ဦးတင်မောင်။ ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ပညာ ရှင်တွေနဲ့ပူးပေါင်းတာ အားနည်းတယ်။ ဒီနေ့ ဒီအချိန်အထိ ပညာရှင်တွေ ပြောတာကို နားမထောင်ကြဘူး။ မလိုက်နာဘူး၊ မလုပ်ဘူး။
ဦးရဲထွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (သီပေါမြို့နယ် မဲဆန္ဒနယ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် မေးမြန်းသည်။ မော်ကွန်း။ ။ လွှတ်တော်အသစ်မှာ ပေါ်လာမယ့်အတိုက်အခံရဲ့ ပုံစံက ဘယ်လိုပုံစံဖြစ်မလဲ။ ဦးရဲထွန်း။ ။ လွှတ်တော်အသစ်မှာ အတိုက်အခံဆိုတာက ပြိုင် ဘက်ပါတီတွေရဲ့အင်အားကတော့ နည်းတယ်။ နည်းတယ်ဆို တော့ တိုင်းရင်းသားပါတီတွေထဲမှာဆိုရင်လည်း SLND တို့၊ ANP တို့။ ANP ဆိုတာကလည်း အရင်တုန်းက NLD နဲ့ မဟာ မိတ်ဖွဲ့ထားတဲ့ ဦးအေးသာအောင်တို့ရဲ့ပါတီက ဖြစ်လာတာဆို တော့ နည်းတယ်လို့ ပြောရမှာပေါ့။ အဲဒီတော့ ပြည်ခိုင်ဖြိုးက လည်း ၄ဝ ကျော်လောက်ပဲရှိမယ်ဆိုတော့ အတိုက်အခံအားနည်း တဲ့ လွှတ်တော်လို့တော့ […]
ဦးမြတ်သူ ဥက္ကဋ္ဌ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် မေးမြန်းသည်။ မော်ကွန်း။ ။ လွှတ်တော်အသစ်မှာ အတိုက်အခံတွေဘယ်လိုပုံစံ နဲ့ဖြစ်လာမလဲ။ ဦးမြတ်သူ။ ။ ကျွန်တော်တို့မြင်တာကတော့ အတိုက်အခံတွေ အရမ်းအင်အားနည်းလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အနိုင်ရ တဲ့ အမတ်တွေကြည့်မယ်ဆိုလည်း တချို့ဒီမိုကရက်တစ်ဖြစ်တဲ့ အမတ်တွေလည်းရှိတယ်။USDP က အမတ်တွေလည်း ရှိတယ်။ သူတို့တွေဆိုတာကလည်း Controversial( အငြင်းပွားဖွယ်) ဗျ။ တချို့ တချို့ ၊ စိုင်းမောက်ခမ်းတို့ဘာတို့ဆိုလည်း ကြိုတင်မဲတွေ ရောက်လာတယ်ပေါ့။ နောက်တစ်ခုက အတိုက်အခံဘက်က အမတ်တွေရဲ့ Quality (အရည်အချင်း)က ဘယ်လောက်ရှိမလဲ ပေါ့။ အဲဒါက လူနည်းတာ၊ များတာနဲ့ မဆိုင်ဘူး။ ကျွန်တော်ထင် တာက လူဦးရေအရေအတွက်အရရော Quality […]
ဦးခင်မောင်ဆွေ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ သန်းထိုက် မေးမြန်းသည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ရက်က ကျင်းပခဲ့ သည့် အထွေထွေရွေးကောက်ပွဲ၌ လက်ရှိအစိုးရ၏ အတိုက်အခံဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် လွှတ်တော်နေရာအများစုကို အနိုင်ရခဲ့သည်။ NLD ပါတီသည် အစိုးရဖွဲ့နိုင် လောက်သည်အထိပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂ဝ၁၆ တွင် ပေါ်ထွက်လာမည့် လွှတ် တော်များနှင့် အစိုးရအဖွဲ့ တွင် NLD ပါတီဝင် အများစုကသာ […]
