မတ္တရာ – ၂၀၂၃ အောက်တိုဘာ ၂၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က ကျေးရွာနှစ်ရွာကို ဒီကနေ့မှာ အာဏာသိမ်းစစ်တပ်က မီးရှို့လို့ နေအိမ် ကိုးလုံးမီးလောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မန္တလေးဘက်ကနေ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သား ၈၀ လောက်ဟာ ဧရာဝတီမြစ်အတိုင်း သံခွန်မော်တော်နှစ်စီးနဲ့ မတ္တရာ၊ စဉ့်ကူးမြို့နယ်တွေကို ကမ်းကပ်ဝင်ရောက်လာခဲ့ပြီး ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းမှာ သဖန်းဒေါင့်ရွာနဲ့ငယ်တိုးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာထဲက နေအိမ်တချို့ကို မီးရှို့သွားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် သဖန်းဒေါင့်ရွာကနေအိမ် တစ်လုံးနဲ့ ငယ်တိုးရွာကနေအိမ် ရှစ်လုံးစုစုပေါင်း ကိုးလုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစကနေ ၂၀၂၃ ဇူလိုင်လကုန်အထိ အာဏာသိမ်းစစ်တပ်မီးရှို့လို့ ပျက်စီးသွားရတဲ့ လူနေအိမ်တွေဟာ အနည်းဆုံး ၅,၇၅၀၀ ကျော်ရှိနေပါတယ်။
ပုံစာ – ငယ်တိုးရွာမှ မီးရှို့ခံထားရသည့်အိမ်
ဓာတ်ပုံ – Supplied

