တာ ဗျူးထားပါသည်။ ထို့ပြင် Women Can Do It(မေ့စွမ်း ရည်) အဖွဲ့မှ ဒေါ်ပျိုးလဲ့ဟန်နှင့်လည်း ဆက်သွယ်မေးမြန်းခဲ့ ပါသည်။ အောက်ဖော်ပြပါတို့မှာ အဆိုပါအင်တာဗျူးများထဲမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ မော်ကွန်းစာဖတ်ပရိသတ် များ ဝေဖန်ဆန်းစစ်နိုင်ကြဖို့ပါ။ အမျိုးဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ […]
[su_quote]Rohingya is a name, not an ethnic category, that has been revived in modern days to identify Muslims in Rakhine as a separate social group. One may eventually compare it with the name of the Chinese Muslims in Myanmar who are called ‘Panthay’.[/su_quote] Mawkun magazine interviewed Dr. Jacques P. Leider, a Rakhine history expert, on […]
Photo: Thi Ri Han ၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။ သီတာဝင်း နှင့်သီရိဟန် တွေ့မေးသည်။ ယခုလ မော်ကွန်းမဂ္ဂဇင်းအင်တာဗျူးကဏ္ဍအတွက် မြန်မာ့တိုင်းရင်းဆေးအခြေအနေနှင့်ပတ်သက် ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း အမှု ဆောင်သမားတော်ကြီး ဦးမြင့်သောင်းကို တွေ့ဆုံမေး မြန်းထားပါသည်။ အဓိကမေးမြန်းဖြစ်ခဲ့သည်များက တော့ မြန်မာလူမှုအဖွဲ့အစည်းတွင် တိုင်းရင်းဆေး၏ အခန်းကဏ္ဍ၊ တိုင်းရင်းဆေးကို မည်သူတွေ အဓိက အား ကိုးကြသနည်း၊ အနောက်တိုင်းဆေးနှင့်ယှဉ်လျှင် တိုင်း ရင်းဆေး၏ နေရာ၊ အစိုးရ၏ မူဝါဒ အစရှိသည်တို့ ဖြစ်ပါ သည်။ မော်ကွန်း။ ။ အစိုးရခေတ်အဆက်ဆက်မှာလည်း တိုင်းရင်းဆေး ကို ပံ့ပိုးကူညီမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။ ယခု အစိုးရသစ်လက် ထက်မှာ […]
Photo: Kaung Myat Moe “မြေအောက်ရေကိစ္စမှာ အားလုံးမပါဘဲဘာမှမပြီးဘူး” (မြေအောက်ရေတွေ အလွန်အကျွံသုံးရင် ဘာတွေဖြစ်လာမလဲနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူပညာရှင်များအဖွဲ့၊ အတွင်းရေးမှူး ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်၊ ဒေါက်တာခင်နီနီသိန်းနှင့် တွေ့ဆုံခြင်း) ရန်ကုန်၊ နိုဝင်ဘာ ၂၀၁၄ ၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။ ကောင်းမြတ်မိုး တွေ့မေးသည်။ ကျွနု်ပ်တို့ နေထိုင်သော လူနေအိမ်များ၊ တိုက်တာအဆောက်အအုံများ၊ သွားလာလှုပ်ရှားသော လမ်းများကို ထမ်းပိုးထားရသော မြေကြီးအတွင်းရှိ မြေအောက်ရေတွေကို အလွန်အကျွံသုံးလျှင် မည်သို့သောဘေးအ္တရာယ်များကို ကြုံကြရမလဲ၊ အဲဒီန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့ဆိုရင် ကျွနု်ပ်တို့ဘာလုပ်ကြရမလဲ အစရှိသည်တို့ကို မော်ကွန်း စာဖတ်ပရိသတ်ထံ တင်ပြပေးနိုင်ရန် မော်ကွန်းကတွေ့ဆုံမေးမြန်းထားပါသည်။ မော်ကွန်း။ ။ မြေအောက်ရေရဲ့ အရေးကြီးပုံကို အရင်ဆုံး ရှင်းပြပေးပါ […]
Photo: Zayar Hlaing ၂၀၁၄-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။ ကောင်းမြတ်မိုး တွေ့မေးသည်။ မော်ကွန်း။ ။ ဦးသိန်းစိန် အစိုးရတက်လာပြီး အခုသုံးနှစ်ကျော် လေးနှစ်အတွင်းမှာ မီဒီယာလောကအနေနဲ့ ဘာတွေများ တိုးတက်လာပြီး ဘာတွေများဆုတ်ယုတ်သွားပါသလဲ။ ဦးသီဟစော။ ။ ဦးသိန်းစိန်အစိုးရက ၂၀၁၁ မှာ ကျမ်းကျိန်ပြီး တော့ အစိုးရသစ်ဖြစ်လာတယ်။ ဝန်ကြီးဌာနတွေလည်း ပြန်ပြီး ဖွဲ့စည်းတာရှိတယ်။ တချို့ဝန်ကြီးတွေလည်း ပြောင်းသွားတာတွေ ရှိတယ်၊ တချို့လည်း မပြောင်းလဲဘူး။ မီဒီယာဘက်က ကြည့်မယ် ဆိုရင်တော့ မီဒီယာတွေနဲ့ အဓိကဆက်ဆံရတာတော့ ပြန်ကြား ရေးဝန်ကြီးဌာနပေါ့။ အဲဒီအချိန်မှာ ဝန်ကြီးက ဦးကျော်ဆန်း၊ အရင်လက်ထက်က ဝန်ကြီးပဲ။ မပြောင်းဘဲ ပါလာပေမယ့် သိပ် မကြာဘူး၊ ၂၀၁၂ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."