သတင်းများ

စစ်အုပ်စု ပစ်သတ်တာခံရပေမယ့် အလံမလဲဘဲ လမ်းပေါ်တက်လာတဲ့ မြတောင်သပိတ်

July 28, 2021

ဓါတ်ပုံ- Spring Diary မန္တလေး – ၂၀၂၁ ဇူလိုင် ၂၈ (မော်ကွန်း) မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းဟာ မနေ့က စစ်အုပ်စုရဲ့ ပစ်သတ်ဖမ်းဆီးတာခံခဲ့ရပေမယ့် ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လမ်းပေါ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မနေ့က မြတောင်သပိတ်စစ်ကြောင်းဟာ ဘုရားကြီးအရှေ့မုခ်မှာ စစ်အုပ်စုရဲ့ပစ်သတ်ဖမ်းဆီးမှုတွေခံရချိန် စစ်ကြောင်းမှာလိုက်ပါလာတဲ့ မသူသူဇင် ကျဆုံးခဲ့ပါတယ်။ ဒီကနေ့သပိတ်စစ်ကြောင်းဟာ သူ့အတွက်အလေးပြုရင်း အလံမလဲဘဲ ပြန်ထွက်လာခြင်းဖြစ်ကြောင်း ပါဝင်သူတစ်ဦးက ပြောပါတယ်။ မြတောင်သပိတ်စစ်ကြောင်းမှာ လိုက်ပါသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်အပြီး ကျဆုံးသူ မသူသူဇင်ကို အလေးပြု ဦးညွတ်ခဲ့ကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်အုပ်စုက ဖမ်းဆီးပြီး သိန်းခြောက်ဆယ်အတောင်းခံရသည့် လူငယ်သုံးဦး အသင်းတော်လူကြီးများ ညှိနှိုင်းပေးမှုဖြင့် ပြန်လည်လွတ်မြောက်

July 28, 2021

မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၈ (မော်ကွန်း) မိုးကုတ်မြို့အနောက်ပိုင်းက မိုးကုတ်ခါနန်အသင်းတော်က ဖမ်းဆီးခံထားရတဲ့ လူငယ် သုံးဦးဟာ စစ်အုပ်စုတောင်းတဲ့ သိန်းခြောက်ဆယ် မပေးရတော့ဘဲ မနေ့က ပြန်လွတ်လာတယ်လို့ ဒီသတင်းနဲ့နီးစပ်သူက မော်ကွန်းကို ပြောပါတယ်။ “ပိုက်ဆံလည်း တောင်းတဲ့ဟာ မပေးခဲ့ရဘူး၊ လူကြီးတွေလိုက်ကူတာလဲ ပါတယ် ၊ မနေ့က ပြန်လွတ်ပေးတယ်၊ တခြားတော့မသိရသေးဘူး၊ အပြီးလွတ်ပေးတဲ့သဘောထင်တယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ မိုးကုတ်ခါနန်အသင်းတော်က လူငယ် သုံးဦးကို စစ်အုပ်စုက သူတို့သတင်းပေးတစ်ဦးရဲ့နေအိမ်ကို မီးရှို့တယ်ဆိုပြီး ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးသွားခဲ့တာပါ။ အဲဒီနောက်မှာ လူတစ်​​ယောက်ကို သိန်း ၂၀ နဲ့ ပြန်လည်ရွေးခိုင်းခဲ့ပြီး ဇူလိုင်လ ၂၇ရက်နေ့မှာတော့ ခုလို အသင်းတော်လူကြီးတွေရဲ့ ညှိနှိုင်းပေးမှုနဲ့ လွတ်မြောက်လာပါတယ်။ စစ်အုပ်စုက မီးလောင်သွားတဲ့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်တွင် တကသ ချီတက်ဆန္ဒပြ

