သတင်းများ

အကန့်အသတ်တွေကြောင့် မုန်တိုင်းသင့်ရခိုင်ဒေသခံတွေ ပြန်လည်ထူထောင်ရေး အခက်အခဲတွေ့နေ

May 31, 2023

စစ်တွေ – ၂၀၂၃၊ မေ ၃၁ (မော်ကွန်း) အကူအညီပေးရေးအဖွဲ့တွေကို စစ်ကောင်စီက ကန့်သတ်နေတာကြောင့် မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့ရသူတွေထံ အကူအညီတွေမရောက်ဘဲ အခက်အခဲကြုံနေရတယ်လို့ ရခိုင်ပြည်နယ်က ဒေသခံတစ်ချို့ကပြောပါတယ်။ “ NGO တွေကို ကန့်သတ်တာကလည်း နိုင်ငံရေးနဲ့ဆက်စပ်တာပေါ့။ အခုလက်ရှိဖြစ်နေတဲ့ စစ်ရေးပဋိပက္ခနဲ့ဆက်စပ်တာပေါ့လေ။ စစ်ရေးပဋိပက္ခကို သူတို့ကထိန်းချုပ်ချင်တယ်။ ကစားချင်တဲ့အတွက် အခုလိုထိန်းချုပ်ထားတာ။ နောက်ပြီး အထောက်အပံ့ပစ္စည်းတွေကို ULA/AA ဘက်ရောက်သွားမှာ စိုးရိမ်တာလည်းပါတယ်” လို့ မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မိုခါမုန်တိုင်းဝင်ပြီး နှစ်ပတ်ကျော်လာတဲ့အထိ ရခိုင်ပြည်နယ်မှာ ထောက်ပံ့အကူအညီလုံးဝမရသေးတဲ့ဒေသတွေ အများကြီးရှိနေသေးတယ်လို့ ရခိုင်အရပ်ဖက်အဖွဲ့အစည်းများကလည်း မေလ ၂၉ ရက်မှာ ထုတ်ပြန်သတိပေးပါတယ်။ စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ဖို့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ကန့်သတ်၊ ပိတ်ပင်မှုတွေမပြုလုပ်ဖို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။ မြောက်ဦးမြို့နယ်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းဒဏ်သင့်လူရှစ်သိန်းထံ အရေးပေါ်စာနပ်ရိက္ခာနှင့်ငွေသား သုံးလစာထောက်ပံ့ဖို့ WFP ပြင်ဆင်

May 31, 2023

ရန်ကုန်- ၂၀၂၃ မေ ၃၁ (မော်ကွန်း) ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် နိုင်ငံတစ်ဝန်း မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့်ဒေသများရှိ လူဦးရေရှစ်သိန်းထံ အရေးပေါ် စားနပ်ရိက္ခာနှင့်ငွေသား သုံးလစာကိုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ယနေ့ထုတ်ပြန်သည်။ လတ်တလော WFP နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူ ၂၃၀,၀၀၀ ကျော်ထံသို့ အသက်ကယ်စားနပ်ရိက္ခာအကူအညီများ ပေးအပ်ပြီးပြီဟုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြသည်။ အဆိုပါလူဦးရေထဲတွင် မုန်တိုင်းမတိုက်ခတ်မီကပင် လက်နက်ကိုင်ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့်မိသားစုများအပြင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ဒုက္ခသည်စခန်းများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိကျေးရွာများမှ ရိုဟင်ဂျာမိသားစုများပါဝင်သည်ဟု ဆိုသည်။ WFP ၏ စားနပ်ရိက္ခာအထောက်အပံ့များသည် ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ကျောက်ဖြူ၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းကြောင့် ရခိုင်မှာစပါးစိုက်နောက်ကျနိုင်

