အင်တာဗျူးများ

ဒေါက်တာစိုင်းဦး(ငြိမ်းချမ်းရေး၊ဖက်ဒရယ်အရေးဆိုင်ရာ သုတေသနမှူး ပြည်ထောင်စုအင်စတီကျု) နှင့် အင်တာဗျူ း

November 28, 2016

စစ်တပ်ဟာ အစိုးရရဲ့ နိုင်ငံရေးပေါ်လစီအတိုင်း တကယ်သွားနေရဲ့ လားဆိုတာ ပြန်ကြည့်ရမယ်။ အစိုးရအနေနဲ့ ဒါကိုလုပ်ပေးနိုင်ရင် တော့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထွက်လမ်းက ပိုပြီးရှိလာ မယ်။

အပြည့်အစုံဖတ်ရန်

ဦးအောင်မျိုး မင်း၊ ညီမျှခြင်းမြန်မာ အဖွဲ့၏ ဒါရိုက်တာနှင့် တွေ့ဆုံခြင်း

October 5, 2016

အစိုးရအစဉ်အဆက်က ကိုယ့်သတင်းကို ပြည်သူအများသိသွားရင် အန္တရာယ်ရှိနိုင်တယ်လို့ ထင်ကြတယ်။ အမှန်တော့ ဘာတွေလုပ်ဆောင်မယ်ဆိုတာကို ပြည်သူကိုအသိ ပေးခြင်းဟာ အမြဲတမ်းအားဖြစ်စေတယ်။ သိတဲ့အခါမှာ ပြည်သူ တွေအနေနဲ့ ဒီအကြောင်းအရာကို စဉ်းစား၊ ဆင်ခြင်သုံးသပ်နိုင် မယ်။ လုပ်သင့်လား၊ မလုပ်သင့်လားဆိုတဲ့အပေါ်မှာ သူတို့ပါဝင် နိုင်မယ်။

အပြည့်အစုံဖတ်ရန်

ဒေါ်နွယ်ဇင်ဝင်း၊ ပြည်ကြီးခင် အဖွဲ့၏ အုပ်ချု ပ်မှု ဒါရိုက်တာနှင့် တွေ့ဆုံခြင်း

October 4, 2016

RTI က ဒီနိုင်ငံအတွက်လိုတယ်။ ဒါပေ မဲ့ ဥပဒေကို ရေးဆွဲတဲ့အခါမှာ ဒီနိုင်ငံက နိုင်ငံသားတွေရဲ့ အခွင့် အရေးကို ဥပဒေအရ အာမခံပေးနိုင်တဲ့ ဥပဒေမျိုးတော့ ဖြစ်ဖို့ လိုတယ်။ ကောင်းတဲ့ ဥပဒေဖြစ်ဖို့ လိုတယ်။ ကောင်းတဲ့ ဥပဒေမှာ တောင်မှ တကယ်ပြန်အသုံးချတဲ့ ဥပဒေမျိုးဖြစ်ဖို့ လိုတယ်။

အပြည့်အစုံဖတ်ရန်

“ရခိုင်ခေါင်းဆောင်တွေဟာ သူတို့ဘာသာ သီးခြားနေထိုင်တဲ့ အနေအထားက ဖောက်ထွက်ပြီး အခွင့်အလမ်းသစ်တွေနဲ့ သူတို့ကိုယ်တိုင ်ထိတွေ့ရမယ့်အချိန ်ရောက်နေပါပြီ ”

September 20, 2016

သဘောထားတွေကို စုစည်းပြီး အကျိုးစီးပွားအမျိုးမျိုးကို ဖော်ပြနိုင်တဲ့၊ နောက်ပြီး အစိုးရရယ်၊ သဘောကွဲလွဲနေတဲ့ ပါတီတွေရယ် အားလုံးလက်ခံသဘောတူနိုင်တဲ့ တူညီတဲ့ဘာသာစကား တစ်ခုကို ဖော်ဆောင်နိုင်ဖို့က အကြံပေးကော်မရှင်အတွက် အကြီးမားဆုံးအခက်အခဲပဲ။ တစ်နည်းပြောရရင် အခက်အခဲကဘာလဲဆိုရင် “အနိုင်ရတဲ့ သူအကုန်သိမ်းပိုက်(winner takes it all)” သွားတာမျိုးမဟုတ်ဘဲ “ပါဝင်သူ အားလုံးအောင်မြင်မှုရ (win-win)” နမူနာနဲ့အစားထိုးဖို့ပါပဲ။