SOURCE: Myanmar Geosciences Society စစ်ကိုင်းပြတ်ရွေ့နှင့် ကျောက်ကြမ်းပြတ်ရွေ့တို့ အပေါ် ပိုက်လိုင်းဖြတ်သန်းရာပြမြေပုံ ၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ မြန်မာ-တရုတ်ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ မြန်မာ နိုင်ငံက အင်အားပြင်းငလျင်ဇုန်တွေကို ဖြတ်သန်းတည်ဆောက် ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မြေငလျင် ကော်မတီအတွင်းရေးမှူး ဒေါက်တာမျိုးသန့်ကို မော်ကွန်းက မေးမြန်းထားပြီး အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ မော်ကွန်း။ ။ ဒီ(ရေနံနဲ့သဘာဝဓာတ်ငွေ့)ပိုက်လိုင်းတွေမှာ Supervisory Control and Data Acquisition(SCADA) လို့ခေါ်တဲ့ စနစ်နဲ့ စောင့်ကြည့်တယ်။ ဒီစနစ်က ပိုက်လိုင်းမှာ ဖိအားကျသွားတာနဲ့သိပြီး ပိုက်လိုင်းကို ထိန်းသိမ်းနိုင်တယ်။ တကယ်လို့(ပြဿနာ)ဖြစ်လာမယ်ဆိုရင်တောင်မှ သူတို့ပြောပုံ အရ ပိုက်လိုင်းတစ်ခုလုံးကို ထိခိုက်စရာမရှိဘူး။ အဆို့နှစ်ခုကြား ထဲက အစိတ်အပိုင်းကိုပဲ သက်ရောက်မှုဖြစ်စေမယ့်သဘောပေါ့။ အဲဒီတော့ ဆရာ […]
၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်းအမှတ်(၃၁)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။ မော်ကွန်း သတင်းအဖွဲ့ မေးမြန်းသည်။ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ Fortify Rights အဖွဲ့ဟာ မြန်မာ-တရုတ် ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တစ်လျှောက် လူ့အခွင့်အရေးချိုးဖောက်ခံ နေရမှုများအပါ အဝင် မြန်မာနိုင်ငံတစ်ဝန်းက အခြားသော လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုတွေနဲ့ပတ်သက်ပြီး အစဉ်တစိုက်ထောက်ပြဝေဖန်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ တည်ထောင်သူနဲ့ အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာမက်သယူးစမစ် (Matthew Smith) ကို ပိုက်လိုင်းတစ်လျှောက် လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး မော်ကွန်းကဒီဇင်ဘာတတိယပတ်ထဲမှာ အီးမေးလ် ကတစ်ဆင့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မက်သယူးစမစ်ဟာ The New York Times လို နိုင်ငံတကာသတင်းစာတွေမှာလည်း လူ့အခွင့် အရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးလေ့ရှိပါတယ်။ […]
မော်ကွန်း။ ။ အစီရင်ခံစာကို အဆင့်ခြောက်ဆင့်နဲ့ လုပ်နေတာ အခုတင်သွင်းမယ့်အစီရင်ခံစာက ငါးဆင့်လောက်ပြီးမယ်။ တစ်ဆင့်တော့ကျန်ခဲ့နိုင်တယ်ဆိုတာက ဘယ်ကဏ္ဍက အခု အစီရင်ခံ စာမှာ ကျန်ခဲ့မှာလဲ။ နောက်ဖြစ်နိုင်မယ့် အစီရင်ခံစာကိုပဲ ရေး မယ်ဆိုတာက ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါဦး။ ဦးဇော်ဦး။ ။ သတ္တုတွင်းပဲ ဖြစ်ဖြစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပဲဖြစ် ဖြစ်၊ ဒီကဏ္ဍတွေက ‘နေ့မြင်၊ ညပျောက်’ လုပ်လို့မရဘူး။ သူတို့က ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေ ဖြစ်တယ်။ ရေရှည်လုပ်ကြဖို့ အတွက် သူတို့ကို ကျွန်တော်တို့ ပညာတွေ ပေးနေတာရှိတယ်။ ရေရှည်လုပ်ကြမှပဲ သူတို့အတွက်လည်းကောင်းမယ်၊ လူထု အတွက်လည်း ကောင်းမယ်။ ရေရှည်အမြင်နဲ့လုပ်ရင် သူတို့သည် ဒေသခံတွေအပေါ်မှာလည်း ပစ်စလက်ခတ်မလုပ်ကြတော့ဘူး။ ဒေသခံတွေရဲ့ အကျိုးစီးပွားကိုလည်း ရှင်းရှင်းပြောရင် မြေသိမ်း ပြီး လျော်ကြေးပေးတာမျိုး […]