May 31, 2023

ပုဏ္ဏားကျွန်း – ၂၀၂၃ မေ ၃၁ (မော်ကွန်း) ရခိုင်ပြည်နယ်မှာ စပါးစိုက်ရာသီ ရောက်ပြီဖြစ်ပေမယ့် လယ်သမားအများစုဟာ မိုခါမုန်တိုင်းကြောင့် အပျက်အစီးတွေကိုပြင်ဆင်နေရပြီး လယ်ယာလုပ်ငန်းတွေ မစနိုင်သေးဘူးလို့ တောင်သူတွေက ပြောပါတယ်။ ” ထွန်ယက်ဖို့ထက် လယ်သမားတွေက နေစရာမရှိသေးဘူး။ ပျက်သွားတဲ့အိမ်တွေကို ပြင်နေရတယ်။ ပျက်သွားတဲ့လယ်တွေကို ပြန်ရိတ်တာတွေ၊ လယ်တဲပြန်ဆောက်တာတွေ လုပ်နေရတယ်”လို့ ပုဏ္ဏားကျွန်းမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက အများအပြားစိုက်ပျိုးလုပ်ကိုင်သူဖြစ်တဲ့ ဦးတင့်လွင်ကတော့ နောက်သီတင်းပတ် နှစ်ပတ်ခန့်လောက်မှသာ လယ်တွေကို စတင်ထွန်ယက်နိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ” အခုက ထွန်ယက်မှုစတင်ရမယ့်ကာလကို ရောက်ပြီပေါ့။ မိုးကြိုကာလဆိုတော့၊ အခုတော့ မုန်တိုင်းကြောင့် ထွန်ယက်မှုကို အာရုံမစိုက်နိုင်ဘူး။ ထွန်ယက်ပြီးရင်တော့ ရာသီဥတုကို စောင့်ပြီး ပျိုးကြဲတာ၊ မျိုးစေ့ချတာတွေ လုပ်ရမှာပေါ့။ အခုက တစ်ပြည်နယ်လုံးဆို […]

အပြည့်အစုံဖတ်ရန်

မီးငြှိမ်းသတ်ဖို့သွားတဲ့ ရွာသား ၁၀ဦးခန့် အဆက်သွယ်မရဘဲ ပျောက်ဆုံးနေ

May 31, 2023

စဉ့်ကူး – ၂၀၂၃ မေ ၃၁ (မော်ကွန်း) မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးရွာနဲ့ သဲအင်းရွာတို့ကို အာဏာသိမ်းစစ်တပ်က မီးရှို့ထားတာကြောင့် မီးငြှိမ်းသတ်ဖို့သွားတဲ့ ရွာသား ၁၀ဦးလောက်ဟာ မေလ ၂၇ရက်ကနေ ဒီနေ့အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ Bo Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီး ကပြောပါတယ်။ ကြက်တူရွေးရွာကနေ အိမ်ထဲ ပစ္စည်းကျန်ခဲ့တာကြောင့် ပြန်သွားယူတဲ့ လင်မယားနဲ့ သဲအင်းရွာထဲက မီးလောင်နေတဲ့ အိမ်တွေက်ိုမီးသွားငြိမ်းတဲ့ ရွာသား ရှစ်ဦး ဒီနေ့အထိ ရွာထဲကနေ ပြန်မထွက်လာသေးသလို အဆက်သွယ်လည်းမရဘူးလို့ သူကပြောပါတယ်။ “သဲအင်းရွာမှာ စစ်သားက ၁၅၀လောက်ရှိတာ၊ ရွာကိုမီးရှို့ပြီးတော့ သူတို့က အထွက်နည်းနည်းပြတော့ ထွက်သွားပြီထင်ပြီး ရွာထဲဝင်မီးငြှိမ်းကြတာ၊ ရွာတွေထဲမှာ စစ်သားတွေက ကင်းပုန်းထားပြီးကျန်ခဲ့ကြတယ် ၊ခုအဲ့ဒါတွေအကုန်အဆက်သွယ်ပြတ်နေတယ်”လို့ဗိုလ်ကျားကြီးကပြောပါတယ်။ ကြက်တူရွေးရွာက မီးမလောင်ဘဲကျန်နေသေးတဲ့နေအိမ်တွေကို အာဏာသိမ်းစစ်တပ်စစ်သားတွေ […]