အပြည့်အစုံဖတ်ရန်

ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်များ စောင့်ကြည့် လေ့လာသူ-ဦးညွှန့်ဝင်းနှင့် တွေ့ဆုံခြင်း

August 15, 2016

ရွေးကောက်ပွဲကာလတွင် ပေးခဲ့သော ကတိကဝတ်များကို အစိုးရသစ်က အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြဖို့ ဘာကြောင့်လိုအပ်တာပါလဲ။ စောင့်ကြည့်သည့်အခါတွင်လည်း မည်သို့စောင့်ကြည့် သင့်ပါသလဲ။ ဘယ်အချက်တွေကို အထူးသဖြင့် စောင့်ကြည့် သင့်ပါသလဲ။ နိုင်ငံတကာမှာရော မည်သို့စောင့်ကြည့်ကြ ပါသလဲ။ အထက်ပါမေးခွန်းများအတွက် အဖြေရရှိဖို့ ရွေး ကောက်ပွဲဆိုင်ရာ ကတိကဝတ်များနှင့် စပ်လျဉ်းပြီး ကိုယ် တိုင်စောင့်ကြည့် လေ့လာသူတစ်ဦးဖြစ်သကဲ့သို့  အသိပညာ ပေးသူတစ်ဦးလည်း ဖြစ်သည့် အလွတ်တန်းသတင်းစာဆရာ ဦးညွန့်ဝင်းကို မော်ကွန်းက တွေ့ဆုံမေးမြန်းထားပါသည်။ ဦးညွန့်ဝင်းသည် ယခင်က မြန်မာတိုင်းမ်ဂျာနယ်၊ The Trade Times ဂျာနယ်နှင့် The Farmer Journal များတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လူ့အခွင့် အရေးနှင့် ဒီမိုကရေစီဂျာနယ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ […]

အပြည့်အစုံဖတ်ရန်

လွတ်လပ်စွာကိုးကွယ်ခွင့် ရှိ၊ မရှိ နှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှင့် အင်တာဗျူး

July 12, 2016

ကျော်ဇေယျ မေးသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ခွင့် ရှိ၊ မရှိနှင့် ဘာသာရေးနှင့်ပတ်သက်သည့်ကိစ္စရပ်များကိုသာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက မည်သို့ကိုယ်တွယ ်ဖြေရှင်းပေးနေသည်၊ မည်သည့် လုပ်ငန်းများကို ကူညီဆောင်ရွက် ပေးနေသည် စသည့် အကြောင်းအရာများကို   သိရှိနိုင်စေရန်မော်ကွန်းက အင်တာဗျူးတွေ့ဆုံလိုကြောင်း ဝန်ကြီးဌာနသို့    ဆက်သွယ် ခဲ့ရာ တွင် လူတွေ့မဟုတ်ဘဲအီးမေးလ်မှတဆင့် မေးမြန်းရန်နှင့် မေးမြန်းလိုသည့်မေးခွန်းများ ကိုအီးမေးလ်မှတစ်ဆင့်ပို့ပေး ရန် ပြန်လည် အကြောင်းကြားခဲ့ပါသည်။ သို့ဖြစ်၍ မော်ကွန်းက မေးခွန်းများကို အီးမေးလ်မှတစ်ဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ မေးခွန်းများနှင့်ပတ်သက်၍  ဌာနတွင်းအစည်းအဝေးထိုင်ပြီးသည့်နောက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၏ ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ(သာသနာရေး)မှ ညွှန်ကြားရေးမှူး၊ ဦးအောင်ဆန်းဝင်း ကအီးမေးလ်မှတဆင့် ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ သို့သော် ဖြေကြားမှုတချို့သည် ပြည့်စုံလုံလောက်သည့်ဖြေကြားမှုမဟုတ်သည့်တိုင် မြန်မာနိုင်ငံ၏ဘာသာရေး၊ သာသနာ ရေးနှင့် […]

