သရော်စာများ

ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား

October 20, 2017

ကာတွန်း -သီဟ(စခန်းသစ်) (၂၀၁၇) လပ်ကီး လက်ဖက်ရည်ဆိုင်အတွင်း ကျောက်ချထိုင်နေတတ်သူများထဲတွင် ကာတွန်းဆရာသီဟ (စခန်းသစ်) လည်း ပါဝင်သည်။ လပ်ကီးတွင် ပုံမှန်ထိုင်ရသည့် အကြောင်းရင်းမှာ လပ်ကီးကောင်း၊ ကံကောင်းစေရန်အတွက် ဖြစ်သည်ဟု ကာတွန်းဆရာက ဆို၏။ ကိုသီဟ အဘယ်ကြောင့် ကံကောင်းခြင်းကို တောင့်တနေရသနည်း။ ရှင်းပါမည်။ သူဌေးဖြစ်ချင်သူ ကိုသီဟသည် တစ်ခုသောမိုးဥတု၏တစ်နေ့သ၌ စီးပွားရေးအတိုင်ပင်ခံ ရန်လိုကျွဲထံသို့ ရောက်လာသည်။ ”တွက်ခြေကိုက်တဲ့ အလုပ်အကိုင်တစ်ခုလောက် လုပ်ချင်တယ်” ဟု ကာတွန်းဆရာက ဆို၏။ ကိုသီဟ နေရာမှန် ရောက်လာခြင်း ဖြစ်ကြောင်း၊ အောင်မြင်သော လုပ်ငန်းရှင်ဖြစ်လိုသူ ၅၅၅ ယောက်ထက်မနည်းကို ဤအတိုင်ပင်ခံရုံးခန်းအတွင်း အကြံကောင်း ဉာဏ်ကောင်း များပြားစွာ  ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းပြပြီး ခရီးဦးကြို ပြုလိုက်သည်။ ”ဘဏ်ဓားပြတိုက်၊ ဘုရားအလှူခံပုံး ကန်ထရိုက်ဆွဲတဲ့ လုပ်ငန်းအိုင်ဒီယာမျိုးတော့ […]

အပြည့်အစုံဖတ်ရန်

ဘုရားအလှူခံ ကန်ထရိုက်

August 30, 2017

တစ်နှစ်ကို အလှူခံပုံးတွေက ရငွေ စုစုပေါင်းက သိန်းကိုးထောင် ရှိတယ်လို့ ခန့်မှန်းကြတယ်ကွ။ မင်းက သိန်းရှစ်ထောင်နဲ့ လေလံအောင်တယ်ဆိုပါစို့။ ဒါဆို တစ်နှစ်ကို မင်းက သိန်းတစ်ထောင် အနည်းဆုံး ရပြီ”

အပြည့်အစုံဖတ်ရန်

လူငယ်လေးတစ်ယောက်၏ ငွေထုပ်ထမ်းခြင်း အိပ်မက်

July 28, 2017

”ငွေထုပ်ကြီးထမ်းပြီး အိမ်ပြန်တယ်ဆိုတာ ကျွန်တော့်အိပ်မက်ပဲဗျို့။ အဖမ်းမခံရအောင် ဓားပြ ဘယ်လိုတိုက်ရမယ် ဆိုတာကို ဆရာကျွှဲအကြံပေးပါ။

အပြည့်အစုံဖတ်ရန်

ငွေစက္ကူမှာ ဘာပုံထည့်ရင် သင့်တော်မလဲ

June 28, 2017

ငွေစက္ကူ သစ်ရိုက်နှိပ်ဖြစ်ပါက မြန်မာပြည်မြေပုံထက်အငြင်းပွားစရာ နည်းပါးမည့်ပုံ ဘယ်မှာရှိတော့မည်နည်း။

အပြည့်အစုံဖတ်ရန်

စင်္ကာပူကိုနှစ်(၂၀)အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ(၁)

May 31, 2017

ဖွံ့ဖြိုးမှု နည်းပါး၊ ဆင်းရဲတွင်းနက်ရှိုင်းသည့် ဒုက္ခသီရိက စင်ကာပူကို ကျော်တက်ရန် နှစ် ၂ဝ အချိန်ယူပြီး မည်သို့ မည်ပုံ လုပ်ဆောင်ရမည်နည်း၊ မည်သည့်နည်းလမ်းများ ရှိသနည်း ဟူ သည်ကို ထောက်လှမ်းရေးခေါင်းဆောင်တို့ထံ အစီရင်ခံရတော့ မည်ဟု အရာရှိက ငိုသံ အနည်းငယ်စွက်ပြီး ပြောပြသည်။

အပြည့်အစုံဖတ်ရန်

အမျိုးသားတို့ ကိုယ်ဝန်ဆောင်သောအခါ

April 11, 2017

နတ်လွှတ်တော်ဥက္ကဋ္ဌ သီဟ (စခန်းသစ်)က မေးရာ ကန့်ကွက်မည့်နတ် မရှိသည့်အတွက် အာ လာဒင်နတ်ဘီလူး လူ့ပြည်ဆင်းရလေသည်။