July 28, 2021

ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၈ ( မော်ကွန်း) မြို့နယ်ပေါင်းစုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) သပိတ်စစ်ကြောင်းဟာ ယနေ့နံနက်မှာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာ ဆန္ဒထုတ်ဖော်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။ ဒီဆန္ဒထုတ်ဖော်မှုအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်မှုတွေအပြင် မနေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းက အာဇာနည်တွေကိုလည်း အောက်မေ့ ဂုဏ်ပြုခဲ့ကာ မြတောင်ကို ဖိရင် ရန်ကုန်လည်း ကြွမယ်လို့ ကြွေးကြော် ချီတက်ခဲ့ကြပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်အုပ်စုသတင်းပေးလို့ ဒေသကသိကြသူ ဓါးထိုးခံရပြီး သေဆုံး

July 27, 2021

မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၇ (မော်ကွန်း) မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ် ချောင်းကြီးရွာက စစ်အုပ်စုသတင်းပေးလို့နာမည်ထွက်သူ တစ်ဦးဟာ မနေ့က နံနက်ပိုင်းမှာ ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ “နံနက်ပိုင်းပဲ သူ့နေအိမ်မှာလူ ၄ ယောက်က ဓားနဲ့ နှစ်ချက် ထိုးသွားတာ၊ ထိုးခံရပြီးမကြာဘူး သေသွားတယ်၊ သူက စစ်ကောင်စီတပ်ကိုသတင်းပေးတဲ့သူဆိုတာ ရွာထဲကလူတွေကသိကြတယ်”လို့ ဒီသတင်းကိုအတည်ပြုပေးတဲ့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ ထိုးခံရသူက ဦးစောဦးဖြစ်ပြီး ဇူလိုင်လ ၁၆ရက်နေ့ကလည်း သူ့နေအိမ်မှာ ဗုံး​ပေါက်ခဲ့ပြီး ထိခိုက် ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။ မိုးကုတ်မြို့မှာ စစ်အုပ်စုခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦး ဇူလိုင်လ ၂၁ရက်နေ့က သေနတ်နဲ့ပစ်ခတ်ခံရပြီး စိုးရိမ်ရတဲ့အခြေအနေရှိနေပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မြင်းခြံမြို့က ချစ်တီးထမင်းရောင်းသူ ဇနီးမောင်နှံအသတ်ခံရ

July 27, 2021

ပျူစောထီးများ လက်ချက်ဟု ဒေသခံများဆို မြင်းခြံ – ၂၀၂၁ ဇူလိုင် ၂၇ (မော်ကွန်း) မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဒီကနေ့ နံနက် ၁၁ နာရီဝန်းကျင်က ချစ်တီးထမင်းရောင်းတဲ့ဇနီးမောင်နှံနှစ်ယောက်ကို စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေကပစ်သတ်လို့ နှစ်ယောက်စလုံး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြင်းခြံ၊ ရွာစည်ရွာနဲ့ Denko ဆီဆိုင်ကြား လမ်းပေါ်မှာ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပြီး သေဆုံးသူတွေဟာ အမှတ်၁၆ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ဘုံဘေချစ်တီးထမင်းဆိုင်က ကိုစမီးတို့ ဇနီးမောင်နှံဖြစ်ကြောင်း ဒေသခံတွေက ​ပြောပါတယ်။ “ဘာကြောင့်ပစ်သွားတယ်လို့တော့အတိအကျမသိရဘူး။ နှစ်ယောက်စလုံးက လူငယ်တွေဆိုတော့ လိုင်းပေါ်မှာ အာဏာရှင်ဆန့်ကျင်တာတွေ ရေးတာတော့ရှိတာပေါ့”ဟု မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။ မြင်းခြံက စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့တွေဟာ လက်နက်တွေနဲ့ ရပ်ထဲရွာထဲမှာကို ပစ်ခတ်ခြောက်လှန့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မြင်းခြံမြို့နယ်က […]

အပြည့်အစုံဖတ်ရန်

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ မြတောင်သပိတ်ကို စစ်အုပ်စု သေနတ်နဲ့ပစ်လို့ အသက်အန္တရာယ်စိုးရိမ်ရသူ သုံးဦးရှိ

