ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၉ (မော်ကွန်း) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံစစ်ရှောင်တစ်သောင်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအမိုးအကာအကူအညီတွေ လိုအပ်နေတယ်လို့ မုန်းမြို့နယ်၊ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ဘာတွေလိုအပ်လဲဆိုရင် အမိုးအကာ၊ တာလပတ်တွေလိုအပ်တယ်။ မိုးတွင်းဖြစ်တဲ့အခါ (စစ်ရှောင်)တချို့ဆိုရင် အဝတ်စားမပါဘဲ သွားလာရနေရတဲ့အခါကျ သူတို့ရဲ့ကျန်းမာရေးပိုင်းဆိုင်ရာမှာလည်း ဆေးဝါးတွေလည်းလိုအပ်တယ်။ နောက်တစ်ချက်က စောင်၊ ခြင်ထောင် အများကြီးလိုအပ်တယ်။ အဓိကလိုအပ်ချက်ကတော့ စားနပ်ရိက္ခာပဲလေ” လို့ သူကပြောပါတယ်။ လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး လက်နက်ကြီးတွေပစ်ခတ်တာတွေကြောင့် လုံးဝရွာပြန်မရတော့တဲ့ စစ်ရှောင်ဦးရေတစ်သောင်းဝန်းကျင်အထိရှိလာနေတယ်လို့ သူကဆိုပါတယ်။ စစ်ရှောင်ဦးရေများလာတဲ့အပြင် စစ်ရှောင်တွေကို ကူညီကယ်ဆယ်မယ့်အဖွဲ့အစည်းတွေ၊ စားနပ်ရိက္ခာတွေကို စစ်ကောင်စီတပ်တွေက ကန့်သတ်ထားတာတွေကြောင့် ကူညီကယ်ဆယ်ရေးပိုင်းမှာလည်း အခက်အခဲတွေရှိလာတယ်လို့သူကပြောပါတယ်။ “တချို့နေရာတွေဆိုရင် ကျွန်တော်တို့ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၉ (မော်ကွန်း) ဂိုဒေါင်တွေမှာသိုလှောင်မယ့်ဆန်စပါးပမာဏကို အသိပေးရမယ့်အချက်အပါအဝင် ဆန်ဂိုဒေါင်တွေအတွက် လိုက်နာရမယ့်စည်းကမ်းချက်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မနေ့ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဟာ ပြည်တွင်းက ဆန်ဂိုဒေါင်တွေကို မှတ်ပုံတင်ဖို့စီစဉ်နေပြီး အဆိုပါ သိုလှောင်ရုံမှတ်ပုံတင်ရေးအတွက် စည်းကမ်းချက်တွေကို ထုတ်ပြန်လာတာပါ။ အဆိုပါစည်းကမ်းချက်တွေထဲမှာ ပြည်တွင်းစားသုံးတဲ့ ဆန်စပါးတွေသိုလှောင်တဲ့ဂိုဒေါင်တွေအနေနဲ့ ပိုင်ရှင်အမည်၊ သိုလှောင်မယ့်ဆန်အမျိုးအစားနဲ့ပမာဏတွေကို ခွဲခြားတင်ပြရမယ့်အချက်လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာစားသုံးတဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည်မထတို့အပါအဝင် ဆန်စပါးအမျိုးအစားအလိုက် စပါးတင်းအလိုက်၊ ဆန်အိတ်အရေအတွက်အလိုက် သိုလှောင်ထားရှိမှု အခြေအနေကို တင်ပြရမှာပါ။ ဒါ့အပြင် ဂိုဒေါင်ပိုင်ရှင်ရဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ လိပ်စာတွေအပါအဝင် ဂိုဒေါင်တည်နေရာ၊ အကျယ်အဝန်း စတဲ့ အသေးစိတ်ဖော်ပြချက်တွေကိုလည်း ဖော်ပြရမယ်လို့ဆိုပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေက ပြည်တွင်းစားသုံးတဲ့ဆန်တွေအတွက်ပဲဖြစ်ပြီး ပြည်ပတင်ပို့မယ့် ဆန်အမျိုးအစားတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။ လက်ရှိမှာတော့ ဆန်စပါးအသင်းချုပ်က ဆန်ဂိုဒေါင်စာရင်းတွေကိုလည်း […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၈ (မော်ကွန်း) မူဆယ်မြို့ကနေ တရုတ်နိုင်ငံကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား သောင်းနဲ့ချီရှိနေပေမယ့် တရုတ်နိုင်ငံဘက်ကတော့ တစ်ရက်ကို လူ ၇၀၀ ခန့်ပဲ ဝင်ရောက်ခွင့်ပြုနေတယ်လို့ နယ်စပ်ဂိတ်မှာကူညီနေတဲ့ ဒေသတွင်းအကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။ မူဆယ်မြို့က နယ်စပ်ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေကနေ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် Temporary Border Pass (TBP) နဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို ဝင်ရောက်ခွင့်ကို ယခုလ ၄ ရက်နေ့က စတင်ခွင့်ပြုပေးခဲ့တာပါ။ အဆိုပါ နယ်စပ်ယာယီဖြတ်သန်းခွင့်နဲ့ ဝင်ရောက်လာသူတွေဟာ တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ခေါင်မြို့တို့မှာ ခြောက်ညအိပ်၊ ခုနှစ်ရက်ကြာ သွားလာလည်ပတ်ခွင့်နဲ့နေထိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ လက်ရှိမှာ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို လာရောက်ပြုလုပ်နေတဲ့မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီ မူဆယ်မြို့မှာ စောင့်ဆိုင်းနေကြရတယ်လို့ အကူအညီပေးနေတဲ့ […]
မိုးကုတ် – ၂၀၂၃ စက်တင်ဘာ ၁၈ (မော်ကွန်း) တိုက်ပွဲတွေပြင်းထန်လာနေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကူတက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားသုံးစီးကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲလိုက်တာကြောင့် နှစ်စီးဟာ ချောက်ထဲထိုးကျသွားပြီး ကျန်တဲ့တစ်စီးလည်း မိုင်းထိထားကာ စစ်သားအလောင်းသုံးလောင်းတွေ့ခဲ့ရတယ်လို့ မြင်တွေ့ခဲ့ရတဲ့ဒေသခံတွေဆီက သိရပါတယ်။ မန္တလေးဘက်ကနေ စစ်ကူတက်လာတဲ့ စစ်ကား သုံးစီးကို မိုးကုတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက်အစောပိုင်းအချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မိုးကုတ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေထဲက တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ” မိုင်းဆွဲလိုက်တာဟုတ်တယ်၊ သူတို့အလောင်းတွေပုံသွားတယ်လေ၊ အသေးစိတ်ကိုတော့မထုတ်ပြန်သေးပါဘူး၊ ဆက်လုပ်စရာတွေရှိသေးလို့ပါ “လို့ အဆိုပါတပ်ဖွဲ့ဝင်ကပြောပါတယ်။ မိုင်းဆွဲခံရတဲ့အထဲက နှစ်စီးဟာ မန္တလေး-မြစ်ကြီးနားလမ်း၊ မိုးကုတ်မြို့နယ်၊ ရေအေးကျေးရွာအုပ်စု၊ ဂွေ့ကြီးရွာမှာရှိတဲ့ အမှိုက်ပုံချောက်ထဲကို ထိုးကျသွားတာဖြစ်ပြီး အဲဒီကားပေါ်မှာပါတဲ့ စစ်သားတွေအများစုလည်း သေဆုံးနိုင်တယ်လို့ ဒေသခံကပြောပါတယ်။ လမ်းပေါ်မှာ ကျန်ခဲ့တဲ့တစ်စီးဟာလည်း မိုင်းထိထားပြီး ကားတံခါးနဲ့ ဘီးအောက်မှာ ညပ်နေတဲ့ […]