သဘာဝသယံဇာတထုတ်လုပ်ရောင်းချသော ကမ္ဘာ့နိုင်ငံပေါင်း များစွာဖြင့် ဖွဲ့စည်းထားပြီး နော်ဝေနိုင်ငံတွင် ရုံးချုပ်တည်ရှိသည့် သဘာဝသယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် မြန်မာ နိုင်ငံသည် ၂ဝ၁၄ တွင် သတ်မှတ်ခံခဲ့ရသည်။ အဖွဲ့ဝင်လောင်းမှ တင်းပြည့်အဖွဲ့ဝင်အဖြစ်သို့ ရောက်ရှိရန် မြန်မာနိုင်ငံက တစ်နှစ်ခွဲကာလအတွင်း နိုင်ငံတွင်းရှိ သယံဇာတတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများမှရရှိသည့် ဝင်ငွေများကို ပြည် သူလူထုသို့ အသေးစိတ်ဖော်ပြရမည့့် အစီရင်ခံစာတစ်စောင် တင်သွင်းရမည်ဖြစ်သည်။ ၂ဝ၁၆၊ ဇန်နဝါရီ ၂ ရက်တွင် အစီရင်ခံစာကို တင်သွင်းရမည်ဟု EITI အဖွဲ့ချုပ်ရုံးက သတ် မှတ်ထားသည်။ အဆိုပါအစီရင်ခံစာ၏ လက်ရှိအခြေအနေ၊ တွေ့ ကြုံနေရသည့် အခက်အခဲများကို EITI ၏ မြန်မာနိုင်ငံဆိုင်ရာ […]
ကေ ျာ်ဇေယ ျ တွေ့မေးသည်။ ရန်ကုန် (နိုဝင်ဘာ ၁၈၊ ၂၀၁၅) မကြာသေးခင်က ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ အစိုးရသစ်တစ်ရပ်ဖွဲ့ဖို့လိုအပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်ထက် ပိုများတဲ့အရေအတွက်နဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။ သို့ဖြစ်တဲ့အလျောက် NLD အစိုးရဖွဲ့ပြီးတဲ့နောက် တိုင်းပြည်မှာ ဘာတွေပြုပြင်ပြောင်းလဲလာမလဲဆိုတာဟာ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ အဲဒီထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဒီမိုကရေစီအစိုးရအောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနရှိဖို့သင့်မသင့်နဲ့ ဘယ်လိုပြုပြင်ပြောင်းလဲသင့်သလဲဆိုတာကို သိရဖို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဥက္ကဌ ဦးခင်မောင်လေး (ဖိုးသောကြာ)၊ Yangon Journalism School ရဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်ပြီး သတင်းစာပညာဆရာလည်းဖြစ်တဲ့ ဦးရဲနိုင်မိုး၊ The Voice Daily သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၊ Myanmar Journalism Institute ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူ း […]
နိုဝင်ဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ ကေ ျဇေယျ တွေ့ဆုံ မေးမြန်းသည်။ လက်ရှိအခြေအနေတွင် ရာသီဥတုဖောက်ပြန်မှုနှုန်း မြင့်တက်ပြီး တစ်ဖက်တွင်လည်း ကမ္ဘာ့ငလျင်ရပ်ဝန်းနှစ်ခုအနက် အယ်လ် ပိုက်ငလျင်ရပ်ဝန်း (Alpide Belt) ပေါ်တွင် မြန်မာနိုင်ငံသည် အလျားလိုက်ကျရောက်နေသည်။ ထို့အပြင် အချို့သော ပညာ ရှင်များက မြန်မာနိုင်ငံသည် လူကြောင့်ဖြစ်သော သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်နေမှုများ ရှိနေသည်ဟု ထောက်ပြဝေဖန် သုံး သပ်နေကြသည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံသည် တည်ဆောက်ထားပြီး သည့် အကြီးစားတမံပေါင်း နှစ်ရာနီးပါး ရှိနေပါပြီ။ ယင်းသို့သော နိုင်ငံတွင် တည်ရှိနေသည့် ဆည်တမံများသည် ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံရေးကို မည်သို့ သက်ရောက်မှုရှိနေပါသလဲ ဆိုသည်ကို မော်ကွန်းမဂ္ဂဇင်းက စိတ်ဝင်စားသည်။ ထို့ကြောင့် မြန်မာနိုင်ငံက ဆည်များနှင့်ပတ်သက်သည့် […]
မေလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၃)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ ဇော်ထိုက် မေးမြန်း သည်။ မော်ကွန်းမဂ္ဂဇင်း အင်တာဗျူးကဏ္ဍအတွက် မြန်မာနိုင်ငံ တွင် ငါးသယံဇာတရှားပါးလာသည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်ကို မေးမြန်းထားပါသည်။ မော်ကွန်း။ ။ အန်ကယ်ဦးဝင်းကြိုင်၊ မင်္ဂလာပါဗျာ။ မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်ကဏ္ဍရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကနဦး အနေနဲ့ မေးချင်တာကတော့ ကြားနေတဲ့သတင်းတွေအရ မြန်မာ နိုင်ငံက ပြည်ပကိုရေထွက်ကုန်တင်ပို့တဲ့ နိုင်ငံဆိုပေမယ့် အခု တော့ ပြောင်းပြန်အနေနဲ့ ပြည်ပက ရေထွက်ကုန်၊ အထူးသဖြင့် ပုစွန်တောင် မြန်မာနိုင်ငံထဲကို ပြန်ဝင်လာနေတယ်ဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး သိချင်ပါတယ်။ ဦးဝင်းကြိုင်။ ။ ပြောမယ်၊ ပြောမယ်။ နေဦးဗျ။ ကျွန်တော်ပထမဆုံး မြန်မာနိုင်ငံရဲ့ ရေထွက်ကုန်ထုတ်လုပ်မှုအနေအထားကို […]
မတ်လထုတ်-မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၁)မှ အင်တာဗျူး ဆောင်းပါးဖြစ်ပါသည်။ ကောင်းမြတ်မိုး တွေ့မေးသည်။ ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်းခံခဲ့ရသော မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နှင့် ကိုလံဘီယာ နိုင်ငံများပြီးလျှင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တတိယအများဆုံးနိုင်ငံ ဖြစ်နေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင် ရာ မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီရေးလှုပ်ရှားမှု (International Campaign To Ban Landmines-ICBL)က နောက်ဆုံးထုတ် ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးနှင့် တနင်္သာရီတိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်အချို့တွင် နေထိုင်ကြသူများသည် မြေမြှုပ်မိုင်းအ္တနရာယ် နှင့် ရင်ဆိုင်နေရကြောင်းလည်း ICBL ဆိုပါသည်။ ထိုမျှ လောက် အန္တရာယ်များသော မြေမြှုပ်မိုင်းများကို ရှင်းလင်းရေး အတွက် မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့အချို့က မူအားဖြင့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."