အပြည့်အစုံဖတ်ရန်

အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ

March 24, 2017

အဆိုပါ ဒီမိုကရေစီပုံစံမှာ အခြေခံဥပဒေအလိုတော်အရ ဖြစ်သည်ဟူသောအချက်ကြောင့် နတ်ဘီလူးက မေးခွန်း နောက် တစ်ခု ထုတ်လေသည်။
”အဲဒီအခြေခံဥပဒေကို ပြင်လို့ မရဘူးလား”

အပြည့်အစုံဖတ်ရန်

မနုစာရီ ၊ ရာဇကုမာရကျောက်စာ နှင့် DBS ဘတ်စ်ကား

February 15, 2017

ကျွန်မတို့ ပုဂံခေတ်က ဒီခေတ်လို မဟုတ်ဘူးရှင့်။ မီဒီယာထွန်းကားတယ်။ အများသိစေချင်တဲ့အကြောင်းအရာဆိုရင် တကယ့်ကို အများသိအောင် လုပ် လိုက်တာပဲ။

အပြည့်အစုံဖတ်ရန်

မုန့်ဟင်းခါးထဲ အချိုမှုန့်မထည့်တော့ ဘာဖြစ်သွားသလဲ…?

February 1, 2017

အချိုမှုန့်ယဉ်ကျေးမှုကို တော်လှန်သူ၊ အချိုမှုန့် ရှောင် ကြဉ်သူတွေ ရှိတယ်ကွ။ မုန့်ဟင်းခါးစားပြီးချိန် လျှာပေါ်မှာ အချို မှုန့်အရသာ စွဲပြီး ကျန်မနေဘူးဆိုရင် မင်းရဲ့ မုန့်ဟင်းခါးကို သူတို့ သဘောကျမှာပဲ။ လူသတင်း လူချင်းဆောင်ဆိုသလို မင်းရဲ့ဆိုင် က ဖောက်သည်တွေ များလာမှာပဲ

အပြည့်အစုံဖတ်ရန်

သတင်းသမားဘဝမှ လုပ်ငန်းရှင် ဘဝသို့ ရန်လိုကျွှဲ

January 17, 2017

ဆရာကျွဲနှင့်သားများ အတိုင်ပင်ခံ လုပ်ငန်းရုံးသည် ဒုက္ခသီရိ နေပြည် တော်၏ အအောင်မြင်ဆုံး စီးပွား ရေးလုပ်ငန်းငါးခုစာရင်းတွင် ငါးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နေသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လိုသူများ၊ ရင်းနှီးမြှုပ်နံှမှု တိုး ချဲ့လိုသူများ၊ စီးပွားပိုမိုဖွံ့ဖြိုးလိုသူများသည် ဆရာကျွဲကို ချဉ်း ကပ် အကူအညီတောင်းကြသည်။ တချို့ကလည်း လူမှုရေး၊ နိုင်ငံ ရေးဆိုင်ရာ အကျပ်အတည်းတွေ့သဖြင့် ရောက်လာကြသည်။ ရပ်နီးရပ်ဝေးမှ အကြံဉာဏ် လိုအပ်သူ၊ အိုင်ဒီယာ လိုအပ်သူများ ပြားလွန်းသဖြင့် အလုပ်ခန်းဖွင့်ပြီး အကျိုးဆောင်ပေးနေရသည် မှာ ငါးနှစ်ငါးမိုး ရှိလာပြီဖြစ်သည်။ ဆရာကျွဲက သားတော်မောင်နှစ်ယောက်ကို ရုံးမန်နေဂျာ များအဖြစ် ခန့်ထားသည်။ ရက်ချိန်းယူထားသူ၊ ရုတ်တရက် ရောက်လာသူ၊ အရေးတကြီး ရောက်လာသူ စသည့် စသည့် စီး ပွားရေးဒုက္ခသည်များ၊ အထွေထွေ အခက်အခဲပိုင်ရှင်များ […]

အပြည့်အစုံဖတ်ရန်

ကျွန်တော်နိုင်ငံရေး အကြံပေး

November 30, 2016

စီးပွားရေးနှင့် နိုင်ငံရေးသည် သမီးရည်း စားများကဲ့သို့ နီးစပ်လွန်းသည်၊ ထို့ကြောင့် စီးပွားရေးပရောဟိတ် ရန်လိုကျွဲထံတွင် နိုင်ငံရေးဆိုင်ရာ အိုင်ဒီယာ အလန်းစားများ သေချာပေါက်ရှိရမည်ဟု ဆဝါးမိကြသည်။

အပြည့်အစုံဖတ်ရန်

ပေါ်ပြူ လာ ခေါင်းဆောင် ပါတီပြောင်းခြင်း

October 19, 2016

‘ဒါကတော့ ကျွန်မတို့ ပြည်သူ့ပါတီသမိုင်းကြောင်းကို ပြန်လေ့လာသုံးသပ်ရမှာပဲ။ ပြည်သူကို ဘယ်လို အလုပ်အကျွေး ပြုခဲ့သလဲ။ ဘယ်လို ဒုက္ခပေးခဲ့သလဲဆိုတာ သေချာပြန်ကြည့်ရ မယ်

အပြည့်အစုံဖတ်ရန်
1 2 3 4 5

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."