အရာတော် – ၂၀၂၃ စက်တင်ဘာ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး လေကြောင်းစစ်ကူတွေသုံးနေရကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တစ်ဦး ကျဆုံးထားတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဆီကသိရပါတယ်။ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အခု ၁၅ ရက်၊ ညပိုင်းကတည်းက သိမ်းပိုက်ရရှိဖို့ တိုက်ခိုက်နေခဲ့ကြပြီး စစ်တပ်ဘက်က လေကြောင်းစစ်ကူတွေနဲ့ပါ ပြန်လည်တိုက်ခိုက််ချိန်မှာ ရဲဘော်တစ်ဦးကျဆုံးထားတာပါ။ ” မိုးတွေရွာတဲ့အချိန်ကျနော်တို့ဝင်တိုက်ခိုက်ခဲ့တာ၊ မိုးလည်းစဲရော လေယာဥ်ကချက်ချင်းတက်လာတာ၊ကွင်းပြင်ထဲမှာဆိုတော့ လေယာဥ်ကြဲတဲ့ဗုံးထိပြီးရဲဘော်တစ်ဦးကျတယ်”လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။ မနေ့ကတော့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ နောင်ကြီးအိုင်ရဲစခန်းကို ည ၁၁း၀၀ နာရီလောက်ကနေ နံနက် ၅း၀၀ နာရီလောက်ထိထပ်မံတိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်မှာလည်း လေကြောင်းကနေ Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေလာရောက် စစ်ကူခဲ့ပါတယ်။ ” ကျွန်တော်တို့ စခန်းနားထိ […]
မိုးကုတ််- ၂၀၂၃ စက်တင်ဘာ ၁၇ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး ဒဏ်ရာရစစ်သားတွေ မိုးကုတ်က ဆေးရုံတချို့မှာ လာရောက်ကုသနေတာကြောင့် ပြည်သူတချို့ ဆေးရုံဆင်းပေးနေရပါတယ်။ ” ဒီတစ်ခေါက်တိုက်ပွဲမှာစစ်သားတွေတော်တော်ထိကြတယ်၊ အရှေ့ပိုင်းဆေးရုံတောင်မဆံ့လို့ အနောက်ပိုင်း ဆေးရုံပါပို့ရတယ်၊ စစ်သားတွေ လာတက်တော့ သိပ်စိုးရိမ်စရာမလိုတဲ့လူနာတွေဆင်းခိုင်းတာ”လို့ ဆေးရုံဆင်းလာရတဲ့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးနဲ့ အနောက်ပိုင်း ကျပ်ပြင်ဆေးရုံတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ဒဏ်ရာရစစ်သားတွေကို ပို့ဆောင်ပြီး ကုသနေတာပါ။ မိုးကုတ်မြို့အရှေ့ပိုင်းကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကို အာဏာသိမ်းစစ်တပ်ရဲ့ ဒဏ်ရာရစစ်သား ၈၀ နီးပါး ရောက်လာခဲ့တယ်လို့ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။ “ဒဏ်ရာရစစ်သားတွေကိူတော့တိတ်တိတ်လေးဆေးရုံလာတင်တာ၊ များတယ်၊ ၈၀လောက်ရှိမယ်၊ သေတာတွေကိုတော့ ဗမွန်ရွာသုသာန်မှာသဂြိုလ်ကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မိုးကုတ်မြို့၊ ကုန်းစံရွာမှာ စက်တင်ဘာ ၁၁ရက်ကစတင်ပြီး […]
မင်းလှ – ၂၀၂၃ စက်တင်ဘာ ၁၇ (မော်ကွန်း) ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမထဲမှာရှိတဲ့ သစ်မှောင်ခိုသမားတွေဆီက ဝင်ငွေရနေတဲ့ ခါချဥ်တောင်စခန်း ကို PDF တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ဆီကသိရပါတယ်။ “ခါချဥ်တောင်စခန်းက စ.က.စတွေ တစ်နေ့သိန်းရာနဲ့ချီရနေတဲ့နေရာလေ၊ သစ်သမားတွေဆီကနေ ဖောကားတစ်စီးကို ရှစ်သိန်း သူတို့ရတာ၊ တစ်နေ့ကို ကားကရာနဲ့ချီတက်နေတာ”လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ ခါချဥ်တောင်စခန်းကို ပြန်တက်လာတဲ့ စစ်သားတွေနဲ့ စက်တင်ဘာ ၁၄ရက်ကနေ စက်တင်ဘာ ၁၆ရက်နေ့အထိ တိုက်ပွဲဲသုံးကြိမ်ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။ ခါချဥ်တောင်ကိုပြန်သိမ်းဖို့လာတဲ့ စစ်သား ၆၀ ပါ အာဏာသိမ်းစစ်တပ်ဖောကားနှစ်စီးကို မနေ့ နံနက်ပိုင်းမှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ရဲ့တပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့ပြီး စစ်သားတွေဘက်က […]
ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း) ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေမနေ့မနက်ပိုင်းက တိုက်ခိုက်ရေးသုံးရဟက်ယာဉ်သုံးစီးနဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဟောခိုဂေါ၊ မယ်တလင်နဲ့ ဆင်းပုလဲရွာတွေကို လေယာဉ်နဲ့ ၁၃ ကြိမ်နီးပါး ပစ်ခတ်ခဲ့တာလို့ မုန်းဒေသခံတစ်ဦးက ပြောပါတယ်။ “၁၁ နာရီလောက်က လာပစ်တာ။ ဒေသခံအထိခိုက်မှုကတော့ သေချာမသိရသေးဘူး။ အိမ်တွေတော့ အတော်များများပျက်စီးသွားတယ်ဗျ။ ရွာခံတွေကတော့ နီးစပ်ရာနေရာတွေ အကုန်ထွက်ပြေးနေရတာပဲ။ အခုထိပြန်လို့မရသေးဘူး” လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲမှာ တပ်စွဲထားတာကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို အတိအကျကောက်ခံလို့မရသေးဘူးလို့ KNU ကလည်း ဆိုပါတယ်။ အဲဒီလေကြောင်းတိုခိုက်မှုကြောင့် ဟောခိုဂေါ၊ ဝိုင်းကြီး၊ ဆင်းပုလဲ၊ မယ်တလင်၊ လူအနဲ့ ထွာနီကုန်းရွာက […]
ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီရဲ့ ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု၊ လေယာဉ်ဆီအပါအဝင် လက်နက်ဝယ်ယူတဲ့ကိစ္စတွေမှာ ဗဟိုဘဏ်ဝန်ထန်းတွေဟာ အဓိကကြံရာပါတွေဖြစ်တယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဗဟိုဘဏ်ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက်သမားတွေအဖြစ်မနေ့က ကြေညာလိုက်ပါတယ်။ NUG ရဲ့ကြေညာချက်အရ ဗဟိုဘဏ်ဥက္ကဌကစပြီး ဝန်ထမ်းတွေဟာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ဖို့ ငွေကြေးမူဝါဒချမှတ်အကောင်အထည်ဖော်မှုမရှိခြင်း၊ ကျပ်ငွေအမြောက်အများရိုက်ထုတ်ပြီး စစ်ကောင်စီအတွက် အဓိကငွေကြေးဒေါက်တိုင်တွေအဖြစ်ဆောင်ရွက်ခြင်းနဲ့ အဲဒီအကျိုးဆက်တွေကြောင့် ငွေကြေးအဆမတန်ဖောင်းပွပြီး ပြည်သူတွေကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ခံစားရတယ်လို့ ဆိုပါတယ်။ အဲဒီ့အပြင် နိုင်ငံခြားငွေကြေးဈေးကွက်ကို စစ်ကောင်စီအလိုကျ ဆောင်ရွက်ခွင့်ပြုတာကြောင့် နိုင်ငံခြားငွေလဲနှုန်းမတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းကာ အခြေခံလူသုံးကုန်၊ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်တာ၊ နိုင်ငံရဲ့နိုင်ငံခြားသုံးသီးသန့်ငွေတွေကို စစ်ကောင်စီအတွက် လေယာဉ်ဆီအပါအဝင် လူအများအပြားသေစေနိုင်တဲ့ လက်နက်ဝယ်ယူရာမှာအသုံးပြုတာတွေကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အခန်း ၁၄ ပါ ပြဌာန်းချက်တွေနဲ့အညီ […]
ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၅ (မော်ကွန်း) စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုဟာ Zero Budget လို့ခေါ်တဲ့ နိုင်ငံအတွက်ဝင်ငွေရရှိမှုနည်းပါးတဲ့ ခရီးသွားတွေပဲ အများဆုံးဝင်ရောက်လာတယ်လို့ နိုင်ငံတကာ ခရီးသွားဧည့်လမ်းညွှန်တွေနဲ့ ခရီးသွားကုမ္ပဏီတွေကပြောပါတယ်။ ယခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ မြန်မာနိုင်ငံကို ပြည်ပခရီးသွား ခုနှစ်သိန်းခွဲကျော် ဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ့ခရီးသွားအများစုဟာ Zero Budget နဲ့ ဝင်ရောက်သူတွေသာများပြားခဲ့ပြီး ငွေကြေးသုံးစွဲနိုင်တဲ့ ကမ္ဘာလှည့်ခရီးသွား နည်းပါးခြင်းကြောင့် ပြည်တွင်းမှာလုပ်ကိုင်နေတဲ့ ဧည့်လမ်းညွှန်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း မရှိသလောက်နည်းပါးတယ်လို့ ဧည့်လမ်းညွှန်မအိမွန်က ပြောပါတယ်။ “ခုနောက်ပိုင်းက Zero Budget ပုံစံပဲ များတယ်။ တရုတ်တို့ အိန္ဒိယတို့က ဝင်တာများတယ်။ သူတို့က တစ်ဦးချင်းသုံးစွဲမှုကလည်း တော်တော်နည်းပြီး တချို့လည်း တရားမဝင်လုပ်ငန်းတွေအတွက်နဲ့ ဝင်လာတာတွေပါရှိလာတယ်” […]
ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၅ (မော်ကွန်း) ဒီနေ့နံနက်အစောပိုင်းက မိုးကြီးပြီး တောင်ကျရေတွေကျလာတာကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ လားရှိုးမြို့မှာ ရေပြန်ကျသွားပါပြီ။ “တောင်ကျရေတွေကျလာတဲ့အချိန် အိပ်ပျော်နေတဲ့ ရပ်ကွက် ၅ က အသက် ၃၃ နှစ် အရွယ် အမျိုးသားတစ်ဦး အုတ်တံတိုင်းပိပြီးဆုံးသွားပါတယ်။ သူ့အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာတွေရခဲ့လို့ ဆေးရုံပို့ထားရပါတယ်။ ကလေးတွေကတော့ တစ်ခြားအိမ်မှာသွားအိပ်နေလို့ဘာမှမဖြစ်သွားခဲ့ပါဘူး။” လို့ ကမ္ဘောဇနာရေးအသင်း တာဝန်ခံကပြောပါတယ်။ ဒီနေ့နံနက် ၂:၀၀ ကျော်မှာ အမြင့်ပိုင်း ရပ်ကွက် ၅ ကနေတောင်ကျရေတွေစီးလာပြီး လမ်းတစ်လျှောက်က ရပ်ကွက် ၆၊ ၇၊ ၈ နဲ့ ၁၂ ရပ်ကွက်တွေပါ ရေတွေဝင်ခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။ “အရင်က ဒီလိုချိန်ဆို တောင်ကျရေတွေက အောက်ကိုကျလာပြီး သုံးလေးရက်နေတော့မှ ရေလျှံတာ။ အခုက တစ်ရက်တည်းနဲ့ […]
ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၁၅ (မော်ကွန်း) ဗဟန်းမြို့နယ်ပြောက်ကျားတပ်ဖွဲ့ (Bahan’s Guerrilla Force B-PDF) က မြို့ပေါ် နဲ့ တောတွင်းစစ်ဆင်ရေးတွေအတွက် တော်လှန်ရေးရဲဘော်အသစ်တွေ ခေါ်ယူနေပါတယ်။ “ကျွန်တော်တို့ မြို့ပေါ်နဲ့ တောတွင်းတိုက်ပွဲတွေ ပိုပြီးဖော်ဆောင်ဖို့ ကဏ္ဍစုံပိုလုပ်နိုင်ဖို့က ရဲဘော်အသစ်တွေအများကြီးလိုနေပါတယ်။ ကျွန်တော်တို့ တတ်ထားတာတွေနဲ့ အတွေ့အကြုံတွေကိုလည်း လက်ဆင့်ကမ်းချင်ပါတယ်။ ဗဟန်းမြို့နယ်သာမကဘယ်နယ်မြေဖြစ်ဖြစ် ဘယ်လူမျိုး၊ ဘာသာဖြစ်ဖြစ် ရဲဘော်တွေကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ မူဝါဒတွေကို လက်ခံနိုင်ရင် အကုန် welcome ပါ။ “ လို့ B-PDF တာဝန်ခံကပြောပါတယ်။ မတ်လတုန်းကလည်း ရဲဘော်အသစ်တွေ ခေါ်ယူခဲ့စဉ်က လာရောက်ဆက်သွယ်သူတွေရှိခဲ့ပေမယ့် မျှော်မှန်းသလောက်မရသေးဘူးလို့ သူကပြောပါတယ်။ လက်ရှိမှာ B-PDF က တပ်ရင်းတစ်ခုစာအင်အားရှ်ိတဲ့ ရဲဘော်အသစ်တွေ ရဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်း […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."