အပြည့်အစုံဖတ်ရန်

ဆီဆိုင်မှာစစ်ရှောင်နေသူတွေ ရိက္ခာပြတ်လပ်နေ

May 31, 2023

ဆီဆိုင် -၂၀၂၃ မေ ၃၁ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာရှိတဲ့ စစ်ဘေးရှောင်ရှစ်ထောင်ကျော်ဟာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ကူညီပေးနေသူတွေက မော်ကွန်းကို ပြောပါတယ်။ “ သင်္ကြန်မတိုင်ခင်တုန်းကတော့ လာလှူတဲ့အလှူရှင်တွေ ရှိကြတယ်။ အဲဒီနောက်ပိုင်းတော့ အလှူရှင် မရှိတော့ဘူး။ တချို့ကလည်း နည်းနည်းပဲလာလှူကြတော့ ရှိတဲ့စစ်ရှောင်နဲ့ အရေအတွက်က လုံလောက်မှုမရှိဘူးပေါ့။ လက်ရှိက အလှူရှင် လုံလုံလောက်လောက်မလာတာက သင်္ကြန်ပြီးကတည်းကအခုချိန်ထိပေါ့။ အခုဘယ်လိုကြုံလဲဆိုတော့ စားနပ်ရိက္ခာပြတ်လပ်တာပေါ့” လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။ စစ်ရှောင်တချို့ဟာ ရိက္ခာပြတ်လပ်တာကြောင့် ချေးငှားစားသူတွေ၊ ရှိတာနဲ့ဆန်ပြုတ်ပြုတ်စားနေကြတာတွေရှိတယ်လို့ သူကပြောပါတယ်။ ဆီဆိုင်မြို့နယ်ထဲကစစ်ရှောင်တွေဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ များတယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်ကနေ ဆီဆိုင်မြို့ကို တစ်နှစ်ကျော်အကြာ စစ်ရှောင်နေသူ တစ်ဦးက “ နေရထိုင်ရတာတော့ အမိုးအကာတို့ကတော့ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီတပ်သားတစ်ထောင်ကျော်ကို KNDF သုတ်သင်ခဲ့

May 31, 2023

ရန်ကုန် -၂၀၂၃ မေ ၃၁ (မော်ကွန်း) နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သားတစ်ထောင်ကျော်ကိုသုတ်သင်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်သား ၁၅၃ ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ဒီနေ့ကျင်းပတဲ့ တပ်တည်ထောင်ခြင်း နှစ်နှစ်ပြည့်အခမ်းအနားမှာ ထုတ်ပြန်ပါတယ်။ “ ကျဆုံးမှုကိုသင်ခန်းစာယူပြီး နောင်တိုက်ပွဲများမှာ ထိခိုက်မှုမရှိအောင် စစ်ဆင်ရေးများစီစဉ်နိုင်ဖို့အတွက် ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ အရေးအကြီးဆုံးက ကျဆုံးသွားတဲ့သူရဲကောင်းများနဲ့အတူ ကျွန်တော်တို့တိုင်တည်ထားတဲ့ ကတိသစ္စာတွေ အမှန်တကယ်ပြည့်ဝလာအောင် ဆက်လက်ကြိုးစားအကောင်အထည်ဖော်ရမှာ ဖြစ်တယ်” လို့ KNDF ဥက္ကဌခွန်ဘီထူးက မိန့်ခွန်းမှာပြောပါတယ်။ ဒီကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ တစ်ထောင်ကျော်ဖြစ်ခဲ့ပြီး လက်နက်မျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့သလို စခန်းငယ် ၁၀ ခုကို သိမ်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း KNDF တပ်သား ၇၅ ဦး ကိုယ်လတ်အင်္ဂါဆုံးရှုံးခဲ့ရပါတယ်။ “ ကျွန်တော်တို့ KNDF […]

အပြည့်အစုံဖတ်ရန်

တော်လှန်ရေး နှစ်နှစ်ကာလအတွင်း KNDF ရဲဘော် ၁၅၀ ကျော်ကျဆုံးခဲ့

May 31, 2023

ကရင်နီ − ၂၀၂၃ မေ ၃၁ (မော်ကွန်း) စစ်အာဏာရှင်တော်လှန်ရေး နှစ်နှစ်ကာလအတွင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ရဲဘော် ၁၅၀ ကျော်ကျဆုံးခဲ့ပြီဖြစ်ကြောင်း ဒီကနေ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက သတင်းထုတ်ပြန်ပါတယ်။ KNDF တည်ထောင်ခြင်း နှစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဒီအချက်အလက်ကို ထည့်သွင်းကြေညာထားတာပါ။ KNDF ဟာ ကရင်နီတစ်ပြည်လုံးမှာ တပ်ရင်း ၂၂ ရင်းနဲ့ စစ်ဗျူဟာ ခြောက်ခုရှိပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေးလမ်းညွှန်ဦးဆောင်မှုအောက်မှာ ရှိနေတာပါ။ နှစ်နှစ်တာကာလအတွင်း ရဲဘော် ၁၅၀ ကျော်ကျဆုံးခဲ့ပြီး ကိုယ်အင်္ဂါဆုံးရှုံးရသူ ရဲဘော် ၇၅ ဦးရှိကာ ရန်သူအာဏာသိမ်းစစ်တပ်ဘက်က ၁,၀၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ KNDF ဟာ စစ်ဘက်ဆိုင်ရာဥပဒေကိုလည်း ရေးဆွဲအတည်ပြုထားပြီး အမိန့်ပေးစနစ်တွေနဲ့ဌာနတွေကို တည်ဆောက်ကာ စုပေါင်းခေါင်းဆောင်မှုနဲ့ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေကို တိုင်တည်ပြီး ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ […]

အပြည့်အစုံဖတ်ရန်

ပခုက္ကူPDF က သစ္စာဖောက်တွေကို ပစ်မှတ်ထားအရေးယူမည်

May 30, 2023

ရန်ကုန်- ၂၀၂၃၊ မေ ၂၉ (မော်ကွန်း) ပခုက္ကူအခြေစိုက်ဒေသခံကာကွယ်ရေးအဖွဲ့ Earthquake People’s Defense Force မှ စစ်ကောင်စီထံ လက်နက်တွေနဲ့အတူအညံ့ခံသွားခဲ့တဲ့တပ်ဖွဲ့ဝင်လေးဦးကို ပစ်မှတ်ထားအရေးယူသွားမယ်လို့ Earthquake People’s Defense force ဥက္ကဌဖြစ်သူကပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၄ ရက် ညပိုင်းမှာ Earthquake People’s Defense Force အဖွဲ့ခေါင်းဆောင်မှ တိုက်ခိုက်ရေးခေါင်းဆောင်အပါအဝင်လေးဦးကို မစ်ရှင်တစ်ခုပြုလုပ်ဖို့တာဝန်ပေးခဲ့ပြီး ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စကစတပ်သားတွေနဲ့ထိပ်တိုက်တွေ့ဆုံခဲ့ရာ စကစတပ်သားတွေက “အဖမ်းခံမှာလား၊ အညံ့ခံမှာလား” လို့မေးမြန်းခဲ့ပြီး Earthquake People’s Defense Force အဖွဲ့သားလေးဦးက အော်တိုသေနတ်နှစ်လက်နဲ့အညံ့ခံခဲ့တာလို့ သူကပြောပါတယ်။ “အော်တိုသေနတ်နှစ်လက်ပါပဲ။ မီဒီယာတွေမှာဖော်ပြသလို သိန်းနှစ်ထောင်မပါသွားပါဘူး။ အဖွဲ့အစည်းရဲ့သေနတ်နှစ်လက်ပဲပါသွားတာပါ။” လို့ Earthquake အဖွဲ့ ဥက္ကဌ ဖြစ်သူကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မုန်တိုင်းကြောင့်လမ်းပြင်နေတဲ့ပြည်သူတွေကို စကစလေယာဉ် ဗုံးကြဲတိုက်ခိုက်

