ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၈ ( မော်ကွန်း)
မြို့နယ်ပေါင်းစုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) သပိတ်စစ်ကြောင်းဟာ ယနေ့နံနက်မှာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာ ဆန္ဒထုတ်ဖော်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ချီတက် လမ်းလျှောက်ခဲ့ကြပါတယ်။
ဒီဆန္ဒထုတ်ဖော်မှုအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြွေးကြော်မှုတွေအပြင် မနေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းက အာဇာနည်တွေကိုလည်း အောက်မေ့ ဂုဏ်ပြုခဲ့ကာ မြတောင်ကို ဖိရင် ရန်ကုန်လည်း ကြွမယ်လို့ ကြွေးကြော် ချီတက်ခဲ့ကြပါတယ်။
#Dailynews

