သတင်းများ

သီတင်းကျွတ်လပြည့်နေ့ ရန်ကုန်ကျောက်တော်ကြီးဘုရားမှာ လူစည်ကား

October 29, 2023

ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၂၉ (မော်ကွန်း) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်းဓမ္မကုန်းပေါ်မှာရှိတဲ့ ကျောက်တော်ကြီးဘုရားမှာ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်၊အဘိဓမ္မာ အခါတော်နေ့မှာ ဘုရားဖူးလာရောက်သူတွေနဲ့ မနက်အစောပိုင်းကတည်းက စည်ကားနေတယ်လို့ ဘုရားဂေါပကအဖွဲ့ကတာဝန်ရှိသူတွေနဲ့ ဈေးသည်တွေကပြောပါတယ်။ ကျောက်တော်ကြီးဘုရားမှာ အခုလို အခါကြီးရက်ကြီးတွေနဲ့ လပြည့်လကွယ်တွေမှာပဲ လူစည်ကားလေ့ရှိတယ်လို့ ဘုရားပန်းရောင်းတဲ့ ဈေးသည်တစ်ဦးကပြောပါတယ်။ “မနက်ကတည်းက နှင်းဆီပန်းကုန်သွားတာ၊ ထပ်ဝယ်လို့တောင် မရဘူး။ ရှိတဲ့ပန်းတွေပဲရောင်းနေရတယ်။ ဒီလိုရက်တွေပဲဈေးရောင်းကောင်းတာ။ ကျန်တဲ့ရက်တွေက လာတော့လာကြတယ်။ လူနည်းတယ်” လို့ပြောပါတယ်။ ကျောက်တော်ကြီးဘုရားအနီးမှာရှိတဲ့ ဆင်ဖြူတွေထားရာနေရာမှာလည်း အခုလိုရက်တွေသာ လာရောက်လည်ပတ်သူများတယ်လို့ ဆင်စာရောင်းချသူတွေနဲ့ သစ်တောဝန်ထမ်းတချို့က ဆိုပါတယ်။ ဆင်ဖြူတွေကို လူစိတ်ဝင်စားမှုနည်းတဲ့အပြင် ငှက်ပျောအူ၊ကြံ၊ ပြောင်းဖူး၊ ဖရဲသီး စတာတွေပါတဲ့ ဆင်အစာတစ်ခြင်းကို ကျပ်နှစ်ထောင်ကနေ ငါးထောင်အထိ ရောင်းချတာကြောင့် ဆင်စာကျွေးတဲ့သူ နည်းပါးတာကိုလည်း မော်ကွန်းက မြင်တွေ့ခဲ့ရပါတယ်။ COVID-19 […]

အပြည့်အစုံဖတ်ရန်

သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်မှာလူစည်ကား

October 29, 2023

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂၉ (မော်ကွန်း) သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို လာရောက်ဖူးမြော်သူတွေနဲ့စည်ကားနေပါတယ်။ ဒီနေ့အရုဏ်တက်ချိန်ကတည်းက ရွှေတိဂုံစေတီတော်ရဲ့ အရပ်လေးမျက်နှာစောင်းတန်းတွေမှာလည်း တိုးမပေါက်ဖြစ်နေပါတယ်။ ဖိနပ်အိတ်ပေးပြီး ပိုက်ဆံတောင်းရမ်းသူတွေကအစ အနီးအနားက စျေးဆိုင်တွေအထိ ဒီနေ့သီတင်းကျွတ်လပြည့်နေ့မှာ ပုံမှန်နေ့တွေကထက် ပိုရောင်းရတယ်လို့ပြောကြပါတယ်။ စစ်ကောင်စီက သီတင်းကျွတ်အခါသမယမှာ ရန်ကုန်မြို့အနှံ့ မီးအလှဆင်ထားပြီး ပြည်သူ့ရင်ပြင်မှာလည်း ဆိုင်ခန်းပေါင်း ရာနဲ့ချီတဲ့ စျေးရောင်းပွဲပြုလုပ်နေပါတယ်။ ပုံစာ- သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားလာရောက်ဖူးမြော်ကြသူများအားမြင်တွေ့ရစဉ် ဓာတ်ပုံ- Mawkun