May 30, 2023

ရန်ကုန်-၂၀၂၃ မေ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကပိုင်စံပြကျေးရွာအနီးမှာ မိုခါမုန်တိုင်းအရှိန်နဲ့မိုးများပြီး ရေတိုက်စားလို့ ပျက်နေတဲ့လမ်းပြင်နေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီလေတပ်က ဒီကနေ့ နေ့လယ် ၂နာရီဝန်းကျင်က ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ ယင်းမာပင်မြို့နယ် တပ်ရင်း ၁ – ခရိုင်တပ်ရင်းအမှတ် ၃၆ က တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “လူတွေကတော့ တစ်ဦးတစ်ယောက်မှဒဏ်ရာရတာတို့ ကျဆုံးတာတို့တော့မရှိဘူးဗျ။ ပြည်သူပိုင် မြေသယ်ကားတစ်စီးကတော့ လုံးလုံးပျက်သွားတယ်။ ကြေမွသွားတာပေါ့။ ရွာထဲတော့မပစ်ဘူး။အကြောင်းမဲ့ လေယာဉ်နဲ့လာပြီးပစ်တာ။ ဂျက်ဖိုက်တာနဲ့ပစ်တာ”လို့ သူကပြောပါတယ်။ လူအထိခိုက်မရှိပေမယ့် ဗုံးကြဲသွားတဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံးသုံးလုံးရှိနေတာကြောင့် ရှင်းလင်းရေးလုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ ကပိုင်ကျေးရွာဟာ ယင်းမာပင်မြို့နယ်ရဲ့ အနောက်ဘက် ကနီနဲ့ ပုလဲမြို့နယ်အစပ်မှာရှိတဲ့ ရွာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်ကလည်း စစ်ကောင်စီတပ်တွေ လာရောက်မီးရှို့လို့ […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီကျောင်းတွေထံ အပ်နှံသူအရေအတွက်ပိုတိုးလာ

May 30, 2023

ရန်ကုန်- ၂၀၂၃ မေ ၃၀(မော်ကွန်း) နိုင်ငံတစ်ဝန်းကအခြေခံပညာကျောင်းတွေမှာ ယခုသီတင်းပတ်အတွင်း ကျောင်းအပ်နှံသူ ၅ ဒဿမ ၈ သန်းကျော်ရှိလာပြီလို့ စကစလက်အောက်ခံ အခြေခံပညာဦးစီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။ ဇွန် ၁ ရက်မှာ စတင်မယ့် ဒီစာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုတွေကို မေ ၂၃ ရက်ကနေ ၃၁ ရက်အထိသတ်မှတ်ကာ ကျောင်းအပ်လက်ခံနေရာမှာ မေ ၂၉ ရက်အထိ တိုင်းနဲ့ပြည်နယ်အသီးသီးက အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံသူ ၅,၈၂၂,၀၆၂ ဦးအထိလက်ခံထားပြီးပြီလို့ အခြေခံပညာဦးစီး ဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ ဒါဟာ ပြီးခဲ့တဲ့ပညာသင်နှစ်က အပ်နှံတက်ရောက်ခဲ့ကြတဲ့ ၅ ဒဿမ ၆ သန်းထက် အနည်းငယ် ပိုတိုးပြီး စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ကျောင်းပြန်အပ်လာတာလည်း ဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာတော့ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးယူထားပြီး […]

