သရော်စာများ

တယ်လီဖုန်း ကုမ္ပဏီတို့ကြောင့် ပြာသိုကြည်တင် စိတ်ရောဂါ ရသွားခြင်း

September 28, 2016

မပုတုကုမ္ပဏီ လက်ဝါးကြီးအုပ်မှုကြောင့် ဖုန်းကတ်က ကမ္ဘာ့နိုင်ငံအားလုံးထက် ဈေးတက်နေခြင်း ဖြစ်သည်၊ သူ့ကိုသာ လုပ်ပိုင်ခွင့်ပေးပါက ဖုန်း ကတ်ကို ငါးထောင်နှင့် ရောင်းနိုင်မည်” ဟု ဆိုလာ၏။ မပုတု ဖုန်းကတ်ကြောင့် ကုဋေကြွယ်သူဌေးဖြစ်သွားကြကုန်သော ဝန် ကြီး၊ ဝန်ကလေးအပေါင်းတို့က ထိုကိစ္စ မဖြစ်နိုင်၊ တောမှာသွား ပြောဟု ပယ်ချကြကုန်

အပြည့်အစုံဖတ်ရန်

အမျိုးသား ပြည့်တန်ဆာ တို့ကို နှိမ်နင်းရ ခက်သည့် အကြောင်းအရင်း

August 31, 2016

အခုတလော ဒုက္ခသီရိ၏ ပုလိပ် တပ်ဖွဲ့ အခြေအနေမကောင်းဟု ဆို ရမည်။ ပြက္ဒဒိန်တွင် ရက်ရာဇာ၊ ပြဿ      ဒါး မည်သို့ပင် သတ်မှတ်ထား စေကာမူ ပုလိပ်အဖွဲ့အတွက်တော့ မည်သည့်နေ့မဆို ပြဿ       ဒါးနေ့ ဖြစ်နေတတ်သည်။ ဆန္ဒပြကျောင်းသားဆယ်ဂဏန်းခန့်ကို ရုံးထုတ်စဉ်က တရားရုံးဝန်းကျင်တွင် ပုလိပ်တပ်ရင်းတစ်ခုစာလောက် အင် အားပြမှုကြောင့် အများပြည်သူ ထိတ်လန့်တကြားဖြစ်ရသည်။ လူဆိုးဗိုလ်ကို သွားရောက်ဖမ်းဆီးသော ပုလိပ်နှစ်ယောက် တစ်ပိုင်းမှာ အနှီလူဆိုးဗိုလ်၏ ဓားချက်မိပြီး အသီးသီးဒဏ်ရာရ သွားခြင်းကြောင့် အများပြည်သူ ထိတ်လန့်တကြားဖြစ်ရပြန်၏။ ထိုသို့ ဒုက္ခများရသော်လည်း ပရိသတ်၏ စာနာမှုကို ရာ နှုန်းပြည့်မရရှိပေ။ လူဆိုးသွားဖမ်းတာပဲကွာ၊ ပုလိပ်တပ်ရင်း တစ်ခုစာလောက်တော့ ခေါ်သွားသင့်တာပေါ့ဟူသော အငေါ်တူး မှုမျိုးနှင့်ပင် ကြုံရ၏။ တာဝန်အရ ရိုက်နှက်ရခြင်း ဒုက္ခသီရိ၏ ပညာရေးဥပဒေကို ဆန့်ကျင်သော […]

အပြည့်အစုံဖတ်ရန်

7PAY သတင်းစာ အမှုဖွင့်ခံရခြင်း၏ ကောင်းကျိုးများ

August 23, 2016

ပုလိပ်အဖွဲ့ခေါင်းဆောင်ပိုင်းက စာနယ်ဇင်းမှာ ပါသမျှကို ဆက်လက် စောင့်ဖတ်မယ့် သဘောရှိတယ်။ ဒါ အင်မတန်ကောင်း ပါတယ်။ စာများများ ဖတ်တော့ အသိအမြင် တိုးပွားတာပေါ့ဗျာ။ စာဖတ်ခြင်းကြောင့် မည်သူမဆို လိမ္မာရေးခြား ရှိလာနိုင်တယ်။