အပြည့်အစုံဖတ်ရန်

ဒေါက်တာ ဂျက်စ် ပီ၊ လိုက်ဒါ (ရခိုင်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင်နှင့် အမေးအဖြေ)

June 1, 2016

(  ၂၀၁၆ ဇွန်လထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၅) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။ ) ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်ပွား ခဲ့တာဟာ ဇွန်လထဲမှာ လေးနှစ်ပြည့်ပါပြီ။ ဒီလေးနှစ်အတွင်းမှာ အစိုးရဟောင်းဟာ ဘာတွေလုပ်ပြီး ဘာတွေမလုပ်နိုင်ခဲ့ ဘူးလဲ၊ အစိုးရသစ်အတွက် ဘာတွေဟာ စိန်ခေါ်မှုဖြစ်မလဲ၊ ရေတိုရေရှည်မှာ ဘာ တွေကို ဦးစားပေးကိုင်တွယ်သွားရမလဲဆို တာတွေနဲ့ ပတ်သက်ပြီး ရခိုင် အရေးကျွမ်း ကျင်သူ ပြင်သစ်ပညာရှင် ဒေါက်တာ ဂျက်စ် ပီ၊ လိုက်ဒါ (Dr.Jacques.P.Leider) ကို မော်ကွန်းက အခုလိုမေးမြန်းထားပါတယ်။ မော်ကွန်း။  ။ ရခိုင်ကိစ္စကိုဖြေရှင်းတဲ့ အခါ မှာ အစိုးရသစ်အနေနဲ့ ဘယ်လိုစိန်ခေါ်မှု တွေကို ရင်ဆိုင်ရမလဲ။ Jacques.P.Leider ။ ရခိုင်ပြည် နယ်ကိစ္စက ရေရှည်ဖြေရှင်းရမယ့် […]

အပြည့်အစုံဖတ်ရန်

“အစိုးရသစ်အနေနဲ့ ကိုယ့်ဟာကို စီမံခန့်ခွဲမှု လုပ်နိုင်မယ့် အရန်ဆန်ဝယ်ယူရေးဆိုတဲ့ မူဝါဒကို အသေအချာ ရေးဆွဲသင့်တယ်”

April 6, 2016

Photo – Minn Lwin မြန်မာနိုင်ငံဟာ အယ်လ်နီညို (ရေနွေးစီး ကြောင်း) ဖြစ်စဉ်ဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့ နိုင်တဲ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ မြန်မာနိုင်ငံ ဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့နိုင်ငံ ဖြစ်တာကြောင့်လည်း ရာသီဥတုဒဏ်ကြောင့် ဆန်စပါးအထွက်နှုန်းလျော့ကျပြီး စားနပ်ရိက္ခာ မလုံလောက်မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါ တယ်။ ဆန်စပါးကဏ္ဍနဲ့စပ်လျဉ်းပြီး ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မယ်ဆိုတာကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းကို မော်ကွန်းမဂ္ဂဇင်းက တွေ့ဆုံမေးမြန်း ထားပြီး အချို့ကို ကောက်နုတ်ဖော်ပြပေးလိုက် ပါတယ်။ မော်ကွန်း။  ။ အယ်လ်နီညို(ရေနွေးစီးကြောင်း)ဖြစ်စဉ်ကြောင့် ပြည်တွင်းဆန်စပါးအထွက်နှုန်းကို ဘယ်လိုရိုက်ခတ်နိုင်ပါသလဲ။ ဒေါက်တာစိုးထွန်း။  ။ ရာသီဥတုပြောင်းလဲဖောက်ပြန်တဲ့ အနေ အထားမှာတော့ ဆန်စပါးအထွက်နှုန်း လျော့ကျသွားနိုင်တယ်။ အယ်လ်နီညို Effect (အကျိုးဆက်)ကြောင့်လည်း […]

အပြည့်အစုံဖတ်ရန်

“ဂျပန်နိုင်ငံကဖူဂျီလိုပဲကချင်တွေရဲ့အထိန်းအမှတ်က မြစ်ဆုံပဲ”