အပြည့်အစုံဖတ်ရန်

မတူပီနဲ့မင်းတပ်မှာ ကျွဲနွားတွေ ခွါနာလျှာနာနဲ့ ဒေါင့်သန်းရောဂါဖြစ်နေ

October 29, 2023

ချင်း-၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း) ချင်းပြည်နယ်၊ မတူပီနဲ့ မင်းတပ်မြို့နယ်အတွင်းကကျေးရွာတွေမှာ ကျွဲ၊ နွားနဲ့ နွားနောက်အကောင်ရေရာချီပြီး ခွာနာလျှာနာနဲ့ ဒေါင့်သန်းရောဂါတွေကူးစက်နေတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနဲ့ကုသရေးဌာန မြို့နယ်တာဝန်ခံအရာရှိ ဒေါက်တာဟုန်းမနားက မော်ကွန်းကိုပြောပါတယ်။ အခုနှစ် ဩဂုတ်လလယ်ပိုင်းကစပြီး မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်နားကကျေးရွာတွေက ကျွဲနွားနဲ့ နွားနောက်တွေမှာ ရောဂါစတင်ကူးစက်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်မှာတော့ စက်တင်ဘာမှာ စတင်ကူးစက်လာတာလို့ သူကပြောပါတယ်။ “ကျွန်တော်တို့ကလည်း ဟိုဘက်ကကျွဲနွားတွေဒီဘက်ကိုမတင်သွင်းဖို့ အသိပေးစာတွေထုတ်ထားတာပဲ။ မတူပီမြို့နယ်ကဆို တော်တော်များများဖြစ်တာ။ ကျွန်တော်လက်လှမ်းမီသလောက်ဆို မင်းတပ်မြို့နယ်က ဘွေရှိရယ် မတူပီက ရမ်တိန်း ကျေးရွာတွေမှာတော့ တော်တော်လေးဖြစ်နေတာ” လို့ ဒေါက်တာဟုန်းမနားကပြောပါတယ်။ ချင်းပြည်နယ်မှာ နွားနောက်ကို အများဆုံးမွေးမြူကြပြီး တောတွေထဲမှာ သဘာဝအတိုင်း လွှတ်ထားတာဖြစ်လို့ ဆေးကုသဖို့ခက်ခဲပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ သူကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်မှာတိုက်ပွဲတွေဆက်ဖြစ်၊ ကုန်သွယ်ရေးရပ်တန့်နေ

October 28, 2023

ရန်ကုန် -၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း) ရှမ်းမြောက်က တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်သွယ်ရေးဆက်လက်ရပ်တန့်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA လက်နက်ကိုင်အဖွဲ့တွေဟာ မနေ့ကမနက်အစောပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ရှမ်းမြောက်ဒေသကို “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကိုလည်း အသုံးမပြုဖို့ ၎င်းအဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်ပိုင်းမှာ လားရှိုး-မူဆယ်လမ်းပေါ်က သိန္နီမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းမကြီးကိုလည်း […]