အပြည့်အစုံဖတ်ရန်

ဒုက္ခသီရိ ချမ်းသာကြွယ်ဝလာခြင်း

June 10, 2016

  ၂၀၁၆-ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သရော်စာ ဆောင်းပါး ဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ ဒုက္ခသီရိသည် ဒေသတွင်း အဆင်းရဲဆုံးနိုင်ငံများ စာရင်းထဲတွင် ဆယ်စုနှစ်များစွာရှိခဲ့သည်။ ထိုသို့ ရှိနေရာမှ ပေါ်ပြူလာပါတီအစိုးရတက်ပြီး ခြောက် လအတွင်းမှာပင် အပြောင်းလဲကြီး ပြောင်းလဲ ကာ အချမ်းသာဆုံးနိုင်ငံများစာရင်းထဲသို့ ခုန် ပေါက်ဝင်ရောက်သွားခြင်းမှာ  အံ့သြဖွယ်တစ်ပါး ဖြစ်သည်။ ကုန်သွယ်ရေးအမြတ်များစေမည့် ရေနက် ဆိပ်ကမ်းစီမံကိန်းတို့ တည်ဆောက်ပြီးစီးခြင်း မရှိသေး၊ ရေနံကြောလည်း အသစ်မထွက်၊ စိန်နှင့် ကျောက်သံပတ္တမြားတွင်းတို့လည်း အသစ်မပေါ်၊ အပြောင်ရှင်းထားသော သစ်တောများလည်း ပြောင်တလင်းခါဆဲကာလတွင် ဤနိုင်ငံက မည် သည့်နေရာမှ ပိုက်ဆံရပြီး မည်သို့ ချမ်းသာလာ သနည်း။ ကမ္ဘာ့ဘဏ်များစွာမှ ငွေချေးပြီး ပြန် မဆပ်သောကြောင့်လော။ ပေါ်ပြူလာပါတီက မှော်အတတ်ပညာ […]

အပြည့်အစုံဖတ်ရန်

ဒုက္ခသီရိကို အနိုင်ကျင့်ခြင်း

April 27, 2016

 ၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ သတင်းထောက်အဖြစ် ရပ်တည်ခြင်းကြောင့်  ကြီးပွားချမ်းသာစရာ အကြောင်း မရှိသော်လည်း အလွန်တရာ မျက်နှာပွင့်လှ၏။ သတင်းထောက်ဟူသည် ဘယ်နေရာရောက်ရောက် ဒီလူက ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်၊ ဟိုလူကလက်ဆွဲပြီး စကားပြော၊ သတင်းပေး ပြီး သတင်းရေးခိုင်းသည့် ဖြစ်ရပ်များနှင့် ကျင့်သားရနေသည့် သတ္တဝါဟု ဆိုရမည်။ သူတို့၏ အခက်အခဲ အထွေထွေကို စာနယ်ဇင်းတွင် ပါဝင်လာရေး အတွက် သတင်းထောက်တို့ကို အားကိုးကြခြင်းပေတည်း။ သတင်းထောက်ရန်လိုကျွဲကတော့ ထိုသို့ အားကိုးရှာသူတို့ ကို ကျေးဇူးတင်၏။ သူတို့ထံမှရသော အချက်အလက်၊ ရင်ဖွင့် ပြောစကားများကို သတင်းလုပ်ရေးသားခြင်းဖြင့် စာမူခရသည် မဟုတ်လော။ ထို့ကြောင့် ကျေးဇူးတင်၏။ ပြောလာသမျှခေါင်းတညိတ်ညိတ် နားထောင်၏။ အသံ […]

အပြည့်အစုံဖတ်ရန်

ဓာတုဗေဒ ဒုက္ခသီရိ

March 7, 2016

၂၀၁၆-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၂) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ ဒုက္ခသီရိသည် ဓာတုဗေဒပစ္စည်း အသုံးကြမ်း သည့်နိုင်ငံဖြစ်သည်။ လူမျိုးဘာသာပေါင်းစုံ အားရပါးရထွန်းလေ့ရှိသည့် အမွှေးတိုင်များမှာ ဓာတုဗေဒပစ္စည်း အတိပြီးသည်။ စီးပွားတက်၊ လာဘ်ကောင်း၊ ငွေအဝင်ကြမ်းစေရေးစသည့် ရည်ရွယ်ချက်ပေါင်းစုံရှိသူတို့က စူးရှရှအနံ့ပေါင်း စုံထွက်သော ထိုအမွှေးတိုင်တို့ကို နေ့စဉ် နေ့တိုင်း ထွန်းကြကုန်၏။ စီးပွားမည်မျှတက်မည်တော့ မသိ၊ အများပရိသတ်ကတော့ အမွှေးတိုင်ထွန်းညှိရာမှ ထွက်လာသော မီးခိုးငွေ့ပေါင်းစုံကို ရှူရရှိုက်ရလေ၏။ အခန်းအတွင်း၊ ကားအတွင်း အနံ့ဆိုးပျောက် စေရန် ဖျန်းကြသော အဲဖရက်ရှင်နာဘူးများမှာလည်း စင်စစ် တော့ ဓာတုငွေ့များကို သိုလှောင်ထားခြင်းပင်။ ထိုဘူးတို့ကို ဈေး ကြီးပေးဝယ်ပြီး ဖျန်းကြခြင်း၊ အမွှေးတိုင် တလူလူထွန်းကြခြင်း ဖြင့် လူတို့၏အဆုတ်အတွင်းသို့ ဓာတုငွေ့မျိုးစုံသက်ဆင်းကြ လေ၏။ […]

အပြည့်အစုံဖတ်ရန်

နွားနို့အိုးမှောက်လို့ အလှူဒကာကြီး ခံလိုက်တယ်

February 4, 2016

ကာတွန်း – သီဟ(စခန်းသစ်) ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။  ဗြိတိသျှကိုကိုမောင် ရေးသည်။ ပြဿ      နာကတော့ နွားနို့အိုးမှောက်တာက စတာပဲဗျို့။ ကိုင်း…တိုင်းနိုင်ငံထူထောင်စကတည်းက  သေရည်မသောက်နဲ့၊ နွားနို့သောက်ပါရယ်လို့ ပြောစမှတ်ဖြစ်နေတဲ့ ဒီနွားနို့က ဘယ်နားမှာ သွားမှောက်တာတုံးဆို ဖြေရတော့မှာပဲ။             ဘုရားရင်ပြင်တော်မှာပါဗျာ။             အလိုလေး…ဘုရားရင်ပြင်တော်မှာ နွားနို့ အိုးမှောက်တာ ဘာဖြစ်သတုံးတဲ့။             ဖြစ်သပေါ့ဗျာ။ တစ်သက်လုံးက ဘုရားဝင်းထဲက ဘုန်းကြီးကျောင်းပိုင် နွားမနို့ကို ညှစ်၊ ဘုရားဝင်းကို ဖြတ်၊ ဟိုးဘက်က လက်ဖက်ရည်ဆိုင်တွေဆီ နွားနို့ပို့လာတဲ့ သူကြီးဟောင်းက ဒီကနေ့ ဘုရားရင် ပြင်တော်ပေါ် နွားနို့အိုးကြီး သယ်ပြီး ဖြတ်သဗျာ။ အဲဒီမှာ သူ့မြေး တော်လေးက စားလက်စ ငှက်ပျောခွံလေး လွှင့်ပစ်လိုက်တာ သူ […]