March 31, 2016

မြစ်ဆုံကိုဆရာအယူအဆကတော့ မလုပ်ပါနဲ့။ ဒီနေရာကဒေသခံတွေရဲ့ သူတို့ရဲ့အယူအဆကိုဘေးဖယ်လို့မရဘူး။ ဂျပန်နိုင်ငံကဖူဂျီလိုပဲကချင်တွေရဲ့အထိန်းအမှတ်က မြစ်ဆုံပဲ။

အပြည့်အစုံဖတ်ရန်

“လူထုလက်ခံလာအောင် ပြည်သူနားလည်အောင် ပြောဖို့လိုပါလိမ့်မယ်”

March 31, 2016

မြစ်ဆုံဆည်ကြီးမတည်ဆောက်ရင် တစ်နေ့မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာမယ့် ဧရာဝတီမြစ်ရေကြီးမှုကို တိုင်းပြည်က ပက်ပက်စက်စက်ခံစားသွားရမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်

UNODC မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ထရိုးစ်ဗက်စ်တာနှင့် အင်တာဗျူ း

February 22, 2016

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ဘာကြောင့်မြင့်တက် နေရ တာလဲ၊ သိသိသာသာလျော့ပါးပျောက်ကွယ်ဖို့ ဘာတွေ လုပ်ဖို့ လိုမလဲ၊ နောက်အစိုးရသစ်အနေနဲ့ ဘယ်လိုကိုင်တွယ်သင့်လဲ ဆိုတာတွေကို သိရဖို့ မော်ကွန်းမဂ္ဂဇင်းက ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UN Office on Drugs and Crime – UNODC) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ထရိုးစ်ဗက်စ်တာ (Mr.Troels Vester) ကို အီးမေးလ်ကတစ် ဆင့် မေးမြန်းထားပါတယ်။ မော်ကွန်း။  ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘိန်းစိုက်တဲ့အခြေအနေက ငြိမ်နေတဲ့အတွက် အားတက်စရာလို ဖြစ်ပေမယ့် စိုက်တဲ့ဧရိယာ က မြင့်နေတုန်းပဲ။ ဘာကြောင့်ပါလဲ။ ဗက်စ်တာ။  ။ ၂ဝဝ၆ အထိ မြန်မာနိုင်ငံက ဘိန်းစိုက်တဲ့နေရာ […]

အပြည့်အစုံဖတ်ရန်

Transnational Institute (TNI) မှ သုတေသီ မစ္စတာတွမ်ခရေမာနှင့် အင်တာဗျူ း

February 22, 2016

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ဘာကြောင့် မြင့်တက် နေရတာလဲ၊ သိသိသာသာ လျော့ပါးပျောက်ကွယ်ဖို့ ဘာတွေ လုပ်ဖို့လိုမလဲ၊ နောက်အစိုးရသစ်အနေနဲ့ ဘယ်လိုကိုင်တွယ်သင့် လဲဆိုတာတွေကို သိရဖို့ မော်ကွန်းမဂ္ဂဇင်းက Transnational Institute (TNI) မှ သုတေသီ မစ္စတာတွမ်ခရေမာ (Tom Kramer) ကို အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပါတယ်။ TNI အဖွဲ့ဟာ နယ်သာလန်အခြေစိုက် နိုင်ငံတကာသုတေသနနဲ့ မူဝါဒ ပြောင်းလဲရေး လျှောက်လဲတင်ပြတဲ့ အဖွဲ့အစည်းဖြစ်ပြီး ၂ဝ၁၄ တုန်းက ‘တစ်ကျော့ပြန်-မူလအခြေအနေဆိုးသို့ ပြန်လည်ဆိုက် ရောက်လာသည့် ရွှေတြိဂံဒေသ’ အမည်ရှိ အစီရင်ခံစာကို ထုတ် ပြန်ခဲ့ပါတယ်။ မော်ကွန်း။ ။ ဘိန်းစိုက်တဲ့ဧကဟာ ဘာကြောင့် ဆက်မြင့်နေရ တာလဲ။ ခရေမာ။ ။ မြန်မာမှာ ဘိန်းစိုက်ပျိုးမှုကို မောင်းနှင်နေတဲ့ အရေး […]

အပြည့်အစုံဖတ်ရန်
1 … 5 6 7 8 9 10

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."