ဇွန်လထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၄)မှ သရော်စာဆောင်းပါး ဖြစ်ပါသည်။ ဇူးလူး ရေးသည်။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်တွင် နာမ်စားများစွာရှိပါ သည်။ ကျွန်တော့်ကို ငယ်စဉ်က ပေါက်ကြီးဟုခေါ်ကြသည်။ ပေါက်ဖော်ကြီးကဲ့သို့ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်ဖြစ်သောကြောင့် ဦးလေး၊ အဒေါ်များက ချစ်စနိုးဖြင့် ခေါ်ရာမှ ပေါက်ကြီး ဖြစ်လာ သည်ဟုဆိုသည်။ ချစ်စနိုးဖြစ်ဖြစ်၊ ချစ်မိတ်ကပ်ဖြစ်ဖြစ် အရေး မကြီးပါ။ ပြောချင်သည်က ယခုတလော အပြောများနေသော နာမ်စားများနှင့် ကျွန်တော်တို့၏ ပတ်ဝန်းကျင်ဖြစ်၏။ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်ပါ။ သမ္မတကြီးတစ်ခွက် ဟုဆိုလျှင် သင်နွားနို့သောက်ရမည်ဖြစ်သည်။ ဘယ်သူကစ၍ ဖန် တီးသည့် စကားလုံးဆိုသည်မှာ တိကျစွာပြောရန် ခက်ခဲသော် လည်း အသုံးတွင်လှသည်။ လွှတ်တော်ဥက္ကဋ္ဌကြီး၏ အမည်မှာ ‘မိ မိ’ သို့မဟုတ် ‘မိမိတို့’ဖြစ်သည်။ လူရှေ့သူရှေ့တွင် […]
သြဂုတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၆)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ အာဏာရှင်တစ်ဦး ကျန်းမာရေးမကောင်းသည့်သတင်းထွက်လျှင် ကာတွန်းဆရာတို့ အထူးဝမ်းနည်းကြသည်။ အဘယ်ကြောင့်ဆိုသော်အာဏာရှင်ဆိုသူတို့ ကိစ္စချောသွားလျှင် ကာတွန်းဆွဲ ပြောင်လှောင်စရာ ကုန်ကြမ်း ရှားပါးသွားတတ်သောကြောင့်ပင်တည်း။ ထို့ကြောင့် အာဏာရှင်အပေါင်း ကျန်းမာ ပကတိ ချမ်းသာစွာ ရှိစေရန် ကြိတ်ပြီး ဆုတောင်းတတ်သူများမှာ ကာတွန်းဆရာများပင်။ သို့သော်လည်း ဒုက္ခသီရိ ကာတွန်းဆရာများက သူတို့ ဆုတောင်းပြည့်မည်မဟုတ်ဟု ယူဆနေကြသည်။ အဘယ်ကြောင့်ဆိုသော် နာမည်ကျော် ရှေ့ဖြစ်ဟောသူတို့ထံမှ ယခုတလော ထွက်ပေါ်လာသည်က အာဏာရှင်တို့ အကြီးအကျယ် ဘေးတွေ့ မည် ဟူသော ဟောကိန်းများ ဖြစ်နေသည်။ ‘လေယာဉ်ပျံ ပျက်ကျသဖြင့် အစိုးရမင်းများ ဘေးတွေ့လတ္တံ့’ဟု အထင်ကရ ဆရာကြီး တစ်ဆူဖြစ်သော ဝေဒထိပ်ခေါင် ဗြိတိသျှ ကိုကိုမောင်က တွက်ချက်ဟောကိန်းထုတ်သည်။ သူ၏ […]