July 27, 2021

ပုံစာ-ဇူလိုင်လ ၂၄ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ မြတောင် သပိတ်စစ်ကြောင်း ဓါတ်ပုံ – Simulation မန္တလေး – ၂၀၂၁ ဇူလိုင် ၂၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်းကို စစ်အုပ်စုလက်အောက်ခံ တပ်တွေက ဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သုံးဦးအသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းလွဲ ၁၂:၃၀ နာရီ ဝန်းကျင်က မန္တလေးမဟာမုနိ အရှေ့မုဒ်နားမှာ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး ဆန္ဒပြ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး သေနတ်မှန်ပြီး လဲကျသွားကြောင်း၊တစ်ယောက်မှာ ဦးခေါင်းထိမှန်ခဲ့ပြီး ကျန်နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ပြေးရင်းဆိုင်ကယ်မှောက်သူများလည်းရှိကြောင်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်။ “သုံးချက်ပစ်တာ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့ ခါနန်အသင်းတော်က လူငယ်သုံးဦးအား စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၆၀ တောင်း

July 26, 2021

မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၆ (မော်ကွန်း) မန္တ​လေးတိုင်း ၊ မိုးကုတ်မြို့အနောက်ပိုင်းက မိုးကုတ်ခါနန်အသင်းတော်က လူငယ်သုံးဦးကို စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက် သိန်း ၆၀နဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဒီသတင်းနဲ့နီးစပ်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ဒလန်အိမ်မီးရှို့တယ်ဆိုပြီး စွပ်စွဲ ဖမ်းသွားတယ် ၊ ခုကျ တစ်ယောက်ကို သိန်း နှစ်ဆယ်ပေးခိုင်းတယ်၊ ပေးမှလွတ်မယ့်သဘောပဲ ၊ ခုတော့ရဲစခန်းမှာ ဖမ်းထားတယ်”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ ဇူလိုင်လ ၂၄ရက်နေ့ညက ရဲဝန်ထမ်းဟောင်းတစ်ဦးရဲ့ နေအိမ်အနည်းငယ်မီး လောင်ခဲ့ပြီးနောက် စစ်အုပ်စုလက်အောက်ခံတပ်တွေက အင်အား ၂၀ ကျော်နဲ့ မိုးကုတ်ခါနန်အသင်းတော်ကုန်းကို ဝိုင်းထားခဲ့ပါတယ်။ ဇူလိုင်လ၂၅ရက်နေ့မနက်ပိုင်းမှာတော့ စစ်အုပ်စုက အသင်းတော်ဥက္ကဋ္ဌ၊ အမျိုးသမီးတစ်ဦးနဲ့ လူငယ်သုံးဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ အသင်းတော်ဥက္ကဋ္ဌနဲ့ အမျိုးသမီးတစ်ဦးကိုပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့လူငယ်တွေမှာ လက်နက်လည်း တွေ့ရတာမရှိ […]

အပြည့်အစုံဖတ်ရန်

မြင်းခြံတွင် ပျူစောထီးတစ်ဦး အသတ်ခံရ

July 25, 2021

မြင်းခြံ – ၂၀၂၁ ဇူလိုင် ၂၅ (မော်ကွန်း) မြင်းခြံမြို့ ခေါင်းကွဲရွာက ပျူစောထီးအဖွဲ့ဝင်တစ်ဦးဟာ ဒီကနေ့ သူ့နေအိမ်အတွင်းမှာ ဝင်ရောက်သတ်ဖြတ်ခံရလို့ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ သတ်ဖြတ်ခံရသူမှာ ပျူစောထီးအဖွဲ့ဝင် ဦးပေါ်ဦးလို့သိရပြီး ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်က သတ်ဖြတ်သွားတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုသတင်းပေးနဲ့ ပျူစောထီးတွေကို လိုက်လံရှင်းလင်းနေတဲ့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က သူတို့ရဲ့လက်ချက်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ နှလုံးလှလူမိုက်ကြီးများအဖွဲ့ဟာ ဦးပေါ်ဦးအိမ်ကို နှစ်ကြိမ်တိုင်ဝင်ရောက်ခဲ့ရပြီး ပထမအကြိမ် ဝင်ရောက်စဥ်က ဦးပေါ်ဦး ရေချိုးနေလို့ နောက်ထပ်တစ်ကြိမ်သွားရောက်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဦးပေါ်ဦးအိမ်ဝင်ရောက်စဥ် အိမ်ထဲမှာ ပျူစောထီး (၇)ယောက်လောက်ရှိနေတဲ့ကြားက ခုနှစ်ချက်ပစ်ကာ သတ်ဖြတ်ခဲ့တာလို့ နှလုံးလှလူမိုက်ကြီးများအဖွဲ့က အသိပေးခဲ့ပါတယ်။ မြင်းခြံမြို့က ပျူစောထီးအဖွဲ့ဝင်တွေဆီမှာ စစ်ကောင်စီကပေးထားတဲ့လက်နက်တွေရှိနေပြီး ​ရပ်ထဲရွာထဲမှာ ခြိမ်းခြောက်ပစ်ခက်မှုတွေ မကြာခဏ ပြုလုပ်နေတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ရွှေဘိုမြို့ ကွန်ဆိပ်ရွာ ဒေသခံတစ်ဦးကို စစ်အုပ်စုပစ်သတ်