အပြည့်အစုံဖတ်ရန်

ကိုးကန့်ဒေသတွင်းရှိ အရပ်ဘက်၊ စစ်ဘက်အဖွဲ့ဝင်များလက်နက်ချအလင်းဝင်ဖို့ MNDAA သတိပေး

October 28, 2023

  ကိုးကန့် – ၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း) ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ် လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့အပါအဝင် ကိုးကန့်ဒေသမှာရှိနေတဲ့ အရပ်ဘက်၊ စစ်ဘက်အဖွဲ့ဝင်တွေအနေနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ဆီမှာ လက်နက်ချအလင်းဝင်ဖို့ ဒီနေ့ကြေညာလိုက်ပါတယ်။ ကြေညာချက်မှာ “ကိုးကန့်ရုပ်သေးအဖွဲ့ဝင်များအား အသိပေးစာ”လို့ ခေါင်းစဉ်တပ်ထားပြီး “ကိုးကန့်​ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ကိုးကန့်ရုပ်သေးအဖွဲ့များ၏ စစ်သား၊ ရဲနှင့် အုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် MNTJP/MNDAA ထံသို့ မိမိအသိစိတ်ဖြင့် အပြစ်ဝန်ခံရန် လာရောက်သူများကို လှိုက်လှဲစွာကြိုဆိုပါသည်”လို့ ပါရှိပါတယ်။ အလင်းဝင်ရောက်လာသူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဆက်လက်ခေါင်းမာနေရင်တော့ ပြင်းထန်စွာအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ အုပ်ချုပ်ရေးဌာနတွေအနေနဲ့ သက်ဆိုင်ရာဌာနအချက်အလက်၊ မှတ်တမ်းတွေ၊ ငွေကြေးတွေကို ထိန်းသိမ်းထားရမှာဖြစ်ပြီး ဖျက်ဆီးပစ်ရင် အရေးယူခံရမယ်လို့ဆိုပါတယ်။ ဒါအပြင် ရာဇဝတ်မှုနဲ့ဝရမ်းထုတ်ထားခံရသူတွေကို သူတို့ရဲ့ မိသားစု၊ ပတ်သက်မှုရှိသူတွေက MNDAA […]

အပြည့်အစုံဖတ်ရန်

ရှမ်းမြောက်မှာတိုက်ပွဲတွေဖြစ်ပြီးနောက် စက်သုံးဆီအလုအယက်ဝယ်ယူနေကြ

October 28, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၇ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွါးနေတာကြောင့် ဒေသခံတွေဟာ စက်သုံးဆီပြတ်လပ်မှာစိုးရိမ်တဲ့အတွက် အလုအယက်ဝယ်ယူနေကြတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းပရဟိတအသင်းတွေဆီက သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မုံကိုး၊ ချင်းရွှေဟော် အစရှိတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နယ်စပ်နဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကိုလည်း မြောက်ပိုင်းမဟာမိတ်တပ်တွေက ပိတ်ဆို့ထားပြီး လမ်းအသုံးပြုမှုကို အကန့်အသတ်မရှိရပ်ဆိုင်းထားတယ်လို့ ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီ အလုအယက်ဝယ်ယူနေကြတယ်လို့ ကွတ်ခိုင်မြို့နယ် ဒေသခံပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်က စက်သုံးဆီဆိုင်မှာတော့ ဒီနေ့မနက်ပိုင်းကစပြီး ဒေသခံတွေဟာ ဆီပုံးတွေနဲ့ […]

အပြည့်အစုံဖတ်ရန်

“၁၀၂၇ စစ်ဆင်ရေး” ကို ကြိုဆိုတယ်လို့ NUG ထုတ်ပြန်

October 28, 2023

လားရှိုး- ၂၀၂၃၊ အောက်တိုဘာ ၂၇ (မော်ကွန်း) မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဒီနေ့စတင်တဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို ကြိုဆိုကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီညနေမှာ ထုတ်ပြန်ပါတယ်။ “၁၀၂၇ စစ်ဆင်ရေး”လို့ အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ကြိုဆိုပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက်ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒါအပြင် လက်ရှိဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး”နဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီစစ်ဆင်ရေးကို လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကိုးကန့်(MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)နှင့် ရက္ခိုင်(ULA/AA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အဓိက ကုန်သွယ်ရေးလမ်းမတွေဖြစ်တဲ့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်သွား ပြည်ထောင်စုလမ်းမကြီးတွေကို […]

အပြည့်အစုံဖတ်ရန်

ပို့ကုန်ဆိုင်ရာတင်းကြပ်မှုတွေကို ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီဆို

October 26, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၆ (မော်ကွန်း) ပြည်ပပို့ကုန်တင်ပို့သူတွေကို အခွန်သက်သာခွင့်နဲ့ ငွေကြေးပိုင်းဆိုင်ရာတင်းကြပ်မှုတွေ ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလာပါတယ်။ စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် စီးပွားရေးကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့စီစဉ်နေဆဲလို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က မနေ့က VOA ကိုပြောခဲ့တာပါ။ “Export ပိုပြီးပို့နိုင်အောင်လို့ အခွန်နဲ့ပတ်သတ်ပြီး သက်သာခွင့်၊ ပြီးရင်ငွေကြေးနဲ့ ပတ်သက်လို့က Incentive (မက်လုံး) ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဆက်လက် ဆောင်ရွက်နေဆဲဖြစ်တယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ ဘယ်လိုပုံစံ ဖြေလျှော့ပေးမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သူကမပြောခဲ့ပါဘူး။ လက်ရှိမှာ တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ၃,၂၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းဝယ်နေချိန်မှာ စစ်ကောင်စီက ပို့ကုန်ကနေရလာတဲ့ ကုန်သည်တွေရဲ့ ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့တစ်ဝက် ၂,၉၀၀ ကျပ်နဲ့တစ်ဝက် လဲပေးနေတဲ့စနစ်က […]

အပြည့်အစုံဖတ်ရန်

တိရစ္ဆာန်ကောင်ရေစာရင်း ဒုတိယအကြိမ်ကောက်ယူမည်

October 26, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၆ (မော်ကွန်း) မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟာ တိုက်ပွဲတွေဖြစ်နေတဲ့ ပြည်နယ်နှစ်ခုကိုချန်လှပ်ပြီး လာမယ့်နိုဝင်ဘာ ၁ ရက်ကစတင်ကာ တိရစ္ဆာန်ကောင်ရေစာရင်း ဒုတိယအကြိမ်ကောက်ယူဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီလို မြန်မာတစ်နိုင်ငံလုံးက တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ကယားပြည်နယ် (ကရင်နီ)နဲ့ ချင်းပြည်နယ်တို့ကို ချန်လှပ်ခဲ့တာပါ။ တစ်နိုင်ငံလုံးတိရစ္ဆာန်ကောင်ရေစာရင်းကို ၂၀၁၈ က ပထမဆုံးအကြိမ် ​ကောက်ယူခဲ့ပါတယ်။ ခုချိန်မှာ ငါးနှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံကောက်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဦးစီးအရာရှိတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အဲ့ဒီလိုကောက်ယူရာမှာ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခု၊ မြို့နယ်ပေါင်း ၂၁၅ မြို့နယ်က ကျေးရွာအုပ်စု၊ ရပ်ကွက်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို ကောက်ယူမှာဖြစ်ကာ စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကိုတော့ ရာခိုင်နှုန်းအပြည့် စာရင်းကောက်ယူသွားမယ်လို့ ၎င်းကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မတ္တရာမှာ ကျေးရွာနှစ်ရွာကို အာဏာသိမ်းစစ်တပ်မီးရှို့လို့ နေအိမ်တချို့ မီးလောင်ပျက်စီး

October 26, 2023

မတ္တရာ – ၂၀၂၃ အောက်တိုဘာ ၂၅ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာနှစ်ရွာကို ဒီကနေ့မှာ အာဏာသိမ်းစစ်တပ်က မီးရှို့လို့ နေအိမ် ကိုးလုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မန္တလေးဘက်ကနေ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သား ၈၀ လောက်ဟာ ဧရာဝတီမြစ်အတိုင်း သံခွန်မော်တော်နှစ်စီးနဲ့ မတ္တရာ၊ စဉ့်ကူးမြို့နယ်တွေကို ကမ်းကပ်ဝင်ရောက်လာခဲ့ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ သဖန်းဒေါင့်ရွာနဲ့ငယ်တိုးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာထဲက နေအိမ်တချို့ကို မီးရှို့သွားတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် သဖန်းဒေါင့်ရွာကနေအိမ် တစ်လုံးနဲ့ ငယ်တိုးရွာကနေအိမ် ရှစ်လုံးစုစုပေါင်း ကိုးလုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစကနေ ၂၀၂၃ ဇူလိုင်လကုန်အထိ အာဏာသိမ်းစစ်တပ်မီးရှို့လို့ ပျက်စီးသွားရတဲ့ လူနေအိမ်တွေဟာ အနည်းဆုံး ၅,၇၅၀၀ ကျော်ရှိနေပါတယ်။ ပုံစာ […]

အပြည့်အစုံဖတ်ရန်

မိုးရွာထဲတွင် ပြေးနေရသည့် ယင်းမာပင်က စစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်နေ

