မိုးကုတ် – ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက်က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစန်းလွင်ဟာ ဒီကနေ့ညနေ လေးနာရီခွဲဝန်းကျင်မှာ ၎င်းနေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ညနေ လေးနာရီဝန်းကျင်မှာ သေနတ်နဲ့လာပစ်သွားတယ်၊ ပြီးတော့ မြတ်စေတနာလူမှုကူညီရေးအသင်းကားနဲ့ခေါ်သွားတယ်၊ ဒဏ်ရာစိုးရိမ်ရတယ်လို့ကြားတယ်၊ရင်ဘတ်ထိထားတယ်လို့လဲပြောတယ်”လို့ ဒေသခံက ဆိုပါတယ်။
ဦးစန်းလွင်နေအိမ်ကို အမည်မသိ လူတစ်စုက ရောက်လာပြီး အိမ်ရှေ့ထွက်လာချိန်မှာ သေနတ်နဲ့ပစ်ပြီးပြေးသွားတယ်လို့ဆိုပါတယ်။
ဦးစန်းလွင်ကို မိုးကုတ်ဆေးရုံကြီးကိုပို့ဆောင်ထားပြီးသေနတ်ပစ်ခတ်ခံရပြီး တစ်နာရီအကြာမှာ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့စစ်သားတွေ အင်အားအများကြီးနဲ့နေအိမ်အနားလာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဦးစန်းလွင် နေအိမ်မှာ ဇူလိုင်လ ၂၇ရက်နေ့က လက်လုပ်ဗုံးတစ်လုံး ကွဲခဲ့တယ်လို့လဲသိရပါတယ်။
#Dailynews