စက်တင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။ ဇူးလူး ရေးသည်။ ကျွနု်ပ်တို့၏ ဆရာ့ဆရာကြီးများအဆိုအရ ကျွနု်ပ်တို့ သတင်းသမားများသည် ဟောင်ရမည့် ခွေးများဖြစ်ကြ၏။ အဘယ်ကြောင့်ပါနည်း။ အကျွနု်ပ်တို့လို သတင်းသမားများကို (ကြီးကြီးကျယ်ကျယ် ပြောရမည်ဆိုလျှင်ဖြင့်) စတုတ္ထမဏ္ဍိုင် ဘာ ညာဟုဆိုကြပေချိမ့်၊ အနောက်တိုင်းသတင်းစာ သင်ရိုးများတွင် ရင်းဂလိပ်လို (English ကို ငါးပိသံနှင့်ပြောခြင်းဖြစ်သည်)Watch Dog(စောင့်ကြည့်ခွေး) ဟု ဆိုထားလေသောကြောင့်ပင်။ ၎င်းစကားရပ်ကို ကျွနု်ပ်အဟောင်တော် ဇူးလူးတစ် ယောက် လွန်စွာသဘောကျနှစ်ခြိုက်လေ၏။ မည်သို့နည်း။ အဓိပ္ပာယ်မူကား အိမ်ရှင်နှင့်တူသော တိုင်းသူပြည်သား များ လုံလုံခြုံခြုံ စိတ်လက်ချမ်းသာ နေနိုင်ဖို့ရာ Watchdog များက အန္တရာယ်ပြုမည့်သူများအား စောင့်ကြည့်ကာ ပြည်သူ များ သတိပြုမိစေရန် ဟောင်ရမည့် တာဝန်ရှိသည်ဟူ၏။ သို့ပေ […]
၂၀၁၂၊မတ်လထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၂)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ဘစီ ရေးသည်။ ကိုင်းဗျ…ကျုပ် မောင်ဘစီဟာ မကြာမီ လိုင်းပြောင်းဖို့ ရှိ နေပါတယ်။ ယောကျ်ားစင်စစ် ဧကန်ဖြစ်လျက်က အနေမတတ် လို့ လုံးရာက ပြားချင်တဲ့ တောင်တောင်အီအီလိုင်းကို ပြောတာမဟုတ်ပါဘူးခင်ဗျာ။ သရော်စာ တစ်ပုဒ်၊ နှစ်ပုဒ် ရေးထုတ်ပြီးတဲ့ နောက်မှာ အင်မတန် အကျိုးပေးသန်တဲ့ စာရေးခြင်းအလုပ်ကနေ ခေတ္တရပ်ကာ လူသိလည်းများ၊ စားလည်း စား၊ သောက်လည်း သောက်ရတဲ့အပြင် ဉာဏ်ပူဇော်ခလည်း မြိုးမြိုးမြက်မြက်ရတဲ့ စာပေဟောပြောပွဲများ လိုက်လံဟောပြောတဲ့ လိုင်းကို ပြောင်း မှာလို့သာ ဆိုလိုတာ ဖြစ်ကြောင်းပါဗျာ။ စာတစ်ပုဒ်လောက် ရေးထုတ်ပြီးရုံလောက်နဲ့များ စာ ပေဟောပြောပွဲတွေ လိုက်မယ်လို့ ကြုံးဝါးရအောင် ဘစီမှာ ဘယ်လောက်များ စာပေသမ္ဘာ ပြည့်ဝနေပါပြီလဲဆိုပြီး ကိုယ့်လူ တို့ […]
၂၀၁၄၊ဇန်နဝါရီလထုတ်၊မော်ကွန်းမဂ္ဂဇင်းအမှတ်(၁၁)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ အငြိမ်းစား ချိုကုပ်ဒူးကြီးသည် ဒုက္ခသီရိနေပြည်တော်တွင် စိတ်အေးချမ်းသာစွာ နေထိုင်လျက်ရှိကြောင်း ယခင့်ယခင် ကာလ သတင်းတို့က ဆိုသည်။သို့သော် ယနေ့အချိန်တွင်မူ ထိုသို့ မဟုတ်မူကြောင်း သူ၏လက်ထောက်အဖြစ် တာဝန်ယူခဲ့သူများက မီဒီယာတွင် အခိုင် အမာ ပြောဆိုနေကြသည်။ အငြိမ်းစားလျက်ရှိသော်လည်း တိုင်းရေးပြည်ရာများကို စောင့်ကြည့်ပြီး စိုးရိမ်လျက်ရှိကြောင်း၊ ရတက်မအေးဖွယ် ပြည် ရေးပြည်ရာကြောင့် စာဖတ်ပျက်နေကြောင်း စသဖြင့် စသဖြင့် အတည်ပေါက် ပြောဆိုကုန်ကြလေ၏။ အနှီအားကိုးရသူ လက်ထောက်ကြီးတို့၏ ပြောဆိုချက် မည်မျှ မှန်ကန်သည်ကို သိရှိနိုင်ရန် ချိုကုပ်ဒူးကြီးနှင့် တွေ့ဆုံမေး မြန်းမှဖြစ်မည်ဟု ဆုံးဖြတ်ပြီးသကာလ နေသာ၊ လေသာသော တစ်နေ့တွင် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်သို့ ရောက်ပြန်လေသည်။ချိုကုပ်ဒူးကြီး၏ ခမ်းနားလှစွာသောနန်းတော်ရှိ ဧည့်ခန်း […]
၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲရေးသည်။ ရှေးသရောအခါ ပြည်ဗာရာဝယ် ဗြဟ္မဒတ်မင်းကြီးဆိုသူစိုးစံတော်မူလေ့ရှိ၏။ ယခုခေတ် ဒုက္ခသီရိနေပြည်တော်ကြီးတွင်သမ္မတ ဦးကုဋေစိန် စိုးစံတော်မူသည်။ဦးကုဋေစိန်က ယခင့်ယခင် မင်းတရားကြီးများကဲ့သို့ထောက် လှမ်းရေးအစီရင်ခံချက်များကိုသာ အားပြုသူမဟုတ်။ သိလိုသောအရာကို ကိုယ်တိုင်ကိုယ်ကျ ထောက်လှမ်းလိုသူဖြစ်၏။တိုင်းသူပြည်သားတို့၏အခြေအနေကို သိလိုသဖြင့် ယနေ့ တက္ကစီမောင်းသူ ယောင်ဆောင်ပြီး စုံစမ်းထောက်လှမ်းမည်ဟု ဆုံးဖြတ်ပြီး ထိုဆုံးဖြတ်ချက်ကို ချက်ချင်း အကောင်အထည်ဖော်သူဖြစ်၏။ယနေ့နံနက် သမ္မတ ဦးကုဋေစိန်၏တက္ကစီကို ပထမဆုံးတားစီး၊ ဈေးဦးဖောက်လိုက်သူကား ကျွနု်ပ်တို့၏သတင်းထောက်ရန်လိုကျွဲဖြစ်လေသည်။ ဦးကုဋေစိန်။ ။ ဘယ်သွားမလဲ ကောင်လေး။ ရန်လိုကွျွဲ။ ။ အမေရိကန်သံရုံးကို သွားမယ်။ ဘယ်လောက်ပေးရမလဲ။ စိန်။ ။ နှစ်ထောင်ပဲ ပေးပါ။ ကျွဲ။ ။ ဟုတ်ဗျာ၊ သွားမယ်။လေးငါးထောင်ပေးရသောခရီးကို ဒီဘဲကြီးက နှစ်ထောင်ပဲတောင်းသဖြင့် ရန်လိုကျွဲ အံ့သြသွားသည်။ တစ်ခုခုတော့ […]
၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ သရော်စာဆောင်းပါးဖြစ်ပါသည် ဘစီရေးသည်။ ဒီစာကို ဆက်မဖတ်ခင်မှာ ခင်ဗျားတို့ကို စကား ကုတင်နည်းနည်းခံထားချင်တယ်ဗျာ။ ခင်ဗျား ၁၈ နှစ်ပြည့်ပြီလား။ လာမယ့် ရွေးကောက်ပွဲမှာ မဲဆွယ်ဖို့ အခုကတည်းက လေပြေထိုးနေတာ မဟုတ်ဘူးနော်။ ကျုပ်သရော်စာက ၁၈နှစ်အောက် ကလေးတွေ ဖတ်ဖို့ရာ မသင့်တဲ့ ၁၈နှစ်အထက် တစ်ရက်စွန်းတဲ့ လူကြီးတွေရဲ့ ခါးအောက်ပိုင်း ဇာတ်လမ်းတွေဖြစ်နေလို့ဗျ။ ဘာလဲ၊ ခင်ဗျားတို့ မျက်လုံးလေး ကလယ်ကလယ် အဲ လေ…ပြူးကျယ်ပြူးကျယ်ဖြစ်ကုန်ပြီလား။ စိတ်ချဗျို့။ အဲဒီ မျက်လုံးပြူးစရာကိစ္စကလေးတွေကိုပဲ ဒီတစ်လမှာ ဆွေးနွေးဖို့ရာ အကြောင်းဆိုက်လာသဗျ။ ကဲဗျာ…ပြောနေ ကြာပါတယ်။ ၁၈ နှစ်ပြည့်ပြီလို့ ကိုယ့်ကိုယ်ကိုယ် အာမခံတယ်ဆိုရင်တော့ အရသာရှိစွာပဲ အောက်မှာ ဆက်၍ ဖတ်ပါလေ။ ခင်ဗျားတို့တော့မသိဘူး။ ကျုပ်မယ် ဒီခေတ်မှာ လူဖြစ်လာ တာ […]
၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၅)မှ သရော်စာဆောင်းပါးဖြစ်ပါသည် ဘစီရေးသည်။ ”ကိုဘစီသရော်စာလုပ်ဦးလေ”ကိုဉာဏ်လင်းကအမိန့်လှမ်းပေးတယ်။ ကြောက်ရပါတယ်။စိတ်များလည်း ညစ်ပါတယ်။ ရေးစရာမရှိဘူးဗျာလို့ ပြန်ပြောမိပေမယ့်မရှိ၊ရှိတာရေးဆိုတော့ ခွမကျလားဗျာ။ဒီလူတွေဟာ တယ်နားလည်မှုမရှိတဲ့သူတွေလို့ဆိုရင်သူတို့ကမကြိုက်ချင်ဘူး၊ကျုပ်ကစာရေးတဲ့သူပဲ။ စာရေးမှထမင်းစားရတဲ့သူပဲ။ ရေးချင်တာပေါ့ဗျာ။ နို့ပေမဲ့ ကိုယ်ရေးတဲ့ နယ်ပယ်က ထေ့စာ၊ သရော်စာ မဟုတ်လား။ ကိုယ့်ရှေ့က ဆရာသမားများအပြောအရ သရော်စာရေးတဲ့သူဆိုတာ လောကဖြစ်အင်ကို ရွဲ့စောင်းစွာ ကြည့်မြင်တဲ့ သူတွေလို့ ဆိုသကိုး။ အဲတော့ ဘစီတို့မှာ ဘာကိုကြည့်ကြည့် တလွဲကြည့်၊ ပြောင်းပြန်ကြည့်၊ ရွဲ့ပြီးကြည့်တယ်။ မြင်တာလေးတွေကို အပြောခံရ သူလည်း မနစ်နာ၊ ဖတ်ရသူများလည်း ဘဝင်ဟပ်ကျေ နပ်၊ ကိုယ့်လည်း အမှုမပတ်ရအောင် ရေးရတယ်ပေါ့ဗျာ။ ရေဖြန်း ထားတဲ့နေရာကို မီးခိုးဗုံးနဲ့ လှမ်းထုသလိုပေ့ါ။ အပစ်ခံရတဲ့နေရာ၊ အပစ်ခံထိတဲ့သူတွေ မီးလောင်၊ ပြာကျ ဖြစ်ရပေမယ့် တကယ့် အရင်းစစ်တော့ […]
၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄) မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ဘစီ ရေးသည်။ ကျုပ် ဘစီက အဖော်ကောင်းရင် အရက်ဆိုင်ထိ လိုက်တယ်ဆိုတဲ့ ကောင်မျိုးဗျ။ အခုလည်းကြည့်လေ။ မြန်မာပြည်မှာ ပထမဆုံး သတင်းမဂ္ဂဇင်း(အယ်ဒီတာတွေ အဆိုပေါ့လေ) ဖြစ်တဲ့ မော်ကွန်းက အယ်ဒီတာသုံးယောက်နဲ့ တနေ့တုန်းက စကားစပ်မိတယ်။ သူတို့က တွေ့တွေ့ချင်း ဘာပြောတယ်မှတ်သလဲ။“ကိုဘစီ ခင်ဗျား ဒီအတိုင်းနေတော့မှာလား” တဲ့။ကျုပ်ဟာကျုပ်နေတာ ဒီမောင်တွေ ဘာမနာလိုဖြစ်သလဲတော့ မသိဘူး။ “ ဟ မောင်ရင်တို့ ကျုပ်က ဒီအတိုင်းမနေလို့ ထောင်ထဲ သွားနေရမှာလား” လို့ စိတ်ပေါက်ပေါက်နဲ့ ပြန်ပြီးအငေါ်တူးမိတယ်။ ဒီမှာတင် ဇေယျာလှိုင်ဆိုတဲ့ မောင်က “ ဟုတ်တယ် ကျွန်တော်တို့ကလည်း ခင်ဗျားကို အဲလိုဖြစ်စေချင်တာ” တဲ့ဗျာ။ ဒီလူတွေကိုကျုပ်က လူတော် သတင်းသမားကလေးတွေလို့ အောက်မေ့ပြီး […]