October 25, 2023

ယင်းမာပင် – ၂၀၂၃ အောက်တိုဘာ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမှုတွေ တောက်လျှောက်ရှိနေပြီး မိုးတွေလည်းရွာသွန်းနေတာကြောင့် ‌စစ်ရှောင်တွေ ရာသီတုပ်ကွေးတွေဖြစ်နေကြပါတယ်။ ရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၁၃,၀၀၀ ကျော်ဟာ စစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသကူညီကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်သူတွေဆီက သိရပါတယ်။ “စစ်ကြောင်းထိုးတာ တပတ်ကျော်ကျော်ကြာပြီ။ ကျွန်တော်တို့နယ်မြေတွင်းပဲ စစ်ကြောင်းကပြန်ထိုးနေတာ။ ၁၄ .၁၀.၂၃ ကတည်းကပြောပါတော့။ ၁၉ ရက်နေ့က ယင်းမာပင်မြို့ထဲပြန်ဝင်သွားတာ။ နှစ်ညအိပ်ပြီး ရွာစဥ်ပြန်ပြီးစစ်ကြောင်းထိုးပြန်ရော”လို့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ လတ်တလောမှာ ရာသီတုပ်ကွေးနဲ့ ဖျားနာနေသူတွေများပြားနေပါတယ်။ “လတ်တလော မုန်တိုင်းအဖျားခက်တာကြောင့် မိုးတွေရွာနေတယ်။ ရာသီတုပ်ကွေး၊ နှာစေး၊ချောင်းဆိုး၊ မျက်စိနာရောဂါတွေဖြစ်နေကြတယ်။ တစ်နေရာတည်း စုနေတာမဟုတ်တော့ ဆေးဝါးအခက်ခဲ၊ ဆေးကုသမှုအခက်ခဲတွေလည်းရှိတယ်” လို့ ဒေသတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်ကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စားသုံးဆီကို ဈေးလျှော့ပြီး ခွဲတမ်းနဲ့ရောင်းချပေးနေပေမယ့် လုံလောက်တဲ့ပမာဏမရတာကြောင့် စျေးနှုန်းမကျဆင်းနိုင်သေး

October 24, 2023

ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၄ (မော်ကွန်း) ဈေးနှုန်းမြင့်တက်လာတာကိုထိန်းချုပ်ဖို့ စားသုံးဆီကို ပြင်ပပေါက်စျေးထက်လျှော့ချပြီး ခွဲတမ်းစနစ်နဲ့ ရောင်းချပေးနေတာ နှစ်လနီးပါးကြာမြင့်လာပြီဖြစ်ပေမယ့် ဆီဈေးနှုန်းတွေကတော့ ကျဆင်းမသွားဘူးလို့ ဆီကုန်သည်တွေနဲ့ ဆီလက်လီလက်ကား ရောင်းဝယ်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ စားသုံးဆီဈေးဟာ စစ်ကောင်စီရဲ့ ရည်ညွှန်းလက်ကားဈေးမှာ တစ်ပိဿာကို ၄,၇၀၀ ကျပ် ဝန်းကျင်ရှိနေပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ပိဿာကို ကျပ်တစ်သောင်းဝန်းကျင်မှာပဲ ရှိနေသေးတယ်လို့ စားဆီဈေးကွက်ကနေ စုံစမ်းသိရပါတယ်။ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးကို ပုံမှန်ထုတ်ပြန်နေတဲ့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဟာ ယခုသီတင်းပတ်အတွင်းမှာ စားသုံးဆီရည်ညွှန်းလက်ကားဈေး နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီး တစ်ပိဿာ ၄,၃၉၅ ကျပ်ကနေ ၄,၇၂၅ ကျပ်ကို မြင့်တက်ခဲ့ပါတယ်။ စစ်ကောင်စီကဖွဲ့စည်းထားတဲ့အဆိုပါကော်မတီဟာ စားသုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းတွေကို ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်းဖြစ်တဲ့ တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နှုန်းနဲ့ တွက်ချက်ထားတာဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ […]

အပြည့်အစုံဖတ်ရန်
1 … 90 91 92 93 94 95 96 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."