အပြည့်အစုံဖတ်ရန်

နိုင်ငံရေး ဘတ်စ်ကား

December 21, 2015

အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၈)မှ သရော်စာ ဆောင်းပါးဖြစ် ပါသည်။ ဗြိတိသျှ ကိုကိုမောင် ရေးသည်။ မောင်ဗြိတို့လို ရန်ကုန်ရွှေမြို့တော်ကြီးနေ မြေသနင်းသား လူ့ဖွတ် ကြားတို့၏ နိစ္စဓူဝ မြို့ပြလူနေမှုဘဝတွင် မကင်းနိုင်သည်က ဘတ်စ်ကားများပင်။ မနက်လင်းပြီဆိုသည်နှင့် မှတ်တိုင်တွင် ရပ် ပြီး အနှီဘတ်စ်ကားကြီးလာရာ အရပ်ဆီ အမျှော်ဆိုက်ကြရ တော့သည်။ ဟော…ဘတ်စ်ကားကြီး လာပြန်တော့လည်း ကိုရွှေစပါယ် ယာ၏ ချွေးတပ်ဆွဲသည့်အလား အကိုင်အတွယ်ကြမ်းကြမ်းကို ခံကာ ကားပေါ် ထိုးတက်ရပြန်သည်။ ကားပေါ် ရောက်ပြန်သည့် အခါ ထိုင်ခုံနေရာရဖို့အရေး မျက်စိကို လျင်လျင်ထားရသည်။ ခြေထောက်ကို လျင်လျင်သွားရသည်။ ထိုင်ခုံမရသူတို့အဖို့ ဟိုဘက်ခုံတန်း ပြေးကပ်ရမလို၊ ဒီ ဘက်ခုံတန်း ပြေးကပ်ရမလို ဖြစ်နေချိန်မှာ ကားက ဝူးခနဲ ဆောင့် ထွက်ပြန်သည်။ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့မှ စီးပွားရေးအတိုင်အပင်ခံ

December 7, 2015

နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ သရော်စာဆောင်းပါး ဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ ရန်ကုန်မြို့၊ မော်ကွန်းမဂ္ဂဇင်းရုံးသို့  ကျွန်ုပ် ရန်လိုကျွဲ မသွားရဲ၊ ခြေဦးမလှည့်ရဲ။   အနော်ရထာလမ်းသို့ ရောက်လျှင်ပင် ရုံးရှိရာသို့ မော့မကြည့်ရဲ။ ထိုသို့ မဝံ့မရဲဖြစ်စရာအကြောင်းများကို ဒီတစ်လ ရေးချလိုက်လျှင်ဖြင့် စိတ်ပေါ့ပါးသွားပြီး ဝံ့ရဲစိတ်များ ပြန်လည် ပေါ်ပေါက်လာနိုင်သည်ဟု စဉ်းစားမိသောကြောင့် ရေးသားလိုက် ရပါပြီ။             တစ်နေ့သား မော်ကွန်းရုံးသို့အရောက် အခန်းထောင့်တွင် သတင်းထောက် သက်ဦးမွန် ချောင်ကပ်ပြီး ခေါင်းငိုက်စိုက်ကျနေ သည်ကို တွေ့ရသည်။ ရန်လိုကျွဲ။  ။ ဟေ့ကောင် သက်ဦးမွန်၊ ရုံးလာပြီး ငိုက်မနေနဲ့။ သတင်းထောက်ဆိုတာ အဲဒီလို မနေရဘူး၊ လှုပ်လှုပ်ရှားရှား ခုန် ဆွခုန်ဆွ လုပ်နေရတယ်ကွ။ သက်ဦးမွန်။  ။ (လေးကန်ဖင့်နွဲ့ […]

အပြည့်အစုံဖတ်ရန်

သတင်းထောက်တောခိုခြင်း

October 21, 2015

ဇွန်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၄)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွဲ ရေးသည်။ မုံရွာသို့သွားသော ခရီးသည်တင်ကား ကြီးတစ်စီးထဲတွင်  သတင်းထောက် ရန် လိုကျွဲ လိုက်ပါလာသည်။             ယခု ခရီးစဉ်သည်  သတင်း အချက် အလက်အတွက် ထွက်ရသော ယခင် ခရီးစဉ်တို့နှင့် လုံးဝမတူချေ။  အဘယ် ကြောင့်ဆိုသော် ဤခရီးစဉ်သည် သတင်း ထောက် ရန်လိုကျွဲ လက်နက်ကိုင်တော် လှန်ရေးဆင်နွှဲရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်ကို စွန့်ခွာခဲ့သော ခရီးစဉ်ဖြစ်သော ကြောင့်ပင်တည်း။             လက်နက်ကိုင်လမ်းစဉ် ကျင့်သုံးရန် ရုတ်တရက်  ဆုံးဖြတ်ရ ခြင်းမှာလည်း တပ်မတော်၏ ထုတ်ပြန်ချက်တစ်စောင်ကြောင့်ဟု ဆိုရမည်။             မေလဆန်းပိုင်း တရုတ်-မြန်မာနယ်စပ်မြို့တစ်မြို့တွင် သူ ပုန်အဖွဲ့ပေါင်းစုံက ညီလာခံလုပ်သည်။ ထိုညီလာခံသို့ ကိုးကန့်သူ ပုန်တို့လည်း […]

အပြည့်အစုံဖတ်ရန်

ကျွန်တော် အတိုင်အပင်ခံ(၁)

October 6, 2015

အောက်တိုဘာလထုတ်-၂ဝ၁၄၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ ဂျာနယ်တိုက်ကပေးသော ဆံထုံးတော်ကြီးတမာသီးလစာ ကို အားကိုးရလျှင်ဖြင့် သတင်းထောက်တစ်ယောက်အဖို့ မြို့ကြီး ရန်ကုန်တွင် ရှင်သန်ရခက်ခဲလှသည်။ ထို့ကြောင့် ‘အပိုဝင်ငွေ ရှာ ဖွေရေး ဒို့အရေး’ ကြွေးကြော်သံကို လက်ကိုင်ထားပြီး သတင်း ထောက် ရန်လိုကျွဲ အချိန်ပိုင်းလုပ်ကိုင်ရန် ရွေးချယ်လိုက်သည်က အတိုင်ပင်ခံဟူသောအလုပ်ဖြစ်သည်။ ဘိုလိုပြောရပါက Consultant ဟူသတည်း။ ဤအလုပ်မှာ နှယ်နှယ်ရရမဟုတ်။ လူရိုသေရှင်ရိုသေ၊  ဝါရင့်၊ ကျွမ်းကျင်အဆင့်သို့ရောက်ပါက တစ်ရက်ဝင်ငွေသည် သတင်းသမားလစာထက် များသည် ဟူသတတ်။ မက်စရာ ပမာဏဖြစ်ပေသည်။ အတိုင်ပင်ခံဆိုသူတို့၏အလုပ်မှာ စကား များများပြော လေပေါရခြင်းပင်။ လေဟူသည်မှာ ကိုင်တွယ်၍၊ ပွတ်သပ်၍ မရသော်ငြားလည်း ဖောဖောသီသီ၊ အခမဲ့ ရရှိနေ သောကြောင့် အရင်းအနှီးမရှိသလောက်ပင်။ လေပေါသည့်ငနဲ၊ […]

အပြည့်အစုံဖတ်ရန်

ဂလိုဘယ်ဘဘ သင်တန်းဆရာဘဘ

September 25, 2015

  ဇူလိုင်-သြဂုတ်ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ  ဖြစ်ပေါ်နေသော ဒုက္ခသီရိ နေပြည်တော်ကြီးတွင် စာဖတ်နေသည့် ချိုကုပ်ဒူးကြီး အလုပ် အကိုင်အသစ်ရနေပြီဆိုသောကြောင့် သူ့ကို အင်တာဗျူးရန်  သတင်းထောက် ရန်လိုကျွဲ သွားရောက်ရပြန်သည်။ ထုံးစံအတိုင်း သူ၏ နန်းတော်ကြီးတွင် တွေ့ကြ၊ ဗျူးကြခြင်းဖြစ်၏။ သတင်း ထောက်က ဦးစွာ နှုတ်ခွန်းဆက်လိုက်သည်။ ရန်လိုကွျဲ။  ။ ကျန်းခံ့သာလို့ မာပါစ ဘဘ။ ချိုကုပ်ဒူးကြီး။  ။ မာပါသကွယ့်၊ မာပါသကွယ့်။ သို့သော်လည်း ငါ့ရဲ့ ကြိုင်လုံးငယ်ကတော့ မာလှတယ်လို့တော့ မဟုတ်ပါဘူး။ လူကြီးဆိုတော့လည်းကွာ ဒီလောက်တော့ ရှိမပေါ့။ ကျွဲ။  ။ အဘ ဘာတွေလုပ်နေသလဲ။ ဒူးကြီး။  ။ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကြည့်နေတာပေါ့ကွ။ ဒီပွဲ […]

အပြည့်အစုံဖတ်ရန်
1 2 3 4 5

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."