July 22, 2021

ရွှေဘို – ၂၀၂၁ ဇူလိုင် ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ကွန်ဆိပ်ရွာမှာ ပြ​ည်သူတစ်ဦးကို စစ်အုပ်စုလက်အောက်ခံတပ်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေဟာ ကွန်ဆိပ်ရွာကို ဇူလိုင်လ ၂၁ ရက် ညနေ ၆ နာရီလောက်ကစပြီး ဝင်ရောက်ခဲ့ကြောင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ရွာသားတချို့ ကြောက်လန့်၍ ထွက်ပြေးရာမှ ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။ စစ်အုပ်စုဝင်ရောက်လာချိန် ရွာခံရွာသားနှစ်ဦး ပြေးကြရင်း ထိပ်တိုက်တွေ့သွားခြင်းဖြစ်ကြောင်း၊ ရွာသားတစ်ဦးမှာ လက်မြောက်ပြီးဝပ်နေသည့်အတွက် ပစ်ခတ်ခြင်းမခံရဘဲ နောက်တစ်ဦးမှာ ကြောက်လန့်၍ ပြေးရာ ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ အပစ်ခံရသူမှာ ကွန်ဆိပ်ရွာခံ ဦးသိန်းတင့်ခေါ် ဦးဂျစ်လိပ်ဖြစ်ကြောင်း ရွှေဘို သတင်းမှန်ပြန်ကြားရေး စာမျက်နှာက သတင်းထုတ်ပြန်ပါတယ်။ “လမ်းပြေးနေရာကနေ သေနတ်နဲ့ပစ်သတ်ပြီး ကားနဲ့တိုက်ခဲ့တာပါ။ […]

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရ

July 21, 2021

မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းလွင်ဟာ ဒီကနေ့ညနေ လေးနာရီခွဲဝန်းကျင်မှာ ၎င်းနေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ညနေ လေးနာရီဝန်းကျင်မှာ သေနတ်နဲ့လာပစ်သွားတယ်၊ ပြီးတော့ မြတ်စေတနာလူမှုကူညီရေးအသင်းကားနဲ့ခေါ်သွားတယ်၊ ဒဏ်ရာစိုးရိမ်ရတယ်လို့ကြားတယ်၊ရင်ဘတ်ထိထားတယ်လို့လဲပြောတယ်”လို့ ဒေသခံက ဆိုပါတယ်။ ဦးစန်းလွင်နေအိမ်ကို အမည်မသိ လူတစ်စုက ရောက်လာပြီး အိမ်ရှေ့ထွက်လာချိန်မှာ သေနတ်နဲ့ပစ်ပြီးပြေးသွားတယ်လို့ဆိုပါတယ်။ ဦးစန်းလွင်ကို မိုးကုတ်ဆေးရုံကြီးကိုပို့ဆောင်ထားပြီးသေနတ်ပစ်ခတ်ခံရပြီး တစ်နာရီအကြာမှာ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့စစ်သားတွေ အင်အားအများကြီးနဲ့နေအိမ်အနားလာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးစန်းလွင် နေအိမ်မှာ ဇူလိုင်လ ၂၇ရက်နေ့က လက်လုပ်ဗုံးတစ်လုံး ကွဲခဲ့တယ်လို့လဲသိရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