အပြည့်အစုံဖတ်ရန်

လျှပ်စစ်မရသေးတဲ့ပုဏ္ဏားကျွန်းမှာ ရေအခက်အခဲပါကြုံနေရ

May 30, 2023

ရန်ကုန် – ၂၀၂၃ မေ ၃၀ (မော်ကွန်း) မုန်တိုင်းတိုက်ပြီး နှစ်ပတ်ကျော်ကြာလာတဲ့အထိ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ လျှပ်စစ်မီးမရသေးတဲ့အပြင် သောက်ရေဈေးတွေပါ တက်နေတာကြောင့် ရေအခက်အခဲတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မီးမရလေလေ၊ ရေမရလေလေပဲ။ ဒီမှာက ရေသန့်စက်တွေကသေးတော့ ရေသိပ်မထွက်ဘူး ဖြစ်နေတာ။ အဲ့ဒါကြောင့်မို့လည်း သောက်ရေတွေ ဈေးတက်တာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်နေဒေသခံတစ်ဦးကပြောပါတယ်။ အခုဆို ၂၀ လီတာဆန့် သောက်ရေသန့်တစ်ဗူးကို ကျပ် ၂,၀၀၀ အထိ ဈေးတက်နေပြီး ယခင်က ကျပ် ၆၀၀ သာ ပေးရတာလို့ဆိုကြပါတယ်။ မိုခါမုန်တိုင်းအပြီး ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာတွေမှာ သောက်သုံးရေကန်တွေထဲ ဆားငံရေတွေဝင်သွားတာကြောင့် သောက်သုံးရေကန်တွေ ပျက်စီးသွားခဲ့တာပါ။ အခုဆို ပုဏ္ဏားကျွန်းမြို့ပေါ်နေထိုင်သူတွေသာမက ကျေးရွာတွေကနေပါ မြို့ပေါ်ထိ သောက်ရေလာဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ လျှပ်စစ်မီးမရတော့ မီးစက်မောင်းပြီးရေတင်တာတွေလုပ်ဆောင်နေရသလို […]

အပြည့်အစုံဖတ်ရန်

ချောင်းနားရွာကို နှစ်ရက်ဆက်တိုက် စစ်ကောင်စီ မီးတင်ရှို့နေ

May 30, 2023

ရန်ကုန် -၂၀၂၃ မေ ၃၀ (မော်ကွန်း) မနေ့ကမီးရှို့လို့မကုန်သေးတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ချောင်းနားရွာကို ဒီနေ့ထပ်ပြီး စစ်ကောင်စီတပ်တွေက မီးရှို့နေဆဲဖြစ်တယ်လို့ အနီးမှာစောင့်ကြည့်နေတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မော်ကွန်းကိုပြောပါတယ်။ “ပျက်စီးဆုံးရှုံးမှုက လောလောဆယ်တော့ အတိအကျမသိရသေးဘူး။ မနေ့ကရှို့တာတော့ ကျန်တဲ့အိမ်ကျန်သေးတယ်။ အဲဒါကို ဒီနေ့ထပ်ရှို့တာ” လို့ ဒေသကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိတဲ့ ချောင်းနားရွာကို စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က မနေ့က မနက်ကတည်းက ရွာကိုဝင်စီးပြီးမီးတင်ရှို့နေတာပါ။ “ မနက်စောစော ၈ နာရီလောက် သွားကပ်တယ်။ ကပ်တဲ့အချိန်မှာ ရွာကိုမီးရှို့ပြီးလို့ ပြန်ထွက်သွားလောက်ပြီထင်တာ။ ကင်းပုန်းနဲ့တွေ့လို့ အပြန်အလှန်ပစ်ခတ်တာရှိတယ်။ ကျွန်တော်တို့ဘက်တော့ အထိခိုက်တော့မရှိဘူး။ အင်အား သိပ်မရှိတာနဲ့ မဟာမိတ်တွေနဲ့ပေါင်းပြီး ၁၁ နာရီလောက်မှာ ထပ်တိုက်တယ်။ ရွာထဲကိုဝင်နိုင်လောက်မလား အကဲစမ်းကြည့်တာ။ […]

အပြည့်အစုံဖတ်ရန်
1 … 126 127 128 129 130 131 132 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."