၂၀၁၄၊နိူဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်းအမှတ်(၁၈)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွဲရေးသည်။ ရန်လိုကျွဲ၏ မီဒီယာပိုင်းဆိုင်ရာ အတိုင်အပင်ခံအလုပ်သည် အောင်မြင်စပြုလာသည်။ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာတို့က အကြံညဏ်ရယူလိုကြောင်း တဒီးဒီးအပူကပ်လွန်းသောကြောင့် နေသာလေသာသော တစ်နေ့တွင် သူတို့ကို အချိန်ပေးတွေ့ဆုံရလေသည်။ အယ်ဒီတာတို့က ရန်လိုကျွဲကို မြန်မာမဂ္ဂဇင်းများအရောင်း ထိုင်းရသည့်အကြောင်း ဆွေးနွေးစဉ်ကတည်းက လေးစား သဘောကျနေကြခြင်းဖြစ်၏။ (ထိုဆွေးနွေးပွဲအကြောင်းကို မော်ကွန်းမဂ္ဂဇင်း အမှတ်၁၇တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။) တွေ့ဆုံစဉ် ဝိုင်းဖွဲ့ပြောဆိုသည့် အကြောင်းအရာက အရောင်း ထိုင်းနေသည့်မဂ္ဂဇင်းများ အရောင်းသွက်ရေးနှင့် ရေရှည်ရပ် တည်ရေးနည်းဗျူဟာအကြောင်းဖြစ်သည်။ စကားဝိုင်းသို့ မဂ္ဂဇင်းအယ်ဒီတာများသာမက လေ့လာသူ တချို့လည်း တက်ရောက်ကြသည်။ထုံးစံအတိုင်း လေပေါသော သောကြာသား ရန်လိုကျွဲက အများဆုံး ဆွေးနွေးသူ၊ အဓိက ပြောဆိုသူဖြစ်၏။ “ကနေ့ခေတ် ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေကို ကြည့် ဗျာ၊ […]
၂၀၁၅၊ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၀)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။ ရန်လိုကျွှဲ ရေးသည်။ ၂ဝ၁၅ အဝင်တွင် နိုင်ငံရေးသမား အများအပြား အံ့အား သင့်သွားစေသည့် ကြေညာချက်တစ်စောင် နေပြည်တော်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ထိုကြေညာချက်တွင် စစ်တပ်က စစ်တန်းလျားပြန်မည်၊အခြေခံဥပဒေ အသစ်ပြန်ရေးမှ သင့်တော်မည်၊ ရွေးကောက်ပွဲ ကော်မရှင်ကို ကြားလူများဖြင့် ပြန်ဖွဲ့ပေးပါမည်၊ ငွေစက္ကူတွင် ခြင်္သေ့ရုပ်ထည့်မိသဖြင့် တောင်းပန်ပါသည် စသည့်စသည့် အချက်များမပါဝင်ဘဲ ဘာကြောင့် အံ့သြနေကြသနည်း။ နိုင်ငံရေးသမား အများအပြား အံ့သြကြရခြင်းမှာ နေပြည်တော်က ဖွဲ့ပေးတော်မူသည့် ကော်မတီတစ်ခု၏ အဖွဲ့ဝင် ၂၈ဦးစာရင်းတွင် သူတို့အမည်ကို မျှော်လင့်မထားဘဲ တွေ့လိုက်ကြရ ခြင်းကြောင့်ပင်။ဟုတ်သည်၊ မည်မျှအထိ အရာရောက်မည်မှန်း မသိရသည့် အဖွဲ့တစ်ခုက အစိုးရကြေညာချက်ဖြင့် ဗြုန်းခနဲ ထွက်ပေါ်လာပြီး အဖွဲ့ဝင်များစာရင်းတွင် ကိုယ့်အမည်ကို ကိုယ်တွေ့လိုက်ရခြင်းကြောင့် အံ့သြစရာပင်။ အများထင်မထားသည့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."