မိုးကုတ်မြို့က ဖခင်ကိုယ်စားအဖမ်းခံရသူ ထောင်ထဲတွင် ကိုဗစ်ကူးစက်ခံထားရ

July 21, 2021

ပုံစာ – မသိမ့်စန္ဒီစိုး ဓာတ်ပုံ – ပေးပို့ မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးကိုယ်စား ဓားစာခံဖမ်းဆီးခံထားရတဲ့ သမီးဖြစ်သူမသိမ့်စန္ဒီစိုးဟာ ထောင်ထဲမှာကိုဗစ်ရောဂါကူးစက်ခံထားရပြီး ဆေးဝါးကုသဖို့ လိုအပ်နေတယ်လို့ ဖခင်ဖြစ်သူကဆိုပါတယ်။ “ဒီနေ့ ၁၂နာရီလောက်မှာ ရဲကဖုန်းဆက်လာတယ်၊ ကိုဗစ်ကူးစက်ခံထားရတယ်တဲ့၊ ပထမအကြိမ်စစ်ကတည်းက ကိုဗစ် အဖြေထွက်နေတာလို့ပြောတယ်။ ဆေးကုသခွင့်တော့မပေးဘူး၊ ဆေးဝါး ဆောင်ရန်ရှောင်ရန်တွေရယ် ပို့ပေးဖို့ပဲပြောတယ်”လို့ ဦးစိုးဌေးက ဆိုပါတယ်။ မသိမ့်စန္ဒီစိုးက တတိယနှစ်ဥပဒေကျောင်းသူဖြစ်ပြီး သွေးလေးဘက်နာရောဂါ အခံရှိထားတာကြောင့် ထောင်တွင်းကျန်းမာရေးအခြေနေဆိုးဝါးနေတယ်လို့ သူကပြောပါတယ်။ “သမီးကိုတော့ အောက်အချုပ်ထောင်မှာထားထားတယ်၊ အမေကိုတော့ အပေါ်အချုပ်မှာထားထားတယ်၊ခွဲထားတယ်လို့ကြားတယ်၊ သမီးကဆေးကုသဖို့လိုအပ်နေတယ်လို့ “ဦးစိုးဌေးက ဆိုပါတယ်။ မိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးရဲ့ဇနီးနဲ့သမီးကို စစ်အုပ်စု ကဇူလိုင်လ ၁၃ရက်နေ့မှာ ထောင်တွင်းစစ်ဆေးပြီး ထောင် ၃နှစ်စီချလိုက်တာဖြစ်ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရွှေဘိုမြို့နယ်က ရွာတချို့ကို စစ်အုပ်စုဝင်လာလို့ ရွာလုံးကျွတ်ပြေးနေရ

July 21, 2021

ရွှေဘို – ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်က ကျေးရွာတချို့ကို စစ်အုပ်စုလက်အောက်ခံတပ်တွေ ဝင်ရောက်နေတာကြောင့် ရွာလုံးကျွတ်တွေ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေဟာ ယခင်ရက်ကတည်းက ရွှေဘိုမြို့နယ် တက်တူ၊ ပလိုင်း ရွာတွေကို ဝင်ရောက်ခဲ့ပြီး ဒီကနေ့မှာ ရေတော်မူရွာကို ဝင်ရောက်လာခဲ့ကာ အင်အား ၃၀ ခန့်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဝင်တဲ့ရွာတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး တတ်တူနဲ့ပလိုင်းရွာတွင် တပ်စွဲထားကြောင်း၊ တတ်တူရွာတွင် ၁၈ ယောက်၊ပလိုင်းရွာတွင် ၈ ယောက် ချထားကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဒီနေ့လည်း ပလိုင်းနဲ့တတ်တူမှာ တပ်စွဲထားတုန်းပဲ။ သူတို့လိုချင်တဲ့သူ မရရင်မပြန်ဘူးလို့လည်းပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့က ပလိုင်းကျေးရွာမှာ အိမ်နှစ်အိမ်ကို […]

အပြည့်အစုံဖတ်ရန်
1 … 232 233 234 235 236